၂၂ ရက္ႏွင့္ ၂၃ ရက္ ညတြင္ တုိက္ခတ္ေသာ မိုးသက္ေလျပင္းေၾကာင့္ ေနအိမ္ႏွင့္ အေဆာက္အအံု ၂၆၀ ေက်ာ္ပ်က္စီးကာ လူတစ္ဦးေသ ဆံုးခဲ့ေၾကာင္း မႏၲေလးတုိင္းေဒသ ႀကီးရဲတပ္ဖြဲ႕မွဴး႐ံုးက ေကာက္ယူ ထားေသာ စာရင္းမ်ား၌ ေဖာ္ျပသည္။ေလျပင္း တိုက္ခတ္မႈေၾကာင့္ ပုသိမ္ႀကီး၊ မိတၳီလာႏွင့္ ေပ်ာ္ဘြယ္ ၿမိဳ႕နယ္တို႔ရွိ ေက်းရြာ ၂၀ ခန္႔ ေလေဘးသင့္ခဲ့သည္။ေမလ ၂၃ ရက္က တိုက္ခတ္ ေသာ မုိးသက္ေလျပင္းေၾကာင့္ မႏၲေလးခ႐ိုင္ ပုသိမ္ႀကီးၿမိဳ႕နယ္ရွိ ဇီးအုပ္ကြက္သစ္ေက်းရြာတြင္ လူ ေနအိမ္ ၁၆ လံုး အမိုးလန္ပ်က္စီး ကာ လူငါးဦးထိခိုက္ဒဏ္ရာရရွိၿပီး (၂၅)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ ဦးေသဆံုးခဲ့သည္။

ေသဆံုးသည့္ အမ်ိဳးသမီး သည္ ေနအိမ္ထုပ္တန္းႏွင့္ လည္ပင္းကို ႐ိုက္မိၿပီး မႏၲေလးခုတင္ ၃၀၀ ဆံ့ ေဆး႐ံုသို႔ ပို႔ေဆာင္စဥ္ ေသဆံုးခဲ့ေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။‘‘မေန႔က ဇီးအုပ္မွာ အမ်ိဳး သမီးတစ္ဦး ေသဆံုးခဲ့တယ္။ သ ဘာဝေဘးျဖစ္လို႔ ေသဆံုးခဲ့တာ အတြက္ ဌာနက ေထာက္ပံ့ေငြ က်ပ္သံုးသိန္းေပးပါတယ္။ ေဆး႐ံုတက္ရတယ္ဆိုတာေတြအတြက္ ငါးေသာင္းေလာက္ေပါ့။ တျခား ေသာ သဘာဝေဘးခံစားခဲ့ရတဲ့ ေနရာေတြအတြက္ ဌာနကေန အဝတ္အစားတို႔၊ ေထာက္ပံ့ေငြတို႔ကို တက္လာတဲ့ စာရင္းအရ ေထာက္ပံ့ရမယ့္ဟာေတြ အကုန္ လုပ္ေပးေနပါတယ္’’ဟု မႏၲေလး တိုင္း ေဘးအႏၲရာယ္ဆုိင္ရာ စီမံ ခန္႔ခြဲမႈဦးစီဌာန ၫႊန္ၾကားေရးမွဴး ဦးေအးမင္းသူက ေျပာသည္။

ထို႔အတူ ေပ်ာ္ဘြယ္ၿမိဳ႕နယ္ ရွိ ေက်းရြာအုပ္စုႏွစ္ခုတြင္ လူေန အိမ္ ၂၂ လံုး အမိုးလန္ပ်က္စီးၿပီး လူ ၂၂ ဦးေဘးသင့္ခဲ့သည္။ေမလ ၂၂ ရက္ညတြင္ တိုက္ခတ္ေသာ မိုးသက္ေလျပင္း ေၾကာင့္ မိတၳီလာၿမိဳ႕နယ္ရွိ ေက်းရြာ ၁၃ ရြာမွ ေနအိမ္ ၂၀၁ လံုး အမိုးလန္ပ်က္စီးကာ ခုနစ္လံုးၿပိဳက်ပ်က္စီးၿပီး ဘုန္းႀကီးေက်ာင္း ေျခာက္ေက်ာင္းႏွင့္ စာသင္ေက်ာင္းခုနစ္ေက်ာင္း အမိုးလန္ ပ်က္စီးခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ေကာက္ယူထားေသာ စာရင္းမ်ား၌ ေဖာ္ျပထားသည္။ထို႔အျပင္ မႏၲေလးၿမိဳ႕နယ္ရွိ ေနရာအမ်ားစု၌ သစ္ပင္ၿပိဳလဲပ်က္စီး၍ သက္ဆုိင္ရာက ဖယ္ရွားရွင္းလင္းခဲ့သည္။အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္ သက္၍ မႏၲေလးတိုင္းေဘးအႏၲ ရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈဦးစီးဌာန က အဝတ္အထည္အပါအဝင္ ေထာက္ပံ့ေငြမ်ား ေပးအပ္ကာ ကူညီေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DaysDaily

#Unicode Version# ျဖင့္ဖတ္ပါ ။

၂၂ ရက်နှင့် ၂၃ ရက် ညတွင် တိုက်ခတ်သော မိုးသက်လေပြင်းကြောင့် နေအိမ်နှင့် အဆောက်အအုံ ၂၆၀ ကျော်ပျက်စီးကာ လူတစ်ဦးသေ ဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးက ကောက်ယူ ထားသော စာရင်းများ၌ ဖော်ပြသည်။လေပြင်း တိုက်ခတ်မှုကြောင့် ပုသိမ်ကြီး၊ မိတ္ထီလာနှင့် ပျော်ဘွယ် မြို့နယ်တို့ရှိ ကျေးရွာ ၂၀ ခန့် လေဘေးသင့်ခဲ့သည်။မေလ ၂၃ ရက်က တိုက်ခတ် သော မိုးသက်လေပြင်းကြောင့် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်ရှိ ဇီးအုပ်ကွက်သစ်ကျေးရွာတွင် လူ နေအိမ် ၁၆ လုံး အမိုးလန်ပျက်စီး ကာ လူငါးဦးထိခိုက်ဒဏ်ရာရရှိပြီး (၂၅)နှစ်အရွယ် အမျိုးသမီးတစ် ဦးသေဆုံးခဲ့သည်။

သေဆုံးသည့် အမျိုးသမီး သည် နေအိမ်ထုပ်တန်းနှင့် လည်ပင်းကို ရိုက်မိပြီး မန္တလေးခုတင် ၃၀၀ ဆံ့ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။‘‘မနေ့က ဇီးအုပ်မှာ အမျိုး သမီးတစ်ဦး သေဆုံးခဲ့တယ်။ သ ဘာဝဘေးဖြစ်လို့ သေဆုံးခဲ့တာ အတွက် ဌာနက ထောက်ပံ့ငွေ ကျပ်သုံးသိန်းပေးပါတယ်။ ဆေးရုံတက်ရတယ်ဆိုတာတွေအတွက် ငါးသောင်းလောက်ပေါ့။ တခြား သော သဘာဝဘေးခံစားခဲ့ရတဲ့ နေရာတွေအတွက် ဌာနကနေ အဝတ်အစားတို့၊ ထောက်ပံ့ငွေတို့ကို တက်လာတဲ့ စာရင်းအရ ထောက်ပံ့ရမယ့်ဟာတွေ အကုန် လုပ်ပေးနေပါတယ်’’ဟု မန္တလေး တိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူက ပြောသည်။

ထို့အတူ ပျော်ဘွယ်မြို့နယ် ရှိ ကျေးရွာအုပ်စုနှစ်ခုတွင် လူနေ အိမ် ၂၂ လုံး အမိုးလန်ပျက်စီးပြီး လူ ၂၂ ဦးဘေးသင့်ခဲ့သည်။မေလ ၂၂ ရက်ညတွင် တိုက်ခတ်သော မိုးသက်လေပြင်း ကြောင့် မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ ၁၃ ရွာမှ နေအိမ် ၂၀၁ လုံး အမိုးလန်ပျက်စီးကာ ခုနစ်လုံးပြိုကျပျက်စီးပြီး ဘုန်းကြီးကျောင်း ခြောက်ကျောင်းနှင့် စာသင်ကျောင်းခုနစ်ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ကောက်ယူထားသော စာရင်းများ၌ ဖော်ပြထားသည်။ထို့အပြင် မန္တလေးမြို့နယ်ရှိ နေရာအများစု၌ သစ်ပင်ပြိုလဲပျက်စီး၍ သက်ဆိုင်ရာက ဖယ်ရှားရှင်းလင်းခဲ့သည်။အဆိုပါဖြစ်စဉ်များနှင့်ပတ် သက်၍ မန္တလေးတိုင်းဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန က အဝတ်အထည်အပါအဝင် ထောက်ပံ့ငွေများ ပေးအပ်ကာ ကူညီနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7DaysDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top