ေက်ာက္ဆည္ၿမိဳ႕နယ္အတြင္း တရားမဝင္ေမွာင္ခိုမႈမ်ားအား ေဖာ္ထုတ္ေနစဥ္ နယ္ေျပာင္းေ႐ြ႕ခံရၿပီး အုပ္စုဖြဲ႕ အႏၲရာယ္ျပဳ ျခင္းမ်ား ရွိလာသည့္အတြက္ ေမလ ၈ ရက္ေန႔က ရဲခ်ဳပ္႐ုံးထံ ႏႈတ္ထြက္စာတင္လိုက္ၿပီျဖစ္ေၾကာင္း ရဲတပ္သားထြန္းထြန္း ဝင္း ႏွင့္ခ်စ္ကိုတို႔က ေျပာသည္။

ရဲတပ္သား ထြန္းထြန္းဝင္းႏွင့္ ခ်စ္ကို တို႔သည္ ေနာက္ထပ္ေမွာင္ခိုလမ္း ေၾကာင္းတခုအား ဖမ္းဆီးရန္ စီစဥ္ေနစဥ္ ေမလ ၁ ရက္ေန႔ညက သံ႐ြာနယ္ေျမ ရဲစခန္းအပိုင္ အတြင္း လူ ၈ ဦးခန႔္ပါသည့္အဖြဲ႕မွ ၎တို႔အား တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ၎တို႔ ၂ ဦးသည္ ယင္းျဖစ္စဥ္မတိုင္မီ ဧၿပီ ၅ ရက္ေန႔ညက တရားမဝင္သစ္ကား ၄ စီးႏွင့္ လူ ၁၀ ဦးအား ျပည္သူမ်ားႏွင့္ ပူးေပါင္းကာ ဖမ္းဆီးခဲ့ေသးသည္။

ရဲတပ္သားခ်စ္ကို က “ႏွစ္ေယာက္စလုံးကို ေျပာင္းဖို႔လုပ္တာလဲ တမင္သက္သက္ႀကီးလုပ္တာပါပဲ၊ အဲ့ဒီလမ္းေၾကာင္းမွာလဲ သစ္ေရာ၊ သတၳဳကားေတြေရာ ျဖတ္တယ္လို႔ စုံစမ္းထားတာ ဖမ္းဖို႔လုပ္ေနတုန္း တိုက္ခိုက္ခံရတာ၊ ခုလိုတိုက္ခိုက္တဲ့ လုပ္ ရပ္ေတြပါ ပါလာေတာ့ ေတာ္ေတာ္လြန္လာပါၿပီ၊ ရဲထဲလဲ ေနခ်င္စိတ္ကိုမရွိေတာ့ဘူး၊ စိတ္ကုန္ေနၿပီ” ဟု ေျပာသည္။ တိုက္ခိုက္ခံရမႈေၾကာင့္ တဦးတြင္ တင္ပါးဓားဒဏ္ရာတခ်က္ ရရွိခဲ့ၿပီး ေျခ/လက္တို႔တြင္ ပြန္းပဲ့ရာမ်ားလည္း ရရွိခဲ့ေၾကာင္း သိရသည္။

ရဲတပ္သား ထြန္းထြန္းဝင္း က “ခ်စ္ကိုေနတဲ့ဆီျပန္အပို႔ ညဘက္လမ္းမွာျဖစ္တာ၊ ကားကိုလဲ ခဲနဲ႔ဝိုင္းထုၾကတယ္၊ က်ေနာ္တို႔ လာမွာကို ေစာင့္ၿပီးလုပ္တဲ့သေဘာပါပဲ၊ ဘယ္ေျပာင္းေျပာင္း အခ်ိတ္အဆက္ေတြက ရွိေနတယ္ေလ၊ က်ေနာ္တို႔ ဆက္ၿပီး လုပ္ခ်င္စိတ္မရွိေတာ့ဘူး ” ဟု ေျပာသည္။ ၎တို႔ဖမ္းခဲ့သည့္ သစ္ကား ၄ စီးႏွင့္ကြင္းဆက္အေနျဖင့္ ရဲရမန္ေတာင္တန္းေဒသ အတြင္း ဧၿပီ ၃၀ ရက္ေန႔အထိ တရားမ ဝင္ သစ္မ်ိဳးစုံ ၁၂၅ တန္ ေက်ာ္ကို ပိုင္ရွင္မဲ့အျဖစ္ ထပ္မံဖမ္းမိခဲ့ၿပီး သစ္ေတာဝန္ထမ္းအခ်ိဳ႕ကိုလည္း နယ္ေျပာင္းေ႐ြ႕လိုက္ေၾကာင္း ေက်ာက္ဆည္ သစ္ေတာဦးစီးမႉး ဦးညီညီၿဖိဳးက ေျပာထားသည္။

တရားမဝင္သစ္ႏွင့္အတူ ဖမ္းမိထားသူ ၁၀ ဦးအား လက္ရွိတြင္ စဥ့္ကိုင္ရဲစခန္း၌အမႈဖြင့္ကာ တရားစြဲထားၿပီး ဖမ္းမိခ်ိန္တြင္ တာဝန္ရွိသူအခ်ိဳ႕ႏွင့္ တယ္လီဖုန္းေျပာထားသည့္ ဗီဒီယိုအေထာက္အထားမ်ားကိုလည္း ေတြ႕ရသည္။

ထိုအမႈမ်ားအား စုံစမ္းေနစဥ္ ရဲတပ္သား ခ်စ္ကိုအား ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ရဲစခန္းတခုသို႔ ေျပာင္းေ႐ြ႕မိန႔္က်ခဲ့ျခင္းျဖစ္ ၿပီး ဖမ္းဆီးၿပီးခ်ိန္တြင္ ရဲတပ္သား ထြန္းထြန္းဝင္းအား ေညာင္ဦးရဲစခန္းသို႔ ေျပာင္းေ႐ြ႕မိန႔္ က်ခဲ့ျခင္းျဖစ္သည္။ ၎တို႔၏ ႏႈတ္ထြက္စာတြင္ အေျပာင္းအေ႐ြ႕စီနီယာအရေသာ္လည္းေကာင္း၊ အေနၾကာ တာဝန္ထမ္းေဆာင္ျခင္းေၾကာင့္ လည္း ေကာင္း၊ ရဲစည္းကမ္းအရ လည္းေကာင္း တစုံတရာအေၾကာင္းျပခ်က္မရွိဘဲ ႐ုတ္တရက္ေျပာင္းေ႐ြ႕မိန႔္ ထုတ္ျပန္ ျခင္းမွာ ရဲတပ္ဖြဲ႕ လုပ္႐ိုးလုပ္စဥ္ႏွင့္ မ်ားစြာကြဲလြဲလွ်က္ရွိေၾကာင္း ၎တို႔ကဆိုထားသည္။

၂၀၁၄ ခုႏွစ္တြင္ ရဲတပ္ဖြဲ႕သို႔ စတင္ဝင္ေရာက္ခဲ့သည့္ ရဲတပ္သားထြန္းထြန္းဝင္းသည္ ရခိုင္ျပည္နယ္တြင္ ၂ ႏွစ္ခန႔္ တာဝန္ ထမ္းေဆာင္ၿပီးေနာက္ ၂၀၁၇ ခုႏွစ္တြင္ ေက်ာက္ဆည္ၿမိဳ႕သို႔ ေျပာင္းေ႐ြ႕လာျခင္းျဖစ္ၿပီး ၂၀၁၂ ခုႏွစ္တြင္ ရဲတပ္ဖြဲ႕သို႔ စ တင္ဝင္ေရာက္ခဲ့သည့္ ရဲတပ္သားခ်စ္ကိုသည္လည္း ရခိုင္ျပည္နယ္တြင္ ၂ ႏွစ္ခန႔္တာဝန္ထမ္းေဆာင္ခဲ့ကာ၂၀၁၄ ခုႏွစ္ တြင္ ေက်ာက္ဆည္ရဲစခန္းသို႔ ေျပာင္းေ႐ြ႕တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဧၿပီလအတြင္းကလည္း ၎တို႔ႏွစ္ဦးအပါအဝင္ ရဲတပ္သား ၅ ဦးက ေက်ာက္ဆည္ရဲစခန္း အႀကီး ပိုင္းတာဝန္ရွိသူမ်ား ပါဝင္ပတ္သက္ေနသည့္ သစ္ေမွာင္ခိုကားအား ဖမ္ဆီးေဖာ္ထုတ္ခဲ့သည့္အတြက္ ရဲစခန္းမႉးႏွစ္ဦး၊ နယ္ ထိန္းေခါင္းေဆာင္တဦး၊ ဒုတပ္ၾကပ္တဦး ေထာင္ဒဏ္ ခ်မွတ္ခံရသည့္အျပင္ ၿမိဳ႕နယ္မႉးအား ရာထူးေလ်ာ့ကာ နယ္ေျပာင္း ခဲ့သည္။

ယင္းေဖာ္ထုတ္မႈေၾကာင့္ ၎တို႔ ၅ ဦးအား မႏၲေလးတိုင္းအစိုးရအဖြဲ႕ႏွင့္ ေဒသခံမ်ားက ဂုဏ္ျပဳပြဲက်င္းပခဲ့သည့္အျပင္ ဆဲ ဗင္းေဒးသတင္းဌာနကလည္း သူရဲေကာင္းဆု ခ်ီးျမႇင့္ခဲ့သည္။

ထိုဂုဏ္ျပဳပြဲတြင္ ၎တို႔၏ သေဘာဆႏၵမပါဘဲ နယ္ေျပာင္းေ႐ြ႕ရျခင္းမရွိေစရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ခ႐ိုင္အ ဆင့္၊ တိုင္းအဆင့္ရဲတပ္ဖြဲ႕ တာဝန္ရွိသူမ်ားႏွင့္ လူသိရွင္ၾကား ညႇိႏႈိင္းေျပာၾကားခဲ့ေသာ္လည္း တႏွစ္အၾကာ လက္ရွိတြင္ ၎ရဲတပ္သား ၅ ဦးလုံး ေက်ာက္ဆည္စခန္းတြင္ တာဝန္ထမ္းေဆာင္ရျခင္း မရွိေတာ့ေၾကာင္း ေက်ာက္ဆည္ၿမိဳ႕ခံ ဦးစိုး သီဟက ေျပာသည္။

၎တို႔ ၅ ဦးထဲမွ ၃ ဦးသည္ နယ္ေျပာင္းေ႐ြ႕ခဲ့ျခင္းျဖစ္ၿပီး ၂ ဦးမွာ ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒအား ခ်ိဳးေဖာက္သည္ ဟုဆိုကာ ျပစ္ဒဏ္ခ်မွတ္ခံရၿပီး ရဲတပ္ဖြဲ႕မွ ထုတ္ပယ္ခံခဲ့ရသည္။

ေက်ာက္ဆည္ၿမိဳ႕ခံ တဦးျဖစ္သည့္ ဦးစိုးသီဟ က “စခန္းမွာ သူတို႔ထက္ႏွစ္ၾကာေနတဲ့သူေတြရွိတယ္၊ အခုက သူတို႔ခိုင္းတဲ့ အတိုင္းလုပ္ဆိုလုပ္၊ ရဲတပ္ဖြဲ႕ရဲ႕ မသမာမႈလုပ္တာကို ေဖာ္ထုတ္တဲ့ ေအာက္လက္ငယ္သား တေယာက္ကို ဒီလိုႏွိပ္ကြပ္တယ္ ဆိုတာ ျပခ်င္လို႔ဒီလိုလုပ္တယ္လို႔ပဲ ယူဆရမယ္၊ သူတို႔အေၾကာင္းကို ႏိုင္ငံေတာ္အဆင့္ထိ အားလုံးသိေအာင္ ေျပာခဲ့ၾကေပမယ့္ ဘယ္သူကမွ အေရးတယူမလုပ္ခဲ့ၾကပါဘူး” ဟု ေျပာသည္။

ေက်ာက္ဆည္ေဒသခံမ်ား အေနျဖင့္လည္း တရားဥပေဒ စိုးမိုးေရး၊ ရဲတပ္ဖြဲ႕ျပဳျပင္ ေျပာင္းလဲေရးအတြက္ ပထမဆုံးေျခလွမ္း အျဖစ္ ၎တို႔ေဖာ္ထုတ္ခဲ့မႈအေပၚ ဂုဏ္ျပဳခဲ့ျခင္းျဖစ္ၿပီး ဝန္ထမ္းမ်ားအား ႏွိပ္ကြပ္ေနသည့္ ဥပေဒမ်ားေၾကာင့္ ႏိုင္ငံ ျပဳျပင္ ေျပာင္းလဲေရးတြင္ မ်ားစြာအေႏွာက္အယွက္ျဖစ္ေစၿပီး မတရားမႈအား ေဖာ္ထုတ္ေနသူမ်ားအား အေၾကာင္းျပခ်က္မရွိ ေျပာင္းေ႐ြ႕မႈမ်ားသည္လည္း ရဲတပ္ဖြဲ႕အတြက္ သိကၡာက်စရာ ျဖစ္ေနေၾကာင္း ၎က ေဝဖန္ခဲ့သည္။

၎ရဲတပ္သားမ်ားကဲ့သို႔ပင္ ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်း႐ြာအနီး ဘဂၤါလီ ၁၀ သတ္ျဖတ္ခံရမႈအား ေဖာ္ထုတ္ေရးသားခဲ့သည့္ Reuters သတင္းေထာက္ႏွစ္ဦးအား ရဲမႉးခ်ဳပ္တင္ကိုကိုက ဦးစီးကာ ေထာင္ေျခာက္ဆင္ဖမ္းဆီး ခဲ့ေၾကာင္း ဖြင့္ခ်ထြက္ဆိုခဲ့သည့္ ဒုရဲမႉး မိုးရန္ႏိုင္သည္လည္း ရဲစည္းကမ္း ထိန္းသိမ္းေရးဥပေဒျဖင့္ ေထာင္ဒဏ္ တႏွစ္ခ်မွတ္ ခံခဲ့ရသည္။

ရဲတပ္သား ထြန္းထြန္းဝင္းႏွင့္ ခ်စ္ကိုတို႔သည္ ၂၀၁၈ ခုႏွစ္ ေမလက ျပည္သူမ်ားႏွင့္ ပူးေပါင္းကာ မူးယစ္ေဆးဝါး ေရာင္းခ်သူ တဦးအား ဖမ္းဆီးခဲ့သည့္အျပင္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလတြင္လည္း ေဘာ္ေတာင္ေဒသ၌ တရားမဝင္ ခိုးယူတူးေဖာ္ကာ တန္ဖိုးႀကီးသတၳဳ႐ိုင္းအိတ္ ၁၂၀၀ တင္ေဆာင္လာသည့္ ကားႏွစ္စီးႏွင့္တရားခံမ်ားအား ဖမ္းဆီး ေဖာ္ထုတ္ေပးခဲ့ေၾကာင္း လည္း ၎တို႔၏ႏႈတ္ထြက္စာတြင္ ေဖာ္ျပထားသည္။

ယင္းႏႈတ္ထြက္စာႏွင့္ပတ္သက္၍ တာဝန္ရွိသူမ်ားထံမွ တစုံတရာျပန္ၾကားလာျခင္းမရွိေသးဘဲ ခြင့္ျပဳထားသည့္ ခြင့္ရက္မွာ ျပည္ေနၿပီျဖစ္သည့္အတြက္ ရဲစည္းကမ္းေဖာက္ဖ်က္မႈျဖင့္ အေရးယူခံရမည့္ အေျခအေနလည္း ရင္ဆိုင္ေနရေၾကာင္း သိရ သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Irrawaddy

#Unicode Version#
ကျောက်ဆည်မြို့နယ်အတွင်း တရားမဝင်မှောင်ခိုမှုများအား ဖော်ထုတ်နေစဉ် နယ်ပြောင်းရွေ့ခံရပြီး အုပ်စုဖွဲ့ အန္တရာယ်ပြု ခြင်းများ ရှိလာသည့်အတွက် မေလ ၈ ရက်နေ့က ရဲချုပ်ရုံးထံ နှုတ်ထွက်စာတင်လိုက်ပြီဖြစ်ကြောင်း ရဲတပ်သားထွန်းထွန်း ဝင်း နှင့်ချစ်ကိုတို့က ပြောသည်။

ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကို တို့သည် နောက်ထပ်မှောင်ခိုလမ်း ကြောင်းတခုအား ဖမ်းဆီးရန် စီစဉ်နေစဉ် မေလ ၁ ရက်နေ့ညက သံရွာနယ်မြေ ရဲစခန်းအပိုင် အတွင်း လူ ၈ ဦးခန့်ပါသည့်အဖွဲ့မှ ၎င်းတို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့ ၂ ဦးသည် ယင်းဖြစ်စဉ်မတိုင်မီ ဧပြီ ၅ ရက်နေ့ညက တရားမဝင်သစ်ကား ၄ စီးနှင့် လူ ၁၀ ဦးအား ပြည်သူများနှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့သေးသည်။

ရဲတပ်သားချစ်ကို က “နှစ်ယောက်စလုံးကို ပြောင်းဖို့လုပ်တာလဲ တမင်သက်သက်ကြီးလုပ်တာပါပဲ၊ အဲ့ဒီလမ်းကြောင်းမှာလဲ သစ်ရော၊ သတ္ထုကားတွေရော ဖြတ်တယ်လို့ စုံစမ်းထားတာ ဖမ်းဖို့လုပ်နေတုန်း တိုက်ခိုက်ခံရတာ၊ ခုလိုတိုက်ခိုက်တဲ့ လုပ် ရပ်တွေပါ ပါလာတော့ တော်တော်လွန်လာပါပြီ၊ ရဲထဲလဲ နေချင်စိတ်ကိုမရှိတော့ဘူး၊ စိတ်ကုန်နေပြီ” ဟု ပြောသည်။ တိုက်ခိုက်ခံရမှုကြောင့် တဦးတွင် တင်ပါးဓားဒဏ်ရာတချက် ရရှိခဲ့ပြီး ခြေ/လက်တို့တွင် ပွန်းပဲ့ရာများလည်း ရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်သား ထွန်းထွန်းဝင်း က “ချစ်ကိုနေတဲ့ဆီပြန်အပို့ ညဘက်လမ်းမှာဖြစ်တာ၊ ကားကိုလဲ ခဲနဲ့ဝိုင်းထုကြတယ်၊ ကျနော်တို့ လာမှာကို စောင့်ပြီးလုပ်တဲ့သဘောပါပဲ၊ ဘယ်ပြောင်းပြောင်း အချိတ်အဆက်တွေက ရှိနေတယ်လေ၊ ကျနော်တို့ ဆက်ပြီး လုပ်ချင်စိတ်မရှိတော့ဘူး ” ဟု ပြောသည်။ ၎င်းတို့ဖမ်းခဲ့သည့် သစ်ကား ၄ စီးနှင့်ကွင်းဆက်အနေဖြင့် ရဲရမန်တောင်တန်းဒေသ အတွင်း ဧပြီ ၃၀ ရက်နေ့အထိ တရားမ ဝင် သစ်မျိုးစုံ ၁၂၅ တန် ကျော်ကို ပိုင်ရှင်မဲ့အဖြစ် ထပ်မံဖမ်းမိခဲ့ပြီး သစ်တောဝန်ထမ်းအချို့ကိုလည်း နယ်ပြောင်းရွေ့လိုက်ကြောင်း ကျောက်ဆည် သစ်တောဦးစီးမှူး ဦးညီညီဖြိုးက ပြောထားသည်။

တရားမဝင်သစ်နှင့်အတူ ဖမ်းမိထားသူ ၁၀ ဦးအား လက်ရှိတွင် စဉ့်ကိုင်ရဲစခန်း၌အမှုဖွင့်ကာ တရားစွဲထားပြီး ဖမ်းမိချိန်တွင် တာဝန်ရှိသူအချို့နှင့် တယ်လီဖုန်းပြောထားသည့် ဗီဒီယိုအထောက်အထားများကိုလည်း တွေ့ရသည်။

ထိုအမှုများအား စုံစမ်းနေစဉ် ရဲတပ်သား ချစ်ကိုအား နောင်ချိုမြို့နယ်အတွင်းရှိ ရဲစခန်းတခုသို့ ပြောင်းရွေ့မိန့်ကျခဲ့ခြင်းဖြစ် ပြီး ဖမ်းဆီးပြီးချိန်တွင် ရဲတပ်သား ထွန်းထွန်းဝင်းအား ညောင်ဦးရဲစခန်းသို့ ပြောင်းရွေ့မိန့် ကျခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ နှုတ်ထွက်စာတွင် အပြောင်းအရွေ့စီနီယာအရသော်လည်းကောင်း၊ အနေကြာ တာဝန်ထမ်းဆောင်ခြင်းကြောင့် လည်း ကောင်း၊ ရဲစည်းကမ်းအရ လည်းကောင်း တစုံတရာအကြောင်းပြချက်မရှိဘဲ ရုတ်တရက်ပြောင်းရွေ့မိန့် ထုတ်ပြန် ခြင်းမှာ ရဲတပ်ဖွဲ့ လုပ်ရိုးလုပ်စဉ်နှင့် များစွာကွဲလွဲလျှက်ရှိကြောင်း ၎င်းတို့ကဆိုထားသည်။

၂၀၁၄ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ စတင်ဝင်ရောက်ခဲ့သည့် ရဲတပ်သားထွန်းထွန်းဝင်းသည် ရခိုင်ပြည်နယ်တွင် ၂ နှစ်ခန့် တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ကျောက်ဆည်မြို့သို့ ပြောင်းရွေ့လာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ စ တင်ဝင်ရောက်ခဲ့သည့် ရဲတပ်သားချစ်ကိုသည်လည်း ရခိုင်ပြည်နယ်တွင် ၂ နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ကာ၂၀၁၄ ခုနှစ် တွင် ကျောက်ဆည်ရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလအတွင်းကလည်း ၎င်းတို့နှစ်ဦးအပါအဝင် ရဲတပ်သား ၅ ဦးက ကျောက်ဆည်ရဲစခန်း အကြီး ပိုင်းတာဝန်ရှိသူများ ပါဝင်ပတ်သက်နေသည့် သစ်မှောင်ခိုကားအား ဖမ်ဆီးဖော်ထုတ်ခဲ့သည့်အတွက် ရဲစခန်းမှူးနှစ်ဦး၊ နယ် ထိန်းခေါင်းဆောင်တဦး၊ ဒုတပ်ကြပ်တဦး ထောင်ဒဏ် ချမှတ်ခံရသည့်အပြင် မြို့နယ်မှူးအား ရာထူးလျော့ကာ နယ်ပြောင်း ခဲ့သည်။

ယင်းဖော်ထုတ်မှုကြောင့် ၎င်းတို့ ၅ ဦးအား မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် ဒေသခံများက ဂုဏ်ပြုပွဲကျင်းပခဲ့သည့်အပြင် ဆဲ ဗင်းဒေးသတင်းဌာနကလည်း သူရဲကောင်းဆု ချီးမြှင့်ခဲ့သည်။

ထိုဂုဏ်ပြုပွဲတွင် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ နယ်ပြောင်းရွေ့ရခြင်းမရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များက ခရိုင်အ ဆင့်၊ တိုင်းအဆင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် လူသိရှင်ကြား ညှိနှိုင်းပြောကြားခဲ့သော်လည်း တနှစ်အကြာ လက်ရှိတွင် ၎င်းရဲတပ်သား ၅ ဦးလုံး ကျောက်ဆည်စခန်းတွင် တာဝန်ထမ်းဆောင်ရခြင်း မရှိတော့ကြောင်း ကျောက်ဆည်မြို့ခံ ဦးစိုး သီဟက ပြောသည်။

၎င်းတို့ ၅ ဦးထဲမှ ၃ ဦးသည် နယ်ပြောင်းရွေ့ခဲ့ခြင်းဖြစ်ပြီး ၂ ဦးမှာ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအား ချိုးဖောက်သည် ဟုဆိုကာ ပြစ်ဒဏ်ချမှတ်ခံရပြီး ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။

ကျောက်ဆည်မြို့ခံ တဦးဖြစ်သည့် ဦးစိုးသီဟ က “စခန်းမှာ သူတို့ထက်နှစ်ကြာနေတဲ့သူတွေရှိတယ်၊ အခုက သူတို့ခိုင်းတဲ့ အတိုင်းလုပ်ဆိုလုပ်၊ ရဲတပ်ဖွဲ့ရဲ့ မသမာမှုလုပ်တာကို ဖော်ထုတ်တဲ့ အောက်လက်ငယ်သား တယောက်ကို ဒီလိုနှိပ်ကွပ်တယ် ဆိုတာ ပြချင်လို့ဒီလိုလုပ်တယ်လို့ပဲ ယူဆရမယ်၊ သူတို့အကြောင်းကို နိုင်ငံတော်အဆင့်ထိ အားလုံးသိအောင် ပြောခဲ့ကြပေမယ့် ဘယ်သူကမှ အရေးတယူမလုပ်ခဲ့ကြပါဘူး” ဟု ပြောသည်။

ကျောက်ဆည်ဒေသခံများ အနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေး၊ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအတွက် ပထမဆုံးခြေလှမ်း အဖြစ် ၎င်းတို့ဖော်ထုတ်ခဲ့မှုအပေါ် ဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအား နှိပ်ကွပ်နေသည့် ဥပဒေများကြောင့် နိုင်ငံ ပြုပြင် ပြောင်းလဲရေးတွင် များစွာအနှောက်အယှက်ဖြစ်စေပြီး မတရားမှုအား ဖော်ထုတ်နေသူများအား အကြောင်းပြချက်မရှိ ပြောင်းရွေ့မှုများသည်လည်း ရဲတပ်ဖွဲ့အတွက် သိက္ခာကျစရာ ဖြစ်နေကြောင်း ၎င်းက ဝေဖန်ခဲ့သည်။

၎င်းရဲတပ်သားများကဲ့သို့ပင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာအနီး ဘင်္ဂါလီ ၁၀ သတ်ဖြတ်ခံရမှုအား ဖော်ထုတ်ရေးသားခဲ့သည့် Reuters သတင်းထောက်နှစ်ဦးအား ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကာ ထောင်ခြောက်ဆင်ဖမ်းဆီး ခဲ့ကြောင်း ဖွင့်ချထွက်ဆိုခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်သည်လည်း ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် တနှစ်ချမှတ် ခံခဲ့ရသည်။

ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည် ၂၀၁၈ ခုနှစ် မေလက ပြည်သူများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး ရောင်းချသူ တဦးအား ဖမ်းဆီးခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင်လည်း ဘော်တောင်ဒေသ၌ တရားမဝင် ခိုးယူတူးဖော်ကာ တန်ဖိုးကြီးသတ္ထုရိုင်းအိတ် ၁၂၀၀ တင်ဆောင်လာသည့် ကားနှစ်စီးနှင့်တရားခံများအား ဖမ်းဆီး ဖော်ထုတ်ပေးခဲ့ကြောင်း လည်း ၎င်းတို့၏နှုတ်ထွက်စာတွင် ဖော်ပြထားသည်။

ယင်းနှုတ်ထွက်စာနှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ တစုံတရာပြန်ကြားလာခြင်းမရှိသေးဘဲ ခွင့်ပြုထားသည့် ခွင့်ရက်မှာ ပြည်နေပြီဖြစ်သည့်အတွက် ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူခံရမည့် အခြေအနေလည်း ရင်ဆိုင်နေရကြောင်း သိရ သည်။


ဖိုးသူတော်(www.phothutaw.com)
Credit: Irrawaddy


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top