မေန ့ေန႔လည္၃နာရီေက်ာ္ေက်ာ္ အိမ္မွာ တစ္ေယာက္ထဲ အဝတ္ေလ်ာ္စက္သုံးေနစဥ္ မူးလာတယ္ တံေတြးေျခာက္လာတယ္။ ေလပိတ္တဲ့ေနရာ လဲျဖစ္ အရမ္းလဲပူလာတယ္ အသင့္လုပ္ထားတဲ့ မက်ီးေဖ်ာ္ရည္ ေသာက္လိုက္ၿပီး နားေနလိုက္တယ္။ ကံေကာင္းသြားတယ္ အဲဒီအခ်ိန္မွာဘဲ မိုးရြာခ်လိုက္တယ္ သို႔ေသာ္ လမ္းကိုၾကည့္လိုက္ေတာ့ မိုးအသင့္အတင့္ရြာေပမဲ့ ကြန္ကရိလမ္းမွာ အပူေငြ႕ေတြနဲ႔ သတိထားၾကေစခ်င္တယ္။ အခုလဲ ေရးထားတာေလး အေထာက္အကူျဖစ္လို႔ ျပန္မွ်ေဝေပးလိုက္ပါတယ္။

တံေတြးခန္းျပီး လူက မိုက္ကနဲပဲ ေရေျပးေသာက္လိုက္မွ သက္သာတယ္။ ေသတတ္သည္..သတိထားပါ။

အယ္နီညိဳမွာ ဒီေရာဂါေျကာင့္အမ်ား ႀကီးေသနိင္ပါတယ္။ Heat Stroke အပူလွ်ပ္တဲ႔ေရာဂါေပါ့။ ကြ်န္ေတာ္ ျဖစ္ဖူးပါတယ္။ ကားစီးေနရင္းခႏၶာ ကိုယ္တစ္ခုလံုးပူလာပါတယ္ ။ပါးစပ္နွာေခါင္း မ်က္စိေတြကအစေပါ့။ ၿပီးေတာ ့ ဒီေလာက္ပူေနတာေခြ်းမထြက္ဘူး။ ေခါင္းေတြမူးေျခေတြလက္ေတြတုန္လာတယ္။

ျဖစ္တာကဥကၠံျမိဳ႕အေက်ာ္ဖလံုရြာနားမွာ။ Expressေပၚမွာနာရီတြက္ျကည့္မိတယ္။ ေနာက္မိနစ္၂၀မွတိုက္ျကီးေရာက္မယ္ ။ေရသန္႔ဗူးကိုေသာက္ပါတယ္။ မရ။ ေသာက္ျပီးတာနဲ႕ပါးစပ္ထဲမွာတံေတြးမရွိေတာ့ပါ။ေျခာက္ကပ္သြားပါတယ္။ေရလဲကုန္ျပီ။ေပလို႔မရေတာ့။ ကားစပါယ္ယာေခၚျပီးဓါတ္ဆားထုပ္ ဘယ္သူ႔မွာပါလည္းဆိုျပၤီးအကူအညီေတာင္းပါ တယ္။ဓါတ္ဆားနွစ္ထုပ္ရပါတယ္။ ေရဗူးေတြလည္းရပါတယ္။ေသာက္လိုက္ေတာ့ပါးစပ္မွာတံေတြး ျပန္ထြက္လာပါတယ္။

မူးတာမေပ်ာက္နွလံုးခုန္ျမန္တာနဲနဲ သက္သာပါတယ္။ မူးတာနဲ႕ေျခေတြလက္ေတြ ကေတာ့ကပ္ေနတုန္းပါ။ တိုက္ႀကီးမွာဆင္းျပီးအနီးဆံုးေဆးခန္းကို ကြ်န္ေတာ္ေျပးပါတယ္။ ဟိုေရာက္ေတာ့ဆရာဝန္ကို Heat Stroke မိတာထင္တယ္လို႕ေျပာပါတယ္။ ေသြးခ်ိန္ ေတာ့၅၀/၄၀ကိုက်သြားပါျပီ။ဆရာဝန္ မေလးကခ်က္ခ်င္းဒရစ္ခ်ိိတ္ဆယ္လူေပးျပီေပါ့။ ရွင့္ဆံုးျဖတ္ခ်က္မွန္တယ္။ မဟုတ္ရင္အသက္အႏၲရာယ္နီးတယ္တဲ႕။ ဒရစ္ခ်ိတ္ျပီးေတာ ့၆၀/၇၀ျပန္တက္လာတယ္။ သတိရွိလို႕ပါ။ ေပရင္ေသပါတယ္။

ဒါေၾကာင့္ေခြ်းမထြက္ပဲ တကိုယ္လံုး ပူလာမယ္ တံေတြးဆုတ္သြားရင္ သတိထားပါ။ မရွက္ပါနဲ႕။ ေရေဖ်ာ္ရည္ ဓါတ္ဆားေရေသာက္ပါ။ အခ်ိန္မဆဲြပါနဲ႕။ ေရာက္တဲ႕ေနရာက က်န္းမာေရးဌာနာမွာ ဒရစ္ခ်ိတ္ပါ။ ဓါတ္ဆားကေတာ့ ေနရာတိုင္း ရွိပါတယ္။ ခ်က္ခ်င္းေသာက္ပါလို႕ျဖစ္ဖူးတာကို တင္ျပပါတယ္။

အယ္နီညိဳမွာ ကိုယ့္ဟာကိုယ္ Heat Stroke ျဖစ္တာမသိရင္ဒုကၡနဲ႕လွလွ ေတြ႕မွာပါ။ သတိထားေပးၾကပါ။ ေပလို႔မရပါ။ ၁၅မိနစ္အေတာအတြင္း Body heat ကို ၄၀ေအာက္ျပန္မခ်နိင္ရင္္ ဆိုးရြားသြားနိင္ပါတယ္။ ေရေဖ်ာ္္ရည္ဓါတ္ဆားအဓိကပါ။ မဟုတ္တဲ႔ ေဆးေတြေလွ်ာက္တိုက္ရင္ အဖ်ားေဆးေတြေသာက္မိရင္ အဆင္းဘီးတပ္သလုိ ထိန္းရေတာ့မွာ မဟုတ္ပါ။ ဒါေႀကာင့္အပူလွ်ပ္တာကိုဖ်ားတာ နဲ႕ေရာမွာစိုးလို႔ပါ။ နီးစပ္ရာလည္းသတိေပးပါ။ လာမွာေနာ္အယ္နီညိဳနဲ႔ အတူ Heat Stroke တဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thaung Myint

#Unicode Version# ျဖင့္ဖတ္ပါ ။

မနေ့နေ့လည်၃နာရီကျော်ကျော် အိမ်မှာ တစ်ယောက်ထဲ အဝတ်လျော်စက်သုံးနေစဉ် မူးလာတယ် တံတွေးခြောက်လာတယ်။ လေပိတ်တဲ့နေရာ လဲဖြစ် အရမ်းလဲပူလာတယ် အသင့်လုပ်ထားတဲ့ မကျီးဖျော်ရည် သောက်လိုက်ပြီး နားနေလိုက်တယ်။ ကံကောင်းသွားတယ် အဲဒီအချိန်မှာဘဲ မိုးရွာချလိုက်တယ် သို့သော် လမ်းကိုကြည့်လိုက်တော့ မိုးအသင့်အတင့်ရွာပေမဲ့ ကွန်ကရိလမ်းမှာ အပူငွေ့တွေနဲ့ သတိထားကြစေချင်တယ်။ အခုလဲ ရေးထားတာလေး အထောက်အကူဖြစ်လို့ ပြန်မျှဝေပေးလိုက်ပါတယ်။

တံတွေးခန်းပြီး လူက မိုက်ကနဲပဲ ရေပြေးသောက်လိုက်မှ သက်သာတယ်။ သေတတ်သည်..သတိထားပါ။

အယ်နီညိုမှာ ဒီရောဂါကြောင့်အများ ကြီးသေနိင်ပါတယ်။ Heat Stroke အပူလျှပ်တဲ့ရောဂါပေါ့။ ကျွန်တော် ဖြစ်ဖူးပါတယ်။ ကားစီးနေရင်းခန္ဓာ ကိုယ်တစ်ခုလုံးပူလာပါတယ် ။ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့။ ပြီးတော့ ဒီလောက်ပူနေတာချွေးမထွက်ဘူး။ ခေါင်းတွေမူးခြေတွေလက်တွေတုန်လာတယ်။

ဖြစ်တာကဥက္ကံမြို့အကျော်ဖလုံရွာနားမှာ။ Expressပေါ်မှာနာရီတွက်ကြည့်မိတယ်။ နောက်မိနစ်၂၀မှတိုက်ကြီးရောက်မယ် ။ရေသန့်ဗူးကိုသောက်ပါတယ်။ မရ။ သောက်ပြီးတာနဲ့ပါးစပ်ထဲမှာတံတွေးမရှိတော့ပါ။ခြောက်ကပ်သွားပါတယ်။ရေလဲကုန်ပြီ။ပေလို့မရတော့။ ကားစပါယ်ယာခေါ်ပြီးဓါတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုြင်္ပီးအကူအညီတောင်းပါ တယ်။ဓါတ်ဆားနှစ်ထုပ်ရပါတယ်။ ရေဗူးတွေလည်းရပါတယ်။သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်။

မူးတာမပျောက်နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။ မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပါ။ တိုက်ကြီးမှာဆင်းပြီးအနီးဆုံးဆေးခန်းကို ကျွန်တော်ပြေးပါတယ်။ ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပါတယ်။ သွေးချိန် တော့၅၀/၄၀ကိုကျသွားပါပြီ။ဆရာဝန် မလေးကချက်ချင်းဒရစ်ချိတ်ဆယ်လူပေးပြီပေါ့။ ရှင့်ဆုံးဖြတ်ချက်မှန်တယ်။ မဟုတ်ရင်အသက်အန္တရာယ်နီးတယ်တဲ့။ ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။ သတိရှိလို့ပါ။ ပေရင်သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တကိုယ်လုံး ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။ မရှက်ပါနဲ့။ ရေဖျော်ရည် ဓါတ်ဆားရေသောက်ပါ။ အချိန်မဆွဲပါနဲ့။ ရောက်တဲ့နေရာက ကျန်းမာရေးဌာနာမှာ ဒရစ်ချိတ်ပါ။ ဓါတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။ ချက်ချင်းသောက်ပါလို့ဖြစ်ဖူးတာကို တင်ပြပါတယ်။

အယ်နီညိုမှာ ကိုယ့်ဟာကိုယ် Heat Stroke ဖြစ်တာမသိရင်ဒုက္ခနဲ့လှလှ တွေ့မှာပါ။ သတိထားပေးကြပါ။ ပေလို့မရပါ။ ၁၅မိနစ်အတောအတွင်း Body heat ကို ၄၀အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။ ရေဖျော်ရည်ဓါတ်ဆားအဓိကပါ။ မဟုတ်တဲ့ ဆေးတွေလျှောက်တိုက်ရင် အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။ ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။ နီးစပ်ရာလည်းသတိပေးပါ။ လာမှာနော်အယ်နီညိုနဲ့ အတူ Heat Stroke တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit:Thaung Myint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top