“သင့္အလုပ္ထဲမွာမေပ်ာ္ရင္ ဒါေလးဖတ္ၾကည့္ပါ…”
စကၤာပူမွာအလုပ္လုပ္ေနတဲ့ သူငယ္ခ်င္းတေယာက္ဟာ သူ႔အလုပ္နဲ႔ပတ္သက္ၿပီး အၿမဲညီးညဴေလ့ရွိတတ္တယ္။ အလုပ္ပါးေတာ့လဲ ပ်င္းလိုက္တာတဲ့။ အလုပ္မ်ားေတာ့လဲ ပင္ပန္းလိုက္တာတဲ့။
အထက္ကအုပ္ခ်ဳပ္သူကလဲ သူ႔ကိုအၿမဲတမ္း အျပစ္ရွာေလ့ရွိတယ္ စသျဖင့္ေပါ့။ အလုပ္သြားခ်င္စိတ္မရွိလို႔ သူဟာ ေနမေကာင္းျဖစ္တာ မဟုတ္ေပမဲ့လဲ မၾကာခနေဆးခြင္႔ MC ယူၿပီး အလုပ္နားေလ့ရွိတယ္။
အၿမဲညီးေနတဲ့သူငယ္ခ်င္းကို တေန႔မွာ ဖတ္ဖူးတဲ့ပံုျပင္ေလးတခုကို ေျပာျပပါတယ္။ ဒီပံုျပင္ေလးကို တခ်ိဳ႕လဲျကားဖူးမွာပါ။.
ပံုျပင္ေလးက….
လူတေယာက္ဟာ တေန႔မွာ အေဆာက္အအံုတခုေဆာက္ေနတဲ့ လုပ္ငန္းခြင္ထဲ ေရာက္သြားပါတယ္။
အဲဒီေနရာမွာ ေက်ာက္တံုးႀကီးေတြကို ေဆာက္ေနတဲ့ အေဆာက္အအံုရဲ႕ နံရံမွာသံုးဖို႔ ေက်ာက္တံုးေသးေတြရေအာင္ (၁၀) ေပါင္ တူျကီးေတြနဲ႔ ထုခြဲေနတဲ့ အလုပ္သမား ၃ ေယာက္ကို ေတြ႔တယ္။
ပထမလူက အလုပ္ထဲမွာစိတ္ေပ်ာ္ပံုမရပါဘူး။ တာဝန္ေက်ပဲ ေက်ာက္တံုးကို ထုခြဲရင္း အလုပ္ဆင္းအိမ္ျပန္ဖို႔
အခ်ိန္ဘယ္ေလာက္က်န္သလဲဆိုၿပီး အလုပ္ခြင္က တိုင္ကပ္နာရီကို မၾကာခနၾကည့္ေနတယ္။ ေစာေစာကလူက သူ႔ကို ဘာလုပ္ေနတာလဲလို႔ ေမးၾကည့္တယ္။
သူက “ဒီေသာက္ေက်ာက္တံုးႀကီးကို ခြဲေနရတာေပါ့ဗ်ာ။ ပိုက္ဆံရလို႔သာလုပ္ေနရတာ အကိ်ဳးလဲမရွိ ပင္ပန္းလိုက္တာလဲလြန္ေရာဗ်ာ။ တေန႔တေန႔ အလုပ္ဆင္းမဲ့အခ်ိန္ပဲ ေမ်ာ္ေနရတယ္ဗ်ိဳ႕” တဲ့။
ဒုတိယလူကေတာ ေက်ာက္တံုးႀကီးကို ႀကိဳးစားပမ္းစားထုခြဲေနတယ္။ ဟိုလူက သူ႔ကိုလဲ ဘာလုပ္ေနတာလဲလို႔ ေမးျပန္တယ္။
သူက “က်ေနာ္ဒီေက်ာက္တံုးႀကီးကေန ေက်ာက္တံုးအငယ္ေတြျဖစ္ေအာင္ လုပ္ေနတာပါ။
ခြဲလို႔ရတဲ့ေက်ာက္တံုးေတြကို အခုေဆာက္ေနတဲ့ အေဆာက္အအံုနံရံမွာ သံုးဖို႔ေပါ့ဗ်ာ” တဲ့။
တတိယလူက်ေတာ့ ေက်ာက္တံုးႀကီးကိုခြဲလိုက္တယ္။ ရလာတဲ့ေက်ာက္တံုးေလးေတြကို ေသေသခ်ာခ်ာၾကည့္တယ္။
သူလိုခ်င္တဲ့အရြယ္ရေအာင္ ႀကိဳးစားပန္းစားထပ္ခြဲေနတယ္။ လိုခ်င္တဲ့အရြယ္နဲ႔ပံုစံရသြားရင္ အဲဒါေလးေတြၾကည့္ၿပီး သူဟာ ဝမ္းသာၾကည္ႏူးေနတယ္။
ေစာေစာကလူက ထံုးစံအတိုင္း သူ႔ကိုလဲ ဘာလုပ္ေနတာလဲေမးေတာ့ သူကခုလိုျပန္ေျဖတယ္။
“က်ေနာ္ ကမာၻေပၚမွာ အလွဆံုးဟိုတယ္ႀကီးတခု ေဆာက္ေနတာဗ်” တဲ့။
အလုပ္တမိ်ဳးထဲ အတူတူလုပ္ၾကတဲ့ အလုပ္သမား ၃ ေယာက္ဟာ အလုပ္ေပၚ ခံယူခ်က္စိတ္ဓါတ္ (attitude) က်ေတာ့ မတူၾကျပန္ဘူး။
ပထမလူဟာ သူ႔အတြက္ အလုပ္သာလုပ္ေနရတာ စိတ္မပါဘူး။ သူ႔စိတ္ထဲမွာ အခ်ိန္ျဖဳန္းေနတယ္။
ငရဲက်ေနတယ္လို႔ထင္ေနတယ္။ စိတ္မပါဘူး။ မတတ္သာလိုသာ ဒီအလုပ္ကိုလုပ္ေနရတာဆိုၿပီးစိတ္ဆင္းရဲေနတာေပါ့။
ဒုတိယလူကေတာ့ အလုပ္ကို ႀကိဳးစားပမ္းစား လုပ္ပါတယ္။ တေန႔အလုပ္တေန႔ၿပီးေအာင္တာဝန္ေက်ပြန္ေအာင္ လုပ္တယ္။
ဒါေပမဲ့ သူ႔မွာ အနာဂတ္အတြက္ ဘာေမ်ာ္မွန္းခ်က္မွမရွိဘူး။ စက္႐ုပ္တခုလိုပါပဲ။
တတိယလူက်ေတာ့ ေစာေစာက လူ ၂ ေယာက္လို မဟုတ္ဘူး။ သူ႔အလုပ္ကို အေကာင္းဆံုးျဖစ္ေအာင္ လုပ္တယ္။
အလုပ္ကို ေကာင္းတာထက္ပိုေကာင္းေအာင္ အၿမဲႀကိဳးစားေနတယ္။ သူလုပ္လိုက္တဲ့ ေက်ာက္တံုးေလးေတြေၾကာင့္ မၾကာခင္မွာ ကမာၻေပၚမွာ အလွပဆံုးဟိုတယ္ႀကီး ေပၚေပါက္လာမယ္လို႔ ယံုၾကည္ေနတယ္။
သူဟာ အနာဂတ္ကို ေတြးျမင္ၾကည့္တတ္သူပါ။ ဒါေၾကာင့္ သူဟာအလုပ္ခြင္ထဲမွာ အၿမဲတမ္း စိတ္ဓါတ္တက္ၾကြ လန္းဆန္းေနတယ္။ လူတိုင္းဟာ အသက္ရွင္ေနသေရြ႕ မိမိနဲ႔မိသားစုအတြက္ အလုပ္လုပ္ေနၾကရမွာပါ။
ကိုယ္ပိုင္အလုပ္ျဖစ္ျဖစ္ ဝန္ထမ္းဘဝနဲ႔ျဖစ္ျဖစ္ အလုပ္တခုေတာ့ လုပ္ကိုလုပ္ေနၾကရမွာပါ။
အဲဒီေတာ့ ကိုယ့္အလုပ္အေပၚခံယူထားတဲ့ attitude ဟာ ေစာေစာကေျပာတဲ့ အလုပ္သမား ၃ ေယာက္ ထဲက ဘယ္နဲ႔တူေနသလဲဆိုတာ ကိုယ္တိုင္ပဲ အသိဆံုးပါ။
မိမိလုပ္ေနတဲ့အလုပ္ထဲမွာ မေပ်ာ္ေနဘူးဆိုရင္ အလုပ္ထြက္လိုက္ၿပီး ေပ်ာ္မဲ့အလုပ္သစ္ရွာလိုက္ပါ။
အဲလိုမွလုပ္လို႔မရဘူးဆိုရင္ တတိယလူလို အလုပ္အေပၚမွာထားတဲ့ ခံယူခ်က္သေဘာထား (attitude) ကို ေျပာင္းလဲလိုက္ပါ။
မိမိလက္ရွိအလုပ္ကို စိတ္ဝင္းစားလာေအာင္ ငါဘယ္လိုလုပ္ရင္ေကာင္းမလဲ။
အလုပ္ေတြမ်ားမ်ားနဲ႔ ျမန္ျမန္ၿပီေအာင္ ဘယ္လိုလုပ္ရမလဲ။
ငါ့အလုပ္ေၾကာင့္ ကုမၸဏီမွာ ဘာအက်ိဳးရွိသြားမလဲ စတာေတြေပါ့။
တခုသိေစခ်င္တာက အလုပ္ထဲမေပ်ာ္တဲ့လူဟာအိမ္ေထာင္ေရးအဆင္မေျပတတ္ဘူး။
အလုပ္ထဲကစိတ္မခ်မ္းသာမႈဟာ အိမ္ထဲ ကူးစက္တတ္တာကိုး။ စိတ္မခ်မ္းသာတဲ့လူဟာ အသက္လဲတိုတတ္ၾကပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thein Pe
# Unicode Version # ျဖင့္ ဖတ္ပါ #
စင်္ကာပူမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းတယောက်ဟာ သူ့အလုပ်နဲ့ပတ်သက်ပြီး အမြဲညီးညူလေ့ရှိတတ်တယ်။ အလုပ်ပါးတော့လဲ ပျင်းလိုက်တာတဲ့။ အလုပ်များတော့လဲ ပင်ပန်းလိုက်တာတဲ့။
အထက်ကအုပ်ချုပ်သူကလဲ သူ့ကိုအမြဲတမ်း အပြစ်ရှာလေ့ရှိတယ် စသဖြင့်ပေါ့။ အလုပ်သွားချင်စိတ်မရှိလို့ သူဟာ နေမကောင်းဖြစ်တာ မဟုတ်ပေမဲ့လဲ မကြာခနဆေးခွင့် MC ယူပြီး အလုပ်နားလေ့ရှိတယ်။
အမြဲညီးနေတဲ့သူငယ်ချင်းကို တနေ့မှာ ဖတ်ဖူးတဲ့ပုံပြင်လေးတခုကို ပြောပြပါတယ်။ ဒီပုံပြင်လေးကို တချို့လဲကြားဖူးမှာပါ။.
ပုံပြင်လေးက….
လူတယောက်ဟာ တနေ့မှာ အဆောက်အအုံတခုဆောက်နေတဲ့ လုပ်ငန်းခွင်ထဲ ရောက်သွားပါတယ်။
အဲဒီနေရာမှာ ကျောက်တုံးကြီးတွေကို ဆောက်နေတဲ့ အဆောက်အအုံရဲ့ နံရံမှာသုံးဖို့ ကျောက်တုံးသေးတွေရအောင် (၁၀) ပေါင် တူကြီးတွေနဲ့ ထုခွဲနေတဲ့ အလုပ်သမား ၃ ယောက်ကို တွေ့တယ်။
ပထမလူက အလုပ်ထဲမှာစိတ်ပျော်ပုံမရပါဘူး။ တာဝန်ကျေပဲ ကျောက်တုံးကို ထုခွဲရင်း အလုပ်ဆင်းအိမ်ပြန်ဖို့
အချိန်ဘယ်လောက်ကျန်သလဲဆိုပြီး အလုပ်ခွင်က တိုင်ကပ်နာရီကို မကြာခနကြည့်နေတယ်။ စောစောကလူက သူ့ကို ဘာလုပ်နေတာလဲလို့ မေးကြည့်တယ်။
သူက “ဒီသောက်ကျောက်တုံးကြီးကို ခွဲနေရတာပေါ့ဗျာ။ ပိုက်ဆံရလို့သာလုပ်နေရတာ အကျိုးလဲမရှိ ပင်ပန်းလိုက်တာလဲလွန်ရောဗျာ။ တနေ့တနေ့ အလုပ်ဆင်းမဲ့အချိန်ပဲ မျော်နေရတယ်ဗျို့” တဲ့။
ဒုတိယလူကတော ကျောက်တုံးကြီးကို ကြိုးစားပမ်းစားထုခွဲနေတယ်။ ဟိုလူက သူ့ကိုလဲ ဘာလုပ်နေတာလဲလို့ မေးပြန်တယ်။
သူက “ကျနော်ဒီကျောက်တုံးကြီးကနေ ကျောက်တုံးအငယ်တွေဖြစ်အောင် လုပ်နေတာပါ။
ခွဲလို့ရတဲ့ကျောက်တုံးတွေကို အခုဆောက်နေတဲ့ အဆောက်အအုံနံရံမှာ သုံးဖို့ပေါ့ဗျာ” တဲ့။
တတိယလူကျတော့ ကျောက်တုံးကြီးကိုခွဲလိုက်တယ်။ ရလာတဲ့ကျောက်တုံးလေးတွေကို သေသေချာချာကြည့်တယ်။
သူလိုချင်တဲ့အရွယ်ရအောင် ကြိုးစားပန်းစားထပ်ခွဲနေတယ်။ လိုချင်တဲ့အရွယ်နဲ့ပုံစံရသွားရင် အဲဒါလေးတွေကြည့်ပြီး သူဟာ ဝမ်းသာကြည်နူးနေတယ်။
စောစောကလူက ထုံးစံအတိုင်း သူ့ကိုလဲ ဘာလုပ်နေတာလဲမေးတော့ သူကခုလိုပြန်ဖြေတယ်။
“ကျနော် ကမ္ဘာပေါ်မှာ အလှဆုံးဟိုတယ်ကြီးတခု ဆောက်နေတာဗျ” တဲ့။
အလုပ်တမျိုးထဲ အတူတူလုပ်ကြတဲ့ အလုပ်သမား ၃ ယောက်ဟာ အလုပ်ပေါ် ခံယူချက်စိတ်ဓါတ် (attitude) ကျတော့ မတူကြပြန်ဘူး။
ပထမလူဟာ သူ့အတွက် အလုပ်သာလုပ်နေရတာ စိတ်မပါဘူး။ သူ့စိတ်ထဲမှာ အချိန်ဖြုန်းနေတယ်။
ငရဲကျနေတယ်လို့ထင်နေတယ်။ စိတ်မပါဘူး။ မတတ်သာလိုသာ ဒီအလုပ်ကိုလုပ်နေရတာဆိုပြီးစိတ်ဆင်းရဲနေတာပေါ့။
ဒုတိယလူကတော့ အလုပ်ကို ကြိုးစားပမ်းစား လုပ်ပါတယ်။ တနေ့အလုပ်တနေ့ပြီးအောင်တာဝန်ကျေပွန်အောင် လုပ်တယ်။
ဒါပေမဲ့ သူ့မှာ အနာဂတ်အတွက် ဘာမျော်မှန်းချက်မှမရှိဘူး။ စက်ရုပ်တခုလိုပါပဲ။
တတိယလူကျတော့ စောစောက လူ ၂ ယောက်လို မဟုတ်ဘူး။ သူ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်တယ်။
အလုပ်ကို ကောင်းတာထက်ပိုကောင်းအောင် အမြဲကြိုးစားနေတယ်။ သူလုပ်လိုက်တဲ့ ကျောက်တုံးလေးတွေကြောင့် မကြာခင်မှာ ကမ္ဘာပေါ်မှာ အလှပဆုံးဟိုတယ်ကြီး ပေါ်ပေါက်လာမယ်လို့ ယုံကြည်နေတယ်။
သူဟာ အနာဂတ်ကို တွေးမြင်ကြည့်တတ်သူပါ။ ဒါကြောင့် သူဟာအလုပ်ခွင်ထဲမှာ အမြဲတမ်း စိတ်ဓါတ်တက်ကြွ လန်းဆန်းနေတယ်။ လူတိုင်းဟာ အသက်ရှင်နေသရွေ့ မိမိနဲ့မိသားစုအတွက် အလုပ်လုပ်နေကြရမှာပါ။
ကိုယ်ပိုင်အလုပ်ဖြစ်ဖြစ် ဝန်ထမ်းဘဝနဲ့ဖြစ်ဖြစ် အလုပ်တခုတော့ လုပ်ကိုလုပ်နေကြရမှာပါ။
အဲဒီတော့ ကိုယ့်အလုပ်အပေါ်ခံယူထားတဲ့ attitude ဟာ စောစောကပြောတဲ့ အလုပ်သမား ၃ ယောက် ထဲက ဘယ်နဲ့တူနေသလဲဆိုတာ ကိုယ်တိုင်ပဲ အသိဆုံးပါ။
မိမိလုပ်နေတဲ့အလုပ်ထဲမှာ မပျော်နေဘူးဆိုရင် အလုပ်ထွက်လိုက်ပြီး ပျော်မဲ့အလုပ်သစ်ရှာလိုက်ပါ။
အဲလိုမှလုပ်လို့မရဘူးဆိုရင် တတိယလူလို အလုပ်အပေါ်မှာထားတဲ့ ခံယူချက်သဘောထား (attitude) ကို ပြောင်းလဲလိုက်ပါ။
မိမိလက်ရှိအလုပ်ကို စိတ်ဝင်းစားလာအောင် ငါဘယ်လိုလုပ်ရင်ကောင်းမလဲ။
အလုပ်တွေများများနဲ့ မြန်မြန်ပြီအောင် ဘယ်လိုလုပ်ရမလဲ။
ငါ့အလုပ်ကြောင့် ကုမ္ပဏီမှာ ဘာအကျိုးရှိသွားမလဲ စတာတွေပေါ့။
တခုသိစေချင်တာက အလုပ်ထဲမပျော်တဲ့လူဟာအိမ်ထောင်ရေးအဆင်မပြေတတ်ဘူး။
အလုပ်ထဲကစိတ်မချမ်းသာမှုဟာ အိမ်ထဲ ကူးစက်တတ်တာကိုး။ စိတ်မချမ်းသာတဲ့လူဟာ အသက်လဲတိုတတ်ကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Thein Pe