အီတလီႏိုင္ငံ Sicily ကၽြန္းရွိ Capu chin Catacombs ျပတိုက္တြင္ လူေသ အေလာင္း ၈၀၀၀ ႏွင့္မံမီ ၁၂၅၂ ခုကို အနီးကပ္ေလ့လာၾကည့္႐ႈႏိုင္ရန္ ျပသ ေပးထားသည္ဟု သိရသည္။

၁၆ ရာစုက မူလေျမေအာက္သခ်ၤဳိင္း၀င္း ႀကီးကို ဘုန္းေတာ္ႀကီးမ်ားကတူးေဖာ္ရာ မွစတင္ကာPalermo ၿမိဳ႕၏ Capuchin ျပတိုက္မွာ တျဖည္းျဖည္းခ်င္းႀကီးထြား လာခဲ့သည္။ သခ်ၤဳိင္း၀င္းကို ၁၈၈၀ ျပည့္ႏွစ္ တြင္ တရားဝင္ပိတ္ပစ္ခဲ့ၿပီး သခ်ၤဳိင္း၀င္း တြင္ေနာက္ဆုံးေျမျမႇဳပ္ႏွံမႈမွာ ၁၉၂၀ ျပည့္ ႏွစ္ကျဖစ္သည္။

ယခုအခါ ဘုန္းေတာ္ႀကီး မ်ားဦးစီးသည့္ျပတိုက္တစ္ခုအသြင္ ေျပာင္းလဲေနၿပီျဖစ္ၿပီး ၿမိဳ႕ခံအာဏာပိုင္ မ်ားကလည္း မံမီေဆးစီရင္မႈႏွင့္ပတ္ သက္၍ သုေတသနဓာတ္ခြဲခန္းတစ္ခုတည္ ေထာင္သြားရန္ စီစဥ္လ်က္ရွိသည္။ ျပတိုက္၏ေလၽွာက္လမ္းမ်ားတစ္ေလၽွာက္ တြင္ နံရံမ်ား၌စီတန္းထားေသာေဆးစီရင္ ထားသည့္႐ုပ္အေလာင္းမ်ားကို ျမင္ေတြ႕ ႏိုင္သည္။

ေလၽွာက္လမ္းမ်ားကိုလည္း အမ်ိဳးသမီး၊အမ်ိဳးသား၊အပ်ိဳ၊ဘုန္းေတာ္ႀကီး၊ ပညာရွင္ႏွင့္ကေလးဟူ၍ ခြဲျခားထားသည္။ မိမိႏွစ္သက္ရာေလၽွာက္လမ္းကို ဝင္ေရာက္ကာ ေဆးစီရင္ထားသည့္အ ေလာင္းမ်ားကို အနီးကပ္ေလ့လာႏိုင္ ေသာ္လည္း ဓာတ္ပုံ႐ိုက္ခြင့္မရွိေပ။

အေလာင္းမ်ား၏လည္ပင္း၌ခ်ိတ္ဆြဲေပး ထားသည့္ဆိုင္းဘုတ္ငယ္ေလးမ်ားတြင္ ေသဆုံးသူ၏အမည္၊ ေမြးသကၠရာဇ္ႏွင့္ ေသဆုံးသည့္ရက္တို႔ကိုေရးသားထားသည္။ Capuchin ျပတိုက္မွေဆးစီရင္ ထားသည့္အေလာင္းမ်ားအားလုံးသည္ ၁၆ ရာစုမွ ၂၀ ရာစုအတြင္းေသဆုံးခဲ့သူ မ်ားျဖစ္သည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Pyi Myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

အီတလီနိုင်ငံ Sicily ကျွန်းရှိ Capu chin Catacombs ပြတိုက်တွင် လူသေ အလောင်း ၈၀၀၀ နှင့်မံမီ ၁၂၅၂ ခုကို အနီးကပ်လေ့လာကြည့်ရှုနိုင်ရန် ပြသ ပေးထားသည်ဟု သိရသည်။

၁၆ ရာစုက မူလမြေအောက်သင်္ချိုင်းဝင်း ကြီးကို ဘုန်းတော်ကြီးများကတူးဖော်ရာ မှစတင်ကာPalermo မြို့၏ Capuchin ပြတိုက်မှာ တဖြည်းဖြည်းချင်းကြီးထွား လာခဲ့သည်။ သင်္ချိုင်းဝင်းကို ၁၈၈၀ ပြည့်နှစ် တွင် တရားဝင်ပိတ်ပစ်ခဲ့ပြီး သင်္ချိုင်းဝင်း တွင်နောက်ဆုံးမြေမြှုပ်နှံမှုမှာ ၁၉၂၀ ပြည့် နှစ်ကဖြစ်သည်။

ယခုအခါ ဘုန်းတော်ကြီး များဦးစီးသည့်ပြတိုက်တစ်ခုအသွင် ပြောင်းလဲနေပြီဖြစ်ပြီး မြို့ခံအာဏာပိုင် များကလည်း မံမီဆေးစီရင်မှုနှင့်ပတ် သက်၍ သုတေသနဓာတ်ခွဲခန်းတစ်ခုတည် ထောင်သွားရန် စီစဉ်လျက်ရှိသည်။ ပြတိုက်၏လျှောက်လမ်းများတစ်လျှောက် တွင် နံရံများ၌စီတန်းထားသောဆေးစီရင် ထားသည့်ရုပ်အလောင်းများကို မြင်တွေ့ နိုင်သည်။

လျှောက်လမ်းများကိုလည်း အမျိုးသမီး၊အမျိုးသား၊အပျို၊ဘုန်းတော်ကြီး၊ ပညာရှင်နှင့်ကလေးဟူ၍ ခွဲခြားထားသည်။ မိမိနှစ်သက်ရာလျှောက်လမ်းကို ဝင်ရောက်ကာ ဆေးစီရင်ထားသည့်အ လောင်းများကို အနီးကပ်လေ့လာနိုင် သော်လည်း ဓာတ်ပုံရိုက်ခွင့်မရှိပေ။

အလောင်းများ၏လည်ပင်း၌ချိတ်ဆွဲပေး ထားသည့်ဆိုင်းဘုတ်ငယ်လေးများတွင် သေဆုံးသူ၏အမည်၊ မွေးသက္ကရာဇ်နှင့် သေဆုံးသည့်ရက်တို့ကိုရေးသားထားသည်။ Capuchin ပြတိုက်မှဆေးစီရင် ထားသည့်အလောင်းများအားလုံးသည် ၁၆ ရာစုမှ ၂၀ ရာစုအတွင်းသေဆုံးခဲ့သူ များဖြစ်သည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Pyi Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top