အသက္ႀကီးလာတာနဲ႔ အို္မင္းရင့္ေရာ္လာျခင္းက လြန္ဆန္လို႔မရတဲ့ သဘာဝတရားပါပဲ။ ဒါေပမဲ့ ကိုယ္က အခုမွ အသက္ငယ္ငယ္ေလးပဲ ႐ွိေသးတယ္ ႐ွိရင္းစြဲအသက္ထက္ ႏွစ္ဆေလာက္ပိုႀကီးေနတဲ့ပံုေပါက္ေနရင္ေတာ့ အေျခအေနမဟန္ပါဘူး။

အသက္အရြယ္နဲ႔မွ မလိုက္ အိုစာေနတဲ့ပံုေပါက္ေနရင္ေတာ့ ကိုယ္ ဘယ္လိုအေလ့အက်င့္ဆိုးေတြ က်ဴးလြန္မိလဲဆိုတာ ျပန္သံုးသပ္ဖို႔အခ်ိန္ေရာက္လာပါၿပီ။ အခုေဖာ္ျပေပးမယ့္ အခ်က္ေတြထဲမွာ သင္ မသိလိုက္ မသိဘာသာ ျပဳလုပ္မိတဲ့ အမွားေလးေတြ ပါေနမလားဆိုတာ ဆက္ၾကည့္လိုက္ရေအာင္။

စိတ္ဖိစီးမႈ မ်ားျခင္း

လူတိုင္းမွာ စိတ္ဖိစီးမႈေတြ ႐ွိၾကပါတယ္။ အနည္းနဲ႔အမ်ားပဲ ကြာျခားသြားတာပါ။ စိတ္ဖိစီးျခင္းက အိပ္မေပ်ာ္ေရာဂါကို ျဖစ္ေစၿပီး ထိုမွတစ္ဆင့္ အေရးအေၾကာင္းေတြ ျဖစ္လာပါေတာ့တယ္။ ဆံပင္ကြ်တ္ျခင္း၊ ဆံပင္ျဖဴျခင္းကလည္း စိတ္ဖိစီးမႈရဲ႕ လကၡဏာရပ္ေတြပါပဲ။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈ နည္းနည္းေလး ဝင္တာနဲ႔ ႐ွိသမွ် နည္းလမ္းေပါင္းစံုနဲ႔ စိတ္အပန္းေျပေအာင္ ျပန္လည္လုပ္ေဆာင္ေပးရပါမယ္။

မ်က္ႏွာ အမူအရာ အသံုးျပဳမ်ားျခင္း

တစ္ခ်ိဳ႕ေတြ ႐ွိပါတယ္။ တစ္ခုခုစိတ္အလိုမက်တာ၊ စိတ္ဆိုးေဒါသထြက္တဲ့အခါမ်ိဳးေတြမွာ မ်က္ခံုးႏွစ္ဖက္ကို က်ံဳ႕ပစ္လိုက္တာမ်ိဳး၊ ပါးစပ္ကို ရြဲ႕လိုက္တာမ်ိဳးေတြက မ်က္လံုးနားတစ္ဝိုက္၊ နဖူးနားတစ္ဝိုက္မွာ အေရးအေၾကာင္းမ်ားျဖစ္ေပၚေစပါတယ္။

အစားအေသာက္ေရြးခ်ယ္မႈ မမွန္ကန္ျခင္း

ဘယ္အစားအစာကေတာ့ အဆီတက္ေစတယ္၊ ဘယ္အစားအစာကေတာ့ ကယ္လိုရီမ်ားတယ္ စတဲ့အခ်က္ေတြကို လူတိုင္း သိၿပီးသားပါ။ သိလ်က္သားနဲ႔ မိမိစိတ္ကို အလိုလိုက္ၿပီး က်န္းမာေရးနဲ႔ မညီညႊတ္တဲ့အစားအစာမ်ားကို ေန႔တိုင္း စားသံုးေနမယ္ဆိုရင္ေတာ့ အရြယ္တင္ႏုပ်ိဳေနမွာမဟုတ္ေတာ့ပါဘူး။

အိပ္ခ်ိန္နည္းျခင္း

အိပ္ေရးမဝျခင္းက အသားအေရ ထိခုိက္ပ်က္စီးေစ႐ံုသာမကဘဲ က်န္းမာေရးကိုလည္း ထိခိုက္ေစပါတယ္။ အိပ္ေရးဝမွ ဦးေႏွာက္က ေကာင္းစြာ အလုပ္လုပ္ႏိုင္မွာျဖစ္ၿပီး မွတ္ဥာဏ္စြမ္းအားလည္း တိုးျမွင့္မွာျဖစ္ပါတယ္။ သုေတသနပညာ႐ွင္မ်ားရဲ႕ ေလ့လာခ်က္အရ မၾကာခဏအိပ္ေရးပ်က္သူေတြက အယ္ဇိုင္းမားေရာဂါ ခံစားရႏိုင္ေခ်မ်ားတယ္လို႔ သိ႐ွိရပါတယ္။

ကိုယ္လက္လႈပ္႐ွားမႈ နည္းေသာ လူေနမႈဘဝ

ကိုယ့္ရဲ႕ အလုပ္က ႐ံုးခန္းထဲမွာ တစ္ေနကုန္ထိုင္ၿပီး အလုပ္လုပ္ရတယ္ဆိုရင္ေတာင္ အေညာင္းေျပအညာေျပ မၾကာခဏလမ္းေလွ်ာက္ေပးပါ။ ကိုယ္လက္လႈပ္႐ွားမႈနည္းျခင္းက အသက္႐ႈလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ အ႐ိုးအားနည္းျခင္းနဲ႔ ကင္ဆာေရာဂါေတြအျပင္ အဝလြန္ျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ေနေရာင္ျခည္ႏွင့္ ထိေတြ႔မႈမ်ားျခင္း

အိုမင္းရင့္ေရာ္မႈကို ျမန္ဆန္ေစတဲ့ တရားခံေတြထဲမွာ ခရမ္းလြန္ေနေရာင္ျခည္ဒဏ္လည္း တစ္ခုအပါအဝင္ပါပဲ။ ဒါ့ေၾကာင့္ ေနရာင္ထဲထြက္မယ္ဆိုတာနဲ႔ ေနေလာင္ကာခရင္မ္ လိမ္းၿပီးမွ အျပင္ထြက္ပါ။ မ်က္လံုးကို ကာကြယ္ဖို႔အတြက္ ေနကာမ်က္မွန္တပ္သြားပါ။ ထီးတို႔ ဦးထုပ္တို႔ ေဆာင္းၿပီးမွ အျပင္ထြက္ပါ။

ေရေသာက္နည္းျခင္း

မနက္မိုးလင္းတာနဲ႔ ေရတစ္ခြက္အဝေသာက္ျခင္းက ခႏၶာကိုယ္ထဲမွာ ႐ွိတဲ့ အပူအပုပ္ေတြကို ဖယ္႐ွားေပးၿပီး အသားအေရကို ဝင္းပၾကည္လင္လာေစပါတယ္။ တစ္ေန႔တာလံုးမွာလည္း ေရဓာတ္ျပည့္ဝဖို႔အတြက္ ေရမ်ားမ်ားေသာက္ေပးမွသာလွ်င္ အသားအေရက စိုေျပေနမွပါ။ ဒီလိုမွမဟုတ္ဘဲ ေရဓာတ္ခမ္းေျခာက္ေနမယ္ဆိုရင္ေတာ့ အသားအေရလည္း ေျခာက္ေသြ႔သြားၿပီး ၾကမ္းတမ္းရင့္ေထာ္ေနမွာပဲျဖစ္ပါတယ္။

စာဖတ္သူတို႔ေရာ အခုေဖာ္ျပခဲ့တဲ့အခ်က္ေတြထဲက ဘယ္ႏွခ်က္ေလာက္ကို က်ဴးလြန္မိေနၿပီလဲ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mystylemyanmar

#Unicode Version#
အသက်ကြီးလာတာနဲ့ အိုမင်းရင့်ရော်လာခြင်းက လွန်ဆန်လို့မရတဲ့ သဘာဝတရားပါပဲ။ ဒါပေမဲ့ ကိုယ်က အခုမှ အသက်ငယ်ငယ်လေးပဲ ရှိသေးတယ် ရှိရင်းစွဲအသက်ထက် နှစ်ဆလောက်ပိုကြီးနေတဲ့ပုံပေါက်နေရင်တော့ အခြေအနေမဟန်ပါဘူး။

အသက်အရွယ်နဲ့မှ မလိုက် အိုစာနေတဲ့ပုံပေါက်နေရင်တော့ ကိုယ် ဘယ်လိုအလေ့အကျင့်ဆိုးတွေ ကျူးလွန်မိလဲဆိုတာ ပြန်သုံးသပ်ဖို့အချိန်ရောက်လာပါပြီ။ အခုဖော်ပြပေးမယ့် အချက်တွေထဲမှာ သင် မသိလိုက် မသိဘာသာ ပြုလုပ်မိတဲ့ အမှားလေးတွေ ပါနေမလားဆိုတာ ဆက်ကြည့်လိုက်ရအောင်။

စိတ်ဖိစီးမှု များခြင်း

လူတိုင်းမှာ စိတ်ဖိစီးမှုတွေ ရှိကြပါတယ်။ အနည်းနဲ့အများပဲ ကွာခြားသွားတာပါ။ စိတ်ဖိစီးခြင်းက အိပ်မပျော်ရောဂါကို ဖြစ်စေပြီး ထိုမှတစ်ဆင့် အရေးအကြောင်းတွေ ဖြစ်လာပါတော့တယ်။ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ဖြူခြင်းကလည်း စိတ်ဖိစီးမှုရဲ့ လက္ခဏာရပ်တွေပါပဲ။ ဒါ့ကြောင့် စိတ်ဖိစီးမှု နည်းနည်းလေး ဝင်တာနဲ့ ရှိသမျှ နည်းလမ်းပေါင်းစုံနဲ့ စိတ်အပန်းပြေအောင် ပြန်လည်လုပ်ဆောင်ပေးရပါမယ်။

မျက်နှာ အမူအရာ အသုံးပြုများခြင်း

တစ်ချို့တွေ ရှိပါတယ်။ တစ်ခုခုစိတ်အလိုမကျတာ၊ စိတ်ဆိုးဒေါသထွက်တဲ့အခါမျိုးတွေမှာ မျက်ခုံးနှစ်ဖက်ကို ကျုံ့ပစ်လိုက်တာမျိုး၊ ပါးစပ်ကို ရွဲ့လိုက်တာမျိုးတွေက မျက်လုံးနားတစ်ဝိုက်၊ နဖူးနားတစ်ဝိုက်မှာ အရေးအကြောင်းများဖြစ်ပေါ်စေပါတယ်။

အစားအသောက်ရွေးချယ်မှု မမှန်ကန်ခြင်း

ဘယ်အစားအစာကတော့ အဆီတက်စေတယ်၊ ဘယ်အစားအစာကတော့ ကယ်လိုရီများတယ် စတဲ့အချက်တွေကို လူတိုင်း သိပြီးသားပါ။ သိလျက်သားနဲ့ မိမိစိတ်ကို အလိုလိုက်ပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာများကို နေ့တိုင်း စားသုံးနေမယ်ဆိုရင်တော့ အရွယ်တင်နုပျိုနေမှာမဟုတ်တော့ပါဘူး။

အိပ်ချိန်နည်းခြင်း

အိပ်ရေးမဝခြင်းက အသားအရေ ထိခိုက်ပျက်စီးစေရုံသာမကဘဲ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အိပ်ရေးဝမှ ဦးနှောက်က ကောင်းစွာ အလုပ်လုပ်နိုင်မှာဖြစ်ပြီး မှတ်ဉာဏ်စွမ်းအားလည်း တိုးမြှင့်မှာဖြစ်ပါတယ်။ သုတေသနပညာရှင်များရဲ့ လေ့လာချက်အရ မကြာခဏအိပ်ရေးပျက်သူတွေက အယ်ဇိုင်းမားရောဂါ ခံစားရနိုင်ချေများတယ်လို့ သိရှိရပါတယ်။

ကိုယ်လက်လှုပ်ရှားမှု နည်းသော လူနေမှုဘဝ

ကိုယ့်ရဲ့ အလုပ်က ရုံးခန်းထဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတယ်ဆိုရင်တောင် အညောင်းပြေအညာပြေ မကြာခဏလမ်းလျှောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ အရိုးအားနည်းခြင်းနဲ့ ကင်ဆာရောဂါတွေအပြင် အဝလွန်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း

အိုမင်းရင့်ရော်မှုကို မြန်ဆန်စေတဲ့ တရားခံတွေထဲမှာ ခရမ်းလွန်နေရောင်ခြည်ဒဏ်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် နေရာင်ထဲထွက်မယ်ဆိုတာနဲ့ နေလောင်ကာခရင်မ် လိမ်းပြီးမှ အပြင်ထွက်ပါ။ မျက်လုံးကို ကာကွယ်ဖို့အတွက် နေကာမျက်မှန်တပ်သွားပါ။ ထီးတို့ ဦးထုပ်တို့ ဆောင်းပြီးမှ အပြင်ထွက်ပါ။

ရေသောက်နည်းခြင်း

မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်အဝသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အပူအပုပ်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ဝင်းပကြည်လင်လာစေပါတယ်။ တစ်နေ့တာလုံးမှာလည်း ရေဓာတ်ပြည့်ဝဖို့အတွက် ရေများများသောက်ပေးမှသာလျှင် အသားအရေက စိုပြေနေမှပါ။ ဒီလိုမှမဟုတ်ဘဲ ရေဓာတ်ခမ်းခြောက်နေမယ်ဆိုရင်တော့ အသားအရေလည်း ခြောက်သွေ့သွားပြီး ကြမ်းတမ်းရင့်ထော်နေမှာပဲဖြစ်ပါတယ်။

စာဖတ်သူတို့ရော အခုဖော်ပြခဲ့တဲ့အချက်တွေထဲက ဘယ်နှချက်လောက်ကို ကျူးလွန်မိနေပြီလဲ။

ဖိုးသူတော်(www.phothutaw.com)
Credit:Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top