






Credit:santhitsa
# Unicode Version # ဖြင့် ဖတ်ပါ #

စိတ်ကောင်း ရှိတဲ့ သူတွေဟာ ဘယ်တော့ မဆို သူများ တွေထပ် ပိုပြီး ဝမ်းနည်း စရာ တွေကို ခဏခဏ ကြုံတွေ့ ရသူ တွေပါ ။ သစ္စာဖောက် ခံရတာ ၊ နောက်ကျော ဓားထိုး ခံရတာ ၊ လိုသုံး ခံရတာ မျိုးတွေ ဟာ စိတ်ရင်း ကောင်းတဲ့ သူတွေပဲ ကြုံရ တာပါ ။ ခု ဖော်ပြ ပေးမှာ ကတော့ စိတ်ထား ကောင်းလွန်း လို့ မကြာ ခဏ စိတ်ဒဏ်ရာ ရရတဲ့ ရာသီခွင် တွေပဲ ဖြစ်ပါ တယ် ။

( 1 ) Sagittarius ( November 22 – December 22 )

Sagittarius လေး တွေဟာ အရမ်း အားနာပြီး စိတ်ထား ကောင်းတဲ့ သူတွေပါ ။ သူငယ်ချင်း တွေ ၊ ချစ်သူ ၊ မိသားစု အတွက် ဆိုရင် အမြဲ လိုလို အနစ်နာ ခံချင်တဲ့ စိတ်ဓာတ် ကို ပိုင်ဆိုင် ထားတဲ့ သူတွေပါ ။ ဒါကြောင့်ပဲ သူတို့ တွေဟာ မကြာ ခဏ စိတ် ဒဏ်ရာ ရတဲ့ ရာသီခွင် တွေ ဖြစ်ပါ တယ် ။

( 2 ) Virgo ( August 23 – September 23 )

ဒီရာသီ ဖွားတွေဟာ သူငယ်ချင်း ကောင်းတွေ ဖြစ်ကြ ပါတယ် ။ သူငယ်ချင်း အတွက် ဆိုရင် ဘာပဲလုပ် ပေးရ ပေးရ လုပ်ပေး ဝံ့ကြတဲ့ သူတွေပါ ။ အရမ်း အားနာ တတ်တဲ့ သူတွေ ဖြစ်တာ ကြောင့် အမြဲ လိုလို ဝမ်းနည်း ရတဲ့ ရာသီခွင် တွေ ဖြစ်ပါတယ် ။

( 3 ) Libra ( September 23 – October 23 )

ဒီ ရာသီဖွား တွေဟာ နှလုံးလှတဲ့ ရာသီဖွားတွေ ဖြစ်ပါ တယ် ။ ဘယ်တော့ မဆို ပတ်ဝန်းကျင် နဲ့လိုက်လျော ညီထွေ ဖြစ်အောင် နေပြီး သူများ တွေရဲ့ အကြိုက်ကို အမြဲ လိုက်ပေးတဲ့ သူတွေပါ ။ ဒါကြောင့်ပဲ တစ်ခါ တလေ မှာ ကိုယ်ဖြစ်ချင် တာကို မြိုသိပ် ပါများပြီး အမြဲလိုလို ဝမ်းနည်းရတဲ့သူတွေပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top