



Credit:Bamakhit

#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စုတွင် မေလ(၂)ရက်နေ့၊ (၂)နာရီခွဲအချိန်ခန့်က သောက်စားမူးယစ်ပြီး ပထွေးဖြစ်သူမှ အသက်(၁၀)နှစ်အရွယ်ကလေးငယ်အား သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စုတွင် မေလ(၁)ရက်ည(၈)နာရီအချိန်တွင် ဒေါ်—-သည် သမီးအကြီးတစ်ယောက်၊ သားငယ်(၃)ယောက်နှင့်အတူအိပ်ယာဝင်ခဲ့ပြီးမနက်(၂)နာရီအချိန်တွင် ဒေါ်—သည် ရာဘာခြစ်သွားရန် နေအိမ်မှထွက်ခွာသွားစဉ်

၎င်း၏ခင်ပွန်းဖြစ်သူ မောင်နွယ်(ခ)မောင်ဝေ အသက်(၄၅)နှစ်အရွယ် ပထွေးဖြစ်သူက  က နာရေးအိမ်မှသောက်စားမူးယစ်ကာ အိပ်ပျော်နေသော အသက်(၁၀)နှစ်အရွယ် ပထမတန်းကျောင်းသူအား သားမယားအဖြစ် အဓ္ဓမပြုကျင့်ခဲ့ကြောင်း သိရသည်။

အသက်ငယ်မုဒိမ်းကျုးလွန်သူ မောင်နွယ်(ခ)မောင်ဝေအား ကံမော်နယ်မြေစခန်းမှ ရာဇသတ်ကြီးပုဒ်မ – ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Bamakhit


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top