တပတ္အတြင္း သင့္ေနာက္ေက်ာက အဆီေတြ က်သြားေစမယ့္ ေလ့က်င့္ခန္း (၃) ခု
သင့္ရဲ႕ ေနာက္ေက်ာမွာ အဆီေတြ ထူထဲေနရင္ ဘာပဲဝတ္ဝတ္ အဆင္မေျပ ႏိုင္သလို၊ ကိုယ့္ကိုယ္ကို ယံုၾကည္မႈလည္း ေလ်ာ့က်ေစပါတယ္။ ဒီေတာ့ သင့္ရဲ႕ ေနာက္ေက်ာက အဆီေတြကို တစ္ပတ္အတြင္း က်သြားေစမယ့္ ကိရိယာလြတ္ အိမ္ ေနရင္း ေလ့က်င့္ခန္းေလး ေတြကို ေဖာ္ျပေပး လိုက္ပါတယ္။
ပံုမွန္ ေလ့က်င့္ခန္း ျပဳလုပ္ေပးဖို႔ မေမ့ပါနဲ႔ေနာ္။
နံပါတ္ (1) ေလ့က်င့္ခန္း
သင့္လက္ကို ရင္ဘတ္မွာ ၾကက္ေျခခတ္ ပံုစံထားပီး ေျခေထာက္ကို အနည္းငယ္ ဟ ထားပါ။ ကိုယ္ကို မတ္ေနေအာင္ ထားပီး အဲ့ဒီ့ ပံုစံအတိုင္း အေရွ႕ကို ကုန္းလိုက္ ျပန္ပီး ထလိုက္ ျပဳလုပ္ေပးပါ။ ပိုၿပီး ထိေရာက္ေစ ခ်င္ရင္ေတာ့ လက္ကို ေခါငး္အေနာက္မွာ ကပ္ထားကာ ျပဳလုပ္ေပးပါ။ ၁၅ ေခါက္ခန္႔ ျပဳလုပ္ ေပးပါ။
နံပါတ္ (2) ေလ့က်င့္ခန္း
ၾကမ္းျပင္မွာ ေမွာက္လိုက္ၿပီး ေျခေခ်ာင္းေလးေတြနဲ႔ ၾကမ္းျပင္ကို ထိၿပီး ေျခေထာက္ ႏွစ္ေခ်ာင္းကို ဟထားပါ။ ၿပီးရင္ေတာ့ အဲ့ပံုစံ အတိုင္း ေက်ာနဲ႔လက္ကို ေျမွာက္ကာ လက္ကို ေဘးဘက္မွ အေနာက္ဖက္သို႔ ျဖည္းညွင္းစြာ ဆန္႔တန္းပါ။ ၿပီးရင္ နဂို အေနအထားအတိုင္း ျပန္ေနပါ။ ၅ ေခါက္ေလာက္ ျပဳလုပ္ေပးပါ။
နံပါတ္ (3) ေလ့က်င့္ခန္း
ၾကမ္းျပင္ေပၚ ေလးဖက္ ကုန္းၿပီး ဘယ္ေျခညာလက္၊ ညာေျခဘယ္လက္ အလွည့္က် ျဖည္းညွင္းစြာ ေျမွာက္လိုက္ ခ်လိုက္ ျပဳလုပ္ေပးပါ။ တစ္ဖက္ကို ၁၀ ႀကိမ္ခန္႔ ျပဳလုပ္ေပးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #
သင့်ရဲ့ နောက်ကျောမှာ အဆီတွေ ထူထဲနေရင် ဘာပဲဝတ်ဝတ် အဆင်မပြေ နိုင်သလို၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ ဒီတော့ သင့်ရဲ့ နောက်ကျောက အဆီတွေကို တစ်ပတ်အတွင်း ကျသွားစေမယ့် ကိရိယာလွတ် အိမ်နေရင်း လေ့ကျင့်ခန်းလေး တွေကို ဖော်ပြပေး လိုက်ပါတယ်။
ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ပေးဖို့ မမေ့ပါနဲ့နော်။
နံပါတ် (1) လေ့ကျင့်ခန်း
သင့်လက်ကို ရင်ဘတ်မှာ ကြက်ခြေခတ် ပုံစံထားပီး ခြေထောက်ကို အနည်းငယ် ဟ ထားပါ။ ကိုယ်ကို မတ်နေအောင် ထားပီး အဲ့ဒီ့ ပုံစံအတိုင်း အရှေ့ကို ကုန်းလိုက် ပြန်ပီး ထလိုက် ပြုလုပ်ပေးပါ။ ပိုပြီး ထိရောက်စေ ချင်ရင်တော့ လက်ကို ခေါင်းအနောက်မှာ ကပ်ထားကာ ပြုလုပ်ပေးပါ။ ၁၅ ခေါက်ခန့် ပြုလုပ် ပေးပါ။
နံပါတ် (2) လေ့ကျင့်ခန်း
ကြမ်းပြင်မှာ မှောက်လိုက်ပြီး ခြေချောင်းလေးတွေနဲ့ ကြမ်းပြင်ကို ထိပြီး ခြေထောက် နှစ်ချောင်းကို ဟထားပါ။ ပြီးရင်တော့ အဲ့ပုံစံ အတိုင်း ကျောနဲ့လက်ကို မြှောက်ကာ လက်ကို ဘေးဘက်မှ အနောက်ဖက်သို့ ဖြည်းညှင်းစွာ ဆန့်တန်းပါ။ ပြီးရင် နဂို အနေအထားအတိုင်း ပြန်နေပါ။ ၅ ခေါက်လောက် ပြုလုပ်ပေးပါ။
နံပါတ် (3) လေ့ကျင့်ခန်း
ကြမ်းပြင်ပေါ် လေးဖက် ကုန်းပြီး ဘယ်ခြေညာလက်၊ ညာခြေဘယ်လက် အလှည့်ကျ ဖြည်းညှင်းစွာ မြှောက်လိုက် ချလိုက် ပြုလုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်ခန့် ပြုလုပ်ပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa