ေမြးကင္းစကေလးအရြယ္ေတြရဲ့ အသားအေရဟာ အရမ္းႏူးညံ့မွုရွိၿပီး ထိခိုက္လြယ္လြန္းတာေၾကာင့္ မိဘေတြအေနနဲ႔ လက္သည္း ေျခသည္းညႇပ္ေပးတဲ့အခါမွာ အရမ္းဂ႐ုစိုက္သင့္ပါတယ္။ယခုလည္း တ႐ုတ္နိုင္ငံက မိခင္တစ္ဦးဟာ သူမရဲ့ ၁၀လသားအရြယ္ကေလးကို ေျခသည္းညႇပ္ေပးရင္ မေတာ္တဆ ထိခိုက္မွုၾကဳံခဲ့ပါတယ္။သူမဟာ ကေလးရဲ့ လက္သည္းေျခသည္းေတြက ရွည္ေနတဲ့အတြက္ေၾကာင့္ ေျခသည္းညႇပ္ေပးရင္ မေတာ္တဆ အသားပါသြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ လူႀကီးေတြလိုပဲ တစ္ရက္ ႏွစ္ရက္ေလာက္ ေနရင္ ေပ်ာက္မယ္ထင္ၿပီး ေပါ့ေပါ့ဆဆေနခဲ့ၾကပါတယ္။မိဘေတြရဲ့ ေပါ့ဆမွုေၾကာင့္ ကေလးရဲ့ ေျခေထာက္ဟာ တစ္ေျဖးေျဖးနဲ႔ ေရာင္ရမ္းလာၿပီးကေလးအထုကုထံသြားေရာက္ျပသတဲ့အခ်ိန္မွာေတာ့အနာက ပိုးဝင္ေနၿပီလို႔ Dr. Luu Thanh Chi က ဆိုပါတယ္။ကေလးရဲ့ အနာဟာ ေသြးေျခဥၿပီး ေရာင္ရမ္းေနတဲ့အျပင္ necrosis လကၡဏာျဖစ္ေပၚေနပါတယ္။ တနည္းအားျဖင့္ အနာျဖစ္ေပၚတဲ့ေနရာကဆဲလ္ေတြ ေသၿပီး အသားပုတ္သြားသလိုျဖစ္သြားတာပါ။ ဒါ့ေၾကာင့္ ကေလးရဲ့အနာျဖစ္ေပၚတဲ့ ေျခမေလးကို ျဖတ္ေတာက္ပစ္မွ ရမယ္လို႔ ဆိုပါတယ္။အဆိုပါျဖစ္ရပ္ေၾကာင့္ ကေလးငယ္ေတြကို လက္သည္းေျခသည္း ညႇပ္ေပးတာနဲ႔ပတ္သတ္ၿပီး Dr. Luu Thanh Chi က အခုလိုအႀကံေပးထားပါတယ္။

ေရာဂါမျဖစ္ေအာင္ ကေလးေတြရဲ့ လက္သည္းေျခသည္းကို သန႔္ရွင္းေရးသာ အျမဲ ျပဳလုပ္ေပးဖို႔ လိုအပ္ၿပီး အရမ္းရွည္လာတဲ့အခါမ်ိဳးမွ ညႇပ္ေပးသင့္ပါတယ္။လက္သည္း ေျခသည္းညႇပ္တဲ့အခါ ကေလးေတြရဲ့ ႐ုန္ကန္းမွုေၾကာင့္ အနာတရျဖစ္ေပၚတတ္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့အခ်ိန္ကို ေရြးခ်ယ္ၿပီး ညႇပ္ေပးဖို႔ လိုအပ္ပါတယ္။

လက္သည္းညႇပ္နဲ႔ ညႇပ္တဲ့အခါ ကေလးေတြရဲ့ လက္သည္း ေျခသည္း ကုန္စင္ေအာင္ အသားနဲ႔ အရမ္းကပ္ၿပီး မညႇပ္သင့္ပါဘူး။ဒါ့အျပင္ ကတ္ေၾကးတို႔ အျခားျဖတ္ေတာက္စရာပစၥည္းေတြထက္စာရင္ လက္သည္းညႇပ္ကို အသုံးျပဳတာပိုအဆင္ေပးပါတယ္။ လက္သည္းညႇပ္ဟာအခ်ိန္အဆကိုလည္း ထိန္းခ်ဳပ္နိုင္ၿပီး အသားမပါေအာင္ ေရွာင္ရွားၿပီး ညႇပ္တဲ့အခါမွာလည္း အဆင္ေျပပါတယ္လို႔ဆိုပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Lifestyle Myanmar

#Unicode Version#
မွေးကင်းစကလေးအရွယ်တွေရဲ့ အသားအရေဟာ အရမ်းနူးညံ့မှုရှိပြီး ထိခိုက်လွယ်လွန်းတာကြောင့် မိဘတွေအနေနဲ့ လက်သည်း ခြေသည်းညှပ်ပေးတဲ့အခါမှာ အရမ်းဂရုစိုက်သင့်ပါတယ်။ယခုလည်း တရုတ်နိုင်ငံက မိခင်တစ်ဦးဟာ သူမရဲ့ ၁၀လသားအရွယ်ကလေးကို ခြေသည်းညှပ်ပေးရင် မတော်တဆ ထိခိုက်မှုကြုံခဲ့ပါတယ်။သူမဟာ ကလေးရဲ့ လက်သည်းခြေသည်းတွေက ရှည်နေတဲ့အတွက်ကြောင့် ခြေသည်းညှပ်ပေးရင် မတော်တဆ အသားပါသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် လူကြီးတွေလိုပဲ တစ်ရက် နှစ်ရက်လောက် နေရင် ပျောက်မယ်ထင်ပြီး ပေါ့ပေါ့ဆဆနေခဲ့ကြပါတယ်။မိဘတွေရဲ့ ပေါ့ဆမှုကြောင့် ကလေးရဲ့ ခြေထောက်ဟာ တစ်ဖြေးဖြေးနဲ့ ရောင်ရမ်းလာပြီးကလေးအထုကုထံသွားရောက်ပြသတဲ့အချိန်မှာတော့အနာက ပိုးဝင်နေပြီလို့ Dr. Luu Thanh Chi က ဆိုပါတယ်။ကလေးရဲ့ အနာဟာ သွေးခြေဥပြီး ရောင်ရမ်းနေတဲ့အပြင် necrosis လက္ခဏာဖြစ်ပေါ်နေပါတယ်။ တနည်းအားဖြင့် အနာဖြစ်ပေါ်တဲ့နေရာကဆဲလ်တွေ သေပြီး အသားပုတ်သွားသလိုဖြစ်သွားတာပါ။ ဒါ့ကြောင့် ကလေးရဲ့အနာဖြစ်ပေါ်တဲ့ ခြေမလေးကို ဖြတ်တောက်ပစ်မှ ရမယ်လို့ ဆိုပါတယ်။အဆိုပါဖြစ်ရပ်ကြောင့် ကလေးငယ်တွေကို လက်သည်းခြေသည်း ညှပ်ပေးတာနဲ့ပတ်သတ်ပြီး Dr. Luu Thanh Chi က အခုလိုအကြံပေးထားပါတယ်။

ရောဂါမဖြစ်အောင် ကလေးတွေရဲ့ လက်သည်းခြေသည်းကို သန့်ရှင်းရေးသာ အမြဲ ပြုလုပ်ပေးဖို့ လိုအပ်ပြီး အရမ်းရှည်လာတဲ့အခါမျိုးမှ ညှပ်ပေးသင့်ပါတယ်။လက်သည်း ခြေသည်းညှပ်တဲ့အခါ ကလေးတွေရဲ့ ရုန်ကန်းမှုကြောင့် အနာတရဖြစ်ပေါ်တတ်ပါတယ်။ ဒါ့ကြောင့် ကလေးတွေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကို ရွေးချယ်ပြီး ညှပ်ပေးဖို့ လိုအပ်ပါတယ်။

လက်သည်းညှပ်နဲ့ ညှပ်တဲ့အခါ ကလေးတွေရဲ့ လက်သည်း ခြေသည်း ကုန်စင်အောင် အသားနဲ့ အရမ်းကပ်ပြီး မညှပ်သင့်ပါဘူး။ဒါ့အပြင် ကတ်ကြေးတို့ အခြားဖြတ်တောက်စရာပစ္စည်းတွေထက်စာရင် လက်သည်းညှပ်ကို အသုံးပြုတာပိုအဆင်ပေးပါတယ်။ လက်သည်းညှပ်ဟာအချိန်အဆကိုလည်း ထိန်းချုပ်နိုင်ပြီး အသားမပါအောင် ရှောင်ရှားပြီး ညှပ်တဲ့အခါမှာလည်း အဆင်ပြေပါတယ်လို့ဆိုပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Lifestyle Myanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top