ရန္ကုန္ၿမိဳ႕တြင္ အရွည္လ်ားဆုံး ေျမေအာက္ေျမာင္း ဟုဆိုႏိုင္သည့္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ပင္မ ေျမေအာက္ ေရေျမာင္းအတြင္း အမႈိက္ပိတ္ဆို႔ေနမႈကို ရွင္းလင္းရာ အမႈိက္ကား အစီး ၂၀ ခန႔္ ကနဦး ဆယ္ယူ ရရွိၿပီျဖစ္ေၾကာင္း အမႈိက္ဆယ္ယူေနသည့္ ဝန္ထမ္းမ်ား၏ အဖြဲ႕ေခါင္းေဆာင္က ေမ ၂၀ ရက္တြင္ ေျပာၾကားသည္။

အဆိုပါ ပင္မေျမေအာက္ ေရေျမာင္းသည္ ေပ ၁၆၀၀ ခန႔္ရွည္လ်ားၿပီး အက်ယ္ႏွင့္ အျမင့္ ပတ္လည္ ရွစ္ေပ ရွိေၾကာင္း၊ ေမ ၁၆ ရက္တြင္ အမႈိက္ ဆယ္ယူသည့္လုပ္ငန္း စတင္ခဲ့ၿပီး ေမ ၂၀ ရက္ထိ ေပ ၁၁၀၀ ခန႔္ ဆယ္ယူၿပီး ျဖစ္ေၾကာင္း သိရသည္။

အမႈိက္ဆယ္ယူေရး အဖြဲ႕ေခါင္းေဆာင္ ျဖစ္သူ စမ္းေခ်ာင္းၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ကိုေအာင္ကိုမင္းက “ေရေျမာင္းႀကီးထဲမွာ အမႈိက္ေတြက လူသုံးေယာက္ တက္အိပ္တာေတာင္ ျမဳပ္မသြားဘူး။ ခန႔္မွန္း ႏွစ္ေပေလာက္ ထုရွိတယ္။ ကြၽန္ေတာ္တို႔ ခုအမႈိက္ေတြ ဆယ္ေနတာ ကားအစီး ၂၀ ေလာက္ရၿပီ။ စလုပ္တဲ့အခ်ိန္မွာ အမႈိက္ေတြက ဆြဲထုတ္လို႔ေတာင္ မရဘူး”ဟု ေျပာၾကားသည္။

ယင္းကဲ့သို႔ အမႈိက္မ်ား ဆယ္ယူရာတြင္ အလြန္အႏၲရာယ္မ်ားၿပီး အမႈိက္ဆယ္ယူသည့္အဖြဲ႕မွ အမ်ိဳးသားတစ္ဦး ေအာက္ဆီဂ်င္ ျပတ္သြားသျဖင့္ မူးေမ့သြားေၾကာင္း သိရသည္။

စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ၎ေျမေအာက္ ေရေျမာင္းအတြင္းမွ အမႈိက္မ်ားကို ယခင္က ဆယ္ယူဖူးျခင္း မရွိေၾကာင္း၊ ယခုႏွစ္မွ ဆယ္ယူ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး ဆယ္ယူသည့္ ဝန္ထမ္းအင္အား ၃၀ ခန႔္ျဖင့္ ဆယ္ယူေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္က စမ္းေခ်ာင္းသားပါ။ ဒီမွာ အခုလို ေရေျမာင္းႀကီးကို အမႈိက္ဆယ္တာ တစ္ခါမွ မျမင္ဖူးဘူး။ ကြၽန္ေတာ္တို႔ ငယ္ငယ္ကလည္း အမႈိက္ေတြက ဒီေလာက္မမ်ားဘူး။ အရင္ႏွစ္ေတြတုန္းကလည္း အမႈိက္ မဆယ္ဖူးဘူး။ ဒီႏွစ္မွ ကြၽန္ေတာ္ အဖြဲ႕သားေတြနဲ႔ စဆယ္တာ ျဖစ္ပါတယ္” ဟု ကိုေအာင္ကိုမင္းက ေျပာၾကားသည္။

အမႈိက္ဆယ္ယူသည့္ ဝန္ထမ္းမ်ား လုပ္ငန္း ေဆာင္႐ြက္သည့္ ေနရာသို႔ ရန္ကုန္ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးစိုးလြင္က ေမ ၂၀ ရက္တြင္ လာေရာက္ ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

အမႈိက္ ဆယ္ယူသည့္ ဝန္ထမ္းမ်ားသည္ ေခါင္းပတ္ ဓာတ္မီးမ်ား တပ္ဆင္ကာ ေရေျမာင္း၏ အတြင္းထဲသို႔ ဝင္ေရာက္ၿပီး ေခါင္းေလး ေပၚ႐ုံျဖင့္ပင္ အမႈိက္မ်ားကို ဆယ္ယူေနရျခင္း ျဖစ္ၿပီး ထိုသို႔ ဆယ္ယူရာတြင္ ေအာက္ဆီဂ်င္ ျပတ္လပ္မႈ မရွိေစရန္ ေမာ္တာျဖင့္ စက္လည္ပတ္ကာ ေျမာင္းထဲသို႔ ေအာက္ဆီဂ်င္ ပို႔ေပးထားေၾကာင္း သိရသည္။

ထိုသို႔ ဆယ္ယူရာတြင္ ဝန္ထမ္းမ်ားအေနျဖင့္ အသက္အႏၲရာယ္ နီးကပ္စြာ ဆယ္ယူေနရျခင္းျဖစ္ၿပီး ဌာနမွ လိုအပ္သည္မ်ား ပံ့ပိုးထားေၾကာင္း၊ ျပင္ပမွ ေစတနာရွင္ ျပည္သူမ်ားကလည္း ေသာက္ေရသန႔္၊ အားျဖည့္ အခ်ိဳရည္ႏွင့္ အစားအေသာက္မ်ား လာေရာက္ လႉဒါန္းၾကေၾကာင္း သိရသည္။

စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ ပင္မ ေျမေအာက္ေရေျမာင္းမွ အမႈိက္မ်ားႏွင့္ ေရမ်ားသည္ ေအာင္ခ်မ္းသာ ေရေျမာင္းႀကီးအတြင္းသို႔ စီးဝင္ျခင္းျဖစ္ၿပီး ေအာင္ခ်မ္းသာ ေရေျမာင္းႀကီးသည္ သီရီမဂၤလာေစ်းအနီးမွ ရန္ကုန္ျမစ္အတြင္းသို႔ စီးဆင္းသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media
ဓာတ္ပံု – ၾကည္ႏိုင္ ၊ မ်ိဳးထြန္း
#Unicode Version#
ရန်ကုန်မြို့တွင် အရှည်လျားဆုံး မြေအောက်မြောင်း ဟုဆိုနိုင်သည့် စမ်းချောင်းမြို့နယ်ရှိ ပင်မ မြေအောက် ရေမြောင်းအတွင်း အမှိုက်ပိတ်ဆို့နေမှုကို ရှင်းလင်းရာ အမှိုက်ကား အစီး ၂၀ ခန့် ကနဦး ဆယ်ယူ ရရှိပြီဖြစ်ကြောင်း အမှိုက်ဆယ်ယူနေသည့် ဝန်ထမ်းများ၏ အဖွဲ့ခေါင်းဆောင်က မေ ၂၀ ရက်တွင် ပြောကြားသည်။

အဆိုပါ ပင်မမြေအောက် ရေမြောင်းသည် ပေ ၁၆၀၀ ခန့်ရှည်လျားပြီး အကျယ်နှင့် အမြင့် ပတ်လည် ရှစ်ပေ ရှိကြောင်း၊ မေ ၁၆ ရက်တွင် အမှိုက် ဆယ်ယူသည့်လုပ်ငန်း စတင်ခဲ့ပြီး မေ ၂၀ ရက်ထိ ပေ ၁၁၀၀ ခန့် ဆယ်ယူပြီး ဖြစ်ကြောင်း သိရသည်။

အမှိုက်ဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဖြစ်သူ စမ်းချောင်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ကိုအောင်ကိုမင်းက “ရေမြောင်းကြီးထဲမှာ အမှိုက်တွေက လူသုံးယောက် တက်အိပ်တာတောင် မြုပ်မသွားဘူး။ ခန့်မှန်း နှစ်ပေလောက် ထုရှိတယ်။ ကျွန်တော်တို့ ခုအမှိုက်တွေ ဆယ်နေတာ ကားအစီး ၂၀ လောက်ရပြီ။ စလုပ်တဲ့အချိန်မှာ အမှိုက်တွေက ဆွဲထုတ်လို့တောင် မရဘူး”ဟု ပြောကြားသည်။

ယင်းကဲ့သို့ အမှိုက်များ ဆယ်ယူရာတွင် အလွန်အန္တရာယ်များပြီး အမှိုက်ဆယ်ယူသည့်အဖွဲ့မှ အမျိုးသားတစ်ဦး အောက်ဆီဂျင် ပြတ်သွားသဖြင့် မူးမေ့သွားကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်ရှိ ၎င်းမြေအောက် ရေမြောင်းအတွင်းမှ အမှိုက်များကို ယခင်က ဆယ်ယူဖူးခြင်း မရှိကြောင်း၊ ယခုနှစ်မှ ဆယ်ယူ ဆောင်ရွက်ခြင်းဖြစ်ပြီး ဆယ်ယူသည့် ဝန်ထမ်းအင်အား ၃၀ ခန့်ဖြင့် ဆယ်ယူနေခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က စမ်းချောင်းသားပါ။ ဒီမှာ အခုလို ရေမြောင်းကြီးကို အမှိုက်ဆယ်တာ တစ်ခါမှ မမြင်ဖူးဘူး။ ကျွန်တော်တို့ ငယ်ငယ်ကလည်း အမှိုက်တွေက ဒီလောက်မများဘူး။ အရင်နှစ်တွေတုန်းကလည်း အမှိုက် မဆယ်ဖူးဘူး။ ဒီနှစ်မှ ကျွန်တော် အဖွဲ့သားတွေနဲ့ စဆယ်တာ ဖြစ်ပါတယ်” ဟု ကိုအောင်ကိုမင်းက ပြောကြားသည်။

အမှိုက်ဆယ်ယူသည့် ဝန်ထမ်းများ လုပ်ငန်း ဆောင်ရွက်သည့် နေရာသို့ ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်က မေ ၂၀ ရက်တွင် လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

အမှိုက် ဆယ်ယူသည့် ဝန်ထမ်းများသည် ခေါင်းပတ် ဓာတ်မီးများ တပ်ဆင်ကာ ရေမြောင်း၏ အတွင်းထဲသို့ ဝင်ရောက်ပြီး ခေါင်းလေး ပေါ်ရုံဖြင့်ပင် အမှိုက်များကို ဆယ်ယူနေရခြင်း ဖြစ်ပြီး ထိုသို့ ဆယ်ယူရာတွင် အောက်ဆီဂျင် ပြတ်လပ်မှု မရှိစေရန် မော်တာဖြင့် စက်လည်ပတ်ကာ မြောင်းထဲသို့ အောက်ဆီဂျင် ပို့ပေးထားကြောင်း သိရသည်။

ထိုသို့ ဆယ်ယူရာတွင် ဝန်ထမ်းများအနေဖြင့် အသက်အန္တရာယ် နီးကပ်စွာ ဆယ်ယူနေရခြင်းဖြစ်ပြီး ဌာနမှ လိုအပ်သည်များ ပံ့ပိုးထားကြောင်း၊ ပြင်ပမှ စေတနာရှင် ပြည်သူများကလည်း သောက်ရေသန့်၊ အားဖြည့် အချိုရည်နှင့် အစားအသောက်များ လာရောက် လှူဒါန်းကြကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်ရှိ ပင်မ မြေအောက်ရေမြောင်းမှ အမှိုက်များနှင့် ရေများသည် အောင်ချမ်းသာ ရေမြောင်းကြီးအတွင်းသို့ စီးဝင်ခြင်းဖြစ်ပြီး အောင်ချမ်းသာ ရေမြောင်းကြီးသည် သီရီမင်္ဂလာဈေးအနီးမှ ရန်ကုန်မြစ်အတွင်းသို့ စီးဆင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Eleven Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top