ေဖေဖနဲ႕ေမေမတို႕မွာဆိုရင္ သားသမီးေတြနဲ႕တရင္းတႏွီးပိုေနတတ္ၾကတာ ေမေမတို႕နဲ႕ပါ။ ငယ္စဥ္အခ်ိန္အခါကသာ သားအမိေတြၾကားထဲ နီးနီးကပ္ကပ္နဲဲ႕ရင္းႏွီးခ်စ္ခင္တတ္ၾကေပမယ့္ ဆယ္ေက်ာ္သက္ဘဝေရာက္လာကတည္းက အခ်ိန္မေးႏိုင္တာေတြ၊အသက္အရြယ္ရလာ တာေတြေၾကာင့္ မိဘေတြနဲ႕ အလိုလိုကို တီတီတာတာေျပာၿပီး ၾကင္ၾကင္နာနာမေန တတ္ၾကေတာ့တာ သဘာဝပါပဲ။

သားသမီးေတြရဲ႕လိုအင္ဆႏၵေတြ ဘာေတြျဖစ္ေနသလဲဆိုတာေတြကို ွဆဌမအာရံုနဲ႕သိျမင္ႏို္င္တဲ့ ေမေမတို႕အတြက္ကေတာ့ တရင္းတႏွီးမေနျဖစ္ေတာ့ေပမယ့္လည္း အျမဲလိုလိုဂရုတစိုက္ရွိေနတတ္ပါတယ္။

သားသမီးေတြအလုပ္ေတြရလို႕ အသက္ႀကီးသြားရင္ေတာင္မွပဲ အရာရာလိုက္စိတ္ပူေနတတ္ၿပီး ကေလးတစ္ေယာက္သဖြယ္ အျမဲတမ္းေႏြးေႏြးေထြးေထြးရွိတတ္ၾကေပမယ့္ အေနစိမ္းတဲ့သားသမီးေတြရဲ႕အျပဳအမူေၾကာင့္ ေမေမတို႕ခင္ဗ်ာမွာလည္း တခိ်ဳ႕အခိ်န္ေတြရွိန္ကာ အရင္ကေလာက္ တရင္းတႏွီးမရွိတတ္ၾကေတာ့ပါဘူး။

မရွိေတာ့မွေနာင္တမရရေအာင္လို႕ ကိုယ့္ေမေမရွိေနစဥ္မွာ တတ္စြမ္းတာထက္ပိုၿပီးခ်စ္ခင္ကာ ႏွစ္ေယာက္တည္း ၾကည္ၾကည္ႏူးႏူးအခ်ိန္ျဖဳန္းၾကဖို႕ တိုက္တြန္းခ်င္ပါတယ္။ မအားလပ္ေတာင္မွ တစ္ႏွစ္မွာ တစ္ပတ္ေလာက္ေတာ့ အနည္းဆံုးအခ်ိန္ေပးၿပီး ႏွစ္ေယာက္တည္း ပတ္ဝန္းက်င္အသစ္ေတြဆီကို ခရီးထြက္ၾကည့္ၾကပါ။

ဒီလိုလုပ္ေပးခဲ့ရင္ ဘယ္လိုမ်ိဳး အဖိုးမျဖတ္ႏိုင္မယ့္ အက်ိဳးေက်းဇူးေတြကို ခံစားေစရမလဲဆိုတာကို ေအာက္မွာဆက္ဖတ္လိုက္ၾကပါဦးေနာ္။

(၁) ဘဝႀကီးရဲ႕တန္ဖိုးအႀကီးမားဆံုးလက္ေဆာင္

အရြယ္ေရာက္လာလို႕ ကိုယ္စီအလုပ္ေတြနဲ႕ျဖစ္ေနခ်ိန္၊ ေမေမ့ကိုကိုယ့္လခထဲက ပစၥည္းေတြဝယ္ေပးတာ၊ အသံုးစရိတ္ေပးတာေတြထက္ အခ်ိန္ေလးသီးသန္႕ေပးၿပီး ခရီးအတူတူထြက္တာဟာ သူတို႕စိတ္ထဲ က်န္တာေတြထက္ ပိုၾကည္ႏူးေပ်ာ္ရႊင္ရသလို တျဖည္းျဖည္းတိုတိုလာတဲ့လူ႕သက္တမ္းမွာလည္း ဒီအခိုက္အတန္႕ေလးေတြဟာ ေနာင္တစ္ခ်ိန္မွာ အဖိုးမျဖတ္ႏိုင္တဲ့ ဘဝရဲ႕လက္ေဆာင္ေတြအျဖစ္ ျပန္ခံစားမိေစမွာပါ။



(၂) တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုသိလာလိမ့္မယ္

လူဆိုတာ အသက္အရြယ္နဲ႕လိုက္ၿပီး စိတ္ေနစိတ္ထားေတြ၊ အေျခအေနေတြဆိုတာ ေျပာင္းလဲတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္ငယ္ငယ္တုန္းက သိခဲ့တဲ့ေမေမဟာ အရမ္းက်န္းမာသန္စြမ္းၿပီး စိတ္ဓာတ္ခြန္အားအျပည့္နဲ႕ ျဖစ္ခ်င္ျဖစ္ေနခဲ့ေပမယ့္ ဇရာရလာတာနဲ႕အမွ် အားငယ္စိတ္ေလးေတြဝင္တတ္တာမ်ိဳး၊ ခါးနာတာ ဒူးနာတာ စတာေတြကို မေျပာဘဲကိုယ့္နည္းကုိယ့္ဟန္နဲ႕ကုသေနတာလိုမ်ိဳး က်န္းမာေရးအေျခအေနမ်ိဳးေတြအျပင္၊ သားသမီးေျမးျမစ္ေတြနဲ႕သူစိတ္ထဲမွာ ပံုေဖာ္ထားတဲ့အရာမ်ိဳးေလးေတြကိုလည္း ခရီးသြားရင္း အမွတ္မထင္သိႏုိင္တဲ့အတြက္ ကုိယ့္ဘက္ကလည္း ျဖည့္ဆည္းေပးလို႕ ရႏို္င္တာေပါ့။

(၃) တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္

ဘဝမွာဘယ္လိုသြားၿပီး ဘာေလးေတာ့လုပ္မယ္ဆိုတဲ့ ရည္မွန္းခ်က္မ်ိဳး ထားထားတာလူတိုင္းမွာ ရွိၾကမယ္ထင္ပါတယ္။ ဒီလို bucket list ေလးေတြဟာ တစ္ေယာက္နဲ႕တစ္ေယာက္ တုိက္တိုက္ဆိုင္ဆိုင္တူေနတာမ်ိဳးေတြလည္း ရွိတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ္လည္းကိုယ္ျဖစ္ခ်င္တာျဖစ္ရတယ္၊ ေမေမ့ကိုလည္းအခ်ိန္ေပးၿပီးသားလည္းျဖစ္ သူသြားခ်င္တဲ့ေနရာကိုလည္း လိုက္ပို႕ၿပီးျဖစ္ေအာင္လို႕ ႏွစ္ေယာက္သား စိတ္ထဲမွာေတးထားတဲ့ ခရီးသြားဆႏၵေတြကို တိုင္ပင္ၾကၿပီး ထပ္တူညီတာမ်ိဳးရွိရင္ အတူတူသြားၾကည့္လိုက္ပါ။ ၿပီးျပည့္စံုတဲ့ တစ္ခ်က္ခုတ္၊ ႏွစ္ခ်က္ျပတ္ခံစားမႈမ်ိဳး သင္ခံစားရပါလိမ့္မယ္။

(၄) အားနာစိတ္ေတြကိုပယ္ေပ်ာက္ေစျခင္း

တစ္ႏွစ္ပတ္လံုး ေက်ာင္းကိစၥ၊ အလုပ္ကိစၥေတြနဲ႕ မအားမလပ္ျဖစ္ေနခဲ့လို႕ တစ္ပတ္မွာတစ္ခါေတာင္ ေမေမနဲ႕စကားေကာင္းေကာင္းမျေပာျဖစ္မိတဲ့အခ်ိန္မ်ိဳးေတြ ရွိခဲ့မွာပါ။ တခ်ိဳ႕အခ်ိန္ေတြဆို ငါေမေမ့ကိုအခ်ိန္ေပးဦးမွဆိုၿပီး ေတြးထားေပမယ့္လည္း အေရးႀကီးတဲ့ကိစၥေတြ ေပၚလာတတ္လို႕ ပ်က္ေပါင္းရလည္း မ်ားေနၿပီ၊ ဒါေၾကာင့္လည္း ေမေမ့ကိုစိတ္ထဲႀကိတ္ၿပီး အားနာရတဲ့ အခိုက္အတန္႕မ်ိဳးေတြ ရွိဖူးမွာပါ။

အဲဒီလုိအျပစ္ရွိသလို အားနာရတဲ့စိတ္ေတြကို ပယ္ေဖ်ာက္ေစဖို႕အတြက္ ၃၆၅ ရက္မွာ ၇ ရက္ေလာက္သာ အခ်ိန္ေပးၿပီး နွစ္ေယာက္တည္း ခရီးထြက္ကာ ေမေမ့ကိုဂရုစိုက္ေပးၾကည့္ လိုက္ပါလား။

(၅) တိုေတာင္းလွတဲ့ဘဝႀကီးမွာ ေမေမနဲ႕အတူအဖိုးမျဖတ္ႏို္င္တဲ့အမွတ္တရေတြကို ဖန္တီးလိုက္ပါ။

နီးနီးေဝးေဝး ခရီးသြားရင္း ဓာတ္ပံုေလးေတြရိုက္မယ္၊ ဗီဒီယိုေလးေတြရိုက္ထားမယ္၊ ေမေမလိုခ်င္တာကို ဝယ္ေပးၿပီး စိတ္ခ်မ္းသာေအာင္ထားၾကည့္ပါ။ ဘဝဆိုတာတုိတိုေလးမို႕ လြန္ကာမွလြမ္းဆြတ္ၿပီး ေနာင္တမရၾကပါနဲ႕။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ဖေဖေနဲ့မေမေတို့မှာဆိုရင် သားသမီးတွေနဲ့တရင်းတနှီးပိုနေတတ်ကြတာ မေမေတို့နဲ့ပါ။ ငယ်စဉ်အချိန်အခါကသာ သားအမိတွေကြားထဲ နီးနီးကပ်ကပ်နဲ့ရင်းနှီးချစ်ခင်တတ်ကြပေမယ့် ဆယ်ကျော်သက်ဘဝရောက်လာကတည်းက အချိန်မေးနိုင်တာတွေ၊အသက်အရွယ်ရလာ တာတွေကြောင့် မိဘတွေနဲ့ အလိုလိုကို တီတီတာတာပြောပြီး ကြင်ကြင်နာနာမနေ တတ်ကြတော့တာ သဘာဝပါပဲ။

သားသမီးတွေရဲ့လိုအင်ဆန္ဒတွေ ဘာတွေဖြစ်နေသလဲဆိုတာတွေကို ှဆဌမအာရုံနဲ့သိမြင်နိုင်တဲ့ မေမေတို့အတွက်ကတော့ တရင်းတနှီးမနေဖြစ်တော့ပေမယ့်လည်း အမြဲလိုလိုဂရုတစိုက်ရှိနေတတ်ပါတယ်။

သားသမီးတွေအလုပ်တွေရလို့ အသက်ကြီးသွားရင်တောင်မှပဲ အရာရာလိုက်စိတ်ပူနေတတ်ပြီး ကလေးတစ်ယောက်သဖွယ် အမြဲတမ်းနွေးနွေးထွေးထွေးရှိတတ်ကြပေမယ့် အနေစိမ်းတဲ့သားသမီးတွေရဲ့အပြုအမူကြောင့် မေမေတို့ခင်ဗျာမှာလည်း တချို့အချိန်တွေရှိန်ကာ အရင်ကလောက် တရင်းတနှီးမရှိတတ်ကြတော့ပါဘူး။

မရှိတော့မှနောင်တမရရအောင်လို့ ကိုယ့်မေမေရှိနေစဉ်မှာ တတ်စွမ်းတာထက်ပိုပြီးချစ်ခင်ကာ နှစ်ယောက်တည်း ကြည်ကြည်နူးနူးအချိန်ဖြုန်းကြဖို့ တိုက်တွန်းချင်ပါတယ်။ မအားလပ်တောင်မှ တစ်နှစ်မှာ တစ်ပတ်လောက်တော့ အနည်းဆုံးအချိန်ပေးပြီး နှစ်ယောက်တည်း ပတ်ဝန်းကျင်အသစ်တွေဆီကို ခရီးထွက်ကြည့်ကြပါ။

ဒီလိုလုပ်ပေးခဲ့ရင် ဘယ်လိုမျိုး အဖိုးမဖြတ်နိုင်မယ့် အကျိုးကျေးဇူးတွေကို ခံစားစေရမလဲဆိုတာကို အောက်မှာဆက်ဖတ်လိုက်ကြပါဦးနော်။

(၁) ဘဝကြီးရဲ့တန်ဖိုးအကြီးမားဆုံးလက်ဆောင်

အရွယ်ရောက်လာလို့ ကိုယ်စီအလုပ်တွေနဲ့ဖြစ်နေချိန်၊ မေမေ့ကိုကိုယ့်လခထဲက ပစ္စည်းတွေဝယ်ပေးတာ၊ အသုံးစရိတ်ပေးတာတွေထက် အချိန်လေးသီးသန့်ပေးပြီး ခရီးအတူတူထွက်တာဟာ သူတို့စိတ်ထဲ ကျန်တာတွေထက် ပိုကြည်နူးပျော်ရွှင်ရသလို တဖြည်းဖြည်းတိုတိုလာတဲ့လူ့သက်တမ်းမှာလည်း ဒီအခိုက်အတန့်လေးတွေဟာ နောင်တစ်ချိန်မှာ အဖိုးမဖြတ်နိုင်တဲ့ ဘဝရဲ့လက်ဆောင်တွေအဖြစ် ပြန်ခံစားမိစေမှာပါ။

(၂) တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာလိမ့်မယ်

လူဆိုတာ အသက်အရွယ်နဲ့လိုက်ပြီး စိတ်နေစိတ်ထားတွေ၊ အခြေအနေတွေဆိုတာ ပြောင်းလဲတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်ငယ်ငယ်တုန်းက သိခဲ့တဲ့မေမေဟာ အရမ်းကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဖြစ်ချင်ဖြစ်နေခဲ့ပေမယ့် ဇရာရလာတာနဲ့အမျှ အားငယ်စိတ်လေးတွေဝင်တတ်တာမျိုး၊ ခါးနာတာ ဒူးနာတာ စတာတွေကို မပြောဘဲကိုယ့်နည်းကိုယ့်ဟန်နဲ့ကုသနေတာလိုမျိုး ကျန်းမာရေးအခြေအနေမျိုးတွေအပြင်၊ သားသမီးမြေးမြစ်တွေနဲ့သူစိတ်ထဲမှာ ပုံဖော်ထားတဲ့အရာမျိုးလေးတွေကိုလည်း ခရီးသွားရင်း အမှတ်မထင်သိနိုင်တဲ့အတွက် ကိုယ့်ဘက်ကလည်း ဖြည့်ဆည်းပေးလို့ ရနိုင်တာပေါ့။

(၃) တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်

ဘဝမှာဘယ်လိုသွားပြီး ဘာလေးတော့လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်မျိုး ထားထားတာလူတိုင်းမှာ ရှိကြမယ်ထင်ပါတယ်။ ဒီလို bucket list လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်တူနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။

ဒါကြောင့် ကိုယ်လည်းကိုယ်ဖြစ်ချင်တာဖြစ်ရတယ်၊ မေမေ့ကိုလည်းအချိန်ပေးပြီးသားလည်းဖြစ် သူသွားချင်တဲ့နေရာကိုလည်း လိုက်ပို့ပြီးဖြစ်အောင်လို့ နှစ်ယောက်သား စိတ်ထဲမှာတေးထားတဲ့ ခရီးသွားဆန္ဒတွေကို တိုင်ပင်ကြပြီး ထပ်တူညီတာမျိုးရှိရင် အတူတူသွားကြည့်လိုက်ပါ။ ပြီးပြည့်စုံတဲ့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ခံစားမှုမျိုး သင်ခံစားရပါလိမ့်မယ်။

(၄) အားနာစိတ်တွေကိုပယ်ပျောက်စေခြင်း

တစ်နှစ်ပတ်လုံး ကျောင်းကိစ္စ၊ အလုပ်ကိစ္စတွေနဲ့ မအားမလပ်ဖြစ်နေခဲ့လို့ တစ်ပတ်မှာတစ်ခါတောင် မေမေနဲ့စကားကောင်းကောင်းမြပောဖြစ်မိတဲ့အချိန်မျိုးတွေ ရှိခဲ့မှာပါ။ တချို့အချိန်တွေဆို ငါမေမေ့ကိုအချိန်ပေးဦးမှဆိုပြီး တွေးထားပေမယ့်လည်း အရေးကြီးတဲ့ကိစ္စတွေ ပေါ်လာတတ်လို့ ပျက်ပေါင်းရလည်း များနေပြီ၊ ဒါကြောင့်လည်း မေမေ့ကိုစိတ်ထဲကြိတ်ပြီး အားနာရတဲ့ အခိုက်အတန့်မျိုးတွေ ရှိဖူးမှာပါ။

အဲဒီလိုအပြစ်ရှိသလို အားနာရတဲ့စိတ်တွေကို ပယ်ဖျောက်စေဖို့အတွက် ၃၆၅ ရက်မှာ ၇ ရက်လောက်သာ အချိန်ပေးပြီး နှစ်ယောက်တည်း ခရီးထွက်ကာ မေမေ့ကိုဂရုစိုက်ပေးကြည့် လိုက်ပါလား။

(၅) တိုတောင်းလှတဲ့ဘဝကြီးမှာ မေမေနဲ့အတူအဖိုးမဖြတ်နိုင်တဲ့အမှတ်တရတွေကို ဖန်တီးလိုက်ပါ။

နီးနီးဝေးဝေး ခရီးသွားရင်း ဓာတ်ပုံလေးတွေရိုက်မယ်၊ ဗီဒီယိုလေးတွေရိုက်ထားမယ်၊ မေမေလိုချင်တာကို ဝယ်ပေးပြီး စိတ်ချမ်းသာအောင်ထားကြည့်ပါ။ ဘဝဆိုတာတိုတိုလေးမို့ လွန်ကာမှလွမ်းဆွတ်ပြီး နောင်တမရကြပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top