အသက္အရြယ္တခုကို ေရာက္ေနေပမယ့္လည္း ပရိသတ္ေတြရဲ့ အားေပးမႈကို လက္ရွိခ်ိန္ထိ ခံေနရျပီး အရြယ္တင္ႏုပ်ိဳေနတဲ့ မင္းသမီးေခ်ာ ခြန္းဆင့္ေနျခည္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း သိၾကမွာပါ။ ျပီးခဲ့တဲ့ အကယ္ဒမီမွာလည္း ေမွာ္ဝင္သမန္းက်ား ဇာတ္လမ္းကို ဖန္တီးထုတ္လုပ္သူအျဖစ္သိခဲ့ၾကျပီး ပရိသတ္ေတြၾကားမွာလည္း ေတာ္ေတာ္ ဂယက္ထသြားပါေသးတယ္။ လက္ရွိမွာလည္း မင္းသမီး ခြန္းဆင့္ေနျခည္တေယာက္ကေတာ့ နာမည္ၾကီး ေတးေရးဆရာ ေဝၾကီးနဲ႔ သီခ်င္းေရးတဲ့ ကိစၥ အရႈပ္အရွင္းေလးေတြ ျဖစ္ေနတာကိုေတာ့ ေဖ့ဘုတ္မွာ ေပၚတင္ေရးျပီး တင္ထားတာ ျဖစ္ပါတယ္။

ခြန္းဆင့္ေနျခည္ကေတာ့ ေတးေရးေဝၾကီးကို သီခ်င္းေရးခိုင္းထားျပီး လက္ရွိခ်ိန္ထိ မရေသးတာေၾကာင့္ အနည္းငယ္ စိတ္အေႏွာက္အယွက္ျဖစ္ခဲ့ျပီး အမ်ားျပည္သူလည္း သိဖုိ႔အတြက္ ေဖ့ဘုတ္ေပၚမွာ တရားဝင္ေရးသားခဲ့တာ ျဖစ္ပါတယ္။ ခြန္းဆင့္ေနျခည္ကေတာ့ သူမရဲ့ ေဖ့ဘုတ္ေပၚမွာေတာ့ “၁၆.၁.၂၀၁၉ က (သူ) အေကာင့္နံပါတ္ေပးလို႔ သီခ်င္းတစ္ပုဒ္စာေငြ ၆သိန္းကို မိုဘိုင္း Banking ကေနလႊဲေပးလိုက္တယ္ ၂လၾကာမယ္ေျပာတယ္ကြယ္ အိုေက ရပါတယ္ေပါ့ နာမည္ႀကီးၿပီး သူေရးသမွ်ေတာ္ေတာ္မ်ားမ်ား ေပါက္ေနတဲ့ ေတးေရးဆရာတစ္ေယာက္ဆိုေတာ့ ကိုယ္လည္းသူေရးတာေလးဆိုၾကည့္ခ်င္လို႔ ႏွစ္ပုဒ္အပ္လိုက္တယ္ကြယ္ သူကတစ္ပုဒ္အရင္ယူပါေနာ္တဲ့ အလုပ္ေတြၾကပ္ေနလို႔ပါတဲ့ ရပါတယ္ ဆိုၿပီး သူေတာင္းတဲ့ၾကာခ်ိန္၂လကိုေစာင့္ေပးခဲ့တယ္ကြယ္။

၂လၾကာၿပီးသည့္ေနာက္ ၾကားထဲမွာလည္းအႀကိမ္ႀကိမ္ ကတိေတြပ်က္တယ္ကြယ္ ကိုယ္ကလည္းနားလည္ေပးတတ္သူႀကီးဆိုေတာ့ သူေျပာလာတဲ့ complain ေတြ ၿငီးညဴမႈေတြအားလံုးကို ရပါတယ္ဘဲေပါ့ေနာ္ သူဖုန္းတခါေပ်ာက္သြားတယ္ ေျပာတယ္ ဘယ္လိုဆက္ဆက္မရေတာ့ဘဲအဆက္အသြယ္ျပတ္သြားလို႔ နီးစပ္သူမ်ားကို လွမ္းေမးၾကည့္ေတာ့မွ တျခားနီးစပ္သူမ်ားမွတဆင့္ ျပန္လည္ဆက္သြယ္ေပးၾကလို႔ သူက ကၽြန္မကိုအဆက္အသြယ္ျပန္ လုပ္လာေပးၿပီး မနက္ျဖန္ရမယ္ တဘက္ခါရမယ္ ေျပာတယ္ကြယ္ ေနာက္ ကၽြန္မလည္း over sea သြားခါနီးလို႔ ၁၉.၄.၁၉ ေန႔က ဖုန္းဆက္ေမးၾကည့္ေတာ့သူက ၿပီးေနၿပီ နက္ျဖန္ Demo ေပးမယ္ေနာ္အမ ဆိုၿပီး ေပ်ာက္ခ်င္းမလွေပ်ာက္သြားလိုက္တာဒီေန႔ထိပါဘဲကြယ္။



ဖုန္းဆက္ၾကည့္ေတာ့လည္း ဘယ္ခ်ိန္ဆက္ဆက္ ပိတ္ထားတယ္ကြယ္ ဖုန္းလည္းဆက္မရေတာ့ဘူးကြယ္ စာလည္းပို႔မရေတာ့ဘူးကြယ္ FB အေကာင့္လည္းသံုးတာ မေတြ႕ရေတာ့ဘူးကြယ္ ပို႔ထားတဲ့စာေတြလည္း မဖတ္ဘူး မျပန္ဘူးကြယ္ အဲ့ေတာ့ကၽြန္မ ဘာဆက္လုပ္ရမလဲ အၾကံျပဳေပးၾကပါအံုးကြယ္ ေပးလိုက္ရတဲ့ေငြေလးက ၆ သိန္းထဲရယ္ပါ ဆံုးသြားလည္းဘာမွမေျပာပေလာက္ပါဘူးကြယ္ ဒါေပမဲ့ relationship တစ္ခုကိုထိခိုက္သြားမွာစိုးလို႔ ဒီေန႔ထိ သူ႔ရဲ႕ professional activity ေတြကို သီးခံရင္း ေစာင့္ၾကည့္ခဲ့တယ္ကြယ္ သူေလးက ကတိမတည္ဘူး professional မဆန္ဘူးကြယ္ ကေလးကလားနဲ႔ ရပ္ကြက္ဆန္လြန္းတယ္ဘဲေျပာရမလားကြယ္။

သူေစာင့္ခိုင္းတာက၂လ ေစာင့္လိုက္ရတာက ၅ လ နီးပါးရွိၿပီ ခုခ်ိန္ထိ ဆက္သြယ္မရ ေပ်ာက္ေနတယ္ကြယ္ နီးစပ္သူမ်ားကိုေမးၾကည့္ေတာ့လည္း သူတို႔ကိုယ္တိုင္ အဆက္အသြယ္ မရတာၾကာၿပီလို႔ေျပာၾကတယ္ကြယ္ ဖုန္းလည္းပိတ္ထားတယ္ အက်ိဳးအေၾကာင္းလည္းမေျပာဘူးကြယ္ ဆိုေတာ့ကာ ကိုယ္အပ္ထားတဲ့သီခ်င္းကို ရခ်င္ လိုခ်င္တဲ့စိတ္ထက္ မင္းအဆင္မွေျပရဲ႕လားလို႔ ေတြးပူမိလာတယ္ကြယ္ မင္းေနမေကာင္းလို႔မ်ားလား မင္းအိမ္တြင္းေရးအဆင္မေျပလို႔မ်ားလား မင္း Stress ေတြမ်ားၿပီး ကိုယ့္ကိုယ္ကိုမ်ားသတ္ေသသြားၿပီလားကြယ္ ဒါမွမဟုတ္ ျမျမလိုဘဝမ်ိဳးမ်ားရင္ဆိုင္ေနရၿပီလား ျပန္ေပးဆြဲခံထားရၿပီလားကြယ္။

သြားရင္းလာရင္းတေနရာရာမွာ အသတ္ခံလိုက္ရၿပီလားကြယ္ အမ်ိဳးမ်ိဳးေတြေတြးၿပီး စိတ္ပူေနရပါတယ္လို႔ ေပ်ာက္ခ်င္းမလွေပ်ာက္သြားေလသူ ေတးေရး ကိုေဝႀကီးကို နီးစပ္ရာအသိမိတ္ေဆြမ်ား ေတြ႕ရင္ေျပာေပးၾကပါကြယ္ မမခြန္းဆင့္ က စိတ္ပူေပးေနပါတယ္လို႔ အက်ိဳးအေၾကာင္းေလးကို professional ဆန္ဆန္ဖုန္းေလးတစ္ခ်က္ဆက္ၿပီေျပာမယ္ဆိုရင္ေငြေရာသီခ်င္းေရာမေပးႏိုင္ေတာ့လည္းအိုေကပါတယ္လို႔ ေနာ္ (ဒီပံုစံမ်ိဳးက အကယ္၍-သူသာတခုခုတစ္ကယ္ျဖစ္ေနတယ္ဆိုရင္ ဘယ္သူသိႏိုင္မွာလည္းေနာ္ စိတ္ပူလြန္းလို႔သာ FB မွာ post တင္ၿပီးေရးရတာပါ တစ္ကယ္ဆို လံုးဝလံုးဝမေရးခ်င္ပါဘူးကြယ္)

ဒီစာေလးကိုဖတ္မိသူမ်ား အကယ္၍ ေတးေရးေဝႀကီးနဲ႔နီးစပ္သူမ်ား ပါမယ္ဆိုရင္ တဆင့္ေျပာေပးၾကပါေနာ္ စိတ္ပူေနပါေၾကာင္းနဲ႔ အကယ္၍မ်ား အသက္နဲ႔ခႏၶာတည္ၿမဲေနေသးတယ္ဆိုရင္ ကိုယ့္ရဲ႕ customer / client တစ္ေယာက္ကို အခုလို မိမိနႈတ္ထြက္ စကားမတည္ၿမဲတဲ့ဆက္ဆံပံု ဆက္ဆံနည္းႀကီးက မွားယြင္းေနပါေၾကာင္းနဲ႔ မိမိသည္ နာမည္ႀကီး professional composer တစ္ေယာက္ျဖစ္သည့္အတြက္ ကတိတည္ႏိုင္ေအာင္တတ္ႏိုင္သမွ်ႀကိဳးစားသင့္ပါေၾကာင္း အၾကံျပဳေပးရင္း သတင္းေလးပါးေပးၾကပါေနာ္” ဆိုျပီးမွ ခ်က္က်လက္က်ကို ေရးသားထားတာ ျဖစ္ပါတယ္။



ဒီအျဖစ္အပ်က္ေလးကို ဖတ္လိုက္ရရင္လည္း ပရိသတ္ၾကီးအေနနဲ႔ တခုခုေတြးမိၾကမယ္ ထင္ပါတယ္။ ဒီကိစၥမွာ ဘယ္လိုမ်ိဳး ျဖစ္လို႔ ဒီလိုမ်ိဳး ျဖစ္ရတာလည္း ဘာအေၾကာင္းေတြေၾကာင့္လည္းဆိုတာကိုေတာ့ မွတ္ခ်က္ေပးသြားၾကပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

အသက်အရွယ်တခုကို ရောက်နေပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးမှုကို လက်ရှိချိန်ထိ ခံနေရပြီး အရွယ်တင်နုပျိုနေတဲ့ မင်းသမီးချော ခွန်းဆင့်နေခြည်ကိုတော့ တော်တော်များများလည်း သိကြမှာပါ။ ပြီးခဲ့တဲ့ အကယ်ဒမီမှာလည်း မှော်ဝင်သမန်းကျား ဇာတ်လမ်းကို ဖန်တီးထုတ်လုပ်သူအဖြစ်သိခဲ့ကြပြီး ပရိသတ်တွေကြားမှာလည်း တော်တော် ဂယက်ထသွားပါသေးတယ်။ လက်ရှိမှာလည်း မင်းသမီး ခွန်းဆင့်နေခြည်တယောက်ကတော့ နာမည်ကြီး တေးရေးဆရာ ဝေကြီးနဲ့ သီချင်းရေးတဲ့ ကိစ္စ အရှုပ်အရှင်းလေးတွေ ဖြစ်နေတာကိုတော့ ဖေ့ဘုတ်မှာ ပေါ်တင်ရေးပြီး တင်ထားတာ ဖြစ်ပါတယ်။

ခွန်းဆင့်နေခြည်ကတော့ တေးရေးဝေကြီးကို သီချင်းရေးခိုင်းထားပြီး လက်ရှိချိန်ထိ မရသေးတာကြောင့် အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်ခဲ့ပြီး အများပြည်သူလည်း သိဖို့အတွက် ဖေ့ဘုတ်ပေါ်မှာ တရားဝင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ကတော့ သူမရဲ့ ဖေ့ဘုတ်ပေါ်မှာတော့ “၁၆.၁.၂၀၁၉ က (သူ) အကောင့်နံပါတ်ပေးလို့ သီချင်းတစ်ပုဒ်စာငွေ ၆သိန်းကို မိုဘိုင်း Banking ကနေလွှဲပေးလိုက်တယ် ၂လကြာမယ်ပြောတယ်ကွယ် အိုကေ ရပါတယ်ပေါ့ နာမည်ကြီးပြီး သူရေးသမျှတော်တော်များများ ပေါက်နေတဲ့ တေးရေးဆရာတစ်ယောက်ဆိုတော့ ကိုယ်လည်းသူရေးတာလေးဆိုကြည့်ချင်လို့ နှစ်ပုဒ်အပ်လိုက်တယ်ကွယ် သူကတစ်ပုဒ်အရင်ယူပါနော်တဲ့ အလုပ်တွေကြပ်နေလို့ပါတဲ့ ရပါတယ် ဆိုပြီး သူတောင်းတဲ့ကြာချိန်၂လကိုစောင့်ပေးခဲ့တယ်ကွယ်။

၂လကြာပြီးသည့်နောက် ကြားထဲမှာလည်းအကြိမ်ကြိမ် ကတိတွေပျက်တယ်ကွယ် ကိုယ်ကလည်းနားလည်ပေးတတ်သူကြီးဆိုတော့ သူပြောလာတဲ့ complain တွေ ငြီးညူမှုတွေအားလုံးကို ရပါတယ်ဘဲပေါ့နော် သူဖုန်းတခါပျောက်သွားတယ် ပြောတယ် ဘယ်လိုဆက်ဆက်မရတော့ဘဲအဆက်အသွယ်ပြတ်သွားလို့ နီးစပ်သူများကို လှမ်းမေးကြည့်တော့မှ တခြားနီးစပ်သူများမှတဆင့် ပြန်လည်ဆက်သွယ်ပေးကြလို့ သူက ကျွန်မကိုအဆက်အသွယ်ပြန် လုပ်လာပေးပြီး မနက်ဖြန်ရမယ် တဘက်ခါရမယ် ပြောတယ်ကွယ် နောက် ကျွန်မလည်း over sea သွားခါနီးလို့ ၁၉.၄.၁၉ နေ့က ဖုန်းဆက်မေးကြည့်တော့သူက ပြီးနေပြီ နက်ဖြန် Demo ပေးမယ်နော်အမ ဆိုပြီး ပျောက်ချင်းမလှပျောက်သွားလိုက်တာဒီနေ့ထိပါဘဲကွယ်။

ဖုန်းဆက်ကြည့်တော့လည်း ဘယ်ချိန်ဆက်ဆက် ပိတ်ထားတယ်ကွယ် ဖုန်းလည်းဆက်မရတော့ဘူးကွယ် စာလည်းပို့မရတော့ဘူးကွယ် FB အကောင့်လည်းသုံးတာ မတွေ့ရတော့ဘူးကွယ် ပို့ထားတဲ့စာတွေလည်း မဖတ်ဘူး မပြန်ဘူးကွယ် အဲ့တော့ကျွန်မ ဘာဆက်လုပ်ရမလဲ အကြံပြုပေးကြပါအုံးကွယ် ပေးလိုက်ရတဲ့ငွေလေးက ၆ သိန်းထဲရယ်ပါ ဆုံးသွားလည်းဘာမှမပြောပလောက်ပါဘူးကွယ် ဒါပေမဲ့ relationship တစ်ခုကိုထိခိုက်သွားမှာစိုးလို့ ဒီနေ့ထိ သူ့ရဲ့ professional activity တွေကို သီးခံရင်း စောင့်ကြည့်ခဲ့တယ်ကွယ် သူလေးက ကတိမတည်ဘူး professional မဆန်ဘူးကွယ် ကလေးကလားနဲ့ ရပ်ကွက်ဆန်လွန်းတယ်ဘဲပြောရမလားကွယ်။

သူစောင့်ခိုင်းတာက၂လ စောင့်လိုက်ရတာက ၅ လ နီးပါးရှိပြီ ခုချိန်ထိ ဆက်သွယ်မရ ပျောက်နေတယ်ကွယ် နီးစပ်သူများကိုမေးကြည့်တော့လည်း သူတို့ကိုယ်တိုင် အဆက်အသွယ် မရတာကြာပြီလို့ပြောကြတယ်ကွယ် ဖုန်းလည်းပိတ်ထားတယ် အကျိုးအကြောင်းလည်းမပြောဘူးကွယ် ဆိုတော့ကာ ကိုယ်အပ်ထားတဲ့သီချင်းကို ရချင် လိုချင်တဲ့စိတ်ထက် မင်းအဆင်မှပြေရဲ့လားလို့ တွေးပူမိလာတယ်ကွယ် မင်းနေမကောင်းလို့များလား မင်းအိမ်တွင်းရေးအဆင်မပြေလို့များလား မင်း Stress တွေများပြီး ကိုယ့်ကိုယ်ကိုများသတ်သေသွားပြီလားကွယ် ဒါမှမဟုတ် မြမြလိုဘဝမျိုးများရင်ဆိုင်နေရပြီလား ပြန်ပေးဆွဲခံထားရပြီလားကွယ်။

သွားရင်းလာရင်းတနေရာရာမှာ အသတ်ခံလိုက်ရပြီလားကွယ် အမျိုးမျိုးတွေတွေးပြီး စိတ်ပူနေရပါတယ်လို့ ပျောက်ချင်းမလှပျောက်သွားလေသူ တေးရေး ကိုဝေကြီးကို နီးစပ်ရာအသိမိတ်ဆွေများ တွေ့ရင်ပြောပေးကြပါကွယ် မမခွန်းဆင့် က စိတ်ပူပေးနေပါတယ်လို့ အကျိုးအကြောင်းလေးကို professional ဆန်ဆန်ဖုန်းလေးတစ်ချက်ဆက်ပြီပြောမယ်ဆိုရင်ငွေရောသီချင်းရောမပေးနိုင်တော့လည်းအိုကေပါတယ်လို့ နော် (ဒီပုံစံမျိုးက အကယ်၍-သူသာတခုခုတစ်ကယ်ဖြစ်နေတယ်ဆိုရင် ဘယ်သူသိနိုင်မှာလည်းနော် စိတ်ပူလွန်းလို့သာ FB မှာ post တင်ပြီးရေးရတာပါ တစ်ကယ်ဆို လုံးဝလုံးဝမရေးချင်ပါဘူးကွယ်)

ဒီစာလေးကိုဖတ်မိသူများ အကယ်၍ တေးရေးဝေကြီးနဲ့နီးစပ်သူများ ပါမယ်ဆိုရင် တဆင့်ပြောပေးကြပါနော် စိတ်ပူနေပါကြောင်းနဲ့ အကယ်၍များ အသက်နဲ့ခန္ဓာတည်မြဲနေသေးတယ်ဆိုရင် ကိုယ့်ရဲ့ customer / client တစ်ယောက်ကို အခုလို မိမိနှုတ်ထွက် စကားမတည်မြဲတဲ့ဆက်ဆံပုံ ဆက်ဆံနည်းကြီးက မှားယွင်းနေပါကြောင်းနဲ့ မိမိသည် နာမည်ကြီး professional composer တစ်ယောက်ဖြစ်သည့်အတွက် ကတိတည်နိုင်အောင်တတ်နိုင်သမျှကြိုးစားသင့်ပါကြောင်း အကြံပြုပေးရင်း သတင်းလေးပါးပေးကြပါနော်” ဆိုပြီးမှ ချက်ကျလက်ကျကို ရေးသားထားတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်လေးကို ဖတ်လိုက်ရရင်လည်း ပရိသတ်ကြီးအနေနဲ့ တခုခုတွေးမိကြမယ် ထင်ပါတယ်။ ဒီကိစ္စမှာ ဘယ်လိုမျိုး ဖြစ်လို့ ဒီလိုမျိုး ဖြစ်ရတာလည်း ဘာအကြောင်းတွေကြောင့်လည်းဆိုတာကိုတော့ မှတ်ချက်ပေးသွားကြပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top