မေန႔က ရန္ကုန္တိုင္း မဂၤလာဒံုၿမိဳ႕နယ္မွာ အိမ္တအိမ္ကို ရဲတပ္ဖြဲ႔က မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာမွာ ရန္ျပဳလို႔ ပစ္ခတ္ခဲ့ရၿပီး တေယာက္ေသ၊ တေယာက္ဒဏ္ရာရခဲ့ပါတယ္။

ေမလ ၂၅ ရက္ ေန႔လယ္ ၂ နာရီအခ်ိန္က ရဲအုပ္ သန္းပိုင္ဦး ဦးစီးတဲ့ ပူးေပါင္းအဖြဲ႔ဟာ မဂၤလာဒုံၿမိဳ႕နယ္၊ (၃/ခ)ရပ္ကြက္ေန အသက္ ၄၈ ႏွစ္အရြယ္ ဦးဖိုးလမ္း(ခ)ဝင္းမင္းေထြးရဲ႕ အိမ္ကို မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာမွာ ၿခံတံခါးဖြင့္မေပးတာေၾကာင့္ ေက်ာ္နင္း ဝင္ေရာက္ခဲ့ၾကပါတယ္။

ဒီလိုဝင္ေရာက္တုန္းမွာ ဦးဖိုးလမ္း(ခ)ဝင္းမင္းေထြးနဲ႔ သူ႔ရဲ႕သား အသက္ ၂၁ ႏွစ္အရြယ္ လင္းမာန္ဦးတို႔က ဓားရွည္ေတြ ကိုယ္စီကိုင္ၿပီး ရန္ျပဳလာခဲ့တာေၾကာင့္ ပါလာတဲ့ ရဲတပ္သားက MA-13 ေသနတ္နဲ႔ ၄ ခ်က္ သတိေပးပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေၾကာင့္ ဦးဖိုးလမ္း(ခ)ဝင္းမင္းေထြးမွာ ညာလက္ေမာင္းနဲ႔ ေပါင္မွာ က်ည္ေဖာက္ဝင္ ဒဏ္ရာရခဲ့ၿပီး လင္းမာန္ဦးမွာေတာ့ ညာႏို႔အုံအထက္နဲ႔ ဘယ္ေနာက္ေက်ာနံ႐ိုးေအာက္မွာ က်ည္ေဖာက္ဝင္ဒဏ္ရာ ၂ ခ်က္ရၿပီးေသဆုံးခဲ့ပါတယ္။

သူတုိ႔ရဲ႕ အိမ္ကို ရွာေဖြရာမွာေတာ့ မူးယစ္ေဆးဝါးသုံးစြဲဖို႔ ေရာက္ေနတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ေက်ာ္နႏၵနဲ႔ စိတ္ႂကြေဆးျပား ၅၆ ျပား၊ ဓားရွည္မ်ိဳးစုံ ၁၀ ေခ်ာင္း၊ သံလက္သီးစြပ္ ၂ ခု၊ လွံ ၁ ေခ်ာင္း၊ ေလပစၥတိုေသနတ္ ၁ လက္၊ သံ/ေကာ္ေဘာေစ့ ၈၇ လုံး၊ သံတုတ္ ၂ ေခ်ာင္းတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။

ဒါေၾကာင့္ ဦးဖိုးလမ္း(ခ)ဝင္းမင္းေထြး အပါအဝင္ ၃ ေယာက္ကို  မဂၤလာဒုံရဲစခန္းမွာ အမႈအသီးသီးေရးဖြင့္စစ္ေဆးေနၿပီး မူးယစ္ေဆးဝါးကြင္းဆက္တရားခံ ဖမ္းဆီးရမိေရးလည္း ေဆာင္ရြက္ေနတယ္လို႔ ရဲတပ္ဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

မနေ့က ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ အိမ်တအိမ်ကို ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ရန်ပြုလို့ ပစ်ခတ်ခဲ့ရပြီး တယောက်သေ၊ တယောက်ဒဏ်ရာရခဲ့ပါတယ်။

မေလ ၂၅ ရက် နေ့လယ် ၂ နာရီအချိန်က ရဲအုပ် သန်းပိုင်ဦး ဦးစီးတဲ့ ပူးပေါင်းအဖွဲ့ဟာ မင်္ဂလာဒုံမြို့နယ်၊ (၃/ခ)ရပ်ကွက်နေ အသက် ၄၈ နှစ်အရွယ် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးရဲ့ အိမ်ကို မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ခြံတံခါးဖွင့်မပေးတာကြောင့် ကျော်နင်း ဝင်ရောက်ခဲ့ကြပါတယ်။

ဒီလိုဝင်ရောက်တုန်းမှာ ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးနဲ့ သူ့ရဲ့သား အသက် ၂၁ နှစ်အရွယ် လင်းမာန်ဦးတို့က ဓားရှည်တွေ ကိုယ်စီကိုင်ပြီး ရန်ပြုလာခဲ့တာကြောင့် ပါလာတဲ့ ရဲတပ်သားက MA-13 သေနတ်နဲ့ ၄ ချက် သတိပေးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေးမှာ ညာလက်မောင်းနဲ့ ပေါင်မှာ ကျည်ဖောက်ဝင် ဒဏ်ရာရခဲ့ပြီး လင်းမာန်ဦးမှာတော့ ညာနို့အုံအထက်နဲ့ ဘယ်နောက်ကျောနံရိုးအောက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရပြီးသေဆုံးခဲ့ပါတယ်။

သူတို့ရဲ့ အိမ်ကို ရှာဖွေရာမှာတော့ မူးယစ်ဆေးဝါးသုံးစွဲဖို့ ရောက်နေတဲ့ အသက် ၁၉ နှစ်အရွယ် ကျော်နန္ဒနဲ့ စိတ်ကြွဆေးပြား ၅၆ ပြား၊ ဓားရှည်မျိုးစုံ ၁၀ ချောင်း၊ သံလက်သီးစွပ် ၂ ခု၊ လှံ ၁ ချောင်း၊ လေပစ္စတိုသေနတ် ၁ လက်၊ သံ/ကော်ဘောစေ့ ၈၇ လုံး၊ သံတုတ် ၂ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါကြောင့် ဦးဖိုးလမ်း(ခ)ဝင်းမင်းထွေး အပါအဝင် ၃ ယောက်ကို  မင်္ဂလာဒုံရဲစခန်းမှာ အမှုအသီးသီးရေးဖွင့်စစ်ဆေးနေပြီး မူးယစ်ဆေးဝါးကွင်းဆက်တရားခံ ဖမ်းဆီးရမိရေးလည်း ဆောင်ရွက်နေတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top