ရန္ကုန္ၿမိဳ႕သည္ လာမည့္သကၠရာဇ္ ၂၁၀၀ ျပည့္ခ်ိန္တြင္ ျဖစ္ေပၚလာမည့္ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္မ်ားေၾကာင္း ေရေအာက္သို႔ေရာက္သြားရန္ ျဖစ္ႏိုင္ေျခမ်ားေနေၾကာင္း ရာသီဥတုေျပာင္းလဲမႈေစာင့္ၾကည့္ေရး အင္န္ဂ်ီအိုအဖြဲ႔က စစ္တမ္းတစ္ရပ္ထုတ္ျပန္ထားသည္ဟု Coconuts.co ဝက္ဘ္ဆိုက္က ေဖာ္ျပထားသည္။

ျမန္မာႏိုင္ငံသည္ လက္ရွိတြင္ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္ကို ခုခံႏိုင္စြမ္းအားနည္းေသာႏိုင္ငံမ်ားအနက္တြင္ တစ္ႏိုင္ငံ အပါအဝင္ျဖစ္ေနၿပီး စံခ်ိန္တင္ ျမစ္ေရလွ်ံမႈ၊ အင္အားျပင္း မုန္တိုင္းမ်ား ဝင္ေရာက္မႈႏွင့္ ခန႔္မွန္းမရႏိုင္ေသာ မိုး႐ြာသြန္းမႈျဖစ္စဥ္မ်ားမွာ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚလ်က္ရွိေၾကာင္း ယင္းစစ္တမ္းက အသိေပးထားသည္။

သမိုင္းပညာရွင္ ဦးသန္းျမင့္ဦးသည္ ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာတြင္ beforetheflood.com က ေရးသားသည့္ သတင္းကို ကိုးကားကာ ရာသီဥတု ေျပာင္းလဲမႈျဖစ္စဥ္က ျမန္မာႏိုင္ငံအေပၚ မည္သို႔မည္ပုံ သက္ေရာက္ႏိုင္ေၾကာင္း မွတ္ခ်က္ေပးထားၿပီး ရာသီဥတုေျပာင္းလဲလာမႈကို တန္ျပန္ႏိုင္ရန္ ေဆာင္႐ြက္ျခင္းႏွင့္ ကမာၻတစ္၀န္း၌ သဘာဝပတ္ဝန္းက်င္ကို ျပဳျပင္ထိန္းသိမ္းရန္ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္မ်ားတြင္ ျမန္မာႏိုင္ငံအေနႏွင့္ ေရွ႕တန္းက ပါ၀င္ေဆာင္႐ြက္သင့္ေနၿပီျဖစ္ေၾကာင္းလည္း ယင္းသတင္းက တိုက္တြန္းထားသည္။

ကမာၻႀကီး၏လက္ရွိအပူခ်ိန္သည္ ႏွစ္ဒီဂရီ ဆဲလ္စီးယပ္စ္မွ ေလးဒီဂရီ ဆဲလ္စီးယပ္စ္သို႔ ထပ္မံတိုးျမင့္လာခဲ့ပါက ရန္ကုန္ၿမိဳ႕၏ပင္လယ္ေရမ်က္ႏွာျပင္မွာ ျမင့္တက္လာေတာ့မည္ဟု ခန႔္မွန္းျခင္းခံထားရၿပီး ပဲရစ္ရာသီဥတုဆိုင္ရာ သေဘာတူညီခ်က္ကမူ ကမာၻႀကီး၏အပူခ်ိန္ကို လက္ရွိထက္ ႏွစ္ဒီဂရီ ဆဲလ္စီးယပ္စ္ ပိုတိုးမလာေစရန္ ထိန္းသိမ္းသြားမည္ဟု ရည္႐ြယ္ထားသည္။

သို႔ေသာ္ သိပၸံပညာရွင္မ်ားက လာမည့္ ၂၀၅၀ ျပည့္ႏွစ္သို႔ေရာက္ေသာအခါတြင္မူ ကမာၻႀကီး၏အပူခ်ိန္မွာ လက္ရွိထက္ ႏွစ္ဒီဂရီ ဆဲလ္စီးယပ္စ္ေက်ာ္လြန္သြားေတာ့မည္ဟု လက္ခံထားၾကၿပီး လက္ရွိရာစုႏွစ္ေႏွာင္းပိုင္းတြင္မူ အပူခ်ိန္ျမင့္တက္မႈမွာ ေလးဒီဂရီ ဆဲလ္စီးယပ္စ္ ေက်ာ္လြန္သြားႏိုင္သည္ဟု ၎တို႔က ခန႔္မွန္းထားၾကသည္။

ကမာၻႀကီး၏အပူခ်ိန္သည္ လက္ရွိထက္ ႏွစ္ဒဂရီဆဲလ္စီးယပ္စ္ ပိုမိုျမင့္တက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ဧရာ၀တီ ျမစ္၀ကြၽန္းေပၚေဒသတစ္ခုလုံး ေရေအာက္သို႔ ေရာက္ရွိသြားေတာ့မည္ျဖစ္ကာ ဒလ၊ ဆိပ္ႀကီးခေနာင္တို၊ လႈိင္သာယာႏွင့္ ၾကည့္ျမင္တိုင္ၿမိဳ႕မ်ား၏အစိတ္အပိုင္းမ်ားစြာမွာလည္း ေရေအာက္သို႔ ေရာက္သြားေတာ့မည္ျဖစ္သည္။

ကမာၻႀကီး၏အပူခ်ိန္သည္ လက္ရွိထက္ ေလးဒဂရီဆဲလ္စီးယပ္စ္ ပိုမိုျမင့္တက္သြားခ်ိန္တြင္မူ လႈိင္ၿမိဳ႕နယ္တစ္ခုကလြဲ၍ ရန္ကုန္တိုင္းရွိ အျခားေသာၿမိဳ႕နယ္မ်ားအားလုံးမွာ ေရေအာက္သို႔ နစ္ျမဳပ္သြားေတာ့မည္ျဖစ္ၿပီး ျမန္မာအစိုးရ၀န္ႀကီးဌာနမ်ားႏွင့္ ကမာၻ႔ကုလသမဂၢတို႔ ၏ပူးတြဲထုတ္ျပန္ခ်က္တြင္လည္း လာမည့္ ၂၀၈၀ ျပည့္ႏွစ္၌ ေနရာအႏွံ႔အျပားတြင္ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈမွာ ၄၀ စင္တီမီတာမွာ ၈၀ စင္တီမီတာအထိ ရွိႏိုင္ေၾကာင္း ပါရွိသည္။

အဆိုပါ စစ္တမ္းတြင္ ျမန္မာႏိုင္ငံ၏ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္မႈမွာ ၂၀၂၀ ျပည့္ႏွစ္တြင္ ငါးစင္တီမီတာမွ ၁၃ စင္တီမီတာ၊ ၂၀၅၀ ျပည့္ႏွစ္တြင္ ၂၀ စင္တီမီတာမွ ၄၁ စင္တီမီတာ၊ ၂၀၈၀ ျပည့္ႏွစ္တြင္ ၃၄ စင္တီမီတာမွ ၈၃ စင္တီမီတာ၊ ယင္းေနာက္ပိုင္းတြင္မူ ၁၂၂ စင္တာမီတာ အထိ ျမင့္တက္လာႏိုင္ေၾကာင္း ေဖာ္ျပပါရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#

ရန်ကုန်မြို့သည် လာမည့်သက္ကရာဇ် ၂၁၀၀ ပြည့်ချိန်တွင် ဖြစ်ပေါ်လာမည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင်း ရေအောက်သို့ရောက်သွားရန် ဖြစ်နိုင်ခြေများနေကြောင်း ရာသီဥတုပြောင်းလဲမှုစောင့်ကြည့်ရေး အင်န်ဂျီအိုအဖွဲ့က စစ်တမ်းတစ်ရပ်ထုတ်ပြန်ထားသည်ဟု Coconuts.co ဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ခုခံနိုင်စွမ်းအားနည်းသောနိုင်ငံများအနက်တွင် တစ်နိုင်ငံ အပါအဝင်ဖြစ်နေပြီး စံချိန်တင် မြစ်ရေလျှံမှု၊ အင်အားပြင်း မုန်တိုင်းများ ဝင်ရောက်မှုနှင့် ခန့်မှန်းမရနိုင်သော မိုးရွာသွန်းမှုဖြစ်စဉ်များမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိကြောင်း ယင်းစစ်တမ်းက အသိပေးထားသည်။

သမိုင်းပညာရှင် ဦးသန်းမြင့်ဦးသည် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် beforetheflood.com က ရေးသားသည့် သတင်းကို ကိုးကားကာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်က မြန်မာနိုင်ငံအပေါ် မည်သို့မည်ပုံ သက်ရောက်နိုင်ကြောင်း မှတ်ချက်ပေးထားပြီး ရာသီဥတုပြောင်းလဲလာမှုကို တန်ပြန်နိုင်ရန် ဆောင်ရွက်ခြင်းနှင့် ကမ္ဘာတစ်ဝန်း၌ သဘာဝပတ်ဝန်းကျင်ကို ပြုပြင်ထိန်းသိမ်းရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေနှင့် ရှေ့တန်းက ပါဝင်ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်းလည်း ယင်းသတင်းက တိုက်တွန်းထားသည်။

ကမ္ဘာကြီး၏လက်ရှိအပူချိန်သည် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ်မှ လေးဒီဂရီ ဆဲလ်စီးယပ်စ်သို့ ထပ်မံတိုးမြင့်လာခဲ့ပါက ရန်ကုန်မြို့၏ပင်လယ်ရေမျက်နှာပြင်မှာ မြင့်တက်လာတော့မည်ဟု ခန့်မှန်းခြင်းခံထားရပြီး ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကမူ ကမ္ဘာကြီး၏အပူချိန်ကို လက်ရှိထက် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ် ပိုတိုးမလာစေရန် ထိန်းသိမ်းသွားမည်ဟု ရည်ရွယ်ထားသည်။

သို့သော် သိပ္ပံပညာရှင်များက လာမည့် ၂၀၅၀ ပြည့်နှစ်သို့ရောက်သောအခါတွင်မူ ကမ္ဘာကြီး၏အပူချိန်မှာ လက်ရှိထက် နှစ်ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်လွန်သွားတော့မည်ဟု လက်ခံထားကြပြီး လက်ရှိရာစုနှစ်နှောင်းပိုင်းတွင်မူ အပူချိန်မြင့်တက်မှုမှာ လေးဒီဂရီ ဆဲလ်စီးယပ်စ် ကျော်လွန်သွားနိုင်သည်ဟု ၎င်းတို့က ခန့်မှန်းထားကြသည်။

ကမ္ဘာကြီး၏အပူချိန်သည် လက်ရှိထက် နှစ်ဒဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်သွားသည်နှင့်တစ်ပြိုင်နက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး ရေအောက်သို့ ရောက်ရှိသွားတော့မည်ဖြစ်ကာ ဒလ၊ ဆိပ်ကြီးခနောင်တို၊ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့များ၏အစိတ်အပိုင်းများစွာမှာလည်း ရေအောက်သို့ ရောက်သွားတော့မည်ဖြစ်သည်။

ကမ္ဘာကြီး၏အပူချိန်သည် လက်ရှိထက် လေးဒဂရီဆဲလ်စီးယပ်စ် ပိုမိုမြင့်တက်သွားချိန်တွင်မူ လှိုင်မြို့နယ်တစ်ခုကလွဲ၍ ရန်ကုန်တိုင်းရှိ အခြားသောမြို့နယ်များအားလုံးမှာ ရေအောက်သို့ နစ်မြုပ်သွားတော့မည်ဖြစ်ပြီး မြန်မာအစိုးရဝန်ကြီးဌာနများနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ ၏ပူးတွဲထုတ်ပြန်ချက်တွင်လည်း လာမည့် ၂၀၈၀ ပြည့်နှစ်၌ နေရာအနှံ့အပြားတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုမှာ ၄၀ စင်တီမီတာမှာ ၈၀ စင်တီမီတာအထိ ရှိနိုင်ကြောင်း ပါရှိသည်။

အဆိုပါ စစ်တမ်းတွင် မြန်မာနိုင်ငံ၏ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ငါးစင်တီမီတာမှ ၁၃ စင်တီမီတာ၊ ၂၀၅၀ ပြည့်နှစ်တွင် ၂၀ စင်တီမီတာမှ ၄၁ စင်တီမီတာ၊ ၂၀၈၀ ပြည့်နှစ်တွင် ၃၄ စင်တီမီတာမှ ၈၃ စင်တီမီတာ၊ ယင်းနောက်ပိုင်းတွင်မူ ၁၂၂ စင်တာမီတာ အထိ မြင့်တက်လာနိုင်ကြောင်း ဖော်ပြပါရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top