လူအ​ေတာ္​မ်ားမ်ားက​ေတာ့ ကိုယ္​့ခံစားခ်က္​ကို မ်ိဳသိပ္​ထား​ေလ့႐ွိပါတယ္​။ တကယ္​​ေတာ့ခံစားခ်က္​​ေတြဆိုတာ မိ်ိဳသိပ္​မ​ေကာင္​းပါဘူး။ ဖြင္​့ထုတ္​ရမယ္​့အခ်ိန္​ကို​ေတာ့ ဖြင္​့ထုတ္​သင္​့ပါတယ္​​​။ ဒီအတြက္​ သိပၸံနည္​းက် ​ေထာက္​ခံမႈအရ ရည္​းစား​ေဟာင္​းကို တမ္​းတမ္​းတတ ငို​ေႂကြးျခင္​းက ဝိတ္​က်ဖို႔ အ​ေကာင္​းဆံုးနည္​းလမ္​းျဖစ္​တယ္​လို႔ ​ေလ့လာမႈတစ္​ရပ္​ ထြက္​​ေပၚလို႔လာပါတယ္​​။

ရည္​းစားနဲ႔ျပတ္​ရင္​၊ အသည္​းကြဲတဲ့အခ်ိန္​​ေတြက ခံစားဖူးသူတိုင္​းအတြက္​ အ​ေတာ္​ခက္​ခဲတာအမွန္​ပါပဲ။ ဒီအ​ေျခအ​ေန​ကို ပံုစ​ံ​ေျပာင္​းျပ​ီး အသံုးခ်လို႔ရပါတယ္​​။ ဘယ္​လိုလဲဆို​ေတာ့ တိုက္​ဆိုင္​တဲ့အခါတိုင္​း ရည္​းစား​ေဟာင္​းကို သတိရတမ္​းတမိတဲ့အခါ ဒီလို​ေန႔​ေတြဟာ မိုး​ေတ​ြရြာခ်လိုက္​သလို ငိုခ်ပစ္​ဖို႔ အ​ေကာင္​းဆံုး​ေန႔​ေတြပါပဲ။

အ​ေၾကာင္​းက​ေတာ့ စိတ္​ဒုကၡ ​ေရာက္​တ​ဲ့အခ်ိန္​တိုင္​း လူမွာထြက္​လာတဲ့​ေဟာ္​မုန္​းတစ္​မ်ိဳးျဖစ္​တ​ဲ့ Cortisol ​ေၾကာင္​့ပါပဲ၊ သူကလူကိုကူညီ​ေပးဖို႔​ေရာက္​လာ​ေပမယ္​့ ဝိတ္​တက္​ျခင္​းန​ဲ့ ဆက္​ႏြယ္​​ေနတဲ့ ​ေဟာ္​မုန္​းကလဲ Cortisol ပဲျဖစ္​​ေနျပန္​ပါတယ္​​။

ခံစားခ်က္နဲ့ ငိုတ​​ဲ့ မ်က္​ရည္​​ေတ​ြမွာ Cortisol ဟာလည္​း အတုန္​းအ႐ုန္​း က်႐ွံုးရ​ေတာ့တာပါပဲ။ လူ႕ခႏၶာကိုယ္​မွာ Cortisol ဓာတ္​​ေတ​ြ​ေလ်ာ့နည္​းသြားပါတယ္​​။ လူကို ဝိတ္​မတက္​​ေစဖို႔ ​ေကာင္​း​ေကာင္​းငိုခ်တတ္​ဖို႔ လိုပါတယ္​လို႔ ဆိုရမွာျဖစ္​ၿပီး ဒါဟာ သိပၸံနည္​းက်​ေလ့လာမႈအျဖစ္​ ​စနစ္တက်​အတည္​ျပဳထားတာျဖစ္​ပါတယ္​​။

သိပၸံသု​ေတသီနဲ႔ ပညာ႐ွင္​​ေတြရဲ႕ ​ေထာက္​ခံခ်က္​အရ ခံစားခ်က္​အစစ္​နဲ႔ငိုခ်ဖို႔အ​ေကာင္​းဆ​ံုးအခ်ိန္​​ေတြက ညပိုင္​းပါပဲ။ ညပိုင္​း ၇ နာရီ က​ေန ၁၀ နာရီအထိက ငိုလို႔အ​ေကာင္​းဆံုးအခ်ိန္​​ေတြအျဖစ္​ သတ္​မွတ္​ခံထားရပါတယ္​။

ဒါ​ေၾကာင္​့ ရည္​းစား​ေဟာင္​းကုို တမ္​းတမ္​းတတ သတိရမိတဲ့​ေန႔၊ အ​ေၾကာင္​းတိုက္​ဆိုင္​လို႔ ျပင္​းျပင္​းျပျပ ခံစားရတဲ့​ေန႔​ေတြမွာ မ်က္​ရည္​ကို​ေကာင္​း​ေကာင္​းအသံုးခ် ငို​ေႂကြးပစ္​လိုက္​တာဟာ စိတ္​ဒုကၡကို​ေျဖ​ေလ်ွာ့​ေပးတ​ဲ့အျပင္​ ဝိတ္​က်ဖို႔အ​ေကာင္​းဆံုးနည္​းလမ္​းလည္​းျဖစ္​​ေနပါ​ေသးတယ္​လို႔ မ်ွ​ေဝ​ေပးလိုက္​ပါရ​ေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:nanmalgyi

#Unicode Version#
လူအတော်များများကတော့ ကိုယ့်ခံစားချက်ကို မျိုသိပ်ထားလေ့ရှိပါတယ်။ တကယ်တော့ခံစားချက်တွေဆိုတာ မျိုသိပ်မကောင်းပါဘူး။ ဖွင့်ထုတ်ရမယ့်အချိန်ကိုတော့ ဖွင့်ထုတ်သင့်ပါတယ်။ ဒီအတွက် သိပ္ပံနည်းကျ ထောက်ခံမှုအရ ရည်းစားဟောင်းကို တမ်းတမ်းတတ ငိုကြွေးခြင်းက ဝိတ်ကျဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ လေ့လာမှုတစ်ရပ် ထွက်ပေါ်လို့လာပါတယ်။

ရည်းစားနဲ့ပြတ်ရင်၊ အသည်းကွဲတဲ့အချိန်တွေက ခံစားဖူးသူတိုင်းအတွက် အတော်ခက်ခဲတာအမှန်ပါပဲ။ ဒီအခြေအနေကို ပုံစံပြောင်းပြီး အသုံးချလို့ရပါတယ်။ ဘယ်လိုလဲဆိုတော့ တိုက်ဆိုင်တဲ့အခါတိုင်း ရည်းစားဟောင်းကို သတိရတမ်းတမိတဲ့အခါ ဒီလိုနေ့တွေဟာ မိုးတွေရွာချလိုက်သလို ငိုချပစ်ဖို့ အကောင်းဆုံးနေ့တွေပါပဲ။

အကြောင်းကတော့ စိတ်ဒုက္ခ ရောက်တဲ့အချိန်တိုင်း လူမှာထွက်လာတဲ့ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Cortisol ကြောင့်ပါပဲ၊ သူကလူကိုကူညီပေးဖို့ရောက်လာပေမယ့် ဝိတ်တက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းကလဲ Cortisol ပဲဖြစ်နေပြန်ပါတယ်။

ခံစားချက်နဲ့ ငိုတဲ့ မျက်ရည်တွေမှာ Cortisol ဟာလည်း အတုန်းအရုန်း ကျရှုံးရတော့တာပါပဲ။ လူ့ခန္ဓာကိုယ်မှာ Cortisol ဓာတ်တွေလျော့နည်းသွားပါတယ်။ လူကို ဝိတ်မတက်စေဖို့ ကောင်းကောင်းငိုချတတ်ဖို့ လိုပါတယ်လို့ ဆိုရမှာဖြစ်ပြီး ဒါဟာ သိပ္ပံနည်းကျလေ့လာမှုအဖြစ် စနစ်တကျအတည်ပြုထားတာဖြစ်ပါတယ်။

သိပ္ပံသုတေသီနဲ့ ပညာရှင်တွေရဲ့ ထောက်ခံချက်အရ ခံစားချက်အစစ်နဲ့ငိုချဖို့အကောင်းဆုံးအချိန်တွေက ညပိုင်းပါပဲ။ ညပိုင်း ၇ နာရီ ကနေ ၁၀ နာရီအထိက ငိုလို့အကောင်းဆုံးအချိန်တွေအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါကြောင့် ရည်းစားဟောင်းကို တမ်းတမ်းတတ သတိရမိတဲ့နေ့၊ အကြောင်းတိုက်ဆိုင်လို့ ပြင်းပြင်းပြပြ ခံစားရတဲ့နေ့တွေမှာ မျက်ရည်ကိုကောင်းကောင်းအသုံးချ ငိုကြွေးပစ်လိုက်တာဟာ စိတ်ဒုက္ခကိုဖြေလျှော့ပေးတဲ့အပြင် ဝိတ်ကျဖို့အကောင်းဆုံးနည်းလမ်းလည်းဖြစ်နေပါသေးတယ်လို့ မျှဝေပေးလိုက်ပါရစေ။


ဖိုးသူတော်(www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top