မဟာဂႏၶာရံု ဆရာေတာ္ ဘုရားႀကီး ေဟာၾကားခဲ့တဲ့ ဘုရားႏွစ္ၿခဳိက္တဲ့ ပူေဇာ္နည္း အေၾကာင္းကုိ ျပန္လည္ ပူေဇာ္ ေဖာ္ျပ ေပးလုိက္ပါတယ္ ခင္ဗ်ာ-

ဘုရားကိုယုံၾကည္ရင္ ဘုရားအလိုေတာ္အတိုင္းျပဳၾကပါ။ တီးၾကမႈတ္ၾကဆိုတဲ့ ဘုရားပြဲၾကီးေတြဟာ ဘုရားရွင္ အလိုေတာ္ဟုတ္ပါရဲ႕လားလို႕။ ဗုဒၶျမတ္စြာရဲ႕ လက္ထက္ေတာ္တုန္းက အရွင္သာရိပုတၱရာ အရွင္ေမာဂၢလႅာန္ရဲ႕ ေတာကတပည့္ ေတြက ဆူညံဆူညံနဲ႕ စကားေျပာၾကလို႕ ဗုဒၶျမတ္စြာက ထြက္သြားၾကပါေစ။ထြက္သြားၾကပါေစ ႏွင္ကိုထုတ္တယ္။

အရွင္ျမတ္ၾကီး ႏွစ္ပါးေတာင္မွ ထြက္သြားရပါတယ္။ တခါတုန္းက ဗုဒၶျမတ္စြာကို ပူေဇာ္ခ်င္လို႕ေဇတဝန္ ေက်ာင္းေပါက္ ကေနျပီးေတာ့ လူေတြဆူညံဆူညံနဲ႕ တံခါးေတာင္မဖြင့္ေသးဘူး ။ ဘုရားက နာဂိတ ဘာသံေတြလဲ။ ဗုဒၶျမတ္စြာကို ပူေဇာ္ ဘို႕ရန္ ေစာေစာ လာၾကပါတယ္။ ငါဘုရားနဲ႕ လာဘ္လာဘ ေတြနဲ႕ ေရာလို႕မျဖစ္ဘူး သြားၾကပါေစ ။ငါ ဘုရားအနားမွာ ဒီလို ဆူညံ ဆူညံမျဖစ္ပါဘူး။

ၾကည့္စမ္း ၾကည့္စမ္း တိတ္လို႕။ တခါ တခါ ဒီေက်ာင္းတိုက္ကို တိတ္ေနတယ္ ေျပာၾကတယ္။ ဘုန္းၾကီးက ဒီထက္တိတ္ ေစခ်င္ပါေသးတယ္။ ဘာျပဳလို႔လဲ။ ဗုဒၶေက်ာင္းေတာ္ ဘုန္းၾကီးက မေရာက္ဖူးေပမယ္လို႕ စာကေရာက္သေလာက္ ျဖစ္သြား့ျပီ။ ေရာက္သေလာက္ျဖစ္သြားေတာ့ ဗုဒၶအလိုေတာ္ကိုသိေနတယ္။ ဒါေၾကာင့္မို႕လို႕ ဒီေက်ာင္းထဲမွာ စကားေတာင္ က်ယ္က်ယ္မေျပာၾကပါနဲ႕။တိုးတိုးတိတ္တိတ္ ။ စာကိုက်ယ္က်ယ္ မအံၾကပါနဲ႕။တိုးတိုးတိတ္တိတ္။ စာခ်တဲ့ ပုဂၢိဳလ္မ်ားက လည္း တိုးတိုးတိတ္တိတ္ စာခ်ၾကပါလို႔။ ဒါေၾကာင့္မို႔လို႕ ေက်ာင္းကိုေျပာေနတယ္။

ဘာျပဳလို႕လဲ။ ဗုဒၶျမတ္စြာရဲ႕ ေဇတဝန္ေက်ာင္းေတာ္ၾကီးကို ျမင္တယ္ေလ။ယုံၾကည္တာက အဲဒီေလာက္ထိေအာင္ ယုံၾကည္တယ္ေလ။ လူေတြရဲ႕ ယုံၾကည္မႈကနည္းလြန္းတယ္။ နည္းတာပဲ။ သိပ္နည္းတာပဲ။ မွန္ေတာ့ မွန္ပါတယ္။ မွန္ေပမယ္လို႕ ယုံၾကည္မႈက နည္းလြန္းေတာ့ ၾကည့္စမ္း။

ဘုရားပြဲၾကီးေတြ ေက်ာင္းပြဲၾကီးေတြ ဘယ္ေလာက္ဆူညံေနတုန္း။ ဒါ ဗုဒၶျမတ္စြာကို ယုံၾကည္မႈ နည္းလြန္းလို႕ တရားေတာ္ ကို ယုံၾကည္မႈ နည္းလြန္းလို႕ မွန္တယ္။ယုံၾကည္မႈ နည္းေနတယ္။ အရိယာ သံဃာေတာ္မ်ားကို ယုံၾကည္မႈ နည္းလြန္းလို႕ ဒီအေျခအေနမ်ိဳးျဖစ္ရတာပါ။

ဒီေတာ့ကာ ဘုန္းၾကီးတို႕ တခါေျပာၾကဦးစို႕ ။ ဘုန္းၾကီးတို႕ျမန္မာမ်ားက ဘုရားဆိုရင္ ဘုရားရွိခိုးလာတဲ့သူေတြဟာ စိုက္ျပီးေတာ့ အာရုံယူတာ ဘယ္ႏွစ္ေယာက္မ်ားရွိသတုန္း။ ေတြ႕ဖူးၾကတုန္း။ ပတ္ဝန္းက်င္ကေတာ့ ဆူဆူညံညံနဲ႕။ တခါတရံ ဘုရားပြဲဆိုရင္ ျဗဳန္းဒိုင္း ျဗဳန္းဒိုင္းနဲ႕။

အင္း ဘုရားရွိခိုးတဲ့သူကလည္း သူ႕အသံကို အသံကုန္ ဟစ္ျပီးေတာ့ ၾကြားတာပဲ။ ဒီနားမွာ ခပ္တိုးတိုးေလး ဘုရားရွိခိုးကို မရလို႕ တိုးတိုးေလးခိုးေနတယ္။ ဘုရားရွိခိုးကိုရတဲ့သူကလည္း သူ႕အသံကိုအသံကုန္ဟစ္ျပီးေတာ့ ၾကြားတာပဲ။ ဒီနားမွာ ေဘးက ခပ္တိုးတိုးေလး ဘုရားရွိခိုးကိုမရလို႕တုိးတိုးေလးခိုးေနတယ္။ ဘုရားရွိခိုးရတဲ့သူကလည္း အသံေကာင္းတဲ့သူက သူ႕အသံကို သူဟစ္တာဘဲ။ ဘယ္မလဲ စူးစိုက္တာ။ ဗုဒၶါနုႆတိ အာရုံ ဘယ္မလဲ။ စူးစိုက္တာ။ ဘုန္းၾကီးက ဒီအသံ က်ယ္က်ယ္ နဲ႕ မရွိခိုးရဘူးလို႕ မဆိုလိုပါဘူး။

တခါတခါ အသံထုတ္ျပီးေတာ့ ဘုရားအာရုံယူေနတာဟာ အင္မတန္ အရသာရွိပါတယ္။ အဲဒီလိုအတြက္ကေတာ့ အသံလည္းထုတ္ရင္း စိတ္ကလည္း စူးစိုက္ရင္းဆိုတာ အင္မတန္အရသာရွိပါတယ္။ စိတ္ကိုၾကည္လို႕ ပီတိကိုျဖစ္လို႕ ။ အသံက်ယ္က်ယ္နဲ႕ ဘုရားဂုဏ္ေတာ္ရြတ္ျပီးေနၾကတဲ့အခါ တိတ္ဆိတ္တဲ့ ကိုယ့္အိမ္မ်ိဳးမွာ တိတ္ဆိတ္တဲ့ ဘုရားေရွ႕ေတာ္ မွာ ဒီအရသာေပၚတယ္။

စ်ာန္အရသာေခၚတယ္။ပီတိျဖစ္တယ္။ အဲဒီအခါက်ေတာ့ အဲဒီလို ပုဂၢိဳလ္အတြက္ကေတာ့ ဘုန္းၾကီးဘယ္ေလာက္မွ အျပစ္ေျပာေနစရာ မလိုဘူး အင္မတန္ေကာင္းတယ္။ အသံကလည္း ဂုဏ္ေတာ္ကို ထုတ္ျပီးေတာ့ ရြတ္ေနတယ္။ အသံအလိုက္လည္း စိတ္က ဂုဏ္ေတာ္ ထဲမွာစိုက္ျပီးေတာ့ေနတယ္။ရြတ္ရင္းရြတ္ရင္းကို ပီတိေတြ ျဖစ္ျပီးေတာ့လာတယ္။

စိတ္ေတြ ဘယ္ကိုမွ မေရာက္ဘူး။ ဒီဂုဏ္ေတာ္ အာရုံမွာပဲ ရြတ္ရင္းရြတ္ရင္းစိတ္တည္ေနတယ္ဆိုရင္ ဒါစ်ာန္ျဖစ္ေနတာပဲ။ အဲဒီလို ပုဂၢိဳလ္အတြက္ကေတာ့ ဘုန္းၾကီး ဘာမွေဝဖန္စရာမလိုဘူး။ အင္မတန္ေကာင္းတယ္။ ယခုေတာ့ကာ ဘုရားပြဲေ တြနဲ႕ ျဗဳန္းဒိုင္း ျဗဳန္းဒိုင္း အသံေတြက က်ယ္ေလာင္က်ယ္ေလာင္ ဟိုကစကားေတြက အမ်ိဳးမ်ိဳးေျပာဒီမွာ ဟစ္ၾကေအာ္ၾက ဘုရားဂုဏ္ေတာ္ ရြတ္ၾက ဖတ္ၾကတယ္။ ဒီစ်ာနပစၥည္းနဲ႕။ ဒီေတာ့ကာ နိုင္ငံျခား လူမ်ားစူးစိုက္ပုံနဲ႕ ဘယ္ေလာက္ကြာတုန္း။ ဘယ္ေလာက္ရွက္စရာေကာင္းတုန္း။ ျပီး တခါ ကိုယ့္အိမ္မွာလည္း ဒီလိုပဲ။ ဘုရားရွိခိုးေနလိုက္တာ။စိတ္ကတျခားမွာ အသံကေတာ့ ရြတ္ေနတာပဲ။ဣတိပိေသာဘဂဝါတို႕ ဘာတို႕ရြတ္ေနတာပဲ။ ရြတ္သာရြတ္ေနတယ္။ စိတ္ကတျခားမွာ ။

ပါးစပ္ကရလို႕ရြတ္ေနတယ္။စိတ္ကေတာ့ တျခားမွာဒါစ်ာန္ရတာ မဟုတ္ဘူး။ဒါ စ်ာန္စူးစိုက္မႈမပါပါဘူး။ အဲဒါေၾကာင့္ ဘုန္းၾကီးတို႕ဗုဒၶဘာသာေတြဟာ အဆင့္အတန္းျမင့္ျမင့္နဲ႕ ျဖစ္ေစခ်င္လြန္းလို႕ အသံတိုးတိုးဘုရားရွိခိုး။ စိုက္ျပီး ဘုရား အာရုံ ျပဳေနလို႕ စိုက္ျပီး ဘုရားအာရုံျပဳေနလို႕။ေျပာေနရတယ္။

ရွိခိုးလို႔ရွိရင္ အသံေကာင္းတဲ့သူက တိုးတိုးရြတ္ပါ။ အသံေကာင္းတဲ့သူက ေဘးကၾကားလို႕ရွိရင္ သာယာ နာေပ်ာ္ဖြယ္ျဖစ္ ေအာင္ တိုးတိုးေလးရြတ္စမ္း အဲဒါကေကာင္းတယ္။ ဒီလို ဆူဆူညံညံ ဘုရားရွိခိုးနည္းကေတာ့ သဘာဝသိပ္မက်ပါဘူး။ နည္းနည္းပါးပါး အက်ိဳးရွိတာကေတာ့ ထားပါေတာ့။လုံးလုံးေတာ့မဆုတ္ယုတ္ပါဘူး။ ဒီလိုစ်ာနပစၥည္းျဖစ္တဲ့ အေနရွိေအာင္ ကေတာ့ အေတာ္ၾကီးကို ၾကိဳးစားရဦးမယ္။

တခါ ဘုန္းၾကီးတို႕ဘာသာက ဘုရားအာရုံျပဳတဲ့ေနရာမွာ သာ အစူးအစိုက္နည္းတာ မဟုတ္ေသးဘူး။ ေမတၱာပို႕ၾကျပီ ပါးစပ္က ” အေဝရာ ေဟာႏၲဳ အဗ်ာပဇၨာေဟာႏၲဳ” စိတ္က တျခားေရာက္ေနတာ ပါးစပ္က “က်န္းမာၾကပါေစ ခ်မ္းသာၾက ပါေစ “စိတ္က တျခားေရာက္ေနတာ ။မစူးစိုက္ဘူး။ အမ်ားနဲ႕ေရာျပီးေတာ့ ဒီမွာ သံျပိဳင္ ေမတၱာပို႕ေနၾကတာေတာ့ ထားပါ ေတာ့ ။တေယာက္ထဲ သံဃာေတာ္တပါးတည္း ေမတၱာပို႕လို႕ရွိရင္ ဒီနႈတ္ကေလး လႈပ္တယ္ရွိရုံေလးလႈပ္။ ဒါမွမဟုတ္ မလႈပ္ဘဲေန။

“အေရွ႕အရပ္၌ေနၾကတဲ့သတၱဝါေတြ “စိတ္ကအာရုံျပဳျပီးေတာ့ “က်န္းမာၾကပါေစ ခ်မ္းသာၾကပါေစ ” စိတ္က အာရုံျပဳျပီး ေတာ့ ရြတ္ျပန္ ေတာ့လည္း တိုးတိုးကေလးရြတ္ျပီးေတာ့ စိတ္ကစူးစိုက္ လို႕ ဒါမွေမတၱာစ်ာန္ျဖစ္တယ္။ ေမတၱာ ကာမာဝစရ ကုသိုလ္စ်ာန္ေနာ္။ ဒီရူပ အရူပ စ်ာန္မ်ိဳးမဟုတ္ေသးဘူး ။ ေမတၱာ ကာမာဝစရ စ်ာန္ ျဖစ္တယ္။ ဒီလိုပဲ ေတာင္ဘက္ကို အာရုံျပဳတယ္ဆိုလို႔ရွိရင္ ေတာင္ဘက္ကို စိတ္စိုက္လို႕။ ေတာင္ဘက္အရပ္၌ရွိၾကတဲ့ သတၱဝါေတြ က်န္းမာၾကပါေစ ခ်မ္းသာၾကပါေစ။ အဲသလိုေပါ့။အရပ္ ဆယ္မ်က္ႏွာ စူးစိုက္ျပီးေတာ့အာရုံျပဳ ရပါတယ္။

ဒီ အေဝရာ ေဟာႏၲဳ စသည္ျဖင့္ အက်ယ္ၾကီးရြတ္ျပီး ေတာ့ စိတ္မပါ တပါနဲ႕ ေမတၱာပို႕တာကေတာ့ ေမတၱာကို မဟုတ္ပါဘူး။ ေမတၱာကိုမျဖစ္ဘူး။ ျဖစ္ရင္ သာမန္ ကေလးျဖစ္မယ္။ နည္းနည္းကေလးျဖစ္မယ္။ စူးစိုက္တာ မဟုတ္လို႔မို႕ ေလးေလးပင္ပင္ ေမတၱာမ်ိဳး မဟုတ္ပါဘူး။ဒါေလးကို နားလည္ေစခ်င္တယ္။

တစုံတခု လိုခ်င္လို႔ေတာ့ မပို႕ပါနဲ႕။ တကယ္ခ်မ္းသာေစခ်င္တဲ့စိတ္နဲ႕ေမတၱာပို႕ပါ။ စိတ္တည္ၾကည္မႈ စ်ာန္အဆင့္ထိ ေရာက္တဲ့ ေမတၱာမ်ိဳး ကသာ ေမတၱာအက်ိဳး ဆယ့္တမ်ိဳးကို ရရွိ ခံစားရမွာပါ ခ်မ္းသာၾကပါေစ။ဆင္းရဲကင္းပါေစ။ အဆင္ေျပၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မဟာဂႏၶရုံဆရာေတာ္

#Unicode Version# ျဖင့္ဖတ္ပါ ။

မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး ဟောကြားခဲ့တဲ့ ဘုရားနှစ်ခြိုက်တဲ့ ပူဇော်နည်း အကြောင်းကို ပြန်လည် ပူဇော် ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ-

ဘုရားကိုယုံကြည်ရင် ဘုရားအလိုတော်အတိုင်းပြုကြပါ။ တီးကြမှုတ်ကြဆိုတဲ့ ဘုရားပွဲကြီးတွေဟာ ဘုရားရှင် အလိုတော်ဟုတ်ပါရဲ့လားလို့။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်တုန်းက အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန်ရဲ့ တောကတပည့် တွေက ဆူညံဆူညံနဲ့ စကားပြောကြလို့ ဗုဒ္ဓမြတ်စွာက ထွက်သွားကြပါစေ။ထွက်သွားကြပါစေ နှင်ကိုထုတ်တယ်။

အရှင်မြတ်ကြီး နှစ်ပါးတောင်မှ ထွက်သွားရပါတယ်။ တခါတုန်းက ဗုဒ္ဓမြတ်စွာကို ပူဇော်ချင်လို့ဇေတဝန် ကျောင်းပေါက် ကနေပြီးတော့ လူတွေဆူညံဆူညံနဲ့ တံခါးတောင်မဖွင့်သေးဘူး ။ ဘုရားက နာဂိတ ဘာသံတွေလဲ။ ဗုဒ္ဓမြတ်စွာကို ပူဇော် ဘို့ရန် စောစော လာကြပါတယ်။ ငါဘုရားနဲ့ လာဘ်လာဘ တွေနဲ့ ရောလို့မဖြစ်ဘူး သွားကြပါစေ ။ငါ ဘုရားအနားမှာ ဒီလို ဆူညံ ဆူညံမဖြစ်ပါဘူး။

ကြည့်စမ်း ကြည့်စမ်း တိတ်လို့။ တခါ တခါ ဒီကျောင်းတိုက်ကို တိတ်နေတယ် ပြောကြတယ်။ ဘုန်းကြီးက ဒီထက်တိတ် စေချင်ပါသေးတယ်။ ဘာပြုလို့လဲ။ ဗုဒ္ဓကျောင်းတော် ဘုန်းကြီးက မရောက်ဖူးပေမယ်လို့ စာကရောက်သလောက် ဖြစ်သွား့ပြီ။ ရောက်သလောက်ဖြစ်သွားတော့ ဗုဒ္ဓအလိုတော်ကိုသိနေတယ်။ ဒါကြောင့်မို့လို့ ဒီကျောင်းထဲမှာ စကားတောင် ကျယ်ကျယ်မပြောကြပါနဲ့။တိုးတိုးတိတ်တိတ် ။ စာကိုကျယ်ကျယ် မအံကြပါနဲ့။တိုးတိုးတိတ်တိတ်။ စာချတဲ့ ပုဂ္ဂိုလ်များက လည်း တိုးတိုးတိတ်တိတ် စာချကြပါလို့။ ဒါကြောင့်မို့လို့ ကျောင်းကိုပြောနေတယ်။

ဘာပြုလို့လဲ။ ဗုဒ္ဓမြတ်စွာရဲ့ ဇေတဝန်ကျောင်းတော်ကြီးကို မြင်တယ်လေ။ယုံကြည်တာက အဲဒီလောက်ထိအောင် ယုံကြည်တယ်လေ။ လူတွေရဲ့ ယုံကြည်မှုကနည်းလွန်းတယ်။ နည်းတာပဲ။ သိပ်နည်းတာပဲ။ မှန်တော့ မှန်ပါတယ်။ မှန်ပေမယ်လို့ ယုံကြည်မှုက နည်းလွန်းတော့ ကြည့်စမ်း။

ဘုရားပွဲကြီးတွေ ကျောင်းပွဲကြီးတွေ ဘယ်လောက်ဆူညံနေတုန်း။ ဒါ ဗုဒ္ဓမြတ်စွာကို ယုံကြည်မှု နည်းလွန်းလို့ တရားတော် ကို ယုံကြည်မှု နည်းလွန်းလို့ မှန်တယ်။ယုံကြည်မှု နည်းနေတယ်။ အရိယာ သံဃာတော်များကို ယုံကြည်မှု နည်းလွန်းလို့ ဒီအခြေအနေမျိုးဖြစ်ရတာပါ။

ဒီတော့ကာ ဘုန်းကြီးတို့ တခါပြောကြဦးစို့ ။ ဘုန်းကြီးတို့မြန်မာများက ဘုရားဆိုရင် ဘုရားရှိခိုးလာတဲ့သူတွေဟာ စိုက်ပြီးတော့ အာရုံယူတာ ဘယ်နှစ်ယောက်များရှိသတုန်း။ တွေ့ဖူးကြတုန်း။ ပတ်ဝန်းကျင်ကတော့ ဆူဆူညံညံနဲ့။ တခါတရံ ဘုရားပွဲဆိုရင် ဗြုန်းဒိုင်း ဗြုန်းဒိုင်းနဲ့။

အင်း ဘုရားရှိခိုးတဲ့သူကလည်း သူ့အသံကို အသံကုန် ဟစ်ပြီးတော့ ကြွားတာပဲ။ ဒီနားမှာ ခပ်တိုးတိုးလေး ဘုရားရှိခိုးကို မရလို့ တိုးတိုးလေးခိုးနေတယ်။ ဘုရားရှိခိုးကိုရတဲ့သူကလည်း သူ့အသံကိုအသံကုန်ဟစ်ပြီးတော့ ကြွားတာပဲ။ ဒီနားမှာ ဘေးက ခပ်တိုးတိုးလေး ဘုရားရှိခိုးကိုမရလို့တိုးတိုးလေးခိုးနေတယ်။ ဘုရားရှိခိုးရတဲ့သူကလည်း အသံကောင်းတဲ့သူက သူ့အသံကို သူဟစ်တာဘဲ။ ဘယ်မလဲ စူးစိုက်တာ။ ဗုဒ္ဓါနုဿတိ အာရုံ ဘယ်မလဲ။ စူးစိုက်တာ။ ဘုန်းကြီးက ဒီအသံ ကျယ်ကျယ် နဲ့ မရှိခိုးရဘူးလို့ မဆိုလိုပါဘူး။

တခါတခါ အသံထုတ်ပြီးတော့ ဘုရားအာရုံယူနေတာဟာ အင်မတန် အရသာရှိပါတယ်။ အဲဒီလိုအတွက်ကတော့ အသံလည်းထုတ်ရင်း စိတ်ကလည်း စူးစိုက်ရင်းဆိုတာ အင်မတန်အရသာရှိပါတယ်။ စိတ်ကိုကြည်လို့ ပီတိကိုဖြစ်လို့ ။ အသံကျယ်ကျယ်နဲ့ ဘုရားဂုဏ်တော်ရွတ်ပြီးနေကြတဲ့အခါ တိတ်ဆိတ်တဲ့ ကိုယ့်အိမ်မျိုးမှာ တိတ်ဆိတ်တဲ့ ဘုရားရှေ့တော် မှာ ဒီအရသာပေါ်တယ်။

ဈာန်အရသာခေါ်တယ်။ပီတိဖြစ်တယ်။ အဲဒီအခါကျတော့ အဲဒီလို ပုဂ္ဂိုလ်အတွက်ကတော့ ဘုန်းကြီးဘယ်လောက်မှ အပြစ်ပြောနေစရာ မလိုဘူး အင်မတန်ကောင်းတယ်။ အသံကလည်း ဂုဏ်တော်ကို ထုတ်ပြီးတော့ ရွတ်နေတယ်။ အသံအလိုက်လည်း စိတ်က ဂုဏ်တော် ထဲမှာစိုက်ပြီးတော့နေတယ်။ရွတ်ရင်းရွတ်ရင်းကို ပီတိတွေ ဖြစ်ပြီးတော့လာတယ်။

စိတ်တွေ ဘယ်ကိုမှ မရောက်ဘူး။ ဒီဂုဏ်တော် အာရုံမှာပဲ ရွတ်ရင်းရွတ်ရင်းစိတ်တည်နေတယ်ဆိုရင် ဒါဈာန်ဖြစ်နေတာပဲ။ အဲဒီလို ပုဂ္ဂိုလ်အတွက်ကတော့ ဘုန်းကြီး ဘာမှဝေဖန်စရာမလိုဘူး။ အင်မတန်ကောင်းတယ်။ ယခုတော့ကာ ဘုရားပွဲေ တွနဲ့ ဗြုန်းဒိုင်း ဗြုန်းဒိုင်း အသံတွေက ကျယ်လောင်ကျယ်လောင် ဟိုကစကားတွေက အမျိုးမျိုးပြောဒီမှာ ဟစ်ကြအော်ကြ ဘုရားဂုဏ်တော် ရွတ်ကြ ဖတ်ကြတယ်။ ဒီဈာနပစ္စည်းနဲ့။ ဒီတော့ကာ နိုင်ငံခြား လူများစူးစိုက်ပုံနဲ့ ဘယ်လောက်ကွာတုန်း။ ဘယ်လောက်ရှက်စရာကောင်းတုန်း။ ပြီး တခါ ကိုယ့်အိမ်မှာလည်း ဒီလိုပဲ။ ဘုရားရှိခိုးနေလိုက်တာ။စိတ်ကတခြားမှာ အသံကတော့ ရွတ်နေတာပဲ။ဣတိပိသောဘဂဝါတို့ ဘာတို့ရွတ်နေတာပဲ။ ရွတ်သာရွတ်နေတယ်။ စိတ်ကတခြားမှာ ။

ပါးစပ်ကရလို့ရွတ်နေတယ်။စိတ်ကတော့ တခြားမှာဒါဈာန်ရတာ မဟုတ်ဘူး။ဒါ ဈာန်စူးစိုက်မှုမပါပါဘူး။ အဲဒါကြောင့် ဘုန်းကြီးတို့ဗုဒ္ဓဘာသာတွေဟာ အဆင့်အတန်းမြင့်မြင့်နဲ့ ဖြစ်စေချင်လွန်းလို့ အသံတိုးတိုးဘုရားရှိခိုး။ စိုက်ပြီး ဘုရား အာရုံ ပြုနေလို့ စိုက်ပြီး ဘုရားအာရုံပြုနေလို့။ပြောနေရတယ်။

ရှိခိုးလို့ရှိရင် အသံကောင်းတဲ့သူက တိုးတိုးရွတ်ပါ။ အသံကောင်းတဲ့သူက ဘေးကကြားလို့ရှိရင် သာယာ နာပျော်ဖွယ်ဖြစ် အောင် တိုးတိုးလေးရွတ်စမ်း အဲဒါကကောင်းတယ်။ ဒီလို ဆူဆူညံညံ ဘုရားရှိခိုးနည်းကတော့ သဘာဝသိပ်မကျပါဘူး။ နည်းနည်းပါးပါး အကျိုးရှိတာကတော့ ထားပါတော့။လုံးလုံးတော့မဆုတ်ယုတ်ပါဘူး။ ဒီလိုဈာနပစ္စည်းဖြစ်တဲ့ အနေရှိအောင် ကတော့ အတော်ကြီးကို ကြိုးစားရဦးမယ်။

တခါ ဘုန်းကြီးတို့ဘာသာက ဘုရားအာရုံပြုတဲ့နေရာမှာ သာ အစူးအစိုက်နည်းတာ မဟုတ်သေးဘူး။ မေတ္တာပို့ကြပြီ ပါးစပ်က ” အဝေရာ ဟောန္တု အဗျာပဇ္ဇာဟောန္တု” စိတ်က တခြားရောက်နေတာ ပါးစပ်က “ကျန်းမာကြပါစေ ချမ်းသာကြ ပါစေ “စိတ်က တခြားရောက်နေတာ ။မစူးစိုက်ဘူး။ အများနဲ့ရောပြီးတော့ ဒီမှာ သံပြိုင် မေတ္တာပို့နေကြတာတော့ ထားပါ တော့ ။တယောက်ထဲ သံဃာတော်တပါးတည်း မေတ္တာပို့လို့ရှိရင် ဒီနှုတ်ကလေး လှုပ်တယ်ရှိရုံလေးလှုပ်။ ဒါမှမဟုတ် မလှုပ်ဘဲနေ။

“အရှေ့အရပ်၌နေကြတဲ့သတ္တဝါတွေ “စိတ်ကအာရုံပြုပြီးတော့ “ကျန်းမာကြပါစေ ချမ်းသာကြပါစေ ” စိတ်က အာရုံပြုပြီး တော့ ရွတ်ပြန် တော့လည်း တိုးတိုးကလေးရွတ်ပြီးတော့ စိတ်ကစူးစိုက် လို့ ဒါမှမေတ္တာဈာန်ဖြစ်တယ်။ မေတ္တာ ကာမာဝစရ ကုသိုလ်ဈာန်နော်။ ဒီရူပ အရူပ ဈာန်မျိုးမဟုတ်သေးဘူး ။ မေတ္တာ ကာမာဝစရ ဈာန် ဖြစ်တယ်။ ဒီလိုပဲ တောင်ဘက်ကို အာရုံပြုတယ်ဆိုလို့ရှိရင် တောင်ဘက်ကို စိတ်စိုက်လို့။ တောင်ဘက်အရပ်၌ရှိကြတဲ့ သတ္တဝါတွေ ကျန်းမာကြပါစေ ချမ်းသာကြပါစေ။ အဲသလိုပေါ့။အရပ် ဆယ်မျက်နှာ စူးစိုက်ပြီးတော့အာရုံပြု ရပါတယ်။

ဒီ အဝေရာ ဟောန္တု စသည်ဖြင့် အကျယ်ကြီးရွတ်ပြီး တော့ စိတ်မပါ တပါနဲ့ မေတ္တာပို့တာကတော့ မေတ္တာကို မဟုတ်ပါဘူး။ မေတ္တာကိုမဖြစ်ဘူး။ ဖြစ်ရင် သာမန် ကလေးဖြစ်မယ်။ နည်းနည်းကလေးဖြစ်မယ်။ စူးစိုက်တာ မဟုတ်လို့မို့ လေးလေးပင်ပင် မေတ္တာမျိုး မဟုတ်ပါဘူး။ဒါလေးကို နားလည်စေချင်တယ်။

တစုံတခု လိုချင်လို့တော့ မပို့ပါနဲ့။ တကယ်ချမ်းသာစေချင်တဲ့စိတ်နဲ့မေတ္တာပို့ပါ။ စိတ်တည်ကြည်မှု ဈာန်အဆင့်ထိ ရောက်တဲ့ မေတ္တာမျိုး ကသာ မေတ္တာအကျိုး ဆယ့်တမျိုးကို ရရှိ ခံစားရမှာပါ ချမ်းသာကြပါစေ။ဆင်းရဲကင်းပါစေ။ အဆင်ပြေကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:မဟာဂန္ဓရုံဆရာတော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top