20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ကိုယ့္ဆီကို မလာခ်င္တဲ့ လူတေယာက္ကို အတင္း ဆြဲေခၚေနရတာ ပင္ပန္းပါတယ္ ။

မာန နဲ႔ အရွက္ သိကၡာေတြ ေအာက္က် ေနာက္က် ျဖစ္ၿပီး တြယ္ကပ္ေန ရတဲ့ ကိုယ့္ အျဖစ္ကိုယ္ တခါ တခါ ေတာ္ေတာ္လည္း ရွက္မိတယ္ ။

သူ႔ကို သိပ္ခ်စ္လြန္းလို႔ သူ႔ အခ်စ္ကို ရဖို႔ ႀကိဳးစားေန ရတာ ။ သူ႔ဘက္ကေတာ့ အသိမွတ္ျပဳ ဖို႔ ေနေနသာသာ မသိခ်င္ေယာင္ေတာင္ ေဆာင္လို႔ ။

သူ႔ကို ခ်စ္ေနရတာ စိတ္ပင္ပန္း ရတယ္ ။ သူ႔စိတ္က ကိုယ့္ဆီမွာမွ မရွိပဲ ။

သူ႔ကို ကိုယ့္ဘက္က ဘယ္ေလာက္ထိေတာင္  တစ္ဖက္သတ္ႀကီး ခ်စ္ေနလည္း ကိုယ့္ရဲ႕ အခ်စ္က သူ႔အတြက္ေတာ့ ဝန္ထုပ္ ဝန္ပိုး ျဖစ္ရံုထက္ ပိုမယ္ မထင္ဘူး ။

သူနဲ႔ အေဝးဆံုး အရပ္မွာပဲ က်န္ေနခဲ႔ဖို႔ စဥ္းစား ပါတယ္ ။ ကိုယ့္အေပၚ စိတ္မရွိတဲ့ သူတေယာက္ အတြက္ အတင္း လုပ္ယူေနလဲ အရာမွ ထင္မွာ မဟုတ္တာ ။

အေဝးက ခ်စ္ေနရလည္း အခ်စ္ပဲ ဆိုတာ ကိုယ္ သိေနပါၿပီ ။ ( ဒီအတိုင္းေလး သူ႔ေဘးနားမွာ ရွိခ်င္ခဲ႔တာ ကိုယ့္ရဲ႕ ေလာဘပါ )  ။ အရမ္​းႀကီး ဖက္​တြယ္​ထား တာေတြ ၊ ေပးဆပ္ေန တာေတြ ရပ္ပစ္လိုက္ဖို႔ သင့္ၿပီ ထင္ပါတယ္ ။

ကိုယ္ပဲ နာက်င္ ရတယ္ ။ ကိုယ္ပဲ လ်စ္လ်ဴ ရွဳ ခံရတယ္ နာက်င္ အခ်ိန္ပိုေတြကို ဆက္ မခံစားခ်င္ ေတာ့ဘူး ။

ဒါေၾကာင့္ ဒီေန႔က စလို႔ မငး္ အေကာင့္ ေလးကို unfollow လုပ္ေပးလိုက္ ပါေတာ့မယ္ ။ သတိရတဲ့ အခါတိုင္း wall ထဲကို အရင္လို ခိုးေၾကာင္ခိုးဝွက္ လာခဲ့ ပါ့မယ္ ။

ဒီအတိုင္းေလး ၾကည့္ၿပီး ဒီအတိုင္းေလးပဲ ျပန္သြားမွာပါ ။

block လိုက္ဖို႔ ဆိုတာႀကီး ကေတာ့ ခက္ခဲေသးတယ္ ။

မင္း သိဖို႔က .... ဟင့္အင္း မင္း မသိလည္း ရပါတယ္ ။ ကိုယ္မင္းကို ခ်စ္လြန္းလို႔ unfollow လုပ္ခဲ႔ တာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခဲတံ

#Unicode Version# ျဖင့္ဖတ္ပါ ။

 ကိုယ့်ဆီကို မလာချင်တဲ့ လူတယောက်ကို အတင်း ဆွဲခေါ်နေရတာ ပင်ပန်းပါတယ် ။

မာန နဲ့ အရှက် သိက္ခာတွေ အောက်ကျ နောက်ကျ ဖြစ်ပြီး တွယ်ကပ်နေ ရတဲ့ ကိုယ့် အဖြစ်ကိုယ် တခါ တခါ တော်တော်လည်း ရှက်မိတယ် ။

သူ့ကို သိပ်ချစ်လွန်းလို့ သူ့ အချစ်ကို ရဖို့ ကြိုးစားနေ ရတာ ။ သူ့ဘက်ကတော့ အသိမှတ်ပြု ဖို့ နေနေသာသာ မသိချင်ယောင်တောင် ဆောင်လို့ ။

သူ့ကို ချစ်နေရတာ စိတ်ပင်ပန်း ရတယ် ။ သူ့စိတ်က ကိုယ့်ဆီမှာမှ မရှိပဲ ။

သူ့ကို ကိုယ့်ဘက်က ဘယ်လောက်ထိတောင်  တစ်ဖက်သတ်ကြီး ချစ်နေလည်း ကိုယ့်ရဲ့ အချစ်က သူ့အတွက်တော့ ဝန်ထုပ် ဝန်ပိုး ဖြစ်ရုံထက် ပိုမယ် မထင်ဘူး ။

သူနဲ့ အဝေးဆုံး အရပ်မှာပဲ ကျန်နေခဲ့ဖို့ စဉ်းစား ပါတယ် ။ ကိုယ့်အပေါ် စိတ်မရှိတဲ့ သူတယောက် အတွက် အတင်း လုပ်ယူနေလဲ အရာမှ ထင်မှာ မဟုတ်တာ ။

အဝေးက ချစ်နေရလည်း အချစ်ပဲ ဆိုတာ ကိုယ် သိနေပါပြီ ။ ( ဒီအတိုင်းလေး သူ့ဘေးနားမှာ ရှိချင်ခဲ့တာ ကိုယ့်ရဲ့ လောဘပါ )  ။ အရမ်းကြီး ဖက်တွယ်ထား တာတွေ ၊ ပေးဆပ်နေ တာတွေ ရပ်ပစ်လိုက်ဖို့ သင့်ပြီ ထင်ပါတယ် ။

ကိုယ်ပဲ နာကျင် ရတယ် ။ ကိုယ်ပဲ လျစ်လျူ ရှု ခံရတယ် နာကျင် အချိန်ပိုတွေကို ဆက် မခံစားချင် တော့ဘူး ။

ဒါကြောင့် ဒီနေ့က စလို့ မင်း အကောင့် လေးကို unfollow လုပ်ပေးလိုက် ပါတော့မယ် ။ သတိရတဲ့ အခါတိုင်း wall ထဲကို အရင်လို ခိုးကြောင်ခိုးဝှက် လာခဲ့ ပါ့မယ် ။

ဒီအတိုင်းလေး ကြည့်ပြီး ဒီအတိုင်းလေးပဲ ပြန်သွားမှာပါ ။

block လိုက်ဖို့ ဆိုတာကြီး ကတော့ ခက်ခဲသေးတယ် ။

မင်း သိဖို့က .... ဟင့်အင်း မင်း မသိလည်း ရပါတယ် ။ ကိုယ်မင်းကို ချစ်လွန်းလို့ unfollow လုပ်ခဲ့ တာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ခဲတံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top