အမ်ားၾကားဖူးေနေသာ`ဒီေရ´သည္ ပက္လယ္နွင့္နီးေသာ ေဒသေနလူမ်ားသာ ျမင္ေတြ႔ထိေတြ႕ဖူးၾကျပီး အထက္အညာ ေရခ်ိဳေဒသမ်ားတြင္ ဒီေရ အေၾကာင္းကို မသိၾကသူမ်ားသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ – ဧရာဝတီ သံလြင္ ဒု႒ဝတီ စေသာ ျမစ္ၾကီးမ်ားသည္ အထက္မွေအာက္သို႔၎ ေျမာက္မွေတာင္ သို႔၎ စီးဆင္းျခင္းသာရွိျပီး ဆန္တက္ျခင္းမရွိေပရာ- ျမစ္ညွာပိုင္းေနျပည္သူမ်ားသည္ ဒီေရတက္ျခင္းက်ျခင္းကို ျမင္ဖူးသူနည္းၾကသည္။ ဤေဆာင္းပါးအားေရးသားရျခင္းသည္ ပင္လယ္လိႈင္းစီးသူ အပမ္းေျဖခရီးထြက္တတ္သူမ်ားအတြက္ အေထာက္အကုူ ျဖစ္ေစရန္နွင့္ဗဟုသုတျဖစ္ေစရန္ ေရသားရျခင္းျဖစ္ပါသည္။ အစမွအဆုံးထိဖတ္မွတ္ထားျခင္းျဖင့္သင့္အတြက္ အက်ိဳးတစုံ တရာျဖစ္ေစပါလိမ့္မည္။

(ဒီေရတက္ျခင္း)

ဒီေရသည္ တစ္ရက္လ်ွင္ (၂) ၾကိမ္အတက္အက်ရွိသည္။ ဒီေရတက္ခ်ိန္က်ခ်ိန္သည္(၁၂) နာရီၾကာသည္။ တက္ခ်ိန္ (၆) နာရီ က်ခ်ိန္ (၆ )နာရီ (၂) ခ်ိန္ေပါင္း ၁၂ နာရီ သည္ ဒီေရအတက္အက် (၁) ၾကိမ္ျဖစ္သည္ ဒီေရသည္ ေန႔(၁)ၾကိမ္ ည(၁)ၾကိမ္ (၂) ၾကိမ္စီအတက္/အက် ရွိရာပင္လယ္နွင့္ဒီေရတက္ေဒသေနလူအမ်ားက ေန႔ေရ /ညေရ ဟုခြဲေခၚၾကသည္။

(ဒီေရတက္/က်ခ်ိန္မ်ား မတူညီ)

ဒီေရဟုေခၚေသာ ပင္လယ္ေရသည္ အထက္ကေျပာခဲ႔သည့္ အတိုင္း တစ္ရက္(၂၄နာရီ)တြင္(၂) ၾကိမ္တက္/က်သည္။ တစ္ၾကိမ္နွင့္တစ္ၾကိမ္ၾကားတြင္ ဒီေရတက္ခ်ိန္သည္ တနာရီခန္႔ေလ်ွာ့ျပီး ျပန္တက္သည္။(ပ်င္းမ်ွ) ျမန္မာနိုင္ငံတြင္ ျမန္မာလ၏ရက္မ်ားျဖင့္ဒီေရအတက္အက် ကို (ေဒသအလိုက္) တြက္ခ်က္ၾကသည္။ ေရွ႕ျမန္မာပညာရွိမ်ား၏ တြက္ခ်က္ေပးခဲ႔ေသာ ဒီေရတက္ ခ်ိန္တြက္နည္းမ်ားမွာ အလြန္မွန္သကဲ႔သို႔အလြန္တိက်သည္ ဟုလည္းဆိုရေပမည္။

(ဒီေရသဘာဝ)

ျမန္မာလမ်ား၏ လဆန္း/လဆုတ္(၃)ရက္ကို ဒီေရအၾကီးဆုံး ရက္ဟုေခၚၾကသည္။ (ေဂါင္ရက္)(ပ်ဥ္းမ်ွ) ေလမိုးပုံမွန္မဟုတ္ေသာ ရက္မ်ားတြင္ ဆန္း/ဆုတ္ (၂)ရက္တြင္လည္း ေရဆုတ္သြားတတ္ျပန္သည္။ ဆန္း/ဆုတ္ (၄)ရက္မွ ရက္အလိုက္ဒီေရ တေျဖးေျဖး ေလ်ွာ့က်လာျပီး – ဆန္း/ဆုတ္ (၆-၇-၈-၉-၁၀ )ရက္မ်ားကို ေရေသရက္ (ေယဘုယ်)ဟုေခၚၾကသည္။ ဆန္း/ဆုတ္(၁၁) ရက္တြင္ဒီေရျပန္ထလာကာ ဆန္း/ဆုပ္ (၁၂-၁၃-၁၄-၁၅-၁-၂-)ထိ ဒီေရသည္ ရက္အလိုက္ေရတိုး တက္သည္။

(တိုးေရရက္မ်ား)

ဆန္း/ဆုပ္ (၃)ရက္ ေရထ ေရေဂါင္ ျဖစ္ျပီး( ၄) ရက္မွ စကာ ေရျပန္ဆုတ္ျပန္သည္။ ဤသို႔ျဖင့္ ဒီေရသည္ လဆန္း လဆုပ္ ရက္မ်ားအတိုင္း သံသရာလည္ေနေတာ့သည္။ ပင္လယ္နွင့္နီးေသာျမစ္ဝပိုင္းေဒသမ်ားတြင္ ဒီေရအတက္/ အက်မွာ ထို ရက္/ နာရီနွင့္ကိုက္ညီေသာ္လည္း – ျမစ္ညွာပိုင္း ေဒသမ်ားတြင္ကား ၎ရက္နွင့္တက္ခ်ိန္က်ခ်ိန္ မတူေတာ့ေပ။ ပင္လယ္နွင့္ေဝးသေလာက္ ဒီေရေရာက္ခ်ိန္ေနာက္က်ျခင္း ေၾကာင့္ တက္ခ်ိန္က်ခ်ိန္လည္း ေနာက္က်သည္။

ဥပမာ- ဘိုကေလး ျမစ္သည္ ကဒုံကနိအနီးမွကပၸလီပင္လယ္ သို႔စီးဆင္းသည္။ကပၸလီပင္လယ္မွဒီေရသည္ ဘိုက ေလးျမစ္အတိုင္း စုန္ဆင္းတက္ရာတြင္ ကဒုံကနိ၌ ေရတက္ေနေသာ္လည္း ဘိုကေလးျမိဳ႕တြင္ ဒီေရက် ခ်ိန္ျဖစ္ေနမည္။ (ကဒုံကနိနွင့္ဘိုကေလးသည္ စက္တပ္ေမာ္ေတာ္ မ်ားျဖင့္ သြားလ်င္ ၆ နာရီခန္႔အနည္းဆုံးၾကာသည္။)

ထို႔အတူ ရန္ကုန္ျဖစ္ဝနွင့္ လိႈင္ျမစ္ဖ်ားတို႔ ဒီေရတက္ က်ခိ်န္မတူညီေပ။ ငမိုးရိပ္ေခ်ာင္းသည္ပင္ ျမစ္ဝပိုင္း ျဖစ္ေသာသာေကတ ျမိဳ႕နယ္ဒီေရတက္က်ခ်ိန္နွင့္ ျမစ္ညွာပိုင္း ေရႊေပါကၠံတို႔ မတူညီၾကေပ။ ထိုသို႔ျမစ္ေၾကာင္းအရွည္အတိုကို မူတည္ကာ`လ´ဝင္လ်ွင္ ျမစ္ဖ်ားသို႔ဒီေရေရာက္သည္ဟု လက္သုံးျပဳၾကသည္။ ထို႔အျပင္ဒီေရတက္က်ခ်ိန္သည္ နိုင္ငံတစ္ခုနွင့္တစ္ခုလည္း မတူညီၾကေပ။

ျမန္မာ့ ပင္လယ္ျပင္ ဒီေရတက္ခ်ိန္မ်ား (ျမန္မာရက္) (ျမန္မာပညာရွင္မ်ား လက္သုံး)

ဆန္း/ဆုတ္(၁)ရက္တြင္ ` (၁)က်ပ္ကို(၁)မတ္နႈတ္ ´
ဆန္း/ဆုတ္(၂)ရက္တြင္ ` (၂)က်ပ္ကို(၂)မတ္နႈတ္´

အဓိပၸါယ္-လဆန္းလဆုတ္ (၁)ရက္ဆိုပါစို႔
(၁)ရက္ျဖစ္သည့္အတြက္ ေန႔/ည
(၁)နာရီထဲက (၁)မတ္နႈတ္ရပါမည္
(၁)နာရီတြင္မိနစ္ (၆၀)ရွိသည္
(၁)မတ္ဆိုသည္မွာ (၄)ပုံ၏(၁)ပုံကို
(၁)မတ္ဟုေခၚသည္။

မိနစ္(၆၀) ကို(၄)ပုံပုံလိုက္လ်ွင္ ၁၅+၁၅+၁၅+၁၅=(၆၀)ျဖစ္၏။ ၆၀÷၄=၁၅> မိနစ္သည္(၁)မတ္ျဖစ္သည္။ မိနစ္(၆၀) ထဲမွ (၁၅)နႈတ္လ်ွင္(၄၅)မိနစ္က်န္သည္။ ထို႔ေၾကာင့္ လဆန္း/လဆုပ္-(၁)ရက္၏ေန႔/ညဒီေရတက္ ခ်ိန္မွာ ။ (၁၂)နာရီ(၄၅)မိနစ္ျဖစ္သည္။

တက္ခ်ိန္(၆)နာရီျပည့္လ်ွင္ ေရတိုင္သည္ဟု ေခၚသည္။ ေရတိုင္ျပီးလ်ွင္ျပန္က်သည္။က်ခ်ိန္လည္း(၆)နာရီၾကာသည္။ က်န္ေသာရက္မ်ားလည္းကိုလည္းထိုနည္းအတူတြက္ယူ လ်င္ ဒီေရတက္ခ်ိန္/က်ခ်ိန္ကိုသိနိုင္သည္။ ျမန္မာ့ေရတပ္မေတာ္တြင္ ထုိအသုံးနႈန္းကိုအေျခခံ ၍-ေရာက္ဆဲရက္ကို ၃/၄နွုင့္ေျမွာက္ဟု သင္ၾကားေပးသည္။

(အလြယ္သုံး တြက္နည္း)
ဆန္း/ဆုတ္ ေန႔/ည (၁)ရက္ ေန႔/ည (၁)နာရီ
ဆန္း/ဆုတ္ ေန႔/ည (၂)ရက္ ေန႔/ည (၂)နာရီ
(အျခားရက္မ်ားနည္းတူ)

ဆန္း/ဆုတ္ (၁-၂-၃-၄-၅-၆-၇-၈-၉)ရက္မ်ားသည္ ေန႔/ည(၆)နာရီမွေန႔/ည(၈)နာရီအတြင္း ဒီေရရွိေနေသာရက္မ်ားျဖစ္သည္။ ဆန္း/ဆုတ္ ( ၁၀-၁၁-၁၂-၁၃-၁၄-၁၅)ရက္မ်ားသည္ ေန႕/ညနံနက္ပိုင္း ညေန/ညဦးပိုင္းအခ်ိန္ မ်ားတြင္ ဒီေရရွိေနေသာ ရက္မ်ားျဖစ္သည္။ ဆန္း/ဆုတ္ (၉-၁၀-၁၁)ရက္မ်ားသည္နံနက္/ညေန ေရျပည့္ခ်ိန္ျဖစ္သည္။ ဆန္း/ဆုတ္ (၆-၇-၈-၉)ရက္မ်ားသည္ေရေသရက္မ်ား ျဖစ္ျပီး က်န္ရက္မ်ားသည္ ေရထရက္မ်ား ျဖစ္သည္။ ေရေသရက္တြင္ ဒီေရအတက္နည္းျပီးေနွးသည္ ေရထရက္မ်ားတြင္ ရက္အလိုက္ဒီေရတိုးတက္သည္

(သိပၸံအျမင္ျဖင့္ဒီေရသေဘာ)

စမ္းသပ္ေတြ႔ရွိျပီး လက္ရွိလက္ခံထားၾကသည့္ သိပၸံသ ေဘာအရ`ပင္လယ္ဒီေရသည္ `လ´နွင့္သက္ဆိုင္ေၾကာင္း အသိအမွတ္ျပဳၾကသည္။ လ´သည္ကမ႓ာနွင့္နီးလ်ွင္ ဒီေရပိုျမင့္တက္တတ္သည္။ လ´သည္ကမ႓ာ့နွင့္ေဝးသြားလ်ွင္ ဒီေရ ငယ္ေနတတ္သည္။ ေကာင္းကင္မွ` လ ´သည္ ကမ႓ာကိုလွည့္လည္ပတ္ရာ တြင္ ၾကာခ်ိန္(၂၉.၅)ရက္ၾကာသည္။ (၂၉.၅ )ရက္ကို အၾကမ္းအားျဖင့္ ရက္(၃၀)အျပည့္ယူကာ (၃၀)ရက္ကိုရက္နာရီ(၂၄)နွင့္စားရပါမည္။ ( ၃၀÷၂၄=၀.၈ )ရသည္။ (၀.၈)နွင့္မိနစ္(၆၀) ကိုေျမွာက္လွ်င္ လကိုကမ႓ာက ျမင္ေတြ႔ခြင့္ရေသာအခ်ိန္ျဖစ္ပါသည္။ ထိုအခ်ိန္သည္ ပင္လယ္ဒီေရတက္ခ်ိန္ျဖစ္သည္။ ျမန္မာေရွ႕ပညာရွင္မ်ား လက္သုံးျဖစ္ေသာ ဒီေရတက္ခ်ိန္နွင့္ သိပၸံအျမင္တို႔သည္ အလြန္တူညီသည္။ စက္မွဳနည္းပညာမဖြံ႕ျဖိဳးေသာ ေရွ႕ေခတ္ကပင္ တြက္ခ်က္ အသုံးျပဳေစခဲ႕သည့္ျမန္မာပညာရွင္မ်ားကုိ ေလးစားရေပမည္။

(ဒီေရတက္/က်ခ်ိန္ကိုသိမွေရေၾကာင္းခရီးအနၲရာယ္ကင္း)

ဒီေရတက္ခ်ိန္က်ခ်ိန္ကိုသိျခင္းျဖင့္ ေရေၾကာင္းခရီျဖင့္သြား လာရာတြင္မ်ားစြာအေထာက္အကူျပဳသည္။ ဒီေရတက္ခ်ိန္/က်ခ်ိန္တြင္ ေရစုန္လိုက္ပါကေလာင္းေလွ စက္တတ္ေလွမ်ားျဖင့္ေရလမ္းခရီးကိုသြားလာရာတြင္ေလွ ေလွာ္ခတ္ရသက္သာျပီး စက္ဆီအကုန္နည္းကာ ခရီးေရာက္ ျမန္ဆန္သည္။ ေရဆန္လိုက္ပါက ခရီးဖန္႔ကာ ၾကန္႔ၾကာသည္။ ဒီေရသည္ ျမစ္ေခ်ာင္းမ်ားတြင္ျဖစ္ပါကတက္ခ်ိန္တြင္ လိႈင္းျငိမ္တတ္ျပီး က်ခ်ိန္တြင္လိႈင္းေလၾကမ္းတတ္သည္။

ဒီေရသည္ ပင္လယ္ျပင္တြင္ျဖစ္ပါက တက္ခ်ိန္တြင္ကမ္း စပ္မ်ား၌ လိႈင္းၾကီးတတ္သည္။ ျမစ္ေခ်ာင္းမ်ား ဆုံရာတြင္ ေနရာအလိုက္ ေရဆိုင္ ေရဝဲ မ်ားရွိတတ္သည္။ ဒီေရသည္ ေရနက္ပိုင္းတြင့္ လိႈင္းခ်ိဳင့္ဝွန္းမ်ားျဖစ္ေပၚျပီး ေရတိမ္ပိုင္းတြင္ လိႈင္းစိပ္ကာ ခ်ိဳးလိႈင္းမ်ားကိုျဖစ္ေပၚေစ သည္။ ဒီေရလိႈင္းမ်ားသည္ ကမ္းေစာက္မ်ားတြင္အနၲရာယ္အလြန္ မ်ားသည္။ေသာင္ျပင္က်ယ္မ်ားတြင္ကားအနၲရာယ္နည္းသည္။ ေရနက္ေသာေနရာမ်ားတြင္ကမ္းစပ္သို႔တြန္းတက္ၾကျပီး ကမ္းစပ္မွျပန္ေလ်ွာအဆင္းတြင္ အရာဝတၳဳမ်ားကို ဆြဲခ်ယူ တတ္သည္။

ပင္လယ္ျပင္ေရလိႈင္းစီးသူမ်ား/ပင္လယ္ျပင္ အပမ္းေျဖခရီးထြက္သူမ်ားသည္ ဒီေရအေၾကာင္းကို ပိုမို နားလည္ထားပါမွ အသက္အႏၲရာယ္ေဘးလြတ္ကင္းမည္ ျဖစ္ပါသည္။

စာဖတ္သူမ်ားဗဟုသုတျပန္႔ ပြါးနိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ရရ(ရိုးမရိပ္)

#Unicode Version# ျဖင့္ဖတ္ပါ ။

အများကြားဖူးနေသော`ဒီရေ´သည် ပက်လယ်နှင့်နီးသော ဒေသနေလူများသာ မြင်တွေ့ထိတွေ့ဖူးကြပြီး အထက်အညာ ရေချိုဒေသများတွင် ဒီရေ အကြောင်းကို မသိကြသူများသည်။ အဘယ့်ကြောင့်ဆိုသော် – ဧရာဝတီ သံလွင် ဒုဋ္ဌဝတီ စသော မြစ်ကြီးများသည် အထက်မှအောက်သို့၎င်း မြောက်မှတောင် သို့၎င်း စီးဆင်းခြင်းသာရှိပြီး ဆန်တက်ခြင်းမရှိပေရာ- မြစ်ညှာပိုင်းနေပြည်သူများသည် ဒီရေတက်ခြင်းကျခြင်းကို မြင်ဖူးသူနည်းကြသည်။ ဤဆောင်းပါးအားရေးသားရခြင်းသည် ပင်လယ်လှိုင်းစီးသူ အပမ်းဖြေခရီးထွက်တတ်သူများအတွက် အထောက်အကုူ ဖြစ်စေရန်နှင့်ဗဟုသုတဖြစ်စေရန် ရေသားရခြင်းဖြစ်ပါသည်။ အစမှအဆုံးထိဖတ်မှတ်ထားခြင်းဖြင့်သင့်အတွက် အကျိုးတစုံ တရာဖြစ်စေပါလိမ့်မည်။

(ဒီရေတက်ခြင်း)

ဒီရေသည် တစ်ရက်လျှင် (၂) ကြိမ်အတက်အကျရှိသည်။ ဒီရေတက်ချိန်ကျချိန်သည်(၁၂) နာရီကြာသည်။ တက်ချိန် (၆) နာရီ ကျချိန် (၆ )နာရီ (၂) ချိန်ပေါင်း ၁၂ နာရီ သည် ဒီရေအတက်အကျ (၁) ကြိမ်ဖြစ်သည် ဒီရေသည် နေ့(၁)ကြိမ် ည(၁)ကြိမ် (၂) ကြိမ်စီအတက်/အကျ ရှိရာပင်လယ်နှင့်ဒီရေတက်ဒေသနေလူအများက နေ့ရေ /ညရေ ဟုခွဲခေါ်ကြသည်။

(ဒီရေတက်/ကျချိန်များ မတူညီ)

ဒီရေဟုခေါ်သော ပင်လယ်ရေသည် အထက်ကပြောခဲ့သည့် အတိုင်း တစ်ရက်(၂၄နာရီ)တွင်(၂) ကြိမ်တက်/ကျသည်။ တစ်ကြိမ်နှင့်တစ်ကြိမ်ကြားတွင် ဒီရေတက်ချိန်သည် တနာရီခန့်လျှော့ပြီး ပြန်တက်သည်။(ပျင်းမျှ) မြန်မာနိုင်ငံတွင် မြန်မာလ၏ရက်များဖြင့်ဒီရေအတက်အကျ ကို (ဒေသအလိုက်) တွက်ချက်ကြသည်။ ရှေ့မြန်မာပညာရှိများ၏ တွက်ချက်ပေးခဲ့သော ဒီရေတက် ချိန်တွက်နည်းများမှာ အလွန်မှန်သကဲ့သို့အလွန်တိကျသည် ဟုလည်းဆိုရပေမည်။

(ဒီရေသဘာဝ)

မြန်မာလများ၏ လဆန်း/လဆုတ်(၃)ရက်ကို ဒီရေအကြီးဆုံး ရက်ဟုခေါ်ကြသည်။ (ဂေါင်ရက်)(ပျဉ်းမျှ) လေမိုးပုံမှန်မဟုတ်သော ရက်များတွင် ဆန်း/ဆုတ် (၂)ရက်တွင်လည်း ရေဆုတ်သွားတတ်ပြန်သည်။ ဆန်း/ဆုတ် (၄)ရက်မှ ရက်အလိုက်ဒီရေ တဖြေးဖြေး လျှော့ကျလာပြီး – ဆန်း/ဆုတ် (၆-၇-၈-၉-၁၀ )ရက်များကို ရေသေရက် (ယေဘုယျ)ဟုခေါ်ကြသည်။ ဆန်း/ဆုတ်(၁၁) ရက်တွင်ဒီရေပြန်ထလာကာ ဆန်း/ဆုပ် (၁၂-၁၃-၁၄-၁၅-၁-၂-)ထိ ဒီရေသည် ရက်အလိုက်ရေတိုး တက်သည်။

(တိုးရေရက်များ)

ဆန်း/ဆုပ် (၃)ရက် ရေထ ရေဂေါင် ဖြစ်ပြီး( ၄) ရက်မှ စကာ ရေပြန်ဆုတ်ပြန်သည်။ ဤသို့ဖြင့် ဒီရေသည် လဆန်း လဆုပ် ရက်များအတိုင်း သံသရာလည်နေတော့သည်။ ပင်လယ်နှင့်နီးသောမြစ်ဝပိုင်းဒေသများတွင် ဒီရေအတက်/ အကျမှာ ထို ရက်/ နာရီနှင့်ကိုက်ညီသော်လည်း – မြစ်ညှာပိုင်း ဒေသများတွင်ကား ၎င်းရက်နှင့်တက်ချိန်ကျချိန် မတူတော့ပေ။ ပင်လယ်နှင့်ဝေးသလောက် ဒီရေရောက်ချိန်နောက်ကျခြင်း ကြောင့် တက်ချိန်ကျချိန်လည်း နောက်ကျသည်။

ဥပမာ- ဘိုကလေး မြစ်သည် ကဒုံကနိအနီးမှကပ္ပလီပင်လယ် သို့စီးဆင်းသည်။ကပ္ပလီပင်လယ်မှဒီရေသည် ဘိုက လေးမြစ်အတိုင်း စုန်ဆင်းတက်ရာတွင် ကဒုံကနိ၌ ရေတက်နေသော်လည်း ဘိုကလေးမြို့တွင် ဒီရေကျ ချိန်ဖြစ်နေမည်။ (ကဒုံကနိနှင့်ဘိုကလေးသည် စက်တပ်မော်တော် များဖြင့် သွားလျင် ၆ နာရီခန့်အနည်းဆုံးကြာသည်။)

ထို့အတူ ရန်ကုန်ဖြစ်ဝနှင့် လှိုင်မြစ်ဖျားတို့ ဒီရေတက် ကျချိန်မတူညီပေ။ ငမိုးရိပ်ချောင်းသည်ပင် မြစ်ဝပိုင်း ဖြစ်သောသာကေတ မြို့နယ်ဒီရေတက်ကျချိန်နှင့် မြစ်ညှာပိုင်း ရွှေပေါက္ကံတို့ မတူညီကြပေ။ ထိုသို့မြစ်ကြောင်းအရှည်အတိုကို မူတည်ကာ`လ´ဝင်လျှင် မြစ်ဖျားသို့ဒီရေရောက်သည်ဟု လက်သုံးပြုကြသည်။ ထို့အပြင်ဒီရေတက်ကျချိန်သည် နိုင်ငံတစ်ခုနှင့်တစ်ခုလည်း မတူညီကြပေ။

မြန်မာ့ ပင်လယ်ပြင် ဒီရေတက်ချိန်များ (မြန်မာရက်) (မြန်မာပညာရှင်များ လက်သုံး)

ဆန်း/ဆုတ်(၁)ရက်တွင် ` (၁)ကျပ်ကို(၁)မတ်နှုတ် ´
ဆန်း/ဆုတ်(၂)ရက်တွင် ` (၂)ကျပ်ကို(၂)မတ်နှုတ်´

အဓိပ္ပါယ်-လဆန်းလဆုတ် (၁)ရက်ဆိုပါစို့
(၁)ရက်ဖြစ်သည့်အတွက် နေ့/ည
(၁)နာရီထဲက (၁)မတ်နှုတ်ရပါမည်
(၁)နာရီတွင်မိနစ် (၆၀)ရှိသည်
(၁)မတ်ဆိုသည်မှာ (၄)ပုံ၏(၁)ပုံကို
(၁)မတ်ဟုခေါ်သည်။

မိနစ်(၆၀) ကို(၄)ပုံပုံလိုက်လျှင် ၁၅+၁၅+၁၅+၁၅=(၆၀)ဖြစ်၏။ ၆၀÷၄=၁၅> မိနစ်သည်(၁)မတ်ဖြစ်သည်။ မိနစ်(၆၀) ထဲမှ (၁၅)နှုတ်လျှင်(၄၅)မိနစ်ကျန်သည်။ ထို့ကြောင့် လဆန်း/လဆုပ်-(၁)ရက်၏နေ့/ညဒီရေတက် ချိန်မှာ ။ (၁၂)နာရီ(၄၅)မိနစ်ဖြစ်သည်။

တက်ချိန်(၆)နာရီပြည့်လျှင် ရေတိုင်သည်ဟု ခေါ်သည်။ ရေတိုင်ပြီးလျှင်ပြန်ကျသည်။ကျချိန်လည်း(၆)နာရီကြာသည်။ ကျန်သောရက်များလည်းကိုလည်းထိုနည်းအတူတွက်ယူ လျင် ဒီရေတက်ချိန်/ကျချိန်ကိုသိနိုင်သည်။ မြန်မာ့ရေတပ်မတော်တွင် ထိုအသုံးနှုန်းကိုအခြေခံ ၍-ရောက်ဆဲရက်ကို ၃/၄နှုင့်မြှောက်ဟု သင်ကြားပေးသည်။

(အလွယ်သုံး တွက်နည်း)
ဆန်း/ဆုတ် နေ့/ည (၁)ရက် နေ့/ည (၁)နာရီ
ဆန်း/ဆုတ် နေ့/ည (၂)ရက် နေ့/ည (၂)နာရီ
(အခြားရက်များနည်းတူ)

ဆန်း/ဆုတ် (၁-၂-၃-၄-၅-၆-၇-၈-၉)ရက်များသည် နေ့/ည(၆)နာရီမှနေ့/ည(၈)နာရီအတွင်း ဒီရေရှိနေသောရက်များဖြစ်သည်။ ဆန်း/ဆုတ် ( ၁၀-၁၁-၁၂-၁၃-၁၄-၁၅)ရက်များသည် နေ့/ညနံနက်ပိုင်း ညနေ/ညဦးပိုင်းအချိန် များတွင် ဒီရေရှိနေသော ရက်များဖြစ်သည်။ ဆန်း/ဆုတ် (၉-၁၀-၁၁)ရက်များသည်နံနက်/ညနေ ရေပြည့်ချိန်ဖြစ်သည်။ ဆန်း/ဆုတ် (၆-၇-၈-၉)ရက်များသည်ရေသေရက်များ ဖြစ်ပြီး ကျန်ရက်များသည် ရေထရက်များ ဖြစ်သည်။ ရေသေရက်တွင် ဒီရေအတက်နည်းပြီးနှေးသည် ရေထရက်များတွင် ရက်အလိုက်ဒီရေတိုးတက်သည်

(သိပ္ပံအမြင်ဖြင့်ဒီရေသဘော)

စမ်းသပ်တွေ့ရှိပြီး လက်ရှိလက်ခံထားကြသည့် သိပ္ပံသ ဘောအရ`ပင်လယ်ဒီရေသည် `လ´နှင့်သက်ဆိုင်ကြောင်း အသိအမှတ်ပြုကြသည်။ လ´သည်ကမ္ဘာနှင့်နီးလျှင် ဒီရေပိုမြင့်တက်တတ်သည်။ လ´သည်ကမ္ဘာ့နှင့်ဝေးသွားလျှင် ဒီရေ ငယ်နေတတ်သည်။ ကောင်းကင်မှ` လ ´သည် ကမ္ဘာကိုလှည့်လည်ပတ်ရာ တွင် ကြာချိန်(၂၉.၅)ရက်ကြာသည်။ (၂၉.၅ )ရက်ကို အကြမ်းအားဖြင့် ရက်(၃၀)အပြည့်ယူကာ (၃၀)ရက်ကိုရက်နာရီ(၂၄)နှင့်စားရပါမည်။ ( ၃၀÷၂၄=ဝ.၈ )ရသည်။ (ဝ.၈)နှင့်မိနစ်(၆၀) ကိုမြှောက်လျှင် လကိုကမ္ဘာက မြင်တွေ့ခွင့်ရသောအချိန်ဖြစ်ပါသည်။ ထိုအချိန်သည် ပင်လယ်ဒီရေတက်ချိန်ဖြစ်သည်။ မြန်မာရှေ့ပညာရှင်များ လက်သုံးဖြစ်သော ဒီရေတက်ချိန်နှင့် သိပ္ပံအမြင်တို့သည် အလွန်တူညီသည်။ စက်မှုနည်းပညာမဖွံ့ဖြိုးသော ရှေ့ခေတ်ကပင် တွက်ချက် အသုံးပြုစေခဲ့သည့်မြန်မာပညာရှင်များကို လေးစားရပေမည်။

(ဒီရေတက်/ကျချိန်ကိုသိမှရေကြောင်းခရီးအန္တရာယ်ကင်း)

ဒီရေတက်ချိန်ကျချိန်ကိုသိခြင်းဖြင့် ရေကြောင်းခရီဖြင့်သွား လာရာတွင်များစွာအထောက်အကူပြုသည်။ ဒီရေတက်ချိန်/ကျချိန်တွင် ရေစုန်လိုက်ပါကလောင်းလှေ စက်တတ်လှေများဖြင့်ရေလမ်းခရီးကိုသွားလာရာတွင်လှေ လှော်ခတ်ရသက်သာပြီး စက်ဆီအကုန်နည်းကာ ခရီးရောက် မြန်ဆန်သည်။ ရေဆန်လိုက်ပါက ခရီးဖန့်ကာ ကြန့်ကြာသည်။ ဒီရေသည် မြစ်ချောင်းများတွင်ဖြစ်ပါကတက်ချိန်တွင် လှိုင်းငြိမ်တတ်ပြီး ကျချိန်တွင်လှိုင်းလေကြမ်းတတ်သည်။

ဒီရေသည် ပင်လယ်ပြင်တွင်ဖြစ်ပါက တက်ချိန်တွင်ကမ်း စပ်များ၌ လှိုင်းကြီးတတ်သည်။ မြစ်ချောင်းများ ဆုံရာတွင် နေရာအလိုက် ရေဆိုင် ရေဝဲ များရှိတတ်သည်။ ဒီရေသည် ရေနက်ပိုင်းတွင့် လှိုင်းချိုင့်ဝှန်းများဖြစ်ပေါ်ပြီး ရေတိမ်ပိုင်းတွင် လှိုင်းစိပ်ကာ ချိုးလှိုင်းများကိုဖြစ်ပေါ်စေ သည်။ ဒီရေလှိုင်းများသည် ကမ်းစောက်များတွင်အန္တရာယ်အလွန် များသည်။သောင်ပြင်ကျယ်များတွင်ကားအန္တရာယ်နည်းသည်။ ရေနက်သောနေရာများတွင်ကမ်းစပ်သို့တွန်းတက်ကြပြီး ကမ်းစပ်မှပြန်လျှောအဆင်းတွင် အရာဝတ္ထုများကို ဆွဲချယူ တတ်သည်။

ပင်လယ်ပြင်ရေလှိုင်းစီးသူများ/ပင်လယ်ပြင် အပမ်းဖြေခရီးထွက်သူများသည် ဒီရေအကြောင်းကို ပိုမို နားလည်ထားပါမှ အသက်အန္တရာယ်ဘေးလွတ်ကင်းမည် ဖြစ်ပါသည်။

စာဖတ်သူများဗဟုသုတပြန့် ပွါးနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:ရရ(ရိုးမရိပ်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top