20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ပဲခူးတိုင္းအေနာက္ျခမ္း ျပည္ခ႐ိုင္ နတၱလင္းၿမိဳ႕နယ္တြင္ ေမလ ၁၅ ရက္ေန႔ ည ၇ နာရီခန္႔က မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ စက္႐ံု၊ အလုပ္႐ံုမ်ားႏွင့္ သာသနိက အေဆာက္အအံုမ်ား အပါအဝင္ အိမ္ ၃၀၀ ေက်ာ္ ပ်က္စီးသြားေၾကာင္း ယင္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနထံမွ သိရသည္။

ေလေဘးသင့္ခဲ့ေသာ အိမ္ေထာင္စု ၃၃၈ စုမွ မိသားစုမ်ားအေနႏွင့္ နီးစပ္ရာ ေဆြမ်ိဳးမ်ား၏အိမ္မ်ား၌ ယာယီေနထိုင္လ်က္ရွိၿပီး ပ်က္စီးသြားေသာအိမ္မ်ား၊ အေဆာက္အအံုမ်ားစာရင္းကို အေသးစိတ္သိရွိႏိုင္ရန္ စာရင္းေကာက္ယူထားၿပီး ပဲခူးတိုင္း အစိုးရအဖြဲ႔ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာနသို႔ တင္ျပထားေၾကာင္း နတၱလင္းၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

“မေန႔ည (ေမ ၁၅) က တိုက္တဲ့ေလေၾကာင့္ ကားလမ္းေရာ ရထားလမ္းပါ ယာယီပိတ္ခဲ့ရပါတယ္။ ကၽြန္ေတာ္တို႔ အဖြဲ႔ေတြနဲ႔ ၿမိဳ႕နယ္ေထြအုပ္႐ံုးက ဝန္ထမ္းေတြ ၿမိဳ႕နယ္ သစ္ေတာအဖြဲ႔ေတြ ပူးေပါင္းၿပီး ကားလမ္းနဲ႔ ရထားလမ္းေပၚ လဲက်ေနတဲ့ သစ္ပင္ေတြကို ရွင္းခဲ့ရတယ္။ တခ်ိဳ႕သစ္ပင္ေတြက အပင္ႀကီးေတြဆိုေတာ့ ခ်ိန္းစက္ေတြနဲ႔ျဖတ္တာ ည ၁၀ နာရီေလာက္မွ ရွင္းလို႔ၿပီးတယ္”ဟု နတၱလင္းၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႔ ဒုတပ္ရင္းမွဴး မိုးႀကီးက ျဖည့္စြက္ေျပာဆိုသည္။

အဆိုပါ ေလျပင္းေၾကာင့္ ေက်း႐ြာ ၂၅ အုပ္စုမွ ေနအိမ္ ၂၅ လံုး၊ စပါးအေျခာက္ခံစက္ႏွစ္လံုးၿပိဳလဲခဲ့ၿပီး ဘုန္းႀကီးေက်ာင္း ေလးေက်ာင္းႏွင့္ အိမ္ ၃၁၃ လံုး အမိုးလန္ ပ်က္စီးခဲ့ေၾကာင္း နတၱလင္းၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး႐ံုး မွတ္တမ္းမ်ားအရ သိရသည္။

နတၱလင္းၿမိဳ႕နယ္အတြင္း၌ ယခုလ ၄ ရက္ေန႔ကလည္း ေလျပင္းတိုက္ခတ္ခဲ့ၿပီး ၿမိဳ႕ေပၚရပ္ကြက္သံုးခုႏွင့္ ေက်း႐ြာအုပ္စုကိုးခုမွ အိမ္ ၁၅ လံုး ၿပိဳလဲခဲ့ကာ အိမ္ ၂၅၁ လံုးႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္း ေျခာက္ေက်ာင္း အမိုးလန္ခဲ့သျဖင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနမွ ေလေဘးသင့္ ျပည္သူမ်ားအတြက္ က်ပ္ ၁၂ သိန္းေက်ာ္ကို ေမလ ၈ ရက္ေန႔ကပင္ ေထာက္ပံ့ေပးခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် နတ္တလင်းမြို့နယ်တွင် မေလ ၁၅ ရက်နေ့ ည ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စက်ရုံ၊ အလုပ်ရုံများနှင့် သာသနိက အဆောက်အအုံများ အပါအဝင် အိမ် ၃၀၀ ကျော် ပျက်စီးသွားကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

လေဘေးသင့်ခဲ့သော အိမ်ထောင်စု ၃၃၈ စုမှ မိသားစုများအနေနှင့် နီးစပ်ရာ ဆွေမျိုးများ၏အိမ်များ၌ ယာယီနေထိုင်လျက်ရှိပြီး ပျက်စီးသွားသောအိမ်များ၊ အဆောက်အအုံများစာရင်းကို အသေးစိတ်သိရှိနိုင်ရန် စာရင်းကောက်ယူထားပြီး ပဲခူးတိုင်း အစိုးရအဖွဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနသို့ တင်ပြထားကြောင်း နတ္တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မနေ့ည (မေ ၁၅) က တိုက်တဲ့လေကြောင့် ကားလမ်းရော ရထားလမ်းပါ ယာယီပိတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့တွေနဲ့ မြို့နယ်ထွေအုပ်ရုံးက ဝန်ထမ်းတွေ မြို့နယ် သစ်တောအဖွဲ့တွေ ပူးပေါင်းပြီး ကားလမ်းနဲ့ ရထားလမ်းပေါ် လဲကျနေတဲ့ သစ်ပင်တွေကို ရှင်းခဲ့ရတယ်။ တချို့သစ်ပင်တွေက အပင်ကြီးတွေဆိုတော့ ချိန်းစက်တွေနဲ့ဖြတ်တာ ည ၁၀ နာရီလောက်မှ ရှင်းလို့ပြီးတယ်”ဟု နတ္တလင်းမြို့နယ် မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး မိုးကြီးက ဖြည့်စွက်ပြောဆိုသည်။

အဆိုပါ လေပြင်းကြောင့် ကျေးရွာ ၂၅ အုပ်စုမှ နေအိမ် ၂၅ လုံး၊ စပါးအခြောက်ခံစက်နှစ်လုံးပြိုလဲခဲ့ပြီး ဘုန်းကြီးကျောင်း လေးကျောင်းနှင့် အိမ် ၃၁၃ လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း နတ္တလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံး မှတ်တမ်းများအရ သိရသည်။

နတ္တလင်းမြို့နယ်အတွင်း၌ ယခုလ ၄ ရက်နေ့ကလည်း လေပြင်းတိုက်ခတ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်သုံးခုနှင့် ကျေးရွာအုပ်စုကိုးခုမှ အိမ် ၁၅ လုံး ပြိုလဲခဲ့ကာ အိမ် ၂၅၁ လုံးနှင့် ဘုန်းတော်ကြီးကျောင်း ခြောက်ကျောင်း အမိုးလန်ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့် ပြည်သူများအတွက် ကျပ် ၁၂ သိန်းကျော်ကို မေလ ၈ ရက်နေ့ကပင် ထောက်ပံ့ပေးခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top