#Unicode Version#
ဆံပင်အရင်းများအားနည်းပြီး ဆံပင်များစွာကျွတ်တတ်ပါက ကြက်ဥ ပါသောခေါင်းလျှော်ရည်ကို အသုံး ပြုရပါလိမ့်မည်။ ဆံပင်ကျွတ်ခြင်းကိုကာကွယ် နိုင်သည့် ဆံပင်ပေါင်းဆေး အချို့ကို မိမိကိုယ်တိုင်ပြုလုပ်နိုင်သည်ဖြစ်ရာ ခေါင်းလျှော်ပြီးပါက ပေါင်းတင်ဆေးကို သုံးပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်သည်။
(၁)rosemaryရည်ကို ရေနွေး ပူပူထဲတွင် ထည့်၍ မိနစ် (၂၀)ထားပါ။ ထို့နောက် အအေးခံပါ။ ကြက်ဥ(၁)လုံးကိုထည့်ပြီး ဆံပင် အမြစ်အထိရောက်အောင် သုတ် လိမ်းပြီး ခေတ္တထားပြီးမှ ဆေးချပါ။(၂)သင်္ဘောသီး(၁)ခြမ်းကို မိမိ၏ဆံပင်အရှည်၊အတိုအရွယ်ကို ချိန်ပြီး အသားများကိုထုတ်၍ အစေ့ များကို ဖယ်ပါ။ ကြိတ်စက်ဖြင့် ကြိတ်ပြီး အနှစ်ဖြစ်အောင် လုပ်ပါ။ ဒိန်ချဉ်လက်ဖက်ရည်ပန်းကန်(၁)လုံး စာနှင့်ရော၍ ဆံပင်ကို လိမ်းပြီး နှိပ် နယ်ပေးပါ။ ထို့နောက် မိနစ်(၃၀)ခန့် ထားပြီးမှ ဆေးချပါ။
(၃)ကြက်ဆူဆီ၊ မုန်ညင်းဆီ ၊သံလွင် ဆီတို့ကို အချိုးဆတူရောပါ။ မိမိ၏ ဆံပင်အထူအပါးအပေါ်မူတည်ပြီး အချိန်အဆကို အတိုးအလျော့လုပ် နိုင်သည်။ ဆတူရောပြီးပါက ဆံပင် ကို လိမ်းပြီး မျက်နှာသုတ်ပဝါနှင့်ပတ်၍ နာရီဝက်ခန့်ထားပါ။ ဆီများစင် အောင် ခေါင်းလျှော်ရည်နှင့်ဆေး ချပါ။ ဆံပင်ကျွတ်ခြင်းအတွက် ထိ ရောက်စေသောနည်းလမ်းကောင်း များဖြစ်သည်။
ဖိုးသူတော်(www.phothutaw.com)
Credit:Health Update Journal
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top