အရမ္းေကာင္းလို႔ဖတ္ေစခ်င္တယ္

” မသိလိုက္ေသာ ပဥၥာနႏၲရိယကံ ”

တကယ္ဖုတ္မဟုတ္ဘဲ မိဘအရင္းကို ဖုတ္ထုတ္တယ္ဆိုၿပီး ကိုယ္တိုင္ပဲ လုပ္သည္ျဖစ္ေစသူတစ္ပါးကိုလုပ္ခြင့္ ေပးသည္ျဖစ္ေစ၊ အဲဒီသားသမီး ကိုယ္တိုင္မသိလိုက္ေသာ ပဥၥာနႏၲရိယကံၾကီးထိုက္ပါတယ္။

ဖုတ္ဝင္တယ္ဆိုျပီး အသတ္ခံလိုက္ရတဲ႔ အဖြားတစ္ဦး ကိုယ္ေတြ႔ေလ့လာဖူးပါတယ္။ (ေဒသႏွင့္အမည္မ်ားမေျပာပါ။)

ဒီအေနအထားက သားသမီးေတြျငိဳဳျငင္ရံုတင္မက ျမန္ျမန္ပင္ေသေစခ်င္ေနပါျပီ။ ကိုယ့္အညစ္အေၾကးကိုေတာင္ ကိုယ္တိုင္မစြန္႔နိုင္ေတာ့ဘူး …။ျပဳစုတဲ႔သူေတြကရြံတတ္ေတာ့ ပိုဒုကၡေရာက္တာေပါ႔။

ဒါေပမယ့္ တစ္ခ်ိဳ႕အဖိုးအဖြားေတြက အသက္သာၾကီးတာ ဝမ္းမီးက​ေကာင္းတုန္း။အိပ္ရာထဲလဲေနေပမယ့္ အစားကို ေကာင္းေကာင္းစားနိုင္တယ္။

အဲဒီလိုအစားဝင္ေနတာကိုဘဲ မသိနားမလည္ ဆရာဝင္လုပ္တဲ႔ ပါတ္ဝန္းက်င္က “ဖုတ္ဝင္ေနျပီ” တဲ႔။

အသက္ကၾကီး ေရာဂါက နာတာရွည္ ျပဳစုရတာၾကာလာ​ေတာ့ သားသမီးေတြ ​ေစတနာပ်က္လာ ျပီေလ။

လူၾကီး လူမမာဆိုျပီး ​ေက်ြးတာကနည္းနည္း ဆိုေတာ့ ညသန္းေကာင္အခ်ိန္ေရာက္ေတာ့ ဆာလာျပန္ေရာ။

ေက်ြးတုန္းက မဝေသးဘူးဆိုျပန္ေတာ့ အစားမ်ားရင္ ေခ်း(ခ်ီး)ထြက္မယ္ဆိုၿပီးပန္းကန္သိမ္း သြားတယ္ေလ။

သူတို႔ေၾကြးတာ စား​ေနရတဲ႔ ဘဝဆိုေတာ့ ထပ္ျပီးမေျပာရဲ ေတာ့…ျငိမ္ေနလိုက္ရတယ္။

ကိုယ္ကိုယ္တိုင္ အဖိုးအဖြားေနရာ​ေရာက္ရင္ အဲဒီဒုကၡေတြ႕ရပါလိမ္႔မယ္။

သားသမီးေတြ အိပ္ကုန္ျပီအထင္နဲ႔ ဗိုက္ကလည္းတအား ဆာလာတာ​ေၾကာင့္ …သားသမီးေတြကိုလည္း မႏႈိးရဲေတာ့ ဖင္တြန္းဖင္တြန္းနဲ႔ မီးဖိုေခ်ာင္ဆီကို တေရြ႕​ေရြ႕

အဲဒီအခ်က္ကဘဲ ဖုတ္ဝင္ေနျပီလို႔ စြပ္စြဲစရာျဖစ္သြားတယ္။ ဇရာဒဏ္/ေရာဂါဒဏ္ဖိစီးေနေတာ့ ​ေၾကာင္အိမ္ကိုအားျပဳဳ ျပီး တျဖည္းျဖည္းထလိုက္တယ္။

ေဖးမမယ့္သူမရွိဘူးဆိုတဲ႔ အသိေၾကာင့္သာ အားတင္းျပီး ရပ္နိုင္တာ။​ေဖးမမယ့္သူ တစ္ေယာက္ေလာက္ေတြ႔ရရင္ ခ်က္ခ်င္းလဲက်သြားမွာအမွန္ပါ။

အဲဒီအခ်ိန္ မသကၤာစိတ္ဝင္ေနတဲ႔ သားသမီးတစ္ေယာက္က မီးဖိုေခ်ာင္မွာအသံၾကားတာနဲ႔ ထလာျပီးလာၾကည့္တဲ့အခ်ိန္။ ေၾကာင္အိမ္ထဲေတြ႕တဲ႔ငါးဟင္းကို ယူစားေနတ့ဲ အ​ေမအိုကိုေတြ႔လိုက္ေတာ့ ..

အိပ္ရာေပၚက မထနိုင္တဲ႔ လူမမာ ဘယ္သူမွမသိေအာင္ သန္းေကာင္အခ်ိန္မွာ သူ႔ဟာသူ ထစားေနတာဟာ ဧကႏၲဖုတ္ဆုို တာမ်ားလား…?

အဲဒီအခိ်န္မွာ

“အေမဘာလုပ္ေနတာလဲ”လို႔ ေမးေရာ …

သားသမီးကိုရုတ္တရက္ ေတြ႔လိုက္ရတဲ႔အေမအိုဟာ ငါ႔ကို ေဖးမေပးမယ့္ သားေရာက္လာျပီဆိုၿပီး အားကိုးတဲ႔အေနနဲ႔ တင္းထားတဲ႔စိတ္ကို ​ေလ်ွာ့ခ် လိုက္တာနဲ႔ ​ေခြကနဲလဲက်သြား ေတာ့တယ္။

အဲဒီအခ်က္က ဖုတ္ဝင္တာ ေသခ်ာျပီလို႔ အဆံုးအျဖတ္ေပး လိုက္သလိုပါဘဲ။

အဲဒီေန႔ကစျပီး ဆရာပင့္ျပီးဖုတ္ထုတ္ေတာ့တာပဲ။ ဆရာကအမ်ိဳးမ်ိဳး ေဆးစြမ္းေရာ လက္စြမ္းေရာ ျပေပမယ့္ ဖုတ္မွမဟုတ္တာ ဘယ္လိုလုပ္ဖုတ္ထြက္မလဲ။

ေနာက္ဆံုးမွာ ဆရာက သူ႕သိကၡာက်မွာစိုလို႔ လူနာရွင္ကို ခံဝန္လုပ္ခိုင္းပါေတာ့တယ္။

ဒီဖုတ္က စက္အာဏာအေတာ္ၾကီးျပီျဖစ္လို႔ ေတာ္ရံုနဲ႔ လုပ္လို႔ရမွာမဟုတ္ဘူး။ ေနာက္ဆံုးအဆင့္ စက္ျဖတ္ေဆး တိုက္မွရေတာ့မယ္ …

အဲဒါလူနာရွင္ အာမခံေပးပါေပါ႔။ သားသမီးေတြက အသိဥာဏ္ဗဟု သုတကလည္းမရွိ လူနာအေမအိုကို စိတ္ပ်က္တဲ႔ အခံနဲ႔ ဆရာကို တဖက္သတ္ ယံုႀကည္ျပီး ခံဝန္လုပ္ေပးလိုက္ တယ္။

သူတို႔သေဘာတူျပီး ကုတာပါေပါ႔။ ဆရာရဲ႔ေနာက္ဆံုး စက္ျဖတ္ေဆးလည္း တိုက္ျပီးေရာ လူနာအေမအိုခမ်ာ လူးလိမ္႔ေနေအာင္ခံစားလိုက္ရ တယ္။

ဒါကိုဘဲ လုနာမွာဝင္ပူးကပ္ေနတဲ႔ ဖုတ္က ဆရာရဲ့စက္ျဖတ္ ေဆးေတာ္ၾကီးရဲ႕အစြမ္းကို ဘယ္ဖုတ္ အမ်ိဳးအစားမွမခံနိုင္ပါဘူးဆိုျပီး ဂုဏ္ယူဝင့္ၾကြား​ေနတယ္။

တစတစနဲ႔ လူနာအေမအိုရုန္းကန္လူးလြန္႔ ေနရာက တျဖည္းျဖည္းနဲ႔ ျငိမ္က်သြားပါေတာ့တယ္။

ရက္ရွည္လမ်ား လူနာမွာစြဲကပ္ျပီး ညာစားေနတဲ႔ ဧရာမေနာက္ဆံုးအဆင့္ ဖုတ္ထြက္သြားပါျပီ။

အဲဒီမွာ ေက်းရြာမွာတာဝန္က်ေနတဲ ႔ေက်ာင္းဆရာေလးက ဒီျဖစ္စဥ္ကို မေက်နပ္တာနဲ႔ျမိဳ႕ကသူ႔သူငယ္ခ်င္း ဆရာဝန္ကို အေၾကာင္းၾကားေတာ့ ဆရာဝန္က အေလာင္းကိုရင္ခြဲရံုမွာစစ္ေဆးလိုက္ေတာ့မွ အေျဖေပၚေတာ့တယ္။

လားလား ေအာက္လမ္းဆရာရဲ႕စက္ျဖတ္ေဆးက အစြမ္းထက္မွာ​ေပါ့…ျကြက္သတ္ေဆးေတြျဖစ္ေနတာကိုး

တိုတိုေျပာ႐င္ ေအာက္လမ္းဆရာက လူသတ္မႈနဲ႔ေထာင္က် သြားတယ္။

တိုတိုေျပာလို႔မရတာက ပဥၥာနႏၲရိယကံကို က်ဴးလြန္ လိုက္​တ့ဲ သားသမီးေတြ သိလို႔ပဲျဖစ္ျဖစ္ မသိလို႔ဘဲျဖစ္ျဖစ္ ဒီကံအတြက္ ​ေပးဆပ္ရမယ့္ အျပစ္ေၾကြးက မေသးဘူးဆိုတာ…သားသမီးတိုင္းသိနိုင္ၾကပါေစ–။

ဖိုးသူေတာ္(www.phothutaw.com)
Credit:​ေမတၱာရွင္(ေရႊျပည္သာ)ေရးသားေသာ “မဂ္တားဖိုလ္တားအႏၲရာယ္မ်ား” စာအုပ္မွေဖၚျပပါသည္။

#Unicode Version#

အရမ်းကောင်းလို့ဖတ်စေချင်တယ်

” မသိလိုက်သော ပဉ္စာနန္တရိယကံ ”

တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊ အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သော ပဉ္စာနန္တရိယကံကြီးထိုက်ပါတယ်။

ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။)

ဒီအနေအထားက သားသမီးတွေငြိုုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။

ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်တယ်။

အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။

အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။

လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။

ကျွေးတုန်းက မဝသေးဘူးဆိုပြန်တော့ အစားများရင် ချေး(ချီး)ထွက်မယ်ဆိုပြီးပန်းကန်သိမ်း သွားတယ်လေ။

သူတို့ကြွေးတာ စားနေရတဲ့ ဘဝဆိုတော့ ထပ်ပြီးမပြောရဲ တော့…ငြိမ်နေလိုက်ရတယ်။

ကိုယ်ကိုယ်တိုင် အဖိုးအဖွားနေရာရောက်ရင် အဲဒီဒုက္ခတွေ့ရပါလိမ့်မယ်။

သားသမီးတွေ အိပ်ကုန်ပြီအထင်နဲ့ ဗိုက်ကလည်းတအား ဆာလာတာကြောင့် …သားသမီးတွေကိုလည်း မနှိုးရဲတော့ ဖင်တွန်းဖင်တွန်းနဲ့ မီးဖိုချောင်ဆီကို တရွေ့ရွေ့

အဲဒီအချက်ကဘဲ ဖုတ်ဝင်နေပြီလို့ စွပ်စွဲစရာဖြစ်သွားတယ်။ ဇရာဒဏ်/ရောဂါဒဏ်ဖိစီးနေတော့ ကြောင်အိမ်ကိုအားပြုု ပြီး တဖြည်းဖြည်းထလိုက်တယ်။

ဖေးမမယ့်သူမရှိဘူးဆိုတဲ့ အသိကြောင့်သာ အားတင်းပြီး ရပ်နိုင်တာ။ဖေးမမယ့်သူ တစ်ယောက်လောက်တွေ့ရရင် ချက်ချင်းလဲကျသွားမှာအမှန်ပါ။

အဲဒီအချိန် မသင်္ကာစိတ်ဝင်နေတဲ့ သားသမီးတစ်ယောက်က မီးဖိုချောင်မှာအသံကြားတာနဲ့ ထလာပြီးလာကြည့်တဲ့အချိန်။ ကြောင်အိမ်ထဲတွေ့တဲ့ငါးဟင်းကို ယူစားနေတဲ့ အမေအိုကိုတွေ့လိုက်တော့ ..

အိပ်ရာပေါ်က မထနိုင်တဲ့ လူမမာ ဘယ်သူမှမသိအောင် သန်းကောင်အချိန်မှာ သူ့ဟာသူ ထစားနေတာဟာ ဧကန္တဖုတ်ဆို တာများလား…?

အဲဒီအချိန်မှာ

“အမေဘာလုပ်နေတာလဲ”လို့ မေးရော …

သားသမီးကိုရုတ်တရက် တွေ့လိုက်ရတဲ့အမေအိုဟာ ငါ့ကို ဖေးမပေးမယ့် သားရောက်လာပြီဆိုပြီး အားကိုးတဲ့အနေနဲ့ တင်းထားတဲ့စိတ်ကို လျှော့ချ လိုက်တာနဲ့ ခွေကနဲလဲကျသွား တော့တယ်။

အဲဒီအချက်က ဖုတ်ဝင်တာ သေချာပြီလို့ အဆုံးအဖြတ်ပေး လိုက်သလိုပါဘဲ။

အဲဒီနေ့ကစပြီး ဆရာပင့်ပြီးဖုတ်ထုတ်တော့တာပဲ။ ဆရာကအမျိုးမျိုး ဆေးစွမ်းရော လက်စွမ်းရော ပြပေမယ့် ဖုတ်မှမဟုတ်တာ ဘယ်လိုလုပ်ဖုတ်ထွက်မလဲ။

နောက်ဆုံးမှာ ဆရာက သူ့သိက္ခာကျမှာစိုလို့ လူနာရှင်ကို ခံဝန်လုပ်ခိုင်းပါတော့တယ်။

ဒီဖုတ်က စက်အာဏာအတော်ကြီးပြီဖြစ်လို့ တော်ရုံနဲ့ လုပ်လို့ရမှာမဟုတ်ဘူး။ နောက်ဆုံးအဆင့် စက်ဖြတ်ဆေး တိုက်မှရတော့မယ် …

အဲဒါလူနာရှင် အာမခံပေးပါပေါ့။ သားသမီးတွေက အသိဉာဏ်ဗဟု သုတကလည်းမရှိ လူနာအမေအိုကို စိတ်ပျက်တဲ့ အခံနဲ့ ဆရာကို တဖက်သတ် ယုံကြည်ပြီး ခံဝန်လုပ်ပေးလိုက် တယ်။

သူတို့သဘောတူပြီး ကုတာပါပေါ့။ ဆရာရဲ့နောက်ဆုံး စက်ဖြတ်ဆေးလည်း တိုက်ပြီးရော လူနာအမေအိုခမျာ လူးလိမ့်နေအောင်ခံစားလိုက်ရ တယ်။

ဒါကိုဘဲ လုနာမှာဝင်ပူးကပ်နေတဲ့ ဖုတ်က ဆရာရဲ့စက်ဖြတ် ဆေးတော်ကြီးရဲ့အစွမ်းကို ဘယ်ဖုတ် အမျိုးအစားမှမခံနိုင်ပါဘူးဆိုပြီး ဂုဏ်ယူဝင့်ကြွားနေတယ်။

တစတစနဲ့ လူနာအမေအိုရုန်းကန်လူးလွန့် နေရာက တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားပါတော့တယ်။

ရက်ရှည်လများ လူနာမှာစွဲကပ်ပြီး ညာစားနေတဲ့ ဧရာမနောက်ဆုံးအဆင့် ဖုတ်ထွက်သွားပါပြီ။

အဲဒီမှာ ကျေးရွာမှာတာဝန်ကျနေတဲ့ကျောင်းဆရာလေးက ဒီဖြစ်စဉ်ကို မကျေနပ်တာနဲ့မြို့ကသူ့သူငယ်ချင်း ဆရာဝန်ကို အကြောင်းကြားတော့ ဆရာဝန်က အလောင်းကိုရင်ခွဲရုံမှာစစ်ဆေးလိုက်တော့မှ အဖြေပေါ်တော့တယ်။

လားလား အောက်လမ်းဆရာရဲ့စက်ဖြတ်ဆေးက အစွမ်းထက်မှာပေါ့…ကြွက်သတ်ဆေးတွေဖြစ်နေတာကိုး

တိုတိုပြောရင် အောက်လမ်းဆရာက လူသတ်မှုနဲ့ထောင်ကျ သွားတယ်။

တိုတိုပြောလို့မရတာက ပဉ္စာနန္တရိယကံကို ကျူးလွန် လိုက်တဲ့ သားသမီးတွေ သိလို့ပဲဖြစ်ဖြစ် မသိလို့ဘဲဖြစ်ဖြစ် ဒီကံအတွက် ပေးဆပ်ရမယ့် အပြစ်ကြွေးက မသေးဘူးဆိုတာ…သားသမီးတိုင်းသိနိုင်ကြပါစေ–။

ဖိုးသူတော်(www.phothutaw.com)
Credit:မေတ္တာရှင်(ရွှေပြည်သာ)ရေးသားသော “မဂ်တားဖိုလ်တားအန္တရာယ်များ” စာအုပ်မှဖေါ်ပြပါသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top