

သိပ္ပံပညာရှင်တွေဟာ ယောက်ျားပေါင်း ၆၀၀ ကိုလေ့လာမှုလုပ်ခဲ့ပါတယ်၊ ၎င်းတို့ရဲ့အသက်ဟာ အသက် ၁၈နှစ်မှ ၅၀ အတွင်းဖြစ်ပါတယ်၊ အဲ့ဒီထဲကမှ ယောက်ျားမပီသဘူးလို့ထင်တဲ့ လူတွေက အခြားလူတွေထက် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ သို့မဟုတ် ပြစ်မှုဆိုင်ရာလုပ်ရပ်တွေကို သုံးဆကျူးလွန်တတ်ကြပါတယ်၊

သိပ္ပံပညာရှင်တွေဟာ ဒီလိုရန်လိုတတ်တဲ့ယောက်ျားတွေရဲ့ ကွဲပြာခြားနားတဲ့ စိတ်ဖိစီးမှုတွေရဲ့ အဖြေဟာ အရပ်ပုခြင်းရှည်ခြင်းနဲ့ဆိုင်ကြောင်း ဖော်ပြခဲ့ပါတယ်၊


၂၀၁၈ခုနှစ်၊ ဆင့်ကဲဖြစ်စဉ်စိတ်ပညာရှင် ယတစ်ဦးဖြစ်တဲ့ Mark van Vugt နဲ့ သူ့ရဲ့သုတေသနအဖွဲ့ဟာ Vrije Universiteit Amsterdam မှာ ယောက်ျားထုကြီးရဲ့ နပိုလီယံ ဥပါဒါန် သက်သေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်၊ သူတို့ဟာ အရပ်ပုတဲ့လူတွေက အရပ်ရှည်တဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ပိုပြီးရန်လိုတတ်ကြတယ်လို့နိဂုံးချုပ်အနေနဲ့ တွေ့ရှိခဲ့ကြပါတယ်၊





Credit:Min Thu

#Unicode Version# ဖြင့်ဖတ်ပါ ။

ရိုးရာပုံပြင်တွေ ဇာတ်ကြောင်းတွေ ကိုလေ့လာချက်တွေအရ၊ နပိုလီယံဟာ ၎င်းအရပ်ပုကြောင်းကို ဖာထေးနိုင်ဖို့အတွက် စစ်ပွဲတွေဆင်နွဲပြီး စွမ်းအားတွေကိုရှာဖွေခဲ့ပါတယ်၊ ထိုပြင် မကြာသေးခင်ကရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်းကတော့ အရပ်ပုတဲ့လူတွေဟာ သူတို့ထဲက အရပ်ရှည်တဲ့လူတွေထက် ရန်ပိုလိုတတ်ကြောင်းကိုတွေ့ရှိခဲ့ပါတယ်၊

ဂျော်ဂျီယာ အတ္တလန်တာ ရောဂါထိန်းချုပ်ရေးစင်တာက သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အသစ်တွေအရ အရပ်ပုသူတွေဟာ အရပ်ရှည်တဲ့ လူတွေထက် စိတ်တိုတတ်ပြီး ပိုပြီးကြမ်းကြုတ်တတ်ပါတယ်၊

သိပ္ပံပညာရှင်တွေဟာ ယောကျ်ားပေါင်း ၆၀၀ ကိုလေ့လာမှုလုပ်ခဲ့ပါတယ်၊ ၎င်းတို့ရဲ့အသက်ဟာ အသက် ၁၈နှစ်မှ ၅၀ အတွင်းဖြစ်ပါတယ်၊ အဲ့ဒီထဲကမှ ယောကျ်ားမပီသဘူးလို့ထင်တဲ့ လူတွေက အခြားလူတွေထက် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ သို့မဟုတ် ပြစ်မှုဆိုင်ရာလုပ်ရပ်တွေကို သုံးဆကျူးလွန်တတ်ကြပါတယ်၊

သိပ္ပံပညာရှင်တွေဟာ ဒီလိုရန်လိုတတ်တဲ့ယောကျ်ားတွေရဲ့ ကွဲပြာခြားနားတဲ့ စိတ်ဖိစီးမှုတွေရဲ့ အဖြေဟာ အရပ်ပုခြင်းရှည်ခြင်းနဲ့ဆိုင်ကြောင်း ဖော်ပြခဲ့ပါတယ်၊

လူအများစု ကျယ်ပြန့်စွာလက်ခံထားတဲ့ ပုံစံကြောင့် ယောက်ျားမပီသဘူးလို့ထင်တဲ့လူတွေက သူတို့ဟာ သာမာန်ထက်ပိုပြီးအရပ်ပုနေတယ်လို့ထင်သွားကြပါတယ်၊ သိပ္ပံပညာရှင်တွေဟာ အရပ်ပုတဲ့လူတွေဟာ ၎င်းတို့အရပ်ပုတာကြောင့် ရန်လိုတဲ့ အပြုအမူတွေလုပ်ကြတာလို့ ပြောပါတယ်၊ ဒီလို စရိုက်ဟာ ” နပိုလီယံ ဥပါဒါန် ”လို့ စိတ်စီစစ်မှုပညာရှင် Alfred Adler ဆိုသူဟာ ၁၉၂၆ မှာ ပထမဦးဆုံးအကြိမ်အတည်ပြုခဲ့ပါတယ်၊

၂၀၁၈ခုနှစ်၊ ဆင့်ကဲဖြစ်စဉ်စိတ်ပညာရှင် ယတစ်ဦးဖြစ်တဲ့ Mark van Vugt နဲ့ သူ့ရဲ့သုတေသနအဖွဲ့ဟာ Vrije Universiteit Amsterdam မှာ ယောကျ်ားထုကြီးရဲ့ နပိုလီယံ ဥပါဒါန် သက်သေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်၊ သူတို့ဟာ အရပ်ပုတဲ့လူတွေက အရပ်ရှည်တဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာ ပိုပြီးရန်လိုတတ်ကြတယ်လို့နိဂုံးချုပ်အနေနဲ့ တွေ့ရှိခဲ့ကြပါတယ်၊

ကျွမ်းကျင်သူတွေပြောဆိုချက်အရ အရပ်ပုသူတွေမှာ ကြီးမားပြီး ခံနိုင်ရည်အားနည်းတဲ့ ခံစားမှုတွေနဲ့ သူတစ်ပါးအပေါ်ယုံမှားသံသယကြီးမှု အဆင့်မြင့်မားတယ်လို့သိရပါတယ်၊

သို့သော် ထိုကဲ့သို့ လေ့လာတာတွေဟာ သေးငယ်တဲ့ အုပ်စုလေးနဲ့ပဲဆက်စပ်လေ့လာတာဆိုတော့ အရပ်အမြင့်နဲ့ ရန်လိုတတ်ခြင်း ဆက်နွယ်မှုကို မှန်ကန်စွာပြောနိုင်သေးမှာမဟုတ်ပါဘူး၊ပြီးတော့ အခြားသောလေ့လာမှုတွေကလည်း ဝိရောဓိ တွေ့ရှိချက်တွေဖြစ်သွားခဲ့ပါတယ်၊ ၂၀၀၇ မှာ University of Central Lancashire က လေ့လာပြီး အကြံပြူချက်အရ နပိုလီယံ ဥပါဒါန် ဟာ ဒဏ္ဍာရီ မျှသာဖြစ်တယ်လို့ဆိုပါတယ်၊

၎င်းလေ့လာချက်က အရပ်ပုသူတွေဟာ အရပ်သာမာန်ရှည်တဲ့လူတွေထက် ဒေါသကိုမထိန်းချုပ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်၊ စမ်းသပ်ချက်အတွင်းမှာ အစမ်းသပ်ခံတွေဟာ အခြင်းခြင်း ပြောဆို ဆက်ဆံခဲ့ကြပြီး သူတို့ရဲ့ နှလုံးခုန်နှုန်းကိုလည်း စောင့်ကြည့်စစ်ဆေးခဲ့ပါတယ်၊
သူတို့ရဲ့ နှလုံးမော်နီတာတွေက ဒေါသကိုမထိန်းချုပ်နိုင်ဘူးဆိုတာကို ဖော်ပြနေပြီး ပြန်ပြီး ရိုက်တတ်ပါတယ်၊

UK မှာဦးစီးဆောင်ရွက်ခဲ့တဲ့ Wessex Growth လေ့လာခြင်းဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မူကြိုကလေးကျောင်းစတက်အရွယ်ကနေစပြီး အရွယ်ရောက်သည်အထိ စောင့်ကြည့်စစ်ဆေးခဲ့ပါတယ်၊ တွေ့ရှိတာကတော့ ”ကိုယ်ရေးကိုယ်တာ ဆောင်ရွက်ချက်တွေမှာ ထင်ရှားတဲ့ ခြားနားချက်တွေမရှိပါဘူး သိုမဟုတ် နေ့စဉ်လှုပ်ရှားမှုအခန်းကဏ္ဍတွေဟာ အရပ်အမြင့်ကြောင့်လို့ မှတ်ယူနိုင်ပါတယ်” ဟူ၍ဖြစ်ပါတယ်၊

ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top