ပရိသတ္အားေပးမႈအခိုင္အမာ ရ႐ွိထားတဲ့ မင္းသားေခ်ာတေယာက္ျဖစ္တဲ့ မိုးေအာင္ရင္ကေတာ့ ကံဆုိးစြာနဲ႔ပဲ မူးယစ္ေဆးဝါးသံုးစြဲမႈနဲ႔ ေထာင္ ၁၇ ႏွစ္ က်သြားခဲ့တာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳးျဖစ္သြားတာေၾကာင့္ အႏုပညာအသိုင္းအဝိုင္းက လူေတြအျပင္ ပရိသတ္ေတြကပါ စိတ္မေကာင္းျဖစ္ခဲ့ ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လက္႐ွိထြက္ေပၚေနတဲ့ သတင္းမ်ားအရ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရ႐ွိတဲ့အထဲမွာေတာ့ ပါလာႏိုင္တယ္ဆိုၿပီး ၾကားေနရတာျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မိုးေအာင္ရင္ရဲ႕ အႏုပညာမိဘတေယာက္ျဖစ္တဲ့ မို႔မို႔ျမင့္ေအာင္ကေတာ့ သူ႔ရင္ထဲမွာ႐ွိတဲ့ ခံစားခ်က္ေတြကို ေျပာၾကားသြား ခဲ့ပါတယ္။

မို႔မို႔ျမင့္ေအာင္ကေတာ့ MC နဲ႔အင္တာဗ်ဴးတြင္ မိုးေအာင္ရင္နဲ႔ ပတ္သက္ၿပီး မိုးေအာင္ရင္လြတ္ ၿငိမ္းခ်မ္းသာခြင့္ထဲမွာပါလာခဲ့မယ္ဆိုရင္  “ေျပာရရင္ေတာ့ ေလာဘႀကီးတယ္။ ဒိီတေခါက္ကို ပါလာေစခ်င္ပါၿပီ။ ကေလးက တကယ္လိမၼာတဲ့ ကေလးေလးပါ။ တခါတေလေတာ့လည္း မွားမိတာေလးေတြေတာ့ ႐ွိမွာေပါ့။ အခုဆိုရင္လည္း သူေနာင္တလည္း ေတာ္ေတာ္ကိုရေနေလာက္ ပါၿပီ။ ၿပီးေတာ့ သူကမိဘကိုလုပ္ေကြၽးေနတဲ့ သားေလးလည္း ျဖစ္တာေၾကာင့္ပါ”

သူသာလြတ္လာရင္ ဘာလုပ္ေစခ်င္လဲ ဆိုတဲ့အေပၚမွာေတာ့ “သူ႔ကိုအႏုပညာေလာကနဲ႔ ေမြးခဲ့တဲ့အေမဆိုေတာ့ အႏုပညာေလာကနဲ႔ပဲ ႐ွင္သန္ေစခ်င္တာေပါ့။ ဒါေပမယ့္လည္း အခုကေတာ့ သိတဲ့အတိုင္းပဲ ဗီဒီယိုေလာကကလည္း အဆင္မေျပေတာ့ဘူးေလ။ အခုက ဗီဒီယိုေလာက ပ်က္ေနျပီဆိုေတာ့ေလ။ တကယ္လို့ ျဖစ္နိုက္မယ္ဆိုရင္ေတာ့ မမို႔ကေတာ့ သူ႔ကုိအျပင္စီးပြားေရးပဲ လုပ္ေစခ်င္ပါတယ္”

“သူအရြယ္လည္းရလာပါၿပီ။ သူ႔မွာနဂိုကတည္းက အသိဥာဏ္အေတြးဥာဏ္က ႐ွိၿပီးသားပါ။ သူမွားလို႔ မွားသြားတာေတာင္မယံုႏိုင္ဘူး။ သူကခ်ိန္ဆတတ္ပါတယ္။ လူလည္ေလးပါ။ ခပ္အအထဲကလည္းမဟုတ္ဘူး သူကေလ။ ဒါေၾကာင့္ စိတ္မေကာင္းျဖစ္မိတာပါ။ သူ႔ဘဝကိုသူ ျပန္လည္ျပင္ဆင္တတ္တဲ့ အက်င့္ေလး႐ွိပါတယ္။ ျပန္ၿပီးေတာ့လည္း ျပင္ဆင္ႏိုင္မယ္လို႔ ထင္ပါတယ္” ဟုေျပာၾကားသြား ခဲ့ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ မင်းသားချောတယောက်ဖြစ်တဲ့ မိုးအောင်ရင်ကတော့ ကံဆိုးစွာနဲ့ပဲ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင် ၁၇ နှစ် ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်သွားတာကြောင့် အနုပညာအသိုင်းအဝိုင်းက လူတွေအပြင် ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်ခဲ့ ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိထွက်ပေါ်နေတဲ့ သတင်းများအရ လွတ်ငြိမ်းချမ်းသာခွင့် ရရှိတဲ့အထဲမှာတော့ ပါလာနိုင်တယ်ဆိုပြီး ကြားနေရတာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိုးအောင်ရင်ရဲ့ အနုပညာမိဘတယောက်ဖြစ်တဲ့ မို့မို့မြင့်အောင်ကတော့ သူ့ရင်ထဲမှာရှိတဲ့ ခံစားချက်တွေကို ပြောကြားသွား ခဲ့ပါတယ်။

မို့မို့မြင့်အောင်ကတော့ MC နဲ့အင်တာဗျူးတွင် မိုးအောင်ရင်နဲ့ ပတ်သက်ပြီး မိုးအောင်ရင်လွတ် ငြိမ်းချမ်းသာခွင့်ထဲမှာပါလာခဲ့မယ်ဆိုရင်  “ပြောရရင်တော့ လောဘကြီးတယ်။ ဒီတခေါက်ကို ပါလာစေချင်ပါပြီ။ ကလေးက တကယ်လိမ္မာတဲ့ ကလေးလေးပါ။ တခါတလေတော့လည်း မှားမိတာလေးတွေတော့ ရှိမှာပေါ့။ အခုဆိုရင်လည်း သူနောင်တလည်း တော်တော်ကိုရနေလောက် ပါပြီ။ ပြီးတော့ သူကမိဘကိုလုပ်ကျွေးနေတဲ့ သားလေးလည်း ဖြစ်တာကြောင့်ပါ”

သူသာလွတ်လာရင် ဘာလုပ်စေချင်လဲ ဆိုတဲ့အပေါ်မှာတော့ “သူ့ကိုအနုပညာလောကနဲ့ မွေးခဲ့တဲ့အမေဆိုတော့ အနုပညာလောကနဲ့ပဲ ရှင်သန်စေချင်တာပေါ့။ ဒါပေမယ့်လည်း အခုကတော့ သိတဲ့အတိုင်းပဲ ဗီဒီယိုလောကကလည်း အဆင်မပြေတော့ဘူးလေ။ အခုက ဗီဒီယိုလောက ပျက်နေပြီဆိုတော့လေ။ တကယ်လို့ ဖြစ်နိုက်မယ်ဆိုရင်တော့ မမို့ကတော့ သူ့ကိုအပြင်စီးပွားရေးပဲ လုပ်စေချင်ပါတယ်”

“သူအရွယ်လည်းရလာပါပြီ။ သူ့မှာနဂိုကတည်းက အသိဉာဏ်အတွေးဉာဏ်က ရှိပြီးသားပါ။ သူမှားလို့ မှားသွားတာတောင်မယုံနိုင်ဘူး။ သူကချိန်ဆတတ်ပါတယ်။ လူလည်လေးပါ။ ခပ်အအထဲကလည်းမဟုတ်ဘူး သူကလေ။ ဒါကြောင့် စိတ်မကောင်းဖြစ်မိတာပါ။ သူ့ဘဝကိုသူ ပြန်လည်ပြင်ဆင်တတ်တဲ့ အကျင့်လေးရှိပါတယ်။ ပြန်ပြီးတော့လည်း ပြင်ဆင်နိုင်မယ်လို့ ထင်ပါတယ်” ဟုပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top