အာကာသႏွင့္ ပတ္သက္ၿပီး.. လာမယ့္ ၂၀၁၉ ခုႏွစ္ ေမလအတြင္းမွာ ထူးျခားမယ့္ ျဖစ္စဥ္အခ်ိဳ႕ကို အာကာသႏွင့္စၾကဝဠာ စာဖတ္ပရိတ္သတ္မ်ားအတြက္ ေရးသားတင္ဆက္ေပးလိုက္ပါတယ္..။

လက္ရွိ လဆန္းပိုင္းမွာ အထူးေရပန္းစား သတိျပဳသင့္တာကေတာ့ စူပါ ဆိုင္ကလံုးမုန္တိုင္းႀကီး ဖာနီ (Fani) ျဖစ္ပါတယ္။ ျပင္းထန္တဲ့ ေလဖိအားနည္းရပ္ဝန္းတစ္ခုအတြင္းသို႔ ႀကီးမားတဲ့ ေလစိုင္မ်ား လွည့္ပတ္စီးဝင္တိုက္ခတ္ျခင္းမွ “ေလမုန္တိုင္း” မ်ား ျဖစ္လာၾကပါတယ္။ “အပူပိုင္း ဆိုင္ကလံုး” ဆိုတာကေတာ့ အိႏၵိယသမုဒၵရာနဲ႔ ပစိဖိတ္ အေနာက္ေတာင္ေဒသေတြမွာ ျဖစ္တဲ့ မုန္တိုင္းမ်ားကို အမည္ေပးထားျခင္းျဖစ္ပါတယ္။ အီေကြတာရဲ႕ ေျမာက္ဘက္ျခမ္းမွာျဖစ္တဲ့ မုန္တိုင္းမ်ားဟာ နာရီလက္တံ ေျပာင္းျပန္လည္ပတ္ၾကပါတယ္။

(အတၱလန္တစ္ နဲ႔ ပစိဖိတ္ ေျမာက္ပိုင္းမွာ တိုက္ခတ္တဲ့ မုန္တိုင္းမ်ားကို “ဟာရီကိန္း” လို႔ေခၚပါတယ္။ ကာေရဘီယံေဒသရဲ႕ နတ္ဆိုး “ဟာရီကန္” ရဲ႕ အမည္ကို ယူထားတာပါ။ ပစိဖိတ္ အေနာက္ေျမာက္ပိုင္းေဒသမွာျဖစ္တဲ့ မုန္တိုင္းမ်ားကိုေတာ့ “တိုင္ဖြန္း” မုန္တိုင္းမ်ားလို႔ ေခၚၾကပါတယ္။ )

ေမလ (၅) ရက္ေန႔ဟာ ႏိုင္ငံတကာ အာကာသယာဥ္မွဴးမ်ားေန႔ျဖစ္ပါတယ္။ အဲ့ဒီ့ေန႔ည သန္းေခါင္ယံမွာေတာ့ အေရွ႕ဘက္ေကာင္းကင္ကေန ၾကယ္မ်ားက်ဆင္းျခင္း (ၾကယ္ေႂကြျခင္း) ျဖစ္စဥ္ကို ကုမ္ရာသီ ၾကယ္တာရာမ်ားအနီးမွာ ရွာေတြ႕ႏိုင္ပါတယ္။ ဒါေပမယ့္လည္း အေရွ႕ဘက္မိုးကုတ္စက္ဝိုင္းနဲ႔ သိပ္နီးတဲ့ (၂၆ ဒီဂရီအျမင့္) ေလာက္မွာျဖစ္မွာမို႔ သိသာလြန္းျခင္းေတာ့ မရွိေလာက္ပါ။

ေမလ (၁၈) ရက္ေန႔မွာျပည့္မယ့္ ကဆုန္လျပည့္ ကိုေတာ့ အျပာေရာင္လ (Blue Moon) လို႔ အမည္ေပးထားပါတယ္။ ရာသီတစ္ခုအတြင္းမွာ စတုထၳေျမာက္လျပည့္ျဖစ္ျခင္းကို အျပာေရာင္လ လို႔ တင္စားေခၚဆိုၾကပါတယ္။ ဂ်ဴပီတာၿဂိဳဟ္ႀကီးကလည္း ပတ္လမ္းေၾကာင္းမွာ ကမ႓ာနဲ႔ ျပန္နီးလာၿပီမို႔ ထင္ထင္ရွားရွားနဲ႔ တညလံုးနီးပါး ျမင္ေတြ႕ရေတာ့မွာပါ။ ေသာၾကာၿဂိဳဟ္ေလးကေတာ့ ေနရဲ႕အနားေရာက္ရွိေနလို႔ ယခုရက္ပိုင္း (အာရံုတက္ခါနီး အခ်ိန္မွလြဲလို႔) ျမင္ေတြ႕ရဖို႔ခက္ေနပါတယ္။

အခုရက္ပိုင္း အလုပ္ေတြမအားလပ္လို႔ ေဆာင္းပါးေလးေတြ သိပ္မတင္ျဖစ္ပါ။ အခ်ိန္ရလွ်င္ ရသလို အာကာသ သတင္းေဆာင္းပါးေလးေတြ ေရးသားပါဦးမည္။

အာကာသႏွင့္ စၾကဝဠာရဲ႕ စာဖတ္ပရိတ္သတ္မ်ားအားလံုး က်န္းမာေပ်ာ္ရႊင္တဲ့ လူမႈဘဝမ်ား ပိုင္ဆိုင္ႏိုင္ၾကပါေစ…။

အနာဂတ္ပညာေရးအတြက္..

သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:အာကာသ ႏွင့္ စၾက၀ဠာ

#Unicode Version# ျဖင့္ဖတ္ပါ ။

အာကာသနှင့် ပတ်သက်ပြီး.. လာမယ့် ၂၀၁၉ ခုနှစ် မေလအတွင်းမှာ ထူးခြားမယ့် ဖြစ်စဉ်အချို့ကို အာကာသနှင့်စကြဝဠာ စာဖတ်ပရိတ်သတ်များအတွက် ရေးသားတင်ဆက်ပေးလိုက်ပါတယ်..။

လက်ရှိ လဆန်းပိုင်းမှာ အထူးရေပန်းစား သတိပြုသင့်တာကတော့ စူပါ ဆိုင်ကလုံးမုန်တိုင်းကြီး ဖာနီ (Fani) ဖြစ်ပါတယ်။ ပြင်းထန်တဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုအတွင်းသို့ ကြီးမားတဲ့ လေစိုင်များ လှည့်ပတ်စီးဝင်တိုက်ခတ်ခြင်းမှ “လေမုန်တိုင်း” များ ဖြစ်လာကြပါတယ်။ “အပူပိုင်း ဆိုင်ကလုံး” ဆိုတာကတော့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ် အနောက်တောင်ဒေသတွေမှာ ဖြစ်တဲ့ မုန်တိုင်းများကို အမည်ပေးထားခြင်းဖြစ်ပါတယ်။ အီကွေတာရဲ့ မြောက်ဘက်ခြမ်းမှာဖြစ်တဲ့ မုန်တိုင်းများဟာ နာရီလက်တံ ပြောင်းပြန်လည်ပတ်ကြပါတယ်။

(အတ္တလန်တစ် နဲ့ ပစိဖိတ် မြောက်ပိုင်းမှာ တိုက်ခတ်တဲ့ မုန်တိုင်းများကို “ဟာရီကိန်း” လို့ခေါ်ပါတယ်။ ကာရေဘီယံဒေသရဲ့ နတ်ဆိုး “ဟာရီကန်” ရဲ့ အမည်ကို ယူထားတာပါ။ ပစိဖိတ် အနောက်မြောက်ပိုင်းဒေသမှာဖြစ်တဲ့ မုန်တိုင်းများကိုတော့ “တိုင်ဖွန်း” မုန်တိုင်းများလို့ ခေါ်ကြပါတယ်။ )

မေလ (၅) ရက်နေ့ဟာ နိုင်ငံတကာ အာကာသယာဉ်မှူးများနေ့ဖြစ်ပါတယ်။ အဲ့ဒီ့နေ့ည သန်းခေါင်ယံမှာတော့ အရှေ့ဘက်ကောင်းကင်ကနေ ကြယ်များကျဆင်းခြင်း (ကြယ်ကြွေခြင်း) ဖြစ်စဉ်ကို ကုမ်ရာသီ ကြယ်တာရာများအနီးမှာ ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း အရှေ့ဘက်မိုးကုတ်စက်ဝိုင်းနဲ့ သိပ်နီးတဲ့ (၂၆ ဒီဂရီအမြင့်) လောက်မှာဖြစ်မှာမို့ သိသာလွန်းခြင်းတော့ မရှိလောက်ပါ။

မေလ (၁၈) ရက်နေ့မှာပြည့်မယ့် ကဆုန်လပြည့် ကိုတော့ အပြာရောင်လ (Blue Moon) လို့ အမည်ပေးထားပါတယ်။ ရာသီတစ်ခုအတွင်းမှာ စတုထ္ထမြောက်လပြည့်ဖြစ်ခြင်းကို အပြာရောင်လ လို့ တင်စားခေါ်ဆိုကြပါတယ်။ ဂျူပီတာဂြိုဟ်ကြီးကလည်း ပတ်လမ်းကြောင်းမှာ ကမ္ဘာနဲ့ ပြန်နီးလာပြီမို့ ထင်ထင်ရှားရှားနဲ့ တညလုံးနီးပါး မြင်တွေ့ရတော့မှာပါ။ သောကြာဂြိုဟ်လေးကတော့ နေရဲ့အနားရောက်ရှိနေလို့ ယခုရက်ပိုင်း (အာရုံတက်ခါနီး အချိန်မှလွဲလို့) မြင်တွေ့ရဖို့ခက်နေပါတယ်။

အခုရက်ပိုင်း အလုပ်တွေမအားလပ်လို့ ဆောင်းပါးလေးတွေ သိပ်မတင်ဖြစ်ပါ။ အချိန်ရလျှင် ရသလို အာကာသ သတင်းဆောင်းပါးလေးတွေ ရေးသားပါဦးမည်။

အာကာသနှင့် စကြဝဠာရဲ့ စာဖတ်ပရိတ်သတ်များအားလုံး ကျန်းမာပျော်ရွှင်တဲ့ လူမှုဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ…။

အနာဂတ်ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

ဖိုးသူတော် (www.phothutaw.com)
Credit:အာကာသ နှင့် စကြဝဠာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top