တစ္ခါတုန္းက ဘုန္းျကီးေက်ာင္းေအာက္ထပ္မွာ ရြာသားေတြစုျပီး ေဂါပကလူျကီးေရြးခ်ယ္ေနျကတယ္။ ရြာေတာင္ပိုင္းက ကာလသားေခါင္း ေဇာ္ျကီးကိုဥကၠဌတင္လိုေျကာင္း အဆိုျပဳျကသလို ရြာေျမာက္ပိုင္းကအသက္ျကီးသူ ဦးညိဳျကီးကို တင္သင့္ေျကာင္း ေျပာျက၏။

သူ႕တင္ငါ့တင္အျငင္းပြားေနစဥ္ ရြာေျမာက္ပိုင္းကလူ႕ခြစာမွဳံျကီးက ေဟ့-ေဇာ္ျကီးကိုတင္ခ်င္ရင္ ထြန္းအိျႏၵာဗိုလ္ကို မွန္ေအာင္ေရးခိုင္းလိုက္စမ္း ဟုဆိုရာ ရြာေတာင္ပိုင္းကေပတိုးက အားက်မခံ မင္းတို႕ညိဳျကီးကိုလဲမွန္ေအာင္ေရး တတ္သလားဟုဆိုရာ ရြာသားေတြပြစိပြစိ ျဖစ္ကုန္ျက၏။

ထိုစဥ္ဆယ္အိမ္ေခါင္းတာတီးက ခက္ပါတယ္ကြာ ရြာသားေတြကလည္းစာမတတ္ ကိုးကြယ္ထားတဲ႕ကိုယ္ေတာ္ကလည္း ေတာထြက္ျကီး ဟု ညည္းလိုက္ရာ ေက်ာင္းထိုင္ဆရာေတာ္ျကားသြားျပီး ေအာ္ေျပာလိုက္ေသာစကားေျကာင္႕ တစ္ရြာလုံး ပြဲက်သြားေလ၏။

ဆရာေတာ္ေျပာလိုက္ပုံက ေဟ့ေဟ့ မဆိုင္တဲ႕အေပါက္ဂလိုင္နဲ႕ မေခါက္နဲ႕ ငါ့ဘြဲ႕ဦးစာမရဆိုတာလူတိုင္းသိတယ္။ ရြာနဲ႕ငါတန္လို႕ေက်ာင္းထိုင္ျဖစ္ေနတာ ဟူသတတ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ခါတုန်းက ဘုန်းကြီးကျောင်းအောက်ထပ်မှာ ရွာသားတွေစုပြီး ဂေါပကလူကြီးရွေးချယ်နေကြတယ်။ ရွာတောင်ပိုင်းက ကာလသားခေါင်း ဇော်ကြီးကိုဥက္ကဌတင်လိုကြောင်း အဆိုပြုကြသလို ရွာမြောက်ပိုင်းကအသက်ကြီးသူ ဦးညိုကြီးကို တင်သင့်ကြောင်း ပြောကြ၏။

သူ့တင်ငါ့တင်အငြင်းပွားနေစဉ် ရွာမြောက်ပိုင်းကလူ့ခွစာမှုံကြီးက ဟေ့-ဇော်ကြီးကိုတင်ချင်ရင် ထွန်းအိန္ဒြာဗိုလ်ကို မှန်အောင်ရေးခိုင်းလိုက်စမ်း ဟုဆိုရာ ရွာတောင်ပိုင်းကပေတိုးက အားကျမခံ မင်းတို့ညိုကြီးကိုလဲမှန်အောင်ရေး တတ်သလားဟုဆိုရာ ရွာသားတွေပွစိပွစိ ဖြစ်ကုန်ကြ၏။

ထိုစဉ်ဆယ်အိမ်ခေါင်းတာတီးက ခက်ပါတယ်ကွာ ရွာသားတွေကလည်းစာမတတ် ကိုးကွယ်ထားတဲ့ကိုယ်တော်ကလည်း တောထွက်ကြီး ဟု ညည်းလိုက်ရာ ကျောင်းထိုင်ဆရာတော်ကြားသွားပြီး အော်ပြောလိုက်သောစကားကြောင့် တစ်ရွာလုံး ပွဲကျသွားလေ၏။

ဆရာတော်ပြောလိုက်ပုံက ဟေ့ဟေ့ မဆိုင်တဲ့အပေါက်ဂလိုင်နဲ့ မခေါက်နဲ့ ငါ့ဘွဲ့ဦးစာမရဆိုတာလူတိုင်းသိတယ်။ ရွာနဲ့ငါတန်လို့ကျောင်းထိုင်ဖြစ်နေတာ ဟူသတတ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top