“ကိုၿငိမ္​း​ေမာင္​…. !!” “​ဗ်ာ.ဗ်ာ .. ႐ွိ.” “က​ေလး ႏို႔တိုက္​လိုက္​ဦး” “ဟမ္​…..ငါမွ ႏို႔မထြက္​တာ မိန္​းမရယ္​” “ႏို႔ဗူး တိုက္​ခိုင္​းတာ ႐ွင္​့ကို. !! တကထဲ မ​ေျပာလိုက္​ခ်င္​ဘူး” “ေအး ​ေအးပါမိန္​းမရယ္​…. လာလာ သား​ေလး ေဖ​ေဖႏို႔တိုက္​မယ္​ မင္​့​အ​ေမက ​ေဆးခ် ​ေနတာ မအား​ေသးဘူးတဲ့”

“ဘာ…ကိုၿငိမ္​း​ေမာင္​ ႐ွင္​က်မကို ဘယ္​လိုမိန္​းမထင္​​ေနတာလဲ” “အပင္​​ေတ​ြ ပိုးမက်​ေအာင္​ ​ေဆးျဖန္​း​ေနတယ္​​ေျပာတာပါ မိန္​းမ႐ယ္​” “ဟြန္​း ႐ွင္​ ​ေတာ့ ​ေသ​ေတာ့မယ္​… ပီးရင္​ က​ေလးကို သိပ္​လိုက္​ဦး” “ငါးပိနက္​သိပ္​ ရမွာလား ဆားနဲ႔ သိပ္​ရမွာလား.မိန္​းမ” “မဆလာ​ေလးပါထည္​့လိုက္​…. ” “ႏူးတဲ့ အခ်ိန္​မွ မဆလာထဲ့ ရမွာမလား.”

“ကိုၿငိမ္​း​ေမာင္​ ႐ွင္​ အရက္​​ေၾကာင္​​ေၾကာင္​ၿပီး ဘာ​ေတြ​ေျပာ​ေနတာလဲ က​ေလး ကို ​အိပ္​​သြား​ေအာင္​ ​ေခ်ာ့သိပ္​ခိုင္​း​ေနတာ” “ေအးပါ မတင္​​ေရႊရယ္​..” တ​ေန႔တ​ေန႔ ဒီမိန္​းမ နက္​ပဲ ျပသနာတက္​​ေနတာ ။ အရက္​တိုက္​တဲ့ မ်က္​ႏွာ​ေလး႐ွိလို႔​ေပါ့ကြာ။​ေနာက္​မို႔ဆို ​ ဒင္​း နဲ႔ အလဲ အျပဲ အကြဲပဲ။…

“ကဲကဲ သား​ေလး ​ေဖ​ေဖ​ေခ်ာ့ သိပ္​မယ္​​ေနာ္​” “ဟုတ္​ ​ေပ​ေပ က်ိ” “သား​ေလးရယ္​ အိပ္​ပါ​ေတာ့ ​ေၾကာင္​ႀကီးကိုက္​လိမ္​့မယ္​” “​ေပ​ေပ .. ​​ေၾကာင္​က်ိက ​​ေပ​ေပ ရက္ရက္​နက္​ ျမည္​းလိုက္​တာမလား” “အ​ေရးထဲ မင္​့ကလဲ သားဖခ်င္​းကပ္​ဖဲ့​ေန​ေသးတရ္​” “ကိုၿငိမ္​း​ေမာင္​.. က​ေလး မအိပ္​​ေသးဘူးလား” “သိပ္​​ေနတယ္​မိန္​းမ​ေရအိပ္​​ေတာ့မွာ..”

“သား​ေလး အိပ္​​ေတာ့​ေနာ္​…​ေဖ​ေဖ ခ်င္​းဆိုျပ​ေမ .. ၾကာျဖဴ ​ေရ ၾကာျဖဴ ​ေရ..ေရႊမိုး​ေလး​ေတြ ရြာတုိင္​းပဲ သတိရ​ေန..” “ကိုၿငိမ္​း​ေမာင္​ ႐ွင္​ က​ေလး​ေခ်ာ့သိပ္​​ေနတာလား ကာရာအို​ေက ​ေရာက္​​ေနတာလား ဘယ္​က ၾကာျဖဴကို သတိရ​ေနတာလဲ​ေျပာစမ္​း.. ႐ွင္​့ကို အဲ့ ​ေကာင္​မက အျမည္​းဖိုး​ေပး​ေနလို႔လား” “အာ မတင္​​ေရႊ ကလဲ.. က​ေလး​ေခ်ာ့သိပ္​​ေနတာကို..”

“​ေနာ့သား​ေလး အိပ္​​ေတာ့​ေနာ္​ ​ေဖ​ေဖ​ေခ့်ာ့သိပ္​မယ္​..ရန္​သူငါးပါးထဲမွာ အင္​မတန္​ အ​ေျပာၾကမ္​းလွတာ မညႇာမတာ ဘယ္​သူ႔မွ မ​ေၾကာက္​တဲ့ သူခိုးဓားျမထက္​ ဆုိးတဲ့ တင္​​ေရႊဟာ..” “ဘာ !!! ကိုၿငိမ္​း​ေမာင္​ ႐ွင္​က်မကို ဘာမ​ေက်နပ္​တာလဲ ​ေျပာစမ္​း” “က​ေလး​ေခ်ာ့​ေနတာပါ မိန္​းမရဲ႕ ကိုယ္​့အလုပ္​ကိုလုပ္​စမ္​းပါ” “ဟြင္​းဟြင္​း ႐ွင္​​ေနာ္​ ႐ွင္​..”

“သား​ေလး မငိုနက္​ အိပ္​အိပ္​…​ေဖ​ေဖ​ေခ်ာ့သိပ္​မယ္​..တို႔​ေရဆာစဥ္​ အာမီ​ေတြ ယူလာ​ေပးသူ..အဆင္​​ေျပခ်ိန္​ ဝီစကီ​ေလး တစ္​ခြက္​ ထက္​ကို တန္​ဖိုးထားပါတရ္​..” “တိတ္​စမ္​း ကိုၿငိမ္​း​ေမာင္​ အခု အိမ္​​ေပၚက ဆင္​း​ေတာ့” “ဟာ မတင္​​ေရႊ မင္​းဟာ​ေလ.” “က်မဟာ.ဘာဖစ္​တုန္​း ​ေျပာစမ္​း” “အရက္​ ​ေလာက္​မွ ​ေဇာက္​မနက္​ဘူး” “ဘာအရက္​လဲ ဇ​ေကာ ဇ​ေကာ”

“ငါသိပါတရ္​… မင္​းမွာသစၥာ လူမွာ ဘီယာ တဲ့” “ဘာ လူမွာ ကတိ ကတိ.. ” “​ေအး.. မင္​းငါ့ကို ကတိ​ေတြ အတန္​တန္​​ေပးခဲ့တယ္​ မွတ္​မိလား” “ဘာ ကတိ​ေတြလဲ ​ေျပာစမ္​းပါဦး” “မင္​းနဲ႔ခ်စ္​သူ ျဖစ္​တုန္​းက င့ကို ရာသက္​ပန္​ အရက္​တိုက္​မယ္​ဆိုပီး ကတ္ိ​ေတြ​ေပးခဲ့တယ္​​ေလ… မင္​းကတိမတည္​လို႔ ျမန္​မာဘီယာ ၆၀၀က​ေန ၇၀၀ ျဖစ္​သြားခဲ့တယ္​။ မင္​့ငါ့ကို ထာဝရ ထက္​ အရက္​ပိုတယ္​ ​ေျပာပီး အခု ​ေျပာင္​းလဲ သြားခဲ့တယ္​.​ေလ..မင္​းကတိမတည္​လို႔ အာမ​ီပုလင္​းခြံ​ေတာင္​ ၅၀ပဲ ရ​ေတာ့တယ္​….မင္​း ကတိမတည္​ဘူး တင္​​ေရႊ”

“ဟင္​့ က်မ မွားပါတယ္​ ကိုၿငိမ္​း​ေမာင္​ရယ္​” “ရပါတယ္ ငါနင္​့ကို အရက္​နဲ႔ ထပ္​တူ ခ်စ္​ခဲ့တာ တင္​​ေရႊရဲ႕” “အိုရ္​ ကိုၿငိမ္​း​ေမာင္​ရယ္​ မ​ေျပာပါနဲ႔​ေတာ့.. က်မ မွားသြားပါတယ္​ ဟင္​့ ဟင္​့” “မငိုပါနက္​မိန္​းမရယ္​ င့ကို ကတိတစ္​ခု ပဲ​ေပးပါ” “​ေျပာ​ေလ ကိုၿငိမ္​း​ေမာင္​”

” ငါ့ ပုလင္​း​ေတြထဲ ခိုးခိုးပီး ​ေရမ​ေရာ​ေတာ့ပါ ဘူးဆိုတဲ့ကတိ” “က်မကတိ​ေပးပါတယ္​ ကိုၿငိမ္​း​ေမာင္​… ႐ွင္​လဲကတိျပန္​​ေပး” “​ေျပာ​ေလ မတင္​​ေရႊ” “က်မက အရက္​ကို လက္​တစ္​ဆစ္​​ပဲ ​ေသာက္​လို႔​ေျပာတာကို ​. .ေနာက္​တစ္​ခါ လင္​ဗန္​းထဲ လက္​တစ္​ဆစ္​ထည္​့ပီး မ​ေသာက္​ပါနက္​”

“ေအးပါ မိန္​းမရယ္​… ငါ​ေလ်ာ့​ေနပါတယ္​..” “သား​ေလး ​ေတာင္​ အိပ္​သြား ႐ွာပီ” “မအိပ္​ပဲ ​ေနမလားဟ! ​ေခ်ာ့သိပ္​ရတာ ​ေမာလို႔ ငါ့ပုလင္​းထဲက လက္​က်န္​​ေလး တိုက္​လိုက္​တာ” “ဘာ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Okkar Tun

#Unicode Version# ျဖင့္ဖတ္ပါ ။

“ကိုငြိမ်းမောင်…. !!” “ဗျာ.ဗျာ .. ရှိ.” “ကလေး နို့တိုက်လိုက်ဦး” “ဟမ်…..ငါမှ နို့မထွက်တာ မိန်းမရယ်” “နို့ဗူး တိုက်ခိုင်းတာ ရှင့်ကို. !! တကထဲ မပြောလိုက်ချင်ဘူး” “အေး အေးပါမိန်းမရယ်…. လာလာ သားလေး ဖေဖေနို့တိုက်မယ် မင့်အမေက ဆေးချ နေတာ မအားသေးဘူးတဲ့”

“ဘာ…ကိုငြိမ်းမောင် ရှင်ကျမကို ဘယ်လိုမိန်းမထင်နေတာလဲ” “အပင်တွေ ပိုးမကျအောင် ဆေးဖြန်းနေတယ်ပြောတာပါ မိန်းမရယ်” “ဟွန်း ရှင် တော့ သေတော့မယ်… ပီးရင် ကလေးကို သိပ်လိုက်ဦး” “ငါးပိနက်သိပ် ရမှာလား ဆားနဲ့ သိပ်ရမှာလား.မိန်းမ” “မဆလာလေးပါထည့်လိုက်…. ” “နူးတဲ့ အချိန်မှ မဆလာထဲ့ ရမှာမလား.”

“ကိုငြိမ်းမောင် ရှင် အရက်ကြောင်ကြောင်ပြီး ဘာတွေပြောနေတာလဲ ကလေး ကို အိပ်သွားအောင် ချော့သိပ်ခိုင်းနေတာ” “အေးပါ မတင်ရွှေရယ်..” တနေ့တနေ့ ဒီမိန်းမ နက်ပဲ ပြသနာတက်နေတာ ။ အရက်တိုက်တဲ့ မျက်နှာလေးရှိလို့ပေါ့ကွာ။နောက်မို့ဆို  ဒင်း နဲ့ အလဲ အပြဲ အကွဲပဲ။…

“ကဲကဲ သားလေး ဖေဖေချော့ သိပ်မယ်နော်” “ဟုတ် ပေပေ ကျိ” “သားလေးရယ် အိပ်ပါတော့ ကြောင်ကြီးကိုက်လိမ့်မယ်” “ပေပေ .. ကြောင်ကျိက ပေပေ ရက်ရက်နက် မြည်းလိုက်တာမလား” “အရေးထဲ မင့်ကလဲ သားဖချင်းကပ်ဖဲ့နေသေးတရ်” “ကိုငြိမ်းမောင်.. ကလေး မအိပ်သေးဘူးလား” “သိပ်နေတယ်မိန်းမရေအိပ်တော့မှာ..”

“သားလေး အိပ်တော့နော်…ဖေဖေ ချင်းဆိုပြမေ .. ကြာဖြူ ရေ ကြာဖြူ ရေ..ရွှေမိုးလေးတွေ ရွာတိုင်းပဲ သတိရနေ..” “ကိုငြိမ်းမောင် ရှင် ကလေးချော့သိပ်နေတာလား ကာရာအိုကေ ရောက်နေတာလား ဘယ်က ကြာဖြူကို သတိရနေတာလဲပြောစမ်း.. ရှင့်ကို အဲ့ ကောင်မက အမြည်းဖိုးပေးနေလို့လား” “အာ မတင်ရွှေ ကလဲ.. ကလေးချော့သိပ်နေတာကို..”

“နော့သားလေး အိပ်တော့နော် ဖေဖေချေ့ာ့သိပ်မယ်..ရန်သူငါးပါးထဲမှာ အင်မတန် အပြောကြမ်းလှတာ မညှာမတာ ဘယ်သူ့မှ မကြောက်တဲ့ သူခိုးဓားမြထက် ဆိုးတဲ့ တင်ရွှေဟာ..” “ဘာ !!! ကိုငြိမ်းမောင် ရှင်ကျမကို ဘာမကျေနပ်တာလဲ ပြောစမ်း” “ကလေးချော့နေတာပါ မိန်းမရဲ့ ကိုယ့်အလုပ်ကိုလုပ်စမ်းပါ” “ဟွင်းဟွင်း ရှင်နော် ရှင်..”

“သားလေး မငိုနက် အိပ်အိပ်…ဖေဖေချော့သိပ်မယ်..တို့ရေဆာစဉ် အာမီတွေ ယူလာပေးသူ..အဆင်ပြေချိန် ဝီစကီလေး တစ်ခွက် ထက်ကို တန်ဖိုးထားပါတရ်..” “တိတ်စမ်း ကိုငြိမ်းမောင် အခု အိမ်ပေါ်က ဆင်းတော့” “ဟာ မတင်ရွှေ မင်းဟာလေ.” “ကျမဟာ.ဘာဖစ်တုန်း ပြောစမ်း” “အရက် လောက်မှ ဇောက်မနက်ဘူး” “ဘာအရက်လဲ ဇကော ဇကော”

“ငါသိပါတရ်… မင်းမှာသစ္စာ လူမှာ ဘီယာ တဲ့” “ဘာ လူမှာ ကတိ ကတိ.. ” “အေး.. မင်းငါ့ကို ကတိတွေ အတန်တန်ပေးခဲ့တယ် မှတ်မိလား” “ဘာ ကတိတွေလဲ ပြောစမ်းပါဦး” “မင်းနဲ့ချစ်သူ ဖြစ်တုန်းက င့ကို ရာသက်ပန် အရက်တိုက်မယ်ဆိုပီး ကတိတွေပေးခဲ့တယ်လေ… မင်းကတိမတည်လို့ မြန်မာဘီယာ ၆၀၀ကနေ ၇၀၀ ဖြစ်သွားခဲ့တယ်။ မင့်ငါ့ကို ထာဝရ ထက် အရက်ပိုတယ် ပြောပီး အခု ပြောင်းလဲ သွားခဲ့တယ်.လေ..မင်းကတိမတည်လို့ အာမီပုလင်းခွံတောင် ၅၀ပဲ ရတော့တယ်….မင်း ကတိမတည်ဘူး တင်ရွှေ”

“ဟင့် ကျမ မှားပါတယ် ကိုငြိမ်းမောင်ရယ်” “ရပါတယ် ငါနင့်ကို အရက်နဲ့ ထပ်တူ ချစ်ခဲ့တာ တင်ရွှေရဲ့” “အိုရ် ကိုငြိမ်းမောင်ရယ် မပြောပါနဲ့တော့.. ကျမ မှားသွားပါတယ် ဟင့် ဟင့်” “မငိုပါနက်မိန်းမရယ် င့ကို ကတိတစ်ခု ပဲပေးပါ” “ပြောလေ ကိုငြိမ်းမောင်”

” ငါ့ ပုလင်းတွေထဲ ခိုးခိုးပီး ရေမရောတော့ပါ ဘူးဆိုတဲ့ကတိ” “ကျမကတိပေးပါတယ် ကိုငြိမ်းမောင်… ရှင်လဲကတိပြန်ပေး” “ပြောလေ မတင်ရွှေ” “ကျမက အရက်ကို လက်တစ်ဆစ်ပဲ သောက်လို့ပြောတာကို . .နောက်တစ်ခါ လင်ဗန်းထဲ လက်တစ်ဆစ်ထည့်ပီး မသောက်ပါနက်”

“အေးပါ မိန်းမရယ်… ငါလျော့နေပါတယ်..” “သားလေး တောင် အိပ်သွား ရှာပီ” “မအိပ်ပဲ နေမလားဟ! ချော့သိပ်ရတာ မောလို့ ငါ့ပုလင်းထဲက လက်ကျန်လေး တိုက်လိုက်တာ” “ဘာ”

ဖိုးသူတော် (www.phothutaw.com)
Credit:Okkar Tun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top