20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×






Credit:ဘီဘီစီ

#Unicode Version# ဖြင့်ဖတ်ပါ ။

MNA လေယာဉ်မှူးနဲ့ ဝန်ထမ်းတွေကို ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြု

မေလ ၁၂ ရက်နေ့က ရန်ကုန် မန္တလေး လေယာဉ် ခရီးစဉ်အတွင်း အရေးပေါ် အခြေအနေ ကြုံခဲ့ရချိန်က ခရီးသည်တွေ ဘေးကင်းအောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ လေယာဉ် ဆင်းသက်ခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တဲ့ မြန်မာ အမျိုးသား လေကြောင်း MNA လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင် အပါအဝင် လေယာဉ် ဝန်ထမ်း ၇ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြီးမှူး ကျင်းပတဲ့အဲဒီ ဂုဏ်ပြုပွဲကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကလည်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးပို့ခဲ့ပါတယ်။

အဲဒီထဲမှာ ဒေါ်အောင်ဆန်း စုကြည်က လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်၊ တွဲဖက် လေယာဉ်မှူး ဦးမျိုးသီဟအောင်၊ တွဲဖက် လေယာဉ်မှူး ဦးကောင်းဆက်လင်း၊ အကြီးတန်း လေယာဉ်မယ် ဒေါ်ချယ်ရီမြင့်၊ အကြီးတန်း လေယာဉ်မယ် ဒေါ်ကေဂျာဆန်းအောင်၊ လေယာဉ်မယ် ဒေါ်ဥမ္မာအောင်၊ လေယာဉ်မယ် ဒေ

ါ်ခိုင်ဇာလင်းတို့ကို ချီူကျူး ဂုဏ်ယူကြောင်း ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဘီဘီစီ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top