20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 မင္းသားျမင့္ျမတ္ကလူခ်စ္လူခင္ေပါမ်ားၿပီး အခုေလာေလာဆယ္ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသားတစ္ေယာက္လည္းျဖစ္ပါတယ္။ သူရဲ႕က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္မႈကပဲ သူ႔ကို အခုလိုေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေစခဲ့တာပါ။အခုMyanmar Celebrity နဲ႔အင္တာဗ်ဴးတစ္ခုမွာ ေက်ာမွာဂဠဳန္ရင္မွာ နဂါး႐ုပ္႐ွင္ႀကီး႐ို္က္ကူးစဥ္က အမွတ္တရတခ်ိဳ႕ကိုေျပာျပသြားတာ႐ိွပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ျပန္ေျပာေပးလိုက္ရပါတယ္ ခင္ဗ်ာ။

ျမင့္ျမတ္က “ ဒီကားကေတာ့ ၾကည့္မွပဲသိမွာေပါ့ေနာ္ ၊ ႐ိုက္တာေတာ့ေတာ္ေတာ္ဆိုးဆိုးပဲ ။ ေတာ္ေတာ္ဆိုးဆိုးပဲဆိုတာ ႐ိုက္ရင္း႐ိုက္ရင္းနဲ႔သခ်ႋဳင္းက ကိုယ့္အိမ္လိုေတာင္ ျဖစ္လာတယ္။ တျဖည္းျဖည္းနဲ႔ (သေဘာက်လ်က္)။ အမွတ္တရဆိုရင္ေတာ့ ဒီကားက က်ေနာ္ရဲ႕ဆရာပါပဲ အာစရိကိုေနပိုင္ အစြမ္းကုန္ႀကိဳးစားထားတယ္။ ေနာက္ၿပီးေတာ့ပါဝင္တဲ့စက္အဖြဲ႔ေတြ Crew ေတြအကုန္လံုးတက္ညီလက္ညီနဲ႔ႀကိဳးစားထားတဲ့ကားပါ။ ဒီကားကေတာ့ ႐ိုက္ထားတဲ့ ဒရာမာေတြထဲမွာဆို ပ်စ္ပ်စ္ႏွစ္ႏွစ္ပဲ”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ေနာက္ထပ္ ဒါ႐ိုက္တာကိုေပါက္နဲ႔႐ိုက္မယ့္ေက်ာင္းဆရာဇာတ္႐ုပ္မွာ တက္တူးေတြကို ဘယ္လိုလုပ္မလဲဆိုတဲ့ေမးခြန္းကို “ ဖ်က္မွာေပါေသခ်ာတယ္ ။ကိုေပါက္ကေတာ့ ကာ႐ိုက္တာကိုအရမ္းကို႐ူးသြပ္တဲ့သူဆိုေတာ့ ဖ်က္ရမွာပဲက်ေနာ္သိတယ္ ။အနည္းဆံုးေတာ့ ဒီတက္တူးေတြကို မိတ္ကပ္နဲ႔ဖုံုးရမဦးမွာ ။ဒီကားက ကလက္ဆစ္လို႔ပဲေျပာရမွာေပါ့ေနာ္။က်ေနာ္ကေတာ့ႀကိဳက္တယ္။ေက်ာင္းဆရာ ကာ႐ိုက္တာက သိပ္မလုပ္ဖူးဘူးေလ ။ သိပ္မလုပ္ဖူးေတာ့နည္းနည္းရင္ခုန္တယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

မင်းသားမြင့်မြတ်ကလူချစ်လူခင်ပေါများပြီး အခုလောလောဆယ်မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုကပဲ သူ့ကို အခုလိုအောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့တာပါ။အခုMyanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာ ကျောမှာဂဠုန်ရင်မှာ နဂါးရုပ်ရှင်ကြီးရိုက်ကူးစဉ်က အမှတ်တရတချို့ကိုပြောပြသွားတာရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင်ပြန်ပြောပေးလိုက်ရပါတယ် ခင်ဗျာ။

မြင့်မြတ်က “ ဒီကားကတော့ ကြည့်မှပဲသိမှာပေါ့နော် ၊ ရိုက်တာတော့တော်တော်ဆိုးဆိုးပဲ ။ တော်တော်ဆိုးဆိုးပဲဆိုတာ ရိုက်ရင်းရိုက်ရင်းနဲ့သင်္ချိုင်းက ကိုယ့်အိမ်လိုတောင် ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ (သဘောကျလျက်)။ အမှတ်တရဆိုရင်တော့ ဒီကားက ကျနော်ရဲ့ဆရာပါပဲ အာစရိကိုနေပိုင် အစွမ်းကုန်ကြိုးစားထားတယ်။ နောက်ပြီးတော့ပါဝင်တဲ့စက်အဖွဲ့တွေ Crew တွေအကုန်လုံးတက်ညီလက်ညီနဲ့ကြိုးစားထားတဲ့ကားပါ။ ဒီကားကတော့ ရိုက်ထားတဲ့ ဒရာမာတွေထဲမှာဆို ပျစ်ပျစ်နှစ်နှစ်ပဲ”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

နောက်ထပ် ဒါရိုက်တာကိုပေါက်နဲ့ရိုက်မယ့်ကျောင်းဆရာဇာတ်ရုပ်မှာ တက်တူးတွေကို ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းကို “ ဖျက်မှာပေါသေချာတယ် ။ကိုပေါက်ကတော့ ကာရိုက်တာကိုအရမ်းကိုရူးသွပ်တဲ့သူဆိုတော့ ဖျက်ရမှာပဲကျနော်သိတယ် ။အနည်းဆုံးတော့ ဒီတက်တူးတွေကို မိတ်ကပ်နဲ့ဖုံးရမဦးမှာ ။ဒီကားက ကလက်ဆစ်လို့ပဲပြောရမှာပေါ့နော်။ကျနော်ကတော့ကြိုက်တယ်။ကျောင်းဆရာ ကာရိုက်တာက သိပ်မလုပ်ဖူးဘူးလေ ။ သိပ်မလုပ်ဖူးတော့နည်းနည်းရင်ခုန်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top