ရန္ကုန္မိုးပ်ံရထားလမ္း(YUMRT)တည္ေဆာက္ရန္ လိႈင္သာယာ-ပါရမီလမ္းပုိင္း၌ ေျမသိမ္းဆည္းမည့္လုပ္ငန္း ေဆာင္ရြက္ မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေမလ ၃ ရက္တြင္ အမိန္႔ေၾကညာစာထုတ္ျပန္သည္။

ရန္ကုန္ အေရွ႕ပုိင္းႏွင့္အေနာက္ပုိင္း ဆက္သြယ္မည့္ ရထားလမ္းအပိုင္း(၁)ကို စတင္မည္ျဖစ္ၿပီး လိႈင္သာယာဘူတာက စၿပီး ပါရမီဘူတာအထိ ၁၈ကီလုိမီတာ(၁၁မုိင္ေက်ာ္) ရွိမည္ဟု အဆုိပါေၾကညာခ်က္တြင္ပါဝင္သည္။ ရထားလမ္းအတြက္ ေျမသိမ္းရန္လိုအပ္ေသာလမ္းအက်ယ္မွာ ရန္ကုန္-ပုသိမ္လမ္းလမ္းပုိင္းတြင္ ၂၉ မီတာ (၉၅ ေပ)ႏွင့္ ပါရမီလမ္းတြင္ ၂၂ မီတာ (၇၂ ေပ)ျဖစ္သည္။

ထို႔ေၾကာင့္ ေျမသိမ္းဆည္းရာတြင္ လိႈင္သာယာ ဘူတာပရဝဏ္ အတြင္း ေျမ ၅၄ ဧကေက်ာ္၊ ရန္ကုန္-ပုသိမ္လမ္းတစ္ေလွ်ာက္တြင္ ရထားလမ္းအလယ္မ်ဥ္းမွ ေဘးတစ္ဖက္တစ္ခ်က္ဆီသို႔ ၁၄ မီတာခြဲ(၄၇ေပခြဲ)၊ ပါရမီလမ္းေဘးတစ္ဖက္စီတြင္ ၁၁ မီတာ (၃၆ ေပ)ပါဝင္မည္ျဖစ္ သည္။

အဆုိပါ စီမံကိန္းအေကာင္ အထည္ေဖာ္ရန္ တုိင္းအစိုးရက ျပန္လည္ေနရာခ်ထားေရး၊ ပံ့ပိုး ကူညီမႈမ်ား ေပးအပ္ႏုိင္ေစေရး စီမံကိန္းအတြက္ အက်ံဳးဝင္သည့္ ေနာက္ဆံုးေန႔ (Cut off Date)ကို ေမလ ၆ ရက္အျဖစ္ သတ္မွတ္ ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္၀န္ ဦး ေမာင္ေမာင္စုိးလက္မွတ္ေရးထုိး ထားသည့္ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ထိုေၾကညာခ်က္အရ အဆုိ ပါ ေျမေနရာသံုးခုတြင္ တည္ရွိေန ေသာ အေဆာက္အအံုမ်ားကို ျပဳျပင္တည္ေဆာက္ျခင္း၊ တိုးခ်ဲ႕ တည္ေဆာက္ျခင္း၊ အေဆာက္ အအံုအသစ္တည္ေဆာက္ျခင္း၊ ေျမယာလႊဲေျပာင္းျခင္း၊ ေရာင္းခ် ျခင္းမ်ားကို ေမလ ၆ ရက္ (Cut off Date) ေနာက္ပိုင္း ေဆာင္ရြက္ပါ က ေျမယာေလ်ာ္ေၾကး၊ ျပန္လည္ ေနရာခ်ထားေရးႏွင့္ က႐ုဏာ ေၾကးမ်ား ရရွိမည္မဟုတ္ေပ။

ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္ စီ (JICA)က စီမံကိန္းသက္ ေရာက္မည့္ ဧရိယာတစ္ခုလံုးကို သဘာဝပတ္ဝန္းက်င္ႏွင့္ လူမႈ ဘဝထိခိုက္မႈမ်ားအတြက္ ေမလ ၆ ရက္မွ ဇြန္လ ၃၀ ရက္အထိ စစ္တမ္းေကာက္ယူမည္ဟု ဆို ထားသည္။

‘‘ဒီစီမံကိန္းရွိတယ္ဆုိတာ ၾကားပါတယ္။ သူမ်ားႏုိင္ငံေတြလို ျဖစ္လာမယ္ဆုိရင္ ေကာင္းတာ ေပါ့။ ေျမေနရာကလည္း လုိအပ္ ရင္ ဖယ္ေပးပါ့မယ္’’ဟု မရမ္း ကုန္းၿမိဳ႕နယ္ ပါရမီလမ္းမေဘးတြင္ ေနထုိင္ေသာ ေဒၚစႏၵာေအးက ေျပာသည္။

လိႈင္ၿမိဳ႕နယ္ေန ကိုရန္ႏိုင္ မင္းကလည္း ‘‘ေသခ်ာေတာ့ မသိေသးဘူး။ ဒါေပမဲ့ အစိုးရကလုပ္ တဲ့ ႏုိင္ငံေတာ္စီမံကိန္းဆုိရင္ ေကာင္းတယ္လို႔ထင္တယ္။ ကန္႔ကြက္စရာမရွိပါဘူး’’ ဟု ေျပာ သည္။

‘‘အစည္းအေဝးတုိင္းမွာ တင္ျပတာက ျပည္သူေတြ မနစ္နာေအာင္ ကာလေပါက္ေဈးထက္ မနည္းေအာင္ေပးဖို႔၊ ျပည္သူေတြ နစ္နာရင္ ကြၽန္ေတာ္တုိ႔က ဝင္ ေရာက္ေျဖရွင္းေပးမွာပါ’’ ဟု မရမ္းကုန္းၿမိဳ႕နယ္ တုိင္းလႊတ္ ေတာ္ကိုယ္စားလွယ္ ဦးရန္ရွင္းက ေျပာသည္။

Cut off Date ကို အနီးကပ္ ေၾကညာရျခင္းသည္ ျပည္သူမ်ား ေရာင္းမွားဝယ္မွား မျဖစ္ေစရန္ ၿမိဳ႕ေတာ္ဝန္က ေဆာင္ရြက္ျခင္း ျဖစ္သည္ဟု ၎ကဆက္ေျပာ သည္။ အဆုိပါ စီမံကိန္းအတြက္ ၂၀၁၂ တြင္ JICA က အေသးစိတ္ ေလ့လာၿပီး ယခုႏွစ္ကုန္၌ ေလ့ လာမႈၿပီးဆံုးမည္ျဖစ္သည္။ လာ မည့္ ၂၀၂၁ တြင္ ပထမပိုင္းအ ဆင့္ စတင္၍ ၂၀၃၅ တြင္ စီမံ ကိန္းတစ္ခုလံုး ၿပီးဆံုးမည္ျဖစ္ သည္။

‘‘စီမံကိန္း အကုန္လံုးအ တြက္ ေခ်းေငြေပးမွာ ျဖစ္ပါတယ္။ ေခ်းေငြကို ODA (ဖြံ႕ၿဖိဳးမႈေခ်းေငြ) က ေပးမွာပါ’’ဟု ျမန္မာႏုိင္ငံဆုိင္ ရာ ဂ်ပန္သံအမတ္က ေျပာသည္။

ရန္ကုန္ၿမိဳ႕ျပလူထုရထား ပို႔ေဆာင္ေရးစီမံကိိန္း (YUMRT) ဟု အမည္ေပးထားေသာ ရန္ကုန္မိုးပ်ံရထားလမ္း စီမံကိန္းတြင္ ရန္ကုန္ၿမိဳ႕ အေရွ႕- အေနာက္ပိုင္းကို လိႈင္သာယာ- ေတာင္ဒဂံုၿမိဳ႕နယ္ တိုးေၾကာင္ကေလးႏွင့္ ရန္ကုန္ေတာင္- ေျမာက္ပိုင္းကို ဒလၿမိဳ႕နယ္- ဘူတာႀကီး-မဂၤလာဒံု ေလဆိပ္လမ္းပိုင္းႏွစ္ခုအျဖစ္ အေကာင္အထည္ေဖာ္မည္ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက ေၾကညာထား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်မိုးပျံရထားလမ်း(YUMRT)တည်ဆောက်ရန် လှိုင်သာယာ-ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် အမိန့်ကြေညာစာထုတ်ပြန်သည်။

ရန်ကုန် အရှေ့ပိုင်းနှင့်အနောက်ပိုင်း ဆက်သွယ်မည့် ရထားလမ်းအပိုင်း(၁)ကို စတင်မည်ဖြစ်ပြီး လှိုင်သာယာဘူတာက စပြီး ပါရမီဘူတာအထိ ၁၈ကီလိုမီတာ(၁၁မိုင်ကျော်) ရှိမည်ဟု အဆိုပါကြေညာချက်တွင်ပါဝင်သည်။ ရထားလမ်းအတွက် မြေသိမ်းရန်လိုအပ်သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းလမ်းပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။

ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာပရဝဏ် အတွင်း မြေ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် ရထားလမ်းအလယ်မျဉ်းမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ(၄၇ပေခွဲ)၊ ပါရမီလမ်းဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ)ပါဝင်မည်ဖြစ် သည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး၊ ပံ့ပိုး ကူညီမှုများ ပေးအပ်နိုင်စေရေး စီမံကိန်းအတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut off Date)ကို မေလ ၆ ရက်အဖြစ် သတ်မှတ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုးလက်မှတ်ရေးထိုး ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကြေညာချက်အရ အဆို ပါ မြေနေရာသုံးခုတွင် တည်ရှိနေ သော အဆောက်အအုံများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ အဆောက် အအုံအသစ်တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချ ခြင်းများကို မေလ ၆ ရက် (Cut off Date) နောက်ပိုင်း ဆောင်ရွက်ပါ က မြေယာလျော်ကြေး၊ ပြန်လည် နေရာချထားရေးနှင့် ကရုဏာ ကြေးများ ရရှိမည်မဟုတ်ပေ။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင် စီ (JICA)က စီမံကိန်းသက် ရောက်မည့် ဧရိယာတစ်ခုလုံးကို သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘဝထိခိုက်မှုများအတွက် မေလ ၆ ရက်မှ ဇွန်လ ၃၀ ရက်အထိ စစ်တမ်းကောက်ယူမည်ဟု ဆို ထားသည်။

‘‘ဒီစီမံကိန်းရှိတယ်ဆိုတာ ကြားပါတယ်။ သူများနိုင်ငံတွေလို ဖြစ်လာမယ်ဆိုရင် ကောင်းတာ ပေါ့။ မြေနေရာကလည်း လိုအပ် ရင် ဖယ်ပေးပါ့မယ်’’ဟု မရမ်း ကုန်းမြို့နယ် ပါရမီလမ်းမဘေးတွင် နေထိုင်သော ဒေါ်စန္ဒာအေးက ပြောသည်။

လှိုင်မြို့နယ်နေ ကိုရန်နိုင် မင်းကလည်း ‘‘သေချာတော့ မသိသေးဘူး။ ဒါပေမဲ့ အစိုးရကလုပ် တဲ့ နိုင်ငံတော်စီမံကိန်းဆိုရင် ကောင်းတယ်လို့ထင်တယ်။ ကန့်ကွက်စရာမရှိပါဘူး’’ ဟု ပြော သည်။

‘‘အစည်းအဝေးတိုင်းမှာ တင်ပြတာက ပြည်သူတွေ မနစ်နာအောင် ကာလပေါက်ဈေးထက် မနည်းအောင်ပေးဖို့၊ ပြည်သူတွေ နစ်နာရင် ကျွန်တော်တို့က ဝင် ရောက်ဖြေရှင်းပေးမှာပါ’’ ဟု မရမ်းကုန်းမြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။

Cut off Date ကို အနီးကပ် ကြေညာရခြင်းသည် ပြည်သူများ ရောင်းမှားဝယ်မှား မဖြစ်စေရန် မြို့တော်ဝန်က ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။ အဆိုပါ စီမံကိန်းအတွက် ၂၀၁၂ တွင် JICA က အသေးစိတ် လေ့လာပြီး ယခုနှစ်ကုန်၌ လေ့ လာမှုပြီးဆုံးမည်ဖြစ်သည်။ လာ မည့် ၂၀၂၁ တွင် ပထမပိုင်းအ ဆင့် စတင်၍ ၂၀၃၅ တွင် စီမံ ကိန်းတစ်ခုလုံး ပြီးဆုံးမည်ဖြစ် သည်။

‘‘စီမံကိန်း အကုန်လုံးအ တွက် ချေးငွေပေးမှာ ဖြစ်ပါတယ်။ ချေးငွေကို ODA (ဖွံ့ဖြိုးမှုချေးငွေ) က ပေးမှာပါ’’ဟု မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်က ပြောသည်။

ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသော ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့- အနောက်ပိုင်းကို လှိုင်သာယာ- တောင်ဒဂုံမြို့နယ် တိုးကြောင်ကလေးနှင့် ရန်ကုန်တောင်- မြောက်ပိုင်းကို ဒလမြို့နယ်- ဘူတာကြီး-မင်္ဂလာဒုံ လေဆိပ်လမ်းပိုင်းနှစ်ခုအဖြစ် အကောင်အထည်ဖော်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top