ထူးျခားလွတ့ဲ မဂၤလာေဆာင္။

မဂၤလာေဆာင္တာပဲ ဘာထူးျခားလဲ လို႕ ေမးစရာရွိပါတယ္။ဟုတ္ကဲ့ ထူးျခားပါတယ္။ပံုမွန္ မဂၤလာေဆာင္ေတြမွာ ဧည့္သည္ေတြလာၾက၊ လက္ဖြဲ႕ေပးၾက၊ မဂၤလာသတို႕သား သတို႕သမီးက အမွတ္တရ လက္ေဆာင္ ေသာ့ခ်ိတ္ေတြ စာအုပ္ေလးေတြ ေပးၾက ။ ထံုးစံပါပဲ။

ဒီေန႕ ပင္းတယမွာ က်င္းပခဲ့တဲ့ ေရႊပန္းတိုင္ကိုယ္ပိုင္အထက္တန္းေက်ာင္းက ဆရာဦးထိန္လင္းနဲ႕ ဆရာမေဒၚေအမီျဖိဳးမင္းတို႕ရဲ႕ မဂၤလာပြဲကေတာ့ တမူထူးျခားလို႕ေနပါတယ္။

မဂၤလာေမာင္မယ္က ဧည့္ပရိသတ္ေတြကို ျပန္ကမ္းလိုက္တဲ့ ေမတၱာလက္ေဆာင္က သစ္ပင္ပ်ိဳးပင္ေလးေတြပါ။မၾကာခင္ မိုးက်ေတာ့မယ္။ ကၽြန္ေတာ္ကၽြန္မတို႕ ကမ္းတဲ့ သစ္ပင္ေလးေတြကို ရွင္ေအာင္စိုက္ရင္း ကမၻာေျမကို အက်ိဳးျပဳၾကရေအာင္တဲ့ေလ။

ေျမကမၻာကို ခ်စ္လွပါေသာ သစ္ပင္ခ်စ္သူ ဇနီးေမာင္ႏွံတို႕လည္း သစ္ပင္ေလးေတြဟာ သူ႕အရိပ္ေအာက္ကို ၀င္လာသူ၊ သူနဲ႕ ထိေတြ႕လိုက္တဲ့ လူသတၱ၀ါအားလံုးကို အက်ိဳးျပဳသလို မဂၤလာေမာင္ႏွံလည္း ကိုယ္နဲ႕ထိေတြ႕လာသူ၊ကိုယ့္အရိပ္ခိုလာသူ အားလံုးကို ေအးျမတဲ့ အရိပ္ေတြ ထာ၀ရေပးႏိုင္ပါေစ။

ဘယ္‌‌ေလာက္‌‌ေတာင္‌ႏူးညံ့သိမ္‌‌ေမြ ့လိုက္‌တဲ့ စိတ္‌ကူး‌ေလးလဲ. .

ဘာေၾကာင့္ လူတန္းစားမေရြး အသက္အရြယ္မေရြးမဂၤလာပြဲကို လာတဲ့ လူေတြအကုန္ကို ဒီလိုအပင္ေလးေတြေပးတာလဲ ဆိုေတာ့. ရည္ရြယ္ခ်က္က ႐ွင္း႐ွင္းေလး

#လူ‌ေတြအားလုံးကိုတစ္‌သက္‌လုံးေပ်ာ္‌‌ေစခ်င္‌တယ္‌ကြ တဲ့.” တစ္သက္လံုးေပ်ာ္ခ်င္ရင္ သစ္ပင္စိုက္ဆိုတဲ႔ စကားေလးအတိုင္းပါပဲလား

ကိုယ့္စိတ္ႀကိဳက္ ေရြးခ်ယ္ယူႏိုင္တဲ့ အပင္ေတြက ခ်ယ္ရီ🌸၊ ထင္း႐ွဴး🌲၊ ဝက္သစ္ခ်🌳၊စိန္ပန္း🌺၊ခေရ🍃၊ ကုကၠိဳ 🌿 တို႔ျဖစ္ပါတယ္. .

လက္ေဆာင္ရသူေတြက ဒီသစ္ပင္ေတြကိုသာ တကယ္စိုက္ျပီး ရွင္သန္ခဲ႔ရင္ ဒီမဂၤလာေမာင္ႏွံကေတာ့ တစ္သက္လံုး ကုသိုလ္ရေနမွာပဲ

ကဲကဲ ကိုယ္ေတြ မဂၤလာေဆာင္ရင္လည္း ထူးထူးျခားျခားနဲ႔ အမွတ္တရလည္းျဖစ္ျပီး အက်ိဳးလည္းရွိမယ့္ လက္ေဆာင္ေလးေတြ ျပန္ေပးဖို႔ စဥ္းစားထားေနာ္…သူတို႔ ႏွစ္ေယာက္ရဲ႕စိတ္ကူးေလးကေတာ့ အရမ္းကို ခ်ီးက်ဴးဖို႕ ေကာင္းပါတယ္ေနာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Doctor Than Min Htut

#Unicode Version# ျဖင့္ဖတ္ပါ ။

ထူးခြားလှတဲ့ မင်္ဂလာဆောင်။

မင်္ဂလာဆောင်တာပဲ ဘာထူးခြားလဲ လို့ မေးစရာရှိပါတယ်။ဟုတ်ကဲ့ ထူးခြားပါတယ်။ပုံမှန် မင်္ဂလာဆောင်တွေမှာ ဧည့်သည်တွေလာကြ၊ လက်ဖွဲ့ပေးကြ၊ မင်္ဂလာသတို့သား သတို့သမီးက အမှတ်တရ လက်ဆောင် သော့ချိတ်တွေ စာအုပ်လေးတွေ ပေးကြ ။ ထုံးစံပါပဲ။

ဒီနေ့ ပင်းတယမှာ ကျင်းပခဲ့တဲ့ ရွှေပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာဦးထိန်လင်းနဲ့ ဆရာမဒေါ်အေမီဖြိုးမင်းတို့ရဲ့ မင်္ဂလာပွဲကတော့ တမူထူးခြားလို့နေပါတယ်။

မင်္ဂလာမောင်မယ်က ဧည့်ပရိသတ်တွေကို ပြန်ကမ်းလိုက်တဲ့ မေတ္တာလက်ဆောင်က သစ်ပင်ပျိုးပင်လေးတွေပါ။မကြာခင် မိုးကျတော့မယ်။ ကျွန်တော်ကျွန်မတို့ ကမ်းတဲ့ သစ်ပင်လေးတွေကို ရှင်အောင်စိုက်ရင်း ကမ္ဘာမြေကို အကျိုးပြုကြရအောင်တဲ့လေ။

မြေကမ္ဘာကို ချစ်လှပါသော သစ်ပင်ချစ်သူ ဇနီးမောင်နှံတို့လည်း သစ်ပင်လေးတွေဟာ သူ့အရိပ်အောက်ကို ဝင်လာသူ၊ သူနဲ့ ထိတွေ့လိုက်တဲ့ လူသတ္တဝါအားလုံးကို အကျိုးပြုသလို မင်္ဂလာမောင်နှံလည်း ကိုယ်နဲ့ထိတွေ့လာသူ၊ကိုယ့်အရိပ်ခိုလာသူ အားလုံးကို အေးမြတဲ့ အရိပ်တွေ ထာဝရပေးနိုင်ပါစေ။

ဘယ်‌‌လောက်‌‌တောင်‌နူးညံ့သိမ်‌‌မွေ့လိုက်‌တဲ့ စိတ်‌ကူး‌လေးလဲ. .

ဘာကြောင့် လူတန်းစားမရွေး အသက်အရွယ်မရွေးမင်္ဂလာပွဲကို လာတဲ့ လူတွေအကုန်ကို ဒီလိုအပင်လေးတွေပေးတာလဲ ဆိုတော့. ရည်ရွယ်ချက်က ရှင်းရှင်းလေး

#လူ‌တွေအားလုံးကိုတစ်‌သက်‌လုံးပျော်‌‌စေချင်‌တယ်‌ကွ တဲ့.” တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ဆိုတဲ့ စကားလေးအတိုင်းပါပဲလား

ကိုယ့်စိတ်ကြိုက် ရွေးချယ်ယူနိုင်တဲ့ အပင်တွေက ချယ်ရီ🌸၊ ထင်းရှူး🌲၊ ဝက်သစ်ချ🌳၊စိန်ပန်း🌺၊ခရေ🍃၊ ကုက္ကို 🌿 တို့ဖြစ်ပါတယ်. .

လက်ဆောင်ရသူတွေက ဒီသစ်ပင်တွေကိုသာ တကယ်စိုက်ပြီး ရှင်သန်ခဲ့ရင် ဒီမင်္ဂလာမောင်နှံကတော့ တစ်သက်လုံး ကုသိုလ်ရနေမှာပဲ

ကဲကဲ ကိုယ်တွေ မင်္ဂလာဆောင်ရင်လည်း ထူးထူးခြားခြားနဲ့ အမှတ်တရလည်းဖြစ်ပြီး အကျိုးလည်းရှိမယ့် လက်ဆောင်လေးတွေ ပြန်ပေးဖို့ စဉ်းစားထားနော်…သူတို့ နှစ်ယောက်ရဲ့စိတ်ကူးလေးကတော့ အရမ်းကို ချီးကျူးဖို့ ကောင်းပါတယ်နော်

ဖိုးသူတော် (www.phothutaw.com)
Credit: Doctor Than Min Htut
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top