အလွန်ကြီးမားသောဂြိုလ်သိမ်ဂြိုလ်မွှားကြီးသည်ကမ္ဘာကိုဝင်ဆောင့်လိမ့်မည်ဖြစ်ပြီး ၄င်းသည်လူသားမျိုးနွယ်အားကပ်ဘေးဆိုက်ရောက်စေလိမ့်မည်ဟုသိပ္ပံပညာရှင် Stephen Hawking က မကွယ်လွန်ခင်မှာ သတိပေးခဲ့ပါတယ် ။
# Unicode Version # ဖြင့် ဖတ်ပါ #
အလွန်ကြီးမားသောဂြိုလ်သိမ်ဂြိုလ်မွှားကြီးသည်ကမ္ဘာကိုဝင်ဆောင့်လိမ့်မည်ဖြစ်ပြီး ၎င်းသည်လူသားမျိုးနွယ်အားကပ်ဘေးဆိုက်ရောက်စေလိမ့်မည်ဟုသိပ္ပံပညာရှင် Stephen Hawking က မကွယ်လွန်ခင်မှာ သတိပေးခဲ့ပါတယ် ။
သိပ္ပံပညာရှင် Stephen Hawking မကွယ်လွန်မီကအလွန်စိတ်ဝင်စားဖွယ်ကောင်းသောမေးခွန်းကြီးများကိုအတိုချုံးဖြေကြားခဲ့ပြီးထိုပြောကြားချက်များကိုသူကွယ်လွန်ပြီးမကြာမီတွင်ပုံနှိပ်ထုတ်ဝေခဲ့သည်။
Stephen Hawkingသည်ကမ္ဘာကြီးအားပျက်သုဉ်းစေနိုင်မည့်ုဖစ်စဉ်များကိုကြိုတင်ခန့်မှန်းသွားခဲ့သည်။ ၎င်းဖြစ်စဉ်များထဲတွင်နူကလီးယားစစ်ပွဲ၊ဂြိုလ်သားတို့ဧ။်ကျူ းကျော်တိုက်ခိုက်မှုနှင် ရာသီဥတုအခြေအနေပြောင်းလဲမှုတို့ပါဝင်သည်။ထို့အပြင်စကြဝဠာအတွင်းမှအရာဝတ္ထုများကြောင့်လည်းလူသားမျိုးသုဉ်းနိုင်သည်ဟုဆိုခဲ့သည်။
သူရေးသားခဲ့သောစာအုပ်ထဲတွင်စကြဝဠာကြီးသည်အလွန်ပြင်းထန်ကြမ်းတမ်းသောနေရာဖြစ်တယ်လို့ဖော်ပြထားပါတယ် ။ “ကြယ်တွေဟာဂြိလ်များကိုဝါးမြိုပါတယ်။ကြယ်တွေကပေါက်ကွဲထွက်လာတဲ့မီးလျံတွေ၊သေစေနိုင်တဲ့ရောင်ခြည်တွေဟာစကြဝဠာတစ်ခုလုံးပြန့်ကြဲနေပါတယ်။Black Holeတွေအချင်းချင်းဆောင့်မိတတ်ကြပြီးဂြိုလ်သိမ်ဂြိလ်မွှားတွေကလည်းတစ်စက္ကန့်ကိုမိုင်ပေါင်းထောင်နှင့်ချီကာလွင့်စင်နေကြပါတယ် “လို့လည်းရေးသားထားပါတယ်။
ဆက်လက်ပြီးသူက “ဒီအချက်တွေကြောင့်ပဲဤစကြဝဠာကြီးဟာနှစ်လိုဖွယ်ကောင်းတဲ့နေရာမဟုတ်ဘူးဆိုတာမှန်ပါတယ်။အကယ်၍ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုသာကမ္ဘာကိုဝင်ရောက်တိုက်မိမယ်ဆိုရင်ကျွန်တော်တို့တတ်နိုင်တာမရှိပါဘူး “လည်းဆိုပါတယ်။
လွန်ခဲ့သောနှစ်66သန်းခန့်ကလည်းဂြိုလ်သိမ်ဂြိုလ်မွှားကြီးတစ်ခုကမ္ဘာကိုဝင်ရောက်တိုက်မိတာကြောင့်ဒိုင်နိုဆောတွေမျိုးသုဉ်းခဲ့ရပါတယ်။ထိုအဖြစ်အပျက်ဟာနောက်တစ်ကြိမ်ဖြစ်ပွားလိမ့်ဦးမယ်ဟု Stephen Hawkingကဟောကိန်းထုတ်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Mg Kyaw (Daily Hot News)