Credit:AyeSay
# Unicode Version # ဖြင့် ဖတ်ပါ #
၁။ လူသန်းပေါင်း ၁ ထောင်က အင်္ဂလိပ် လိုပြောပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူ ၇ ယောက်ကို ၁ ယောက်နှုန်းရှိပါတယ်။
၂။ ကွန်ပျူတွေအကုန်လုံးမှာသိမ်းထားတဲ့ ၈၀ ရာခိုင်နှုန်းသောအချက်အလက်တွေဟာအင်္ဂလိပ်လိုပါပဲ။
၃။ ‘I’, ‘We’, ‘Two’, ‘Three’ စတဲ့ အင်္ဂလိပ် စာလုံးတွေဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကနေရှိခဲ့တာဖြစ်ပြီး ရှေးအကျဆုံးဖြစ်ပါတယ်။
၄။ သရမပါတဲ့အရှည်ဆုံး အင်္ဂလိပ် စာကလုံးက ‘Rhythms’ ဖြစ်ပါတယ်။
၅။ ၉၈ မိနစ်တိုင်းမှာ အင်္ဂလိပ် ဘာသာနဲ့စကားလုံးအသစ်တစ်လုံးကိုတီထွင်ကြပါတယ်။
၆။ သတို့သမီး ‘Bride’ ဆိုတဲ့စကားလုံးဟာ ပရိုတိုဂျာမန်စကားလုံးဟောင်းတစ်လုံးကနေဆင်းသက်လာတာဖြစ်ပြီး ချက်ပြုတ်ရန် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။
၇။ အပေါင်စာချုပ် ‘Mortgage’ ဆိုတဲ့စကားလုံးဟာ ပြင်သစ်စ ကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး သေခြင်းစာချုပ်လို့အဓိပ္ပါယ်ရတယ်လို့ဆိုပါတယ်။
၈။ အင်္ဂလိပ် စာကိုရေးသိမျှရဲ့ ၉၀ % ဟာ စာလုံး ၁၀၀၀ ကိုသာအသုံးပြုထားတာဖြစ်တယ်ဆိုပါတယ်။
၉။ အချိန် Time ဆိုတဲ့စကားလုံးဟာမကြာခဏအသုံးအများဆုံးစာလုံးဖြစ်ပါတယ်တဲ့။
၁၀။ အခြားစကားလုံးများထက် s နှင့် စသောစကားလုံးများမှာအများဆုံးဖြစ်သည်။
၁၁။ Nigeria တွင် UK ထက်အင်္ဂလိပ်စကားပြောတဲ့သူပိုများပါတယ်။
၁၂။ တစ်သံထွက်သောအရှည်ဆုံးအင်္ဂလိပ်စကားလုံးမှာ screeched ဖြစ်ပါတယ်။
၁၃။ ၁၉ ရာစုမတိုင်ခင်က သရုပ်ဆောင်များ Actors ဆိုသည့်စကားလုံးမဟုတ်ဘဲ သူတော်ကောင်းယောင်ဆောင်သူများ Hypocrites ဖြစ်ပါတယ်။
၁၄။ အင်္ဂလိပ်ဘာသာတွင် အတိုဆုံးနှင့် ပြည့်စုံသောဝါကျမှာ Go ဖြစ်ပါတယ်။
၁၅။ LOL (Laughing Out Loud) ဆိုသောစကားလုံးကို ၂၀၁၁ တွင် Oxford အဘိဓာန်ကအသိအမှတ်ပြုထည့်သွင်းလိုက်ပါတယ်။
၁၆။ အက္ခရာတစ်လုံးကိုနှစ်ခါမထပ်ဘဲရွတ်ဆိုနိုင်သော အရှည်ဆုံးစကားလုံးမှာ uncopyrightable ဖြစ်ပါတယ်။
၁၇။ အရှည်ဆုံးစကားလုံးမှာ အက္ခရာ ၄၅ လုံးပါဝင်ပါတယ်။ pneumonoultramicroscopicsilicovolcanoconiosis ဖြစ်ပြီး ပြာများနှင့်သဲမှုန့်များကို
ရှုရှိုက်မိရာမှဖြစ်ပွားသောအဆုတ်ရောဂါဖြစ်ပါတယ်။
၁၈။ month, orange, silver, purple စသောစကားလုံးများနှင့် ကာရန်ညီသောစကားလုံးများမရှိပါ။
၁၉။ သရငါးလုံးတစ်ဆက်တည်းပါသော စကားလုံးမှာ Queueing ဖြစ်ပါတယ်။
၂၀။ pronounciation ဆိုသောစကားလုံးဟာ အသံထွက်အမှားအများဆုံးသောစကားလုံးဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:AyeSay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top