ပရိသတ္ေတြအားက်ရျပီး သာယာေပ်ာ္ရႊင္တဲ့မိသားစုဘ၀ကိုပိုင္ဆိုင္ထားတဲ့ သရုပ္ေဆာင္ ဇဏ္ခီနဲ ့ ဒါရိုက္တာ ခရစၥတီးနားခီတို ့ကေတာ့ လက္႐ွိအခ်ိန္မွာ ျပည္သူေတြက ခ်စ္တဲ့ အႏုပညာ႐ွင္ေတြျဖစ္ေနၾကၿပီး ျပည္သူက ေပးတဲ့ ျပည္သူ႔အကယ္ဒမီကုိလည္း ရထားၾကတဲ့သူေတြ ျဖစ္ပါတယ္။ ဇဏ္ခီကေတာ့ ဇနီးျဖစ္သူ ခရစၥတီးနားခီအတြက္ သီခ်င္းတစ္ပုဒ္စပ္ထားတယ္ဆုိတဲ့အေၾကာင္းကုိ MC ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖသြားခဲ့ပါတယ္။

ဇဏ္ခီက “သူ႔အတြက္ စပ္ထားတဲ့ သီခ်င္းတစ္ပုဒ္ေတာ့႐ွိတယ္။ ဘယ္လုိအေၾကာင္းအရာလဲဆုိေတာ့ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္ရဲ႕ အတူတူျဖတ္သန္းတဲ့ ပုံစံေလးပါပဲ။ တစ္ေယာက္နဲ႔တစ္ေယာက္ တြဲလက္ေတြ မျဖဳတ္ဘဲနဲ႔ေပါ့ေနာ္ ခက္ခဲတဲ့လမ္းေတြမွာ ျဖတ္သန္းတယ္ ဘာညာေပါ့ေလ။ ဒါေပမဲ့ သီခ်င္းေလးက ေတာ္ေတာ္ေကာင္းပါတယ္။ သူ႔ကုိလည္း ေပးနားေထာင္ေပးၿပီးပါၿပီ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ခရစၥတီးနားခီကလည္း “Final ေတာ့ နားမေထာင္ရေသးဘူးေပါ့ေနာ္ အစ္မသြားတုန္းက ဂီတာမၿပီးေသးဘူး သူကလည္း မဆုိရေသးဘူးေပါ့ေနာ္ ဒါေပမဲ့ အၾကမ္းပဲ ဆုိထားတယ္။ ဒါေပမဲ့ ကုိယ့္ကုိေရးတာဆုိေတာ့ ၾကဳိက္တာေပါ့ေနာ္။ ခံစားရပါတယ္ သူ႔ရဲ႕ ဒီ Music တုိ႔ Lyrics ေခၚမလား ဒီေရးသားသီဖြဲ႔မႈေလးေတြကုိ အစ္မ ႀကိဳက္တယ္ေပါ့ေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္။



အေခြထြက္မယ့္အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ဇဏ္ခီ” အေခြက ကြၽန္ေတာ္ Now And Ever ႐ုိက္ေနတုန္းက လုံးဝ ရပ္လုိက္တယ္။ အခုၿပီးတဲ့ အခ်ိန္မွာေတာ့ ဆက္သြင္း ျဖစ္တယ္ တီးတဲ့အပုိင္းေတြကေတာ့ ေနာက္ႏွစ္ရက္ေလာက္ဆုိၿပီးသြားၿပီ။ ဆုိတဲ့အပုိင္းပဲ လုိေတာ့တာေပါ့ေနာ္ အခု နည္းနည္း ဟုိးေန႔က ဖ်ားသြားေတာ့ ခ်က္ခ်င္းဆုိလုိ႔မရေသးဘူး ဖ်ားတာ ေပ်ာက္မွ စဆုိၿပီးေတာ့ ကြၽန္ေတာ္တုိ႔ေမွ်ာ္လင့္တာကေတာ့ ႏွစ္မကုန္ခင္မွာေတာ့ ပရိသတ္ေ႐ွ႕ေရာက္ေအာင္ ထုတ္ႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္။

မ်ားေသာအားျဖင့္က ကြၽန္ေတာ္ႀကိဳက္တာပဲ ကြၽန္ေတာ္ လုပ္တတ္တာဆုိေတာ့ေလ ပရိသတ္လည္း ၾကဳိက္လိမ့္မယ္လုိ႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမဲ့ ၾကဳိက္မွာပါ ကြၽန္ေတာ္ေတာ့ ေတာ္ေတာ္ ၾကဳိက္တယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ခရစၥတီးနားခီကလည္း ဇဏ္ခီရဲ႕ သီခ်င္းေတြနဲ႔ ပတ္သက္ၿပီး “ခံစားတယ္ အစ္မကသူ႔ကုိ အျမဲတမ္းေျပာတယ္ အစ္မႀကိဳက္ရင္ သူမေအာင္ျမင္တာ မ်ားတယ္။ အရင္အေခြတုန္းက ကုိယ္ၾကဳိက္တာေတြ ပါတယ္ေပါ့ေနာ္ ဒါေပမဲ့ မထင္မွတ္ဘဲနဲ႔ ပရိသတ္မၾကဳိက္ဘူးေပါ့။ အဲ့ေတာ့ သူ႔ကုိအျမဲတမ္းေျပာတယ္ ငါ့ကုိ လာမျပနဲ႔ ျပလုိက္ရင္ နင့္ကုိ ႀကိဳက္ခ်င္မွ ၾကဳိက္မွာေပါ့ေလ။



အစ္မကေတာ့ ေက်နပ္တယ္ ကုိေဇာ္လတ္တုိ႔ အုပ္စု ROS လည္း သူနဲ႔ ရင္းနီးေနတာ ေတာ္ေတာ္ၾကာၿပီ သူ႔အႏုပညာကုိယ့္အႏုပညာ ေလးေလးစားစားနဲ႔ ေသေသခ်ာခ်ာေလး လုပ္ေပးေနတာကုိ ေတြ႔ရေတာ့ ဝမ္းသာတယ္။ ျဖစ္သလုိ အေခြတစ္ေခြမဟုတ္ေနတဲ့ အတြက္လည္း အစ္မ ဂုဏ္ယူတယ္။ အိမ္ကေန ခဏခဏသြားတာကလြဲလုိ႔ေပါ့ေနာ္ ေန႔တုိင္း တစ္ခ်ိန္လုံး စတူဒီယုိမွာ လုိက္လုိက္ဖမ္းေနရတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #


ပရိသတ်တွေအားကျရပြီး သာယာပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကတော့ လက်ရှိအချိန်မှာ ပြည်သူတွေက ချစ်တဲ့ အနုပညာရှင်တွေဖြစ်နေကြပြီး ပြည်သူက ပေးတဲ့ ပြည်သူ့အကယ်ဒမီကိုလည်း ရထားကြတဲ့သူတွေ ဖြစ်ပါတယ်။ ဇဏ်ခီကတော့ ဇနီးဖြစ်သူ ခရစ္စတီးနားခီအတွက် သီချင်းတစ်ပုဒ်စပ်ထားတယ်ဆိုတဲ့အကြောင်းကို MC ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေသွားခဲ့ပါတယ်။

ဇဏ်ခီက “သူ့အတွက် စပ်ထားတဲ့ သီချင်းတစ်ပုဒ်တော့ရှိတယ်။ ဘယ်လိုအကြောင်းအရာလဲဆိုတော့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အတူတူဖြတ်သန်းတဲ့ ပုံစံလေးပါပဲ။ တစ်ယောက်နဲ့တစ်ယောက် တွဲလက်တွေ မဖြုတ်ဘဲနဲ့ပေါ့နော် ခက်ခဲတဲ့လမ်းတွေမှာ ဖြတ်သန်းတယ် ဘာညာပေါ့လေ။ ဒါပေမဲ့ သီချင်းလေးက တော်တော်ကောင်းပါတယ်။ သူ့ကိုလည်း ပေးနားထောင်ပေးပြီးပါပြီ။”လို့ ပြောသွားခဲ့ပါတယ်။

ခရစ္စတီးနားခီကလည်း “Final တော့ နားမထောင်ရသေးဘူးပေါ့နော် အစ်မသွားတုန်းက ဂီတာမပြီးသေးဘူး သူကလည်း မဆိုရသေးဘူးပေါ့နော် ဒါပေမဲ့ အကြမ်းပဲ ဆိုထားတယ်။ ဒါပေမဲ့ ကိုယ့်ကိုရေးတာဆိုတော့ ကြိုက်တာပေါ့နော်။ ခံစားရပါတယ် သူ့ရဲ့ ဒီ Music တို့ Lyrics ခေါ်မလား ဒီရေးသားသီဖွဲ့မှုလေးတွေကို အစ်မ ကြိုက်တယ်ပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

အခွေထွက်မယ့်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဇဏ်ခီ” အခွေက ကျွန်တော် Now And Ever ရိုက်နေတုန်းက လုံးဝ ရပ်လိုက်တယ်။ အခုပြီးတဲ့ အချိန်မှာတော့ ဆက်သွင်း ဖြစ်တယ် တီးတဲ့အပိုင်းတွေကတော့ နောက်နှစ်ရက်လောက်ဆိုပြီးသွားပြီ။ ဆိုတဲ့အပိုင်းပဲ လိုတော့တာပေါ့နော် အခု နည်းနည်း ဟိုးနေ့က ဖျားသွားတော့ ချက်ချင်းဆိုလို့မရသေးဘူး ဖျားတာ ပျောက်မှ စဆိုပြီးတော့ ကျွန်တော်တို့မျှော်လင့်တာကတော့ နှစ်မကုန်ခင်မှာတော့ ပရိသတ်ရှေ့ရောက်အောင် ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

များသောအားဖြင့်က ကျွန်တော်ကြိုက်တာပဲ ကျွန်တော် လုပ်တတ်တာဆိုတော့လေ ပရိသတ်လည်း ကြိုက်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကြိုက်မှာပါ ကျွန်တော်တော့ တော်တော် ကြိုက်တယ်။”လို့ပြောသွားခဲ့ပါတယ်။

ခရစ္စတီးနားခီကလည်း ဇဏ်ခီရဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး “ခံစားတယ် အစ်မကသူ့ကို အမြဲတမ်းပြောတယ် အစ်မကြိုက်ရင် သူမအောင်မြင်တာ များတယ်။ အရင်အခွေတုန်းက ကိုယ်ကြိုက်တာတွေ ပါတယ်ပေါ့နော် ဒါပေမဲ့ မထင်မှတ်ဘဲနဲ့ ပရိသတ်မကြိုက်ဘူးပေါ့။ အဲ့တော့ သူ့ကိုအမြဲတမ်းပြောတယ် ငါ့ကို လာမပြနဲ့ ပြလိုက်ရင် နင့်ကို ကြိုက်ချင်မှ ကြိုက်မှာပေါ့လေ။

အစ်မကတော့ ကျေနပ်တယ် ကိုဇော်လတ်တို့ အုပ်စု ROS လည်း သူနဲ့ ရင်းနီးနေတာ တော်တော်ကြာပြီ သူ့အနုပညာကိုယ့်အနုပညာ လေးလေးစားစားနဲ့ သေသေချာချာလေး လုပ်ပေးနေတာကို တွေ့ရတော့ ဝမ်းသာတယ်။ ဖြစ်သလို အခွေတစ်ခွေမဟုတ်နေတဲ့ အတွက်လည်း အစ်မ ဂုဏ်ယူတယ်။ အိမ်ကနေ ခဏခဏသွားတာကလွဲလို့ပေါ့နော် နေ့တိုင်း တစ်ချိန်လုံး စတူဒီယိုမှာ လိုက်လိုက်ဖမ်းနေရတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top