ကုန်​ကျစရိတ်
ဆက်​ဆံ​ရေး
ဝန်​​ဆောင်​မှု​တွေ
အားနည်းချက်
အကြံပြုချက်
Credit:ဦးဇော်မင်း
#Unicode Version# ဖြင့်ဖတ်ပါ ။
တိုးတက်ပြောင်းလဲမှုအပြည့်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကုတင် .၅၀၀  စင်္ကာပူ အလည်သွားရင်း ရုတ်တရက် မကျန်း မာ ဖြစ်သည်။ စင်္ကာပူနိုင်ငံက Tan Teck Song နိုင်ငံတကာ ဆေးရုံကြီးတွင် တညတာ အရေးပေါ်ဆေးကု သမှုခံယူရ သည်။ နိုင်ငံတကာဆေးရုံးကြီးမို့ ချီးမွမ်းခန်းမဖွင့်တော့။ အလွန်ကောင်းသည်ဆိုလျှင် ပြည့်စုံပြီ။
ကနဦး စစ်ဆေးချက်အရ အဆုပ်ကင်ဆာ ဆဲလ်များ ဦးနှောက်ထဲ ပျံ့နေသည်။ အသက်အန္တရာယ်ရှိသည်။ ချက်ချင်း ကုသ ရန် လိုသည်။  ရောဂါရှာဖွေခြင်းအတွက် စင်္ကာပူဒေါ်လာ ၅ ထောင်ခန့် ကုန်ကျနိုင်သည်ဟု အကြမ်းဖျဉ်း တွက်ချက်၏။  စင်္ကာပူဆေးရုံမှ မြန်မာနိုင်ငံဆေးရုံသို့ လွဲွှပေးရန်မေတ္တာရပ်ခံပြီး ဆေးရုံမှ လက်မှတ်ထိုး ဆင်းခဲ့သည်။
မေ ၂၀ ရက်ရန်ကုန်ရောက်၊ အဆုပ်နှင့်ရင်ခေါင်း ပါမောက္ခ ဆရာမကြီး ဒေါ်တိုးစန္ဒာထံ ပြသပြီး ရန်ကုန်ဆေးရုံကြီး ကုတင် ၅၀၀ အဆုပ်နှင့် ရင်ခေါင်းအဆောင်တွင် အတွင်းလူနာအဖြစ် ကုသရသည်။  ပြင်ပလူနာဌာနတွင် မှတ်ပုံတင်ပြီး ကုတင်နေရာ ချပြီးသည်နှင့် ဆေးစာပေါ်တွင် Urgent စာလုံးများဖြင့် ကုသမှုကို တရစပ် စတင်သည်။
အဆုပ်မှန်ပြောင်းကြည့်ခြင်း၊ ဦးနှောက် CT Scan ရိုက်ခြင်း၊ Ultra Sound ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ ဦးနှောက် ဓာတ်ကင်ခြင်း .ကင်ဆာဆေးသွင်းရန် နှလုံးစစ်ဆေးခြင်း အဆုပ်ထဲက အသားစထုတ်ယူဓာတ်ခွဲခြင်း စသည်တို့ကို အစဉ် အလိုက် စနစ်တကျ ဆောင်ရွက်ပေးသည်။
ကုန်ကျစရိတ်
ပြင်ပဓာတ်ခွဲခန်းတွင် အသားစဓာတ်ခွဲရန် ၃၀၀၀၀ ကျပ် နှာခေါင်းပိုက်ဖြင့် အဆုပ်ကြည့်ရန် ဆေးရည်ဝယ် ၂၀၅၀ဝိ (တရားဝင်ပြေစာဖြင့်) နှလုံးစစ်ဆေးစဉ် ဆေးရည်ဝယ် ၁၀၀၀ဝိ (တရားဝင်ပြေစာဖြင့်)  ယခု ဆေးရုံတက်ရက် ၇ ရက်အတွင်း ကုန်ကျစရိတ် ဖြစ်ပါသည်။
ဆက်ဆံရေး
တာဝန်ခံဆရာဝန်ကြီး ပါမောက္ခ ဒေါ်တိုးစန္ဒာက တနေ့ ၂ ကြိမ် လူနာများ လှည့်ကြည့်စဉ် ရောဂါအခြေအနေ၊ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ ရှေ့ဆက်ကုသမည့်အစီအစဉ်တို့ကို အသေးစိတ်ရှင်းပြသည်။ လက်ထောက် ဆရာဝန်၊ဆရာမ၊သူနာပြုများကလည်း နွေးထွေးသည်။  အလွန်စိတ်ချမ်းသာရပါသည်။ ရောဂါတဝက် သက်သာရာရပါသည်။
ဝန်ဆောင်မှုတွေ
လူနာစောင့်များ နားနေရန်နေရာများ၊ လူနာနှင့် လူနာစောင့်များ ထမင်းစားစားပွဲ၊ သန့်စင်ခန်း နှင့် ဘေစင်များ ပြည့်စုံမှု၊ သန့်ရှင်းရေး ကောင်းမွန်မှု၊ ရေအလုံအလောက် ရရှိမှု .ပန်ကာ လုံလောက်မှု၊ သောက်ရေသန့် လုံလောက်မှု၊ အဝတ်လှန်းရန်စင်မှအစ ပြုလုပ်ထားရှိမှု၊ အနံ့အသက် ကင်းစင်မှု {မြင်သလောက်}
အားနည်းချက်
ပြင်ပလူနာဌာနတခုတည်းတွင် အသည်း၊အဆုတ်၊ရင်ခေါင်း စုပြုံထားသဖြင့် လူနာများ ပြည့်ကြပ်နေခြင်း ညပိုင်း လူနာစောင့်များ မကန့်သတ်သဖြင့် တချို့လူနာများ လူနာစောင့် ၁၀ ယောက်ခန့်ထိ မလိုအပ်ပဲ စောင့်ကြပ်နေခြင်း  လူနာနှင့် လူနာစောင့်များ  .ဒေသအသီးသီး၊ အလွှာအသီးသီး၊ လူတန်းစား အသီးသီး ဖြစ်သဖြင့် ရေလောင်း အိမ်သာ မသုံးတတ်သူများ၊ အမှိုက် စနစ်တကျ မပစ်သူများ၊ ဘေစင်တွေမှာ ကွမ်းတံတွေးထွေးခြင်း၊ စကား ကျယ်လောင်စွာပြောဆိုခြင်း ညအချိန်မတော် အငြိမ့်၊ဟာသ၊ဗီဒီယိုများကို ဖုန်းဖြင့် ကျယ်လောင်စွာဖွင့်ခြင်း
အကြံပြုချက်
ရန်ကုန်ဆေးရုံကြီးတွင် အားကိုးလောက်သည်အထိ စောင့်ရှောက်မှုကောင်းမွန်ပါသဖြင့် ယုံကြည် စိတ်ချစွာ ဆေးရုံတက်ရောက်ကုသနိုင်ကြပါရန် အကြံပြု အပ်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:ဦးဇော်မင်း
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top