ဧဝရက္ေတာင္ေပၚမွာ ယခုရက္ပိုင္းအတြင္း ေနာက္ထပ္ ေတာင္တက္သမား သုံးဦး ထပ္မံ ေသဆုံးသြားေၾကာင္း ေတာင္တက္ခရီး စီစဥ္သူေတြနဲ႔ တာဝန္ရွိသူေတြက ေမ ၂၄ ရက္မွာ ေျပာပါတယ္။

ယင္းအတြက္ေၾကာင့္ ယခု ေတာင္တက္ရာသီျဖစ္တဲ့ ဧၿပီနဲ႔ ေမ ႏွစ္လအတြင္း ခုလို ဧဝရက္ေတာင္တက္ရင္း လူေသဆုံးမႈျဖစ္စဥ္အေရအတြက္ဟာ ဆယ္ခုအထိ ရွိသြာၿပီျဖစ္ေၾကာင္း သိရပါတယ္။

ယခုကာလမွာေတာ့ ဧဝရက္ေတာင္ထိပ္အနီးမွာ ေတာင္တက္သမားေတြနဲ႔ အျပည့္အသိပ္ျဖစ္ေနကာ ေတာင္တက္လမ္းတစ္ေလွ်ာက္မွာ တန္းစီေစာင့္ဆိုင္းရတဲ့ အထိ မ်ားျပားေနတယ္လို႔ သိရၿပီး အဆင္းအတက္ ပိတ္ဆို႔မႈေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

“ မေန႔က အိႏၵိယ ေတာင္တက္သမား ႏွစ္ေယာက္ ေသသြားပါတယ္” လို႔ နီေပါ ခရီးသြားဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးျဖစ္သည့္ မီရာ အခ်ာရာက ေျပာပါတယ္။ အလားတူ ေနာက္ထပ္တစ္ဦး ထပ္မံေသဆုံးသြားေၾကာင္း ခရီးစဥ္ စီစဥ္သူေတြကလည္း ေျပာပါတယ္။

“ အိႏၵိယ ႏိုင္ငံသား အသက္ ၂၇ ႏွစ္အ႐ြယ္ ေတာင္တက္သမား တစ္ဦး ထပ္မံေသဆုံးသြားပါတယ္၊ သူက ၁၂ နာရီေက်ာ္ၾကာေလာက္ လူေတြ တန္းစီ ပိတ္ဆို႔ေနတဲ့အၾကားမွာ ညပ္ေနခဲ့တာပါ၊ အဲဒီေနာက္ သူ ေမာဟိုက္လာေတာ့ သူ႔လမ္းျပျဖစ္သူက ေအာက္က ကမ့္စခန္း အမွတ္ ၄ ကို ေခၚလာခဲ့ေပမယ့္ အဲဲဒီမွာပဲ အသက္ထြက္သြားတာပါ” လို႔ ေတာင္တက္ခရီး စီစဥ္သူတစ္ဦးျဖစ္တဲ့ ကီရွက္ဗ္ ေပၚဒယ္က ေျပာပါတယ္။

အလားတူ ေတာင္ရဲ႕ တိဘက္ ဘက္ျခမ္းမွာလည္း ၾသစေၾတးလ် ေတာင္တက္သမားတစ္ဦး ေသဆုံးသြားတယ္လို႔ သိရပါတယ္။

၁၉၅၃ ခုႏွစ္က အက္ဒ္မြန္ ဟီလာရီနဲ႔ တန္ဇင္း ေနာ္ေဂး တို႔ ႏွစ္ဦး ဧဝရက္ေတာင္ထိပ္ေပၚ ပထမဆုံံး တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ပိုင္း နီေပါမွာေတာ့ ေတာင္တက္ျခင္းဟာ အက်ိဳးအျမတ္ ရွာႏိုင္တဲ့ စီးပြားေရးလုပ္ငန္းတစ္ခု ျဖစ္လာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

ဧဝရက်တောင်ပေါ်မှာ ယခုရက်ပိုင်းအတွင်း နောက်ထပ် တောင်တက်သမား သုံးဦး ထပ်မံ သေဆုံးသွားကြောင်း တောင်တက်ခရီး စီစဉ်သူတွေနဲ့ တာဝန်ရှိသူတွေက မေ ၂၄ ရက်မှာ ပြောပါတယ်။

ယင်းအတွက်ကြောင့် ယခု တောင်တက်ရာသီဖြစ်တဲ့ ဧပြီနဲ့ မေ နှစ်လအတွင်း ခုလို ဧဝရက်တောင်တက်ရင်း လူသေဆုံးမှုဖြစ်စဉ်အရေအတွက်ဟာ ဆယ်ခုအထိ ရှိသွာပြီဖြစ်ကြောင်း သိရပါတယ်။

ယခုကာလမှာတော့ ဧဝရက်တောင်ထိပ်အနီးမှာ တောင်တက်သမားတွေနဲ့ အပြည့်အသိပ်ဖြစ်နေကာ တောင်တက်လမ်းတစ်လျှောက်မှာ တန်းစီစောင့်ဆိုင်းရတဲ့ အထိ များပြားနေတယ်လို့ သိရပြီး အဆင်းအတက် ပိတ်ဆို့မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“ မနေ့က အိန္ဒိယ တောင်တက်သမား နှစ်ယောက် သေသွားပါတယ်” လို့ နီပေါ ခရီးသွားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးဖြစ်သည့် မီရာ အချာရာက ပြောပါတယ်။ အလားတူ နောက်ထပ်တစ်ဦး ထပ်မံသေဆုံးသွားကြောင်း ခရီးစဉ် စီစဉ်သူတွေကလည်း ပြောပါတယ်။

“ အိန္ဒိယ နိုင်ငံသား အသက် ၂၇ နှစ်အရွယ် တောင်တက်သမား တစ်ဦး ထပ်မံသေဆုံးသွားပါတယ်၊ သူက ၁၂ နာရီကျော်ကြာလောက် လူတွေ တန်းစီ ပိတ်ဆို့နေတဲ့အကြားမှာ ညပ်နေခဲ့တာပါ၊ အဲဒီနောက် သူ မောဟိုက်လာတော့ သူ့လမ်းပြဖြစ်သူက အောက်က ကမ့်စခန်း အမှတ် ၄ ကို ခေါ်လာခဲ့ပေမယ့် အဲဒီမှာပဲ အသက်ထွက်သွားတာပါ” လို့ တောင်တက်ခရီး စီစဉ်သူတစ်ဦးဖြစ်တဲ့ ကီရှက်ဗ် ပေါ်ဒယ်က ပြောပါတယ်။

အလားတူ တောင်ရဲ့ တိဘက် ဘက်ခြမ်းမှာလည်း သြစတြေးလျ တောင်တက်သမားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

၁၉၅၃ ခုနှစ်က အက်ဒ်မွန် ဟီလာရီနဲ့ တန်ဇင်း နော်ဂေး တို့ နှစ်ဦး ဧဝရက်တောင်ထိပ်ပေါ် ပထမဆုံံး တက်ရောက်နိုင်ခဲ့ပြီးနောက်ပိုင်း နီပေါမှာတော့ တောင်တက်ခြင်းဟာ အကျိုးအမြတ် ရှာနိုင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top