ျမန္မာ myth မ်ား (၁)

ဒီပိုစ့္က က်ေနာ္အရင္ေရးတယ့္ ေရွးျမန္မာ့စစ္လက္နက္ႏွင့္စစ္နည္းပညာမ်ားပိုစ့္ ေတြနဲ႔မတူဘူးဗ် fb က ညီေလး တစ္ေယာက္ ေမးထားတယ့္အေႀကာင္းေလးကို ႀကံဳလို႔ ေရးေပးလိုက္တာ ပထမဆံုး myth ရဲ႕ သေဘာတရားကို က်ေနာ္ နားလည္သေလာက္အရင္ေျပာပါမယ္ သမိုင္းပညာရွင္ေတြကေတာ့ myth ေတြက မ်ဳိးဆက္ တစ္ဆက္ျပီး တစ္ဆက္ လက္ဆင့္ကမ္းလာတယ့္ ပါးစပ္ရာဇဝင္လို႔ေျပာႀကတယ္ အက်ယ္တဝင့္ သိခ်င္ရင္ ဆရာႀကီးတကၠသိုလ္ ဘုန္းႏိုင္ ေရးတယ့္ ေခါမဂႏၲဝင္ျပဇာတ္ဆန္းမ်ား စာအုပ္ကို ဖတ္ႀကည့္ပါ

အာရွ myth ေတြကလဲ နိမိတ္ျပဇာတ္လမ္းေတြလို႔ေျပာပါတယ္ ဥပမာ ရာမာယနဇာတ္ေတာ္ဆို သိႀကားမင္းေတြ ဘီလူးေတြ ေမ်ာက္ေတြဖယ္ႀကည့္ရင္ နယ္ခံ ျဒာဗိဒီယန္ေတြနဲ႔ ဥေရာပဘက္ကေရြ႕လာတယ့္ အာရိယန္ေတြရဲ႕ နယ္ေျမလု တိုက္ပဲြအေႀကာင္းေတြ႕မွာပါ ဒီေန႔ေရးမွာက ညီေလးတစ္ေယာက္ ေမးတယ့္ အေနာ္ရထာဘုရင္ႀကီး နတ္ရြာစံရတယ့္ အေႀကာင္းပါ

ျမန္မာ့သမိုင္းကို က်ေနာ္ ေမႊေနာက္ရွာျပီးေတာ့ ဘုရင္ေတြ နတ္ရြာစံတာကိုႀကည့္ရင္ ထူးထူးျခားျခား နတ္ရြာစံတာေတြ ေတြ႕လာပါတယ္ ေတာထဲမွာ နတ္သမီးနဲ႔ေတြ႕ျပီး ရူးေသတယ့္ဟာမ်ဳိးေတြလို ထူးဆန္းတာေတြပါ အထူးဆန္းဆံုး နတ္ရြာစံ တာက ဘုရင္ႏွစ္ပါးရွိပါတယ္ တကယ့္ထင္ထင္ရွားရွား ဘုရင္ေတြပါ သူတို႔ကေတာ့ အေနာ္ရထာ နဲ႔ တပင္ေရႊထီးပါ

နတ္ရြာစံတယ့္ ပံုေတြမတူေပမယ့္ common တူတာေတြရွိပါတယ္ ဒီဘုရင္ႏွစ္ပါး နတ္ရြာစံတာျဖစ္ျပီးေနာက္မွာ သခ်ိဳင္းေတာ္ ေတြမရွိပါဘူး ဘယ္မွာျမဳပ္လဲ ဆိုတာလဲ ရာဇဝင္မွာမပါပါဘူး နတ္ရြာစံတယ္ ဆိုတာပဲရွိျပီး ေနာက္ဆက္တဲြ ပူေဇာ္မႈ ေတြလုပ္တာလဲ မွတ္တမ္းမွာမရွိပါဘူး

က်ေနာ္တို႔ သိရတယ့္ အေနာ္ရထာဘုရင္ႀကီး နတ္ရြာစံတာက အရင္ဆံုး ပုပၸားကိုသြားတယ္ တဲနန္းေအာက္မွာ ဖားေအာ္သံ က ထူးဆန္းလို႔ ရွာႀကည့္ေတာ့ ဖားဖိုအေသကို ဖားမကထမ္းျပီး ေအာ္ေနတာ ေတြ႕တယ္ (ဒီေခတ္ဆို ဓာတ္ပံုရိုက္ျပီး လိုင္းေပၚမွာ ပလူပ်ံေနေလာက္ျပီ) ေဗဒင္ဆရာေတြပုဏၰားေတြက ဇာတာမသန္႔လို႔ ေနျပည္ေတာ္ကို အျမန္ျပန္ပါလို႔ ေျပာတယ္ ဒီေတာ့ ပုဂံကိုျပန္လာရင္း တံခါးဝမွာမုဆိုး တစ္ေယာက္ကေစာင့္ျပီးေတာ့ ေအာင္သာ ဘက္မွာ က်ြဲရိုင္း တစ္ေကာင္ ေသာင္းက်န္းေနလို႔ ႏိွမ္နင္းေပးပါလို႔ေျပာတယ္ ျပည္သူကိုခ်စ္တယ့္ဘုရင္ဆိုေတာ့ ကိုယ္တိုင္ သြားႏိွမ္နင္း တယ္။

က်ြဲရိုင္းက က်ြဲအစစ္မဟုတ္ဘဲ အရင္က နတ္ေတြကို ႏိွပ္ကြပ္တုန္းက ခံလိုက္ရတယ့္ ထိန္ပင္ေစာင့္နတ္က က်ြဲေယာင္ ဖန္ဆင္းျပီး ခတ္လို႔ ဆင္ေပၚကဘုရင္ က်ြဲခတ္ခံရလို႔ နတ္ရြာစံတယ္ အေလာင္းကို နတ္ဖြက္သြားလို႔ ျပန္မရဘူးလို႔ ေျပာတယ္ ဒါက သမိုင္းစာအုပ္ေတြထဲက ေရးထားတာေတြ ဒီေန႔ေခတ္သမိုင္းပညာရွင္ေတြကေတာ့ က်ြဲခတ္လို႔ နတ္ရြာစံ တာကို လက္မခံဘူး က်ေနာ္လဲလက္မခံဘူး။

ခုနက သမိုင္းအခ်က္ေတြျပန္ျပီးႀကည့္ရင္ အခ်ဳိ႕အခ်က္ေတြက လက္မခံႏိုင္စရာေတြ႕ရတယ္ ပထမအခ်က္ မုဆိုး တစ္ေယာက္က ဘုရင္ကိုေတြ႕ျပီး ဒါရိုက္ေျပာခ်င္တာေျပာ ေခၚခ်င္တယ့္ေနရာ ေခၚသြားလို႔ရလား ဒုတိယအခ်က္ က်ြဲေလာက္ကေတာ့ အဲဒီအခ်ိန္ က်န္စစ္သားသာမရွိတာ က်န္တယ့္ သူရဲေကာင္းသံုးေယာက္ က်န္ေသးတယ္ ဥပမာ ငလံုးလက္ဖယ္ကို လႊတ္လိုက္ရင္ အဲဒီက်ဲြကို ထြန္တံုးတပ္ျပီးေတာ့ေတာင္ ထြန္ျပလိုက္ဦးမယ္ ႏြားအရွဥ္းတစ္ရာေတာင္ တစ္ေဗြထဲထိန္းျပီးထြန္ျပထားတာ က်ြဲတစ္ေကာင္ေလာက္ေတာ့ ေအးေဆးပဲ

ဒီလို သူရဲေကာင္းေတြ မရွိရင္ေတာင္ တပ္သားတစ္ရာေလာက္လႊတ္လိုက္ရင္ က်ဲြရိုင္း နားကားသြားမွာ ဘာျဖစ္လို႔ နန္းတြင္း ဝင္ခါနီးဘုရင္က သရပါတံခါးကေန လွည့္ျပီးသြားလဲ တတိယအခ်က္က ေအာင္သာအရပ္ဆိုတာ ဘယ္ေနရာလဲ ေတာင္သာ မဟုတ္တာေသခ်ာတယ္ ဘယ္ေနရာလဲဆိုတာ အတိအက်ေရးျပမထားဘူး စတုတၱအခ်က္က က်ြဲနဲ႔ဆင္ အကြာႀကီးပါ ဆင္ေပၚက ဘုရင္ကို က်ြဲခုန္ျပီးခတ္လို႔ ခ်ိဳဖ်ားမွာကားသြားရေအာင္ အေနာ္ရထာဘုရင္က အခ်ာပင္ မဟုတ္ဘူး ပထမျမန္မာႏိုင္ငံေတာင္တည္ေထာင္ႏိုင္တယ့္ စစ္ဘုရင္

ကြ်ဲက ရိုးရိုးက်ြဲမဟုတ္ဘူး နတ္က်ြဲဆိုတာ လက္ကိုမခံႏိုင္တာ လူေတြက သူတို႔ေႀကာက္တိုင္း နတ္က်ား စီးေတာ္က်ား နတ္မိေခ်ာင္း နတ္ေျမြ ဘာညာေလ်ွာက္ေျပာတာ ပဥၥမအခ်က္က အရင္ကေတာင္ အာ့ထိန္ပင္ေစာင့္နတ္ကိုဗ်င္းထားတာ ဘံုေပ်ာက္ေနတယ့္နတ္က ဘယ္လိုျဖစ္လို႔ ဘုရင္ကို သတ္ႏိုင္မွာလဲ ဒါကေတာ့ နတ္ေႀကာင္ဓာတ္ေႀကာင္ေတြက ႏႈတ္ခမ္းတလန္ပန္းတလန္ရွင္းျပလိမ့္မယ္ နတ္ကိုင္တာတို႔ နတ္နဲ႔နဂါးမက်ီစားနဲ႔တို႔ ကံနိမ့္ေနတာကိုးတို႔ေပါ့

ဒါေတြက က်ေနာ္လက္မခံႏိုင္တာေတြပါ တကယ္တမ္း ဒီနတ္ေတြဘာေတြဖယ္လိုက္ရင္ ျဖစ္ႏိုင္ေျခ ႏွစ္ခုရွိတယ္ အေနာ္ရထာ ဘုရင္က လုပ္ႀကံခံရလို႔ေသတာနဲ႔ ဆည္တည္ေဆာက္ေနရင္း မေတာ္တဆတစ္ခုခု ႀကီးႀကီးမားမား ျဖစ္လို႔ ေသသြားတာ

ပထမတစ္ခုကိုေျပာရရင္ အေနာ္ရထာဘုရင္ႀကီးက နတ္ကိုးကြယ္တာတို႔ ဗုဒၶဘာသာထဲက အယူမွားတာေတြကို ဖယ္ရွား သုတ္သင္တယ့္အခ်ိန္က စားေပါက္ပိတ္သြားတယ့္ လူေတြရွိမွာပဲ အခ်ဳိ႕ နယ္ေတြဆို မီးကိုးကြယ္တာတို႕ က်ဲြႏြားသတ္ျပီး ယဇ္ပူေဇာ္တာတို႔မွာ နတ္ဆရာေတြ နတ္ကေတာ္ေတြ စားေပါက္ပိတ္ျပီး အညိဳးထား လုပ္ႀကံတာလဲျဖစ္ႏိုင္တယ္ ဘုရင့္ တိုင္းခန္းလွည့္ေနတုန္း အေစာင့္ေတြလဲ နဲနဲပဲပါလာတယ့္ အခ်ိန္မွာ တစ္ေနရာရာမွာ လုပ္ႀကံျပီး တရားခံေဖာ္မရေအာင္ ေျခရာလက္ရာေတြ အကုန္လက္စေဖ်ာက္ အေလာင္းေတြပါ မသြားတာဆိုလဲ ျဖစ္ႏိုင္ေခ် တစ္ခ်က္ရွိပါတယ္။

ဒုတိယအခ်က္ကေတာ့ အေနာ္ရထာဘုရင္က ဆည္ေျမာင္းေတြေဆာက္ရင္ ကိုယ္တိုင္သြားေလ့လာျပီးမွ ေဆာက္တယ္ လို႔သိရပါတယ္ အညာေဒသမွာဆည္ေဆာက္မယ္ဆို ႏွစ္ေနရာရွိပါတယ္ ေတာင္က်ေခ်ာင္းေတြကို ပိတ္ျပီးေဆာက္တယ့္ တစ္ဖက္ဆည္လိုမ်ဳိးဟာ ဥပမာ တုရင္ေတာင္ေျခက ျမကန္လိုဆည္မ်ဳိး ေနာက္တစ္မ်ဳိးက ဒီေခတ္လို ျမစ္ေခ်ာင္းကို ပိတ္ျပီးေဆာက္တယ့္ဆည္ေတြရယ္ ဆိုျပီးရွိပါတယ္။

က်ြဲရိုင္းေသာင္းက်န္းလို႔ မုဆိုးလာသတင္းပို႔တယ္ဆိုတာကို ျဖစ္ႏိုင္ ေျခယူႀကည့္ရင္ က်ြဲ ပံုစံရွိတယ့္ ေတာင္တစ္ခုခုက ေတာင္က်ေရေတြေႀကာင့္ ဒီေခတ္လို ေရေတြႀကီးေနတယ္လို႔ အေထာက္ေတာ္တစ္ေယာက္ သတင္းပို႔လို႔ နန္းတြင္းကို မဝင္ပဲ ခ်က္ခ်င္းလိုက္သြားတယ္ ထင္တယ္ သြားတယ့္အခ်ိန္ကလဲ ဝါဆိုဝါေခါင္ဆိုေတာ့ ေရေတြတစ္အားႀကီးေနခ်ိန္ ဘုရင္နဲ႔ဆည္အမႈထမ္းေတြက ဆင္ေတြနဲ႔ ေက်ာက္ေတြသစ္တံုးေတြကို ဆဲြျပီး ေရကာတာလိုဟာမ်ဳိးေဆာက္ေနခ်ိန္မွာ မေတာ္တဆမႈအႀကီးစားတစ္ခုခုေႀကာင့္ ေရကာတာက်ဳိးျပီး ေတာင္က်ေရေတြနဲ႔ ဆင္ေရာ ဘုရင္ေရာ ေမ်ွာပါသြားလို႔ အေလာင္းေတာင္ျပန္မရဘူးလို႔ နိမိတ္ျပပံုျပီး ေရးျပထားတယ္လို႔ က်ေနာ္ကေတာ့ေတြးတယ္။

က်ေနာ္ရဲ႕အေတြးေတြကေတာ့ ယုတိၱရွိတာေတြပဲ ေတြးျပီးေရးထားတာပါ မွားတယ္ထင္ရင္လဲ လြတ္လပ္ပြင့္လင္းစြာ ေဆြးေႏြးလို႔ရပါတယ္ အခ်ိန္ေပးဖတ္လို႔လဲ ေက်းဇူးပဲ အခု fb မွာက ဒီလို heavyႀကီးေတြဆို သိပ္မဖတ္ခ်င္ႀကဘူးေလ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပ်ံခ်ီ၊ စစ္မွတ္တမ္း

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာ myth များ (၁)

ဒီပိုစ့်က ကျနော်အရင်ရေးတယ့် ရှေးမြန်မာ့စစ်လက်နက်နှင့်စစ်နည်းပညာများပိုစ့် တွေနဲ့မတူဘူးဗျ fb က ညီလေး တစ်ယောက် မေးထားတယ့်အကြောင်းလေးကို ကြုံလို့ ရေးပေးလိုက်တာ ပထမဆုံး myth ရဲ့ သဘောတရားကို ကျနော် နားလည်သလောက်အရင်ပြောပါမယ် သမိုင်းပညာရှင်တွေကတော့ myth တွေက မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာတယ့် ပါးစပ်ရာဇဝင်လို့ပြောကြတယ် အကျယ်တဝင့် သိချင်ရင် ဆရာကြီးတက္ကသိုလ် ဘုန်းနိုင် ရေးတယ့် ခေါမဂန္တဝင်ပြဇာတ်ဆန်းများ စာအုပ်ကို ဖတ်ကြည့်ပါ

အာရှ myth တွေကလဲ နိမိတ်ပြဇာတ်လမ်းတွေလို့ပြောပါတယ် ဥပမာ ရာမာယနဇာတ်တော်ဆို သိကြားမင်းတွေ ဘီလူးတွေ မျောက်တွေဖယ်ကြည့်ရင် နယ်ခံ ဒြာဗိဒီယန်တွေနဲ့ ဥရောပဘက်ကရွေ့လာတယ့် အာရိယန်တွေရဲ့ နယ်မြေလု တိုက်ပွဲအကြောင်းတွေ့မှာပါ ဒီနေ့ရေးမှာက ညီလေးတစ်ယောက် မေးတယ့် အနော်ရထာဘုရင်ကြီး နတ်ရွာစံရတယ့် အကြောင်းပါ

မြန်မာ့သမိုင်းကို ကျနော် မွှေနောက်ရှာပြီးတော့ ဘုရင်တွေ နတ်ရွာစံတာကိုကြည့်ရင် ထူးထူးခြားခြား နတ်ရွာစံတာတွေ တွေ့လာပါတယ် တောထဲမှာ နတ်သမီးနဲ့တွေ့ပြီး ရူးသေတယ့်ဟာမျိုးတွေလို ထူးဆန်းတာတွေပါ အထူးဆန်းဆုံး နတ်ရွာစံ တာက ဘုရင်နှစ်ပါးရှိပါတယ် တကယ့်ထင်ထင်ရှားရှား ဘုရင်တွေပါ သူတို့ကတော့ အနော်ရထာ နဲ့ တပင်ရွှေထီးပါ

နတ်ရွာစံတယ့် ပုံတွေမတူပေမယ့် common တူတာတွေရှိပါတယ် ဒီဘုရင်နှစ်ပါး နတ်ရွာစံတာဖြစ်ပြီးနောက်မှာ သချိုင်းတော် တွေမရှိပါဘူး ဘယ်မှာမြုပ်လဲ ဆိုတာလဲ ရာဇဝင်မှာမပါပါဘူး နတ်ရွာစံတယ် ဆိုတာပဲရှိပြီး နောက်ဆက်တွဲ ပူဇော်မှု တွေလုပ်တာလဲ မှတ်တမ်းမှာမရှိပါဘူး

ကျနော်တို့ သိရတယ့် အနော်ရထာဘုရင်ကြီး နတ်ရွာစံတာက အရင်ဆုံး ပုပ္ပားကိုသွားတယ် တဲနန်းအောက်မှာ ဖားအော်သံ က ထူးဆန်းလို့ ရှာကြည့်တော့ ဖားဖိုအသေကို ဖားမကထမ်းပြီး အော်နေတာ တွေ့တယ် (ဒီခေတ်ဆို ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်မှာ ပလူပျံနေလောက်ပြီ) ဗေဒင်ဆရာတွေပုဏ္ဏားတွေက ဇာတာမသန့်လို့ နေပြည်တော်ကို အမြန်ပြန်ပါလို့ ပြောတယ် ဒီတော့ ပုဂံကိုပြန်လာရင်း တံခါးဝမှာမုဆိုး တစ်ယောက်ကစောင့်ပြီးတော့ အောင်သာ ဘက်မှာ ကျွဲရိုင်း တစ်ကောင် သောင်းကျန်းနေလို့ နှိမ်နင်းပေးပါလို့ပြောတယ် ပြည်သူကိုချစ်တယ့်ဘုရင်ဆိုတော့ ကိုယ်တိုင် သွားနှိမ်နင်း တယ်။

ကျွဲရိုင်းက ကျွဲအစစ်မဟုတ်ဘဲ အရင်က နတ်တွေကို နှိပ်ကွပ်တုန်းက ခံလိုက်ရတယ့် ထိန်ပင်စောင့်နတ်က ကျွဲယောင် ဖန်ဆင်းပြီး ခတ်လို့ ဆင်ပေါ်ကဘုရင် ကျွဲခတ်ခံရလို့ နတ်ရွာစံတယ် အလောင်းကို နတ်ဖွက်သွားလို့ ပြန်မရဘူးလို့ ပြောတယ် ဒါက သမိုင်းစာအုပ်တွေထဲက ရေးထားတာတွေ ဒီနေ့ခေတ်သမိုင်းပညာရှင်တွေကတော့ ကျွဲခတ်လို့ နတ်ရွာစံ တာကို လက်မခံဘူး ကျနော်လဲလက်မခံဘူး။

ခုနက သမိုင်းအချက်တွေပြန်ပြီးကြည့်ရင် အချို့အချက်တွေက လက်မခံနိုင်စရာတွေ့ရတယ် ပထမအချက် မုဆိုး တစ်ယောက်က ဘုရင်ကိုတွေ့ပြီး ဒါရိုက်ပြောချင်တာပြော ခေါ်ချင်တယ့်နေရာ ခေါ်သွားလို့ရလား ဒုတိယအချက် ကျွဲလောက်ကတော့ အဲဒီအချိန် ကျန်စစ်သားသာမရှိတာ ကျန်တယ့် သူရဲကောင်းသုံးယောက် ကျန်သေးတယ် ဥပမာ ငလုံးလက်ဖယ်ကို လွှတ်လိုက်ရင် အဲဒီကျွဲကို ထွန်တုံးတပ်ပြီးတော့တောင် ထွန်ပြလိုက်ဦးမယ် နွားအရှဉ်းတစ်ရာတောင် တစ်ဗွေထဲထိန်းပြီးထွန်ပြထားတာ ကျွဲတစ်ကောင်လောက်တော့ အေးဆေးပဲ

ဒီလို သူရဲကောင်းတွေ မရှိရင်တောင် တပ်သားတစ်ရာလောက်လွှတ်လိုက်ရင် ကျွဲရိုင်း နားကားသွားမှာ ဘာဖြစ်လို့ နန်းတွင်း ဝင်ခါနီးဘုရင်က သရပါတံခါးကနေ လှည့်ပြီးသွားလဲ တတိယအချက်က အောင်သာအရပ်ဆိုတာ ဘယ်နေရာလဲ တောင်သာ မဟုတ်တာသေချာတယ် ဘယ်နေရာလဲဆိုတာ အတိအကျရေးပြမထားဘူး စတုတ္တအချက်က ကျွဲနဲ့ဆင် အကွာကြီးပါ ဆင်ပေါ်က ဘုရင်ကို ကျွဲခုန်ပြီးခတ်လို့ ချိုဖျားမှာကားသွားရအောင် အနော်ရထာဘုရင်က အချာပင် မဟုတ်ဘူး ပထမမြန်မာနိုင်ငံတောင်တည်ထောင်နိုင်တယ့် စစ်ဘုရင်

ကျွဲက ရိုးရိုးကျွဲမဟုတ်ဘူး နတ်ကျွဲဆိုတာ လက်ကိုမခံနိုင်တာ လူတွေက သူတို့ကြောက်တိုင်း နတ်ကျား စီးတော်ကျား နတ်မိချောင်း နတ်မြွေ ဘာညာလျှောက်ပြောတာ ပဉ္စမအချက်က အရင်ကတောင် အာ့ထိန်ပင်စောင့်နတ်ကိုဗျင်းထားတာ ဘုံပျောက်နေတယ့်နတ်က ဘယ်လိုဖြစ်လို့ ဘုရင်ကို သတ်နိုင်မှာလဲ ဒါကတော့ နတ်ကြောင်ဓာတ်ကြောင်တွေက နှုတ်ခမ်းတလန်ပန်းတလန်ရှင်းပြလိမ့်မယ် နတ်ကိုင်တာတို့ နတ်နဲ့နဂါးမကျီစားနဲ့တို့ ကံနိမ့်နေတာကိုးတို့ပေါ့

ဒါတွေက ကျနော်လက်မခံနိုင်တာတွေပါ တကယ်တမ်း ဒီနတ်တွေဘာတွေဖယ်လိုက်ရင် ဖြစ်နိုင်ခြေ နှစ်ခုရှိတယ် အနော်ရထာ ဘုရင်က လုပ်ကြံခံရလို့သေတာနဲ့ ဆည်တည်ဆောက်နေရင်း မတော်တဆတစ်ခုခု ကြီးကြီးမားမား ဖြစ်လို့ သေသွားတာ

ပထမတစ်ခုကိုပြောရရင် အနော်ရထာဘုရင်ကြီးက နတ်ကိုးကွယ်တာတို့ ဗုဒ္ဓဘာသာထဲက အယူမှားတာတွေကို ဖယ်ရှား သုတ်သင်တယ့်အချိန်က စားပေါက်ပိတ်သွားတယ့် လူတွေရှိမှာပဲ အချို့ နယ်တွေဆို မီးကိုးကွယ်တာတို့ ကျွဲနွားသတ်ပြီး ယဇ်ပူဇော်တာတို့မှာ နတ်ဆရာတွေ နတ်ကတော်တွေ စားပေါက်ပိတ်ပြီး အညိုးထား လုပ်ကြံတာလဲဖြစ်နိုင်တယ် ဘုရင့် တိုင်းခန်းလှည့်နေတုန်း အစောင့်တွေလဲ နဲနဲပဲပါလာတယ့် အချိန်မှာ တစ်နေရာရာမှာ လုပ်ကြံပြီး တရားခံဖော်မရအောင် ခြေရာလက်ရာတွေ အကုန်လက်စဖျောက် အလောင်းတွေပါ မသွားတာဆိုလဲ ဖြစ်နိုင်ချေ တစ်ချက်ရှိပါတယ်။

ဒုတိယအချက်ကတော့ အနော်ရထာဘုရင်က ဆည်မြောင်းတွေဆောက်ရင် ကိုယ်တိုင်သွားလေ့လာပြီးမှ ဆောက်တယ် လို့သိရပါတယ် အညာဒေသမှာဆည်ဆောက်မယ်ဆို နှစ်နေရာရှိပါတယ် တောင်ကျချောင်းတွေကို ပိတ်ပြီးဆောက်တယ့် တစ်ဖက်ဆည်လိုမျိုးဟာ ဥပမာ တုရင်တောင်ခြေက မြကန်လိုဆည်မျိုး နောက်တစ်မျိုးက ဒီခေတ်လို မြစ်ချောင်းကို ပိတ်ပြီးဆောက်တယ့်ဆည်တွေရယ် ဆိုပြီးရှိပါတယ်။

ကျွဲရိုင်းသောင်းကျန်းလို့ မုဆိုးလာသတင်းပို့တယ်ဆိုတာကို ဖြစ်နိုင် ခြေယူကြည့်ရင် ကျွဲ ပုံစံရှိတယ့် တောင်တစ်ခုခုက တောင်ကျရေတွေကြောင့် ဒီခေတ်လို ရေတွေကြီးနေတယ်လို့ အထောက်တော်တစ်ယောက် သတင်းပို့လို့ နန်းတွင်းကို မဝင်ပဲ ချက်ချင်းလိုက်သွားတယ် ထင်တယ် သွားတယ့်အချိန်ကလဲ ဝါဆိုဝါခေါင်ဆိုတော့ ရေတွေတစ်အားကြီးနေချိန် ဘုရင်နဲ့ဆည်အမှုထမ်းတွေက ဆင်တွေနဲ့ ကျောက်တွေသစ်တုံးတွေကို ဆွဲပြီး ရေကာတာလိုဟာမျိုးဆောက်နေချိန်မှာ မတော်တဆမှုအကြီးစားတစ်ခုခုကြောင့် ရေကာတာကျိုးပြီး တောင်ကျရေတွေနဲ့ ဆင်ရော ဘုရင်ရော မျှောပါသွားလို့ အလောင်းတောင်ပြန်မရဘူးလို့ နိမိတ်ပြပုံပြီး ရေးပြထားတယ်လို့ ကျနော်ကတော့တွေးတယ်။

ကျနော်ရဲ့အတွေးတွေကတော့ ယုတ္တိရှိတာတွေပဲ တွေးပြီးရေးထားတာပါ မှားတယ်ထင်ရင်လဲ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးလို့ရပါတယ် အချိန်ပေးဖတ်လို့လဲ ကျေးဇူးပဲ အခု fb မှာက ဒီလို heavyကြီးတွေဆို သိပ်မဖတ်ချင်ကြဘူးလေ

ဖိုးသူတော် (www.phothutaw.com)
Credit:ပျံချီ၊ စစ်မှတ်တမ်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top