အလယ္တန္းအဆင့္ သင္ရိုးသစ္ Grade (3) ႏွင့္ Grade (6) သင္တန္းကာလအတြင္း အေၾကာင္း ကိစၥအမ်ိဳးမ်ိဳးေၾကာင့္ ဆရာ/ဆရာမ ၁၁ ဦး ေသဆံုးခဲ့ေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရသည္။

“ကၽြန္ေတာ္တို႔ အေနနဲ႔ ဆို ဒါေတာ္ေတာ္မ်ားေနၿပီလို႔ ကၽြန္ေတာ္တို႔ တြက္ပါတယ္။ဘာျဖစ္လို႔လဲဆိုရင္ မျဖစ္ေစခ်င္ပါဘူး။ကၽြန္ေတာ္တို႔က တစ္ေယာက္မွ်ကို မျဖစ္ေစခ်င္ဘူး။ဒီအတြက္ လိုအပ္တဲ့ ကာကြယ္မႈေတြကိုလည္း ေနာက္ႏွစ္ဆိုရင္ ပိုၿပီးေတာ့ ဒါႀကိဳးစားေဆာင္ရြက္မယ္”ဟု အေျခခံပညာေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလး၀င္းကေျပာသည္။

ယေန႔ ေနျပည္ေတာ္ရွိ အေျခခံပညာဦးစီးဌာနတြင္ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ သတင္းမီဒီယာမ်ား၏ေမးျမန္းမႈ အေပၚ ဦးကိုေလး၀င္းမွ အထက္ပါအတိုင္းျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ေသဆံုးမႈမ်ားသည္ သင္တန္းသို႔ လာေရာက္စဥ္ မိုးႀကိဳးထိမွန္ေသဆံုးျခင္း၊ ဆိုင္ကယ္/ကားမ်ားျဖင့္ မေတာ္တဆ မႈေၾကာင့္ေသဆံုးျခင္း၊ အပႈရွပ္ျခင္းေၾကာင့္ ေသဆံုးျခင္း၊ ႏွလံုးေရာဂါျဖင့္ေသဆံုးျခင္း၊ ေသြးေၾကာက်ဥ္းေရာဂါေၾကာင့္ေသဆံုးျခင္း၊ ေသြးတိုးေရာဂါမ်ားေၾကာင့္ေသဆံုးျခင္း၊ရုတ္တရက္မူးလဲေသဆံုးျခင္း စသည္တို႔ေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။

ေသဆံုးမႈျဖစ္ပြားခဲ့သည့္ ေဒသမ်ားတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ေျမာက္ဦးၿမိဳ႕၊မႏၱေလးတိုင္းေဒသႀကီး၊မြန္ျပည္နယ္၊မေကြးတိုင္းေဒသႀကီး၊စစ္ကိုင္းတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္းတို႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ယခုလက္ရွိ သင္တန္းကာလတြင္လည္း ဒဏ္ရာ ရရွိသူ ၆ ေယာက္ထိရွိသည့္ အတြက္ ပညာေရး၀န္ႀကီးဌာနအေနျဖင့္ က်န္းမာေရး၀န္ႀကီးဌာနႏွင့္ ပူးေပါင္းကာ သင္တန္းမ်ားတြင္ ကူညီေထာက္ပံ့မႈမ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ လုပ္ေဆာင္ေပးေနေသာ္လည္း အခ်ိဳ႕ေနရာမ်ားတြင္ လစ္ဟင္းမႈမ်ားရွိခဲ့ေၾကာင္း ဦးကိုေလး၀င္းကေျပာသည္။

“ျပည္ေထာင္စု၀န္ႀကီးေကာ ကၽြန္ေတာ္ေကာေျပာၿပီးသားပါ အသက္ႀကိီးတဲ့ ဆရာႀကီး/ဆရာမႀကီးမ်ား ကိုယ္လက္ေလ့က်င့္ခန္းေတြ လုပ္တဲ့ အခါမွာ ကိုယ့္ရဲ႕ က်န္းမာေရးကို ဂရုစိုက္ပါ။အရမ္းႀကီး ထၿပီးေတာ့ မလုပ္ပါနဲ႔။တခုခုျဖစ္မွာစိုးလို႔ ကၽြန္ေတာ္တို႔က လမ္းညႊန္ၿပီးသားျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

သင္ရိုးသစ္ Grade (3) ႏွင့္ Grade (6) ကို ၂၀၁၉ ခုႏွစ္ ေမလ ၁၀ ရက္ေန႔မွ ေမလ ၂၄ ရက္ေန႔အထိ ျမန္မာတစ္နိုင္ငံလံုးရွိ အလယ္တန္းျပဆရာ/ဆရာမမ်ားအား ႏွစ္ပတ္ၾကာ သင္တန္းပို႔ခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Fifth Wave News

#Unicode Version# ျဖင့္ဖတ္ပါ ။

အလယ်တန်းအဆင့် သင်ရိုးသစ် Grade (3) နှင့် Grade (6) သင်တန်းကာလအတွင်း အကြောင်း ကိစ္စအမျိုးမျိုးကြောင့် ဆရာ/ဆရာမ ၁၁ ဦး သေဆုံးခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဆို ဒါတော်တော်များနေပြီလို့ ကျွန်တော်တို့ တွက်ပါတယ်။ဘာဖြစ်လို့လဲဆိုရင် မဖြစ်စေချင်ပါဘူး။ကျွန်တော်တို့က တစ်ယောက်မျှကို မဖြစ်စေချင်ဘူး။ဒီအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေကိုလည်း နောက်နှစ်ဆိုရင် ပိုပြီးတော့ ဒါကြိုးစားဆောင်ရွက်မယ်”ဟု အခြေခံပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။

ယနေ့ နေပြည်တော်ရှိ အခြေခံပညာဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် ဦးကိုလေးဝင်းမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးမှုများသည် သင်တန်းသို့ လာရောက်စဉ် မိုးကြိုးထိမှန်သေဆုံးခြင်း၊ ဆိုင်ကယ်/ကားများဖြင့် မတော်တဆ မှုကြောင့်သေဆုံးခြင်း၊ အပှုရှပ်ခြင်းကြောင့် သေဆုံးခြင်း၊ နှလုံးရောဂါဖြင့်သေဆုံးခြင်း၊ သွေးကြောကျဉ်းရောဂါကြောင့်သေဆုံးခြင်း၊ သွေးတိုးရောဂါများကြောင့်သေဆုံးခြင်း၊ရုတ်တရက်မူးလဲသေဆုံးခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း သိရသည်။

သေဆုံးမှုဖြစ်ပွားခဲ့သည့် ဒေသများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်မြောက်ဦးမြို့၊မန္တလေးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိ သင်တန်းကာလတွင်လည်း ဒဏ်ရာ ရရှိသူ ၆ ယောက်ထိရှိသည့် အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ သင်တန်းများတွင် ကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ပေးနေသော်လည်း အချို့နေရာများတွင် လစ်ဟင်းမှုများရှိခဲ့ကြောင်း ဦးကိုလေးဝင်းကပြောသည်။

“ပြည်ထောင်စုဝန်ကြီးကော ကျွန်တော်ကောပြောပြီးသားပါ အသက်ကြီးတဲ့ ဆရာကြီး/ဆရာမကြီးများ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တဲ့ အခါမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။အရမ်းကြီး ထပြီးတော့ မလုပ်ပါနဲ့။တခုခုဖြစ်မှာစိုးလို့ ကျွန်တော်တို့က လမ်းညွှန်ပြီးသားဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

သင်ရိုးသစ် Grade (3) နှင့် Grade (6) ကို ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်နေ့မှ မေလ ၂၄ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံးရှိ အလယ်တန်းပြဆရာ/ဆရာမများအား နှစ်ပတ်ကြာ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:The Fifth Wave News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top