တစ္ခ်ိဳ႕ေသာ လူေတြက ကိုယ္ေပး သေလာက္ ျပန္မရ ၾကတဲ့အခါ ကိုယ့္ကိုယ္ကို စိတ္ဓာတ္က်သလိုလို ၊

စိတ္အား ငယ္သလိုလို ၊ မခံမရပ္ႏိုင္လို႔ ေဒါသ ျဖစ္သလိုလို စိတ္ေတြျဖစ္ၿပီး ဘာကို မေက်နပ္လို႔ မေက်နပ္မွန္း မသိ

ကိုယ္ကိုယ္ကို တစ္ေယာက္တည္း ရန္ျဖစ္ေန သလိုျ ဖစ္ေနတတ္ၾကပါတယ္ ။

တကယ္ေတာ့ ကိုယ္ေပး သေလာက္ ျပန္မရ ၾကတဲ့အခါ ငါကေတာ့ လုပ္ေပး လိုက္ရတာ ။ သူကေတာ့ ျပန္မၾကည့္ဘူး

ဆိုတဲ့ စိတ္နဲ႔ မေက်မနပ္ ျဖစ္တဲ့ စိတ္ေတြနဲ႔ ရန္ျဖစ္ ေနျခင္း ကိုက ကိုယ့္မွာ ရႈံးၿပီးရင္း ရႈံးတဲ့လူလို ျဖစ္ေန ပါၿပီ ။

တစ္ခါ တစ္ေလ ေလာကမွာ လူခ်င္း တူေပမယ့္္ ကံခ်င္း မတူျ ကတဲ့အခါမွာ ကိုယ္က ေပးဆပ္တဲ့လူ ျဖစ္ေန တတ္သလို ၊

ေပးဆပ္ခံ ရတဲ့လူလဲ ျဖစ္ေန တတ္ေတာ့ ရလာတဲ့ ရပိုင္ခြင့္ ေတြကလည္း မတူညီ ႏိုင္ၾက ေတာ့ပါဘူး ။

သူကို ငါက ကူညီလိုက္ရတာ ။ ငါကို လွည့္ေတာင္ မၾကည့္ဘူး ။ သူကို ငါက ခ်စ္လိုက္ ရတာ ။ ငါကို ဂ႐ုေတာင္ မစိုက္ဘူး ။

သူကို ငါက ေပးဆပ္ၿပီး အနစ္နာခံ လိုက္ရတာ ။ ငါကို အေလးအနက္ ေတာင္ မထားဘူး ဆိုတဲ့စိတ္နဲ႔ ကိုယ္လုပ္ ေပးသမွ် ေဖာ္ၿပီး သူလုပ္ ေပးတာ ေမွ်ာ္ေနရ တာလဲ ကိုယ္ရဲ႕ အတိတ္ကံ တစ္မ်ိဳးပါဘဲ ။

လူ ဘဝဆိုတာ ကံေၾကာင့္လဲ ေကာင္းသြား ႏိုင္သလို၊ လူေၾကာင့္လဲ ေျပာင္းလဲ သြားႏိုင္ပါတယ္ ။ ကံလဲ အၿမဲ မေကာင္းႏိုင္ သလို ၊

လူလဲ အၿမဲ မေျပာင္းႏိုင္ ပါဘူး ။ ကိုယ္ဘက္က အေကာင္းဆုံးေတြ ေပးႏိုင္ၿပီး အေကာင္းဆုံးလူ ျဖစ္ေနဖို႔ ႀကိဳးစားေနဖို႔ဘဲ လိုပါတယ္ ။

ကိုယ္ဘက္က ေပးႏိုင္ သေလာက္ ေပးၿပီးရင္ မေမွ်ာ္လင့္ ပါနဲ႔ေတာ့ ။ ကိုယ္ေပး လိုက္တာ ကိုယ္ေကာင္းေအာင္ ေနေပးလိုက္တာပါ ။ သူျပန္ေပးတာ မေပးတာ သူကံပါ ။

ကိုယ္ဘက္က ေကာင္းေအာင္ ေနေပးလိုက္တာ ကိုယ့္ ကံကို ကိုယ္ေကာင္းေအာင္ ျပင္လိုက္ တာနဲ႔အတူတူပါဘဲ ။ လူေကာင္းရင္ ကံေျပာင္း လာပါ လိမ့္မယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mp
# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ချို့သော လူတွေက ကိုယ်ပေး သလောက် ပြန်မရ ကြတဲ့အခါ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျသလိုလို ၊

စိတ်အား ငယ်သလိုလို ၊ မခံမရပ်နိုင်လို့ ဒေါသ ဖြစ်သလိုလို စိတ်တွေဖြစ်ပြီး ဘာကို မကျေနပ်လို့ မကျေနပ်မှန်း မသိ

ကိုယ်ကိုယ်ကို တစ်ယောက်တည်း ရန်ဖြစ်နေ သလိုြ ဖစ်နေတတ်ကြပါတယ် ။

တကယ်တော့ ကိုယ်ပေး သလောက် ပြန်မရ ကြတဲ့အခါ ငါကတော့ လုပ်ပေး လိုက်ရတာ ။ သူကတော့ ပြန်မကြည့်ဘူး

ဆိုတဲ့ စိတ်နဲ့ မကျေမနပ် ဖြစ်တဲ့ စိတ်တွေနဲ့ ရန်ဖြစ် နေခြင်း ကိုက ကိုယ့်မှာ ရှုံးပြီးရင်း ရှုံးတဲ့လူလို ဖြစ်နေ ပါပြီ ။

တစ်ခါ တစ်လေ လောကမှာ လူချင်း တူပေမယ့် ကံချင်း မတူြ ကတဲ့အခါမှာ ကိုယ်က ပေးဆပ်တဲ့လူ ဖြစ်နေ တတ်သလို ၊

ပေးဆပ်ခံ ရတဲ့လူလဲ ဖြစ်နေ တတ်တော့ ရလာတဲ့ ရပိုင်ခွင့် တွေကလည်း မတူညီ နိုင်ကြ တော့ပါဘူး ။

သူကို ငါက ကူညီလိုက်ရတာ ။ ငါကို လှည့်တောင် မကြည့်ဘူး ။ သူကို ငါက ချစ်လိုက် ရတာ ။ ငါကို ဂရုတောင် မစိုက်ဘူး ။

သူကို ငါက ပေးဆပ်ပြီး အနစ်နာခံ လိုက်ရတာ ။ ငါကို အလေးအနက် တောင် မထားဘူး ဆိုတဲ့စိတ်နဲ့ ကိုယ်လုပ် ပေးသမျှ ဖော်ပြီး သူလုပ် ပေးတာ မျှော်နေရ တာလဲ ကိုယ်ရဲ့ အတိတ်ကံ တစ်မျိုးပါဘဲ ။

လူ ဘဝဆိုတာ ကံကြောင့်လဲ ကောင်းသွား နိုင်သလို၊ လူကြောင့်လဲ ပြောင်းလဲ သွားနိုင်ပါတယ် ။ ကံလဲ အမြဲ မကောင်းနိုင် သလို ၊

လူလဲ အမြဲ မပြောင်းနိုင် ပါဘူး ။ ကိုယ်ဘက်က အကောင်းဆုံးတွေ ပေးနိုင်ပြီး အကောင်းဆုံးလူ ဖြစ်နေဖို့ ကြိုးစားနေဖို့ဘဲ လိုပါတယ် ။

ကိုယ်ဘက်က ပေးနိုင် သလောက် ပေးပြီးရင် မမျှော်လင့် ပါနဲ့တော့ ။ ကိုယ်ပေး လိုက်တာ ကိုယ်ကောင်းအောင် နေပေးလိုက်တာပါ ။ သူပြန်ပေးတာ မပေးတာ သူကံပါ ။

ကိုယ်ဘက်က ကောင်းအောင် နေပေးလိုက်တာ ကိုယ့် ကံကို ကိုယ်ကောင်းအောင် ပြင်လိုက် တာနဲ့အတူတူပါဘဲ ။ လူကောင်းရင် ကံပြောင်း လာပါ လိမ့်မယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:mp
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top