သရက္သီးမ်ားက အခ်ိဳအရသာလည္း ေပးစြမ္းႏိုင္သလို အခ်ဥ္အရသာလည္း ေပးစြမ္းႏိုင္တဲ့ အရသာ႐ွိတဲ့သစ္သီးတစ္လံုးျဖစ္တာေၾကာင့္ က်န္းမာေရးနဲ႔ညီညႊတ္တဲ့ အစားအစာထက္စာရင္ သေရစာအစားအစာအျဖစ္မွတ္ယူၾကပါတယ္။ ဒါေပမဲ့လည္း သရက္သီးေတြက ကမာၻေပၚမွာ က်န္းမာေရးနဲ႔အညီညႊတ္ဆံုး အသီးေတြထဲက တစ္ခုအပါအဝင္ျဖစ္တာကိုေတာ့ ေမ့ထားလို႔မရပါဘူး။

အခုေဖာ္ျပေပးမွာကေတာ့ သရက္သီးကို ဘာ့ေၾကာင့္တစ္ေန႔တစ္လံုးစားသံုးသင့္လဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြပဲျဖစ္ပါတယ္။

မ်က္လံုးက်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစျခင္း

အသက္ႀကီးလာတဲ့အခါ မ်က္လံုးၾကြက္သားမ်ား အားနည္းလာၿပီး အျမင္အာ႐ုံမႈန္ဝါးလာကာ မ်က္စိမျမင္ရေတာ့တဲ့ ဒုကၡကေန ကင္းေဝးခ်င္တယ္ဆိုရင္ သရက္သီးကို မွန္မွန္စားသံုးသင့္ပါတယ္။ သရက္သီးထဲမွာပါဝင္တဲ့ Zeaxanthin လို႔ေခၚတဲ့ Antioxidant တစ္မ်ိဳးက မ်က္လံုးကို ထိခိုက္ေစႏိုင္တဲ့ အျပာေရာင္အလင္းတန္းမ်ားကို စစ္ထုတ္ေပးၿပီး မ်က္လံုးကို ကာကြယ္ေပးထားပါတယ္။

ပန္းနာရင္ၾကပ္ေရာဂါသမားမ်ားအတြက္ လက္စြဲေဆးစြမ္းေကာင္းတစ္လက္

ပန္းနာရင္ၾကပ္ေရာဂါဓာတ္ခံ႐ွိသူမ်ားအေနနဲ႔ Beta-Carotene လို႔ေခၚတဲ့ အာဟာရဓာတ္ကို မွီဝဲမယ္ဆိုရင္ ပန္းနာေရာဂါ ပိုမုိဆိုးရြားလာႏိုင္တဲ့ အႏၱရာယ္မွ ကင္းေဝးေစပါတယ္။ Beta-Carotene ဓာတ္ ေပါမ်ားၾကြယ္ဝစြာ ပါဝင္တဲ့ အသီးမ်ားကေတာ့ သရက္သီး၊ မုန္လာဥနီ၊ ေရႊဖ႐ံုသီး၊ ကန္းစြန္းဥ၊ ပန္းေဂၚဖီစိမ္းနဲ႔ သခြားေမႊးတို႔ပဲျဖစ္ပါတယ္။ ပန္းနာရင္ၾကပ္သမားမ်ား မ်ားမ်ားစားသံုးေပးသင့္တဲ့အစားအစာေတြပဲျဖစ္ပါတယ္။

အစာေခ်စနစ္ေကာင္းမြန္ေအာင္ ကူညီေပးျခင္း

အစားစားတာ မ်ားသြားလို႔ ရင္ျပည့္ရင္ကယ္ျဖစ္ေနၿပီလား။ သရက္သီး စားၾကည့္လိုက္ပါ။ သရက္သီးမ်ားက အမွ်င္ဓာတ္ေရာ ေရဓာတ္ပါ ျမင့္မားစြာပါဝင္ပါတယ္။ အမွ်င္ဓာတ္နဲ႔ ေရဓာတ္တို႔ေပါင္းစပ္လိုက္တဲ့အခါမွာေတာ့ အစာေၾကလြယ္ေအာင္ ကူညီေပးၿပီး ဝမ္းခ်ဳပ္ျခင္းမွာလည္း ကာကြယ္ေပးပါတယ္။

အသားအေရအလွအပနဲ႔ ဆံေကသာက်န္းမာေရးအတြက္ အထူးေကာင္းမြန္ျခင္း

သရက္သီးထဲမွာ ပါဝင္တဲ့ ဗီတာမင္ ေအ ၂၀ ရာခိုင္ႏႈန္းနဲ႔ ဗီတာမင္ စီ ၁၀၀ ရာခိုင္ႏႈန္းတို႔က အသားအေရ စိုေျပလွပေစဖို႔အတြက္ေရာ ဆံေကသာက်န္းမာသန္စြမ္းဖို႔အတြက္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ အသားအေရနဲ႔ ဆံေကသာ က်န္းမာလွပၿပီး တင္းတင္းရင္းရင္းေလးျဖစ္ေနဖို႔အတြက္ ကူညီေထာက္ပံ့ေပးတဲ့ Collagen ေတြကို ထိန္းသိမ္းေပးၿပီး အသစ္ျပန္လည္ဖြဲ႔စည္းေပးဖို႔ရန္အတြက္ ဗီတာမင္ စီက မ႐ွိမျဖစ္လိုအပ္ပါတယ္။ ဗီတာမင္ ေအကေတာ့ အသားအေရနဲ႔ ဆံေကသာ အစိုဓာတ္ရ႐ွိႏိုင္ဖုိ႔အတြက္ ကူညီေပးတဲ့ Sebum မ်ားကို မ်ားမ်ားစားစား ထုတ္လုပ္ႏိုင္ေအာင္ ကူညီေပးပါတယ္။

မွတ္ဥာဏ္စြမ္းအားတိုးျမွင့္ေစျခင္း

သရက္သီးထဲမွာ ပါဝင္တဲ့ ဂလူတမင္းအက္စစ္က မွတ္ဥာဏ္စြမ္းအားကို ျမွင့္တင္ေပးၿပီး သင္ယူႏိုင္စြမ္းျမင့္မားေအာင္ ျပႆနာေျဖ႐ွင္းႏိုင္စြမ္း ေကာင္းမြန္လာေအာင္ ကူညီေပးႏိုင္ပါတယ္။ အထူးသျဖင့္ ကေလးေတြအတြက္ ေကာင္းမြန္တာေၾကာင့္ စာေလ့လာေနခ်ိန္မွာ အဆာေျပအျဖစ္ ေကြ်းသင့္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myfoodmyanmar

#Unicode Version#
သရက်သီးများက အချိုအရသာလည်း ပေးစွမ်းနိုင်သလို အချဉ်အရသာလည်း ပေးစွမ်းနိုင်တဲ့ အရသာရှိတဲ့သစ်သီးတစ်လုံးဖြစ်တာကြောင့် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာထက်စာရင် သရေစာအစားအစာအဖြစ်မှတ်ယူကြပါတယ်။ ဒါပေမဲ့လည်း သရက်သီးတွေက ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့အညီညွှတ်ဆုံး အသီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တာကိုတော့ မေ့ထားလို့မရပါဘူး။

အခုဖော်ပြပေးမှာကတော့ သရက်သီးကို ဘာ့ကြောင့်တစ်နေ့တစ်လုံးစားသုံးသင့်လဲဆိုတဲ့ အကြောင်းပြချက်တွေပဲဖြစ်ပါတယ်။

မျက်လုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေခြင်း

အသက်ကြီးလာတဲ့အခါ မျက်လုံးကြွက်သားများ အားနည်းလာပြီး အမြင်အာရုံမှုန်ဝါးလာကာ မျက်စိမမြင်ရတော့တဲ့ ဒုက္ခကနေ ကင်းဝေးချင်တယ်ဆိုရင် သရက်သီးကို မှန်မှန်စားသုံးသင့်ပါတယ်။ သရက်သီးထဲမှာပါဝင်တဲ့ Zeaxanthin လို့ခေါ်တဲ့ Antioxidant တစ်မျိုးက မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အပြာရောင်အလင်းတန်းများကို စစ်ထုတ်ပေးပြီး မျက်လုံးကို ကာကွယ်ပေးထားပါတယ်။

ပန်းနာရင်ကြပ်ရောဂါသမားများအတွက် လက်စွဲဆေးစွမ်းကောင်းတစ်လက်

ပန်းနာရင်ကြပ်ရောဂါဓာတ်ခံရှိသူများအနေနဲ့ Beta-Carotene လို့ခေါ်တဲ့ အာဟာရဓာတ်ကို မှီဝဲမယ်ဆိုရင် ပန်းနာရောဂါ ပိုမိုဆိုးရွားလာနိုင်တဲ့ အန္တရာယ်မှ ကင်းဝေးစေပါတယ်။ Beta-Carotene ဓာတ် ပေါများကြွယ်ဝစွာ ပါဝင်တဲ့ အသီးများကတော့ သရက်သီး၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်းစွန်းဥ၊ ပန်းဂေါ်ဖီစိမ်းနဲ့ သခွားမွှေးတို့ပဲဖြစ်ပါတယ်။ ပန်းနာရင်ကြပ်သမားများ များများစားသုံးပေးသင့်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။

အစာချေစနစ်ကောင်းမွန်အောင် ကူညီပေးခြင်း

အစားစားတာ များသွားလို့ ရင်ပြည့်ရင်ကယ်ဖြစ်နေပြီလား။ သရက်သီး စားကြည့်လိုက်ပါ။ သရက်သီးများက အမျှင်ဓာတ်ရော ရေဓာတ်ပါ မြင့်မားစွာပါဝင်ပါတယ်။ အမျှင်ဓာတ်နဲ့ ရေဓာတ်တို့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အစာကြေလွယ်အောင် ကူညီပေးပြီး ဝမ်းချုပ်ခြင်းမှာလည်း ကာကွယ်ပေးပါတယ်။

အသားအရေအလှအပနဲ့ ဆံကေသာကျန်းမာရေးအတွက် အထူးကောင်းမွန်ခြင်း

သရက်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင် အေ ၂၀ ရာခိုင်နှုန်းနဲ့ ဗီတာမင် စီ ၁၀၀ ရာခိုင်နှုန်းတို့က အသားအရေ စိုပြေလှပစေဖို့အတွက်ရော ဆံကေသာကျန်းမာသန်စွမ်းဖို့အတွက် စွမ်းဆောင်ပေးနိုင်ပါတယ်။ အသားအရေနဲ့ ဆံကေသာ ကျန်းမာလှပပြီး တင်းတင်းရင်းရင်းလေးဖြစ်နေဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့ Collagen တွေကို ထိန်းသိမ်းပေးပြီး အသစ်ပြန်လည်ဖွဲ့စည်းပေးဖို့ရန်အတွက် ဗီတာမင် စီက မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင် အေကတော့ အသားအရေနဲ့ ဆံကေသာ အစိုဓာတ်ရရှိနိုင်ဖို့အတွက် ကူညီပေးတဲ့ Sebum များကို များများစားစား ထုတ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

မှတ်ဉာဏ်စွမ်းအားတိုးမြှင့်စေခြင်း

သရက်သီးထဲမှာ ပါဝင်တဲ့ ဂလူတမင်းအက်စစ်က မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးပြီး သင်ယူနိုင်စွမ်းမြင့်မားအောင် ပြဿနာဖြေရှင်းနိုင်စွမ်း ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေအတွက် ကောင်းမွန်တာကြောင့် စာလေ့လာနေချိန်မှာ အဆာပြေအဖြစ် ကျွေးသင့်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top