ဧရာဝတီတိုင္း၊ ျမန္ေအာင္ၿမိဳ႕နယ္၊ ေရတြင္းကုန္းေက်းရြာ စိတၱသုခေက်ာင္းတိုက္မွာ ေမလ ၁၂ ရက္ ည၂ နာရီခြဲေက်ာ္ေလာက္က ဘုန္းႀကီးခ်င္း စကားမ်ားရာက ဓားခုတ္မႈျဖစ္ၿပီး တပါး ပ်ံလြန္သြားတယ္လို႔ ေရႊက်င္ရဲစခန္းမွ တာ၀န္ရွိသူတဦးက ေျပာပါတယ္။

တေက်ာင္းတည္းေနထိုင္တဲ့ အရွင္အဂၢဝံသ (လူနာမည္ေအာင္ေဇာ္ဝင္း)နဲ႔ ဦးစိတိၱယ (လူနာမည္ဘိုဘို(ခ)ေဇာ္ဘိုဘိုေအာင္)တို႔အခ်င္းမ်ားၿပီး ဓားခုတ္မႈျဖစ္ပြားခဲ့လို႔ အရွင္အဂၢဝံ ပ်ံလြန္သြားခဲ့တာပါ။

ေရႊက်င္ရဲစခန္း တာ၀န္ရွိတဦးက “တရားခံကိုလည္း ဖမ္းဆီးထားပါၿပီ။ အရွင္အဂၢဝံသက ခုဓားနဲ႔ခုတ္တဲ့ ဦးစိတိၱယကုိ ရဟန္းဝတ္နဲ႔ အရက္မေသာက္သင့္ေၾကာင္း ဆိုဆံုးမတာ မေက်နပ္ေတာ့ ဓားနဲ႔ ခုတ္လိုက္တာ ပါပဲ။ ခုတ္လိုက္ေတာ့ ဝဲဘက္နားရြက္ ျပတ္ၿပီး လည္ပင္းတဝက္ေလာက္ထိ ဓားဒါဏ္ရာနဲ႔ ေသဆံုးသြားတာပါပဲ”လို႔ ေျပာပါတယ္။

လူသတ္မႈနဲ႔ ပတ္သက္ၿပီး ေရႊက်င္ရဲစခန္းက ရာဇသတ္ႀကီး ဥပေဒပုဒ္မလူသတ္မႈ ၃၀၂ နဲ႔အမႈဖြင့္ထားပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit: DVB
သတင္းဓာတ္ပံု – သန္းထိုက္ျမင့္

 #Unicode Version#
 ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ စိတ္တသုခကျောင်းတိုက်မှာ မေလ ၁၂ ရက် ည၂ နာရီခွဲကျော်လောက်က ဘုန်းကြီးချင်း စကားများရာက ဓားခုတ်မှုဖြစ်ပြီး တပါး ပျံလွန်သွားတယ်လို့ ရွှေကျင်ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တကျောင်းတည်းနေထိုင်တဲ့ အရှင်အဂ္ဂဝံသ (လူနာမည်အောင်ဇော်ဝင်း)နဲ့ ဦးစိတ္တိယ (လူနာမည်ဘိုဘို(ခ)ဇော်ဘိုဘိုအောင်)တို့အချင်းများပြီး ဓားခုတ်မှုဖြစ်ပွားခဲ့လို့ အရှင်အဂ္ဂဝံ ပျံလွန်သွားခဲ့တာပါ။

ရွှေကျင်ရဲစခန်း တာဝန်ရှိတဦးက “တရားခံကိုလည်း ဖမ်းဆီးထားပါပြီ။ အရှင်အဂ္ဂဝံသက ခုဓားနဲ့ခုတ်တဲ့ ဦးစိတ္တိယကို ရဟန်းဝတ်နဲ့ အရက်မသောက်သင့်ကြောင်း ဆိုဆုံးမတာ မကျေနပ်တော့ ဓားနဲ့ ခုတ်လိုက်တာ ပါပဲ။ ခုတ်လိုက်တော့ ဝဲဘက်နားရွက် ပြတ်ပြီး လည်ပင်းတဝက်လောက်ထိ ဓားဒါဏ်ရာနဲ့ သေဆုံးသွားတာပါပဲ”လို့ ပြောပါတယ်။

လူသတ်မှုနဲ့ ပတ်သက်ပြီး ရွှေကျင်ရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မလူသတ်မှု ၃၀၂ နဲ့အမှုဖွင့်ထားပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit: DVB
သတင်းဓာတ်ပုံ – သန်းထိုက်မြင့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top