အိပ္ယာ အေစာၾကီး ထ၊ မနက္ (၁၀) နာရီ မတိုင္ခင္ အလုပ္သြားရတာဟာ ခႏၶာကိုယ္အတြက္ ျပင္းထန္ ၾကီးမားတဲ့ ႏွိပ္စက္ညွင္းပန္းမႈနဲ႔ အလားသ႑ာန္တူေၾကာင္း ေအာက္စ္စဖုိ႔ တကၠသိုလ္ရဲ႕ စူးစမ္းေလ့လာေရးဦးေဆာင္သူ ေဒါက္တာ Paul Kelly ကဆိုပါတယ္။

ဆက္ကာဒီယံ ရက္သမ္ (သို႔) ခႏၶာအတြင္းက နာရီဟာ ဇီ၀အခ်ိန္တိုင္း ကိရိယာအျဖစ္ ကိုယ္စားျပဳျပီး လူေတြရဲ႕ ခႏၶာကိုယ္ကို လည္ပတ္မႈေတြကို သတ္မွတ္ေပးပါတယ္။ အဲ့ဒီ့ေနာက္ ဒီ မ်ိဳးရိုး ဗီဇအလိုက္ အလိုအေလ်ာက္လုပ္ေဆာင္ဖို႔ စီမံထားတဲ့ စက္၀န္းက အခ်ိန္ေတြကို သိျမင္ျခင္း၊ ဦးေႏွာက္ဖန္ရွင္၊ စြမ္းအားအဆင့္နဲ႔ ေဟာ္မုန္းထုတ္လုပ္မႈကို ထိန္းညွိေပးေနပါတယ္။

ဒါေၾကာင့္ အိပ္ယာက အေစာၾကီးထျပီး (၁၀) နာရီမတိုင္ခင္ အလုပ္လုပ္တာက ခႏၶာကိုယ္ကို ညွင္းပန္းသလိုျဖစ္ေနျပီး ခႏၶာကိုယ္တြင္း ပင္ကို တည္ျငိမ္မွ်တမႈေတြကို ဆိုး၀ါးစြာ ထိခိုက္ေစႏိုင္ပါတယ္တဲ့။

ကၽြန္ေတာ္တို႔ဟာ ကိုယ္ပိုင္ (၂၄) နာရီစည္းခ်က္ေတြကို ေျပာင္းလဲပစ္လို႔ မရႏိုင္ပါဘူး။ အခ်ိန္တစ္ခု သတ္သတ္မွတ္မွတ္ထားျပီး ႏိုးထဖို႔ မတတ္ႏိုင္ၾကပါဘူး။ လူရဲ႕ အသည္းနဲ႔ ႏွလံုးဟာ မတူညီတဲ့ ေဆာင္ရြက္ပံုေတြရွိတာေၾကာင့္ ေစာထဖို႔အတြက္ဆို ၄င္းတို႔ရဲ႕ အလုပ္လုပ္ခ်ိန္ကို (၂) နာရီ (၃) နာရီေလာက္ အခ်ိန္ ေရြ႕လိုက္ရပါတယ္။

(၂၀) ရာစု အေစာပိုင္းမွာ အလုပ္ခ်ိန္ တစ္ေန႔ (၈) နာရီ ဆိုတာ စတင္ေပၚေပါက္လာျပီး (၂၄/၇) စက္ရုံ ထုတ္လုပ္မႈေတြနဲ႔အတူ ဘယ္သူက မွ သဘာ၀လူ႔ခႏၶာ နာရီကို ထည့္မတြက္က်ေတာ့ပါဘူး။

ဒီ့အတြက္ ရလဒ္က ခႏၶာကိုယ္ဖြဲ႔စည္းမႈ စနစ္ေတြကို အၾကီးအက်ယ္ ထိခိုက္ေစျပီး ရုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာနဲ႔ ခႏၶာကိုယ္အတြက္က စြမ္းေဆာင္မႈစနစ္ေတြကိုပါ ထိခိုက္လာေစပါတယ္။

ဒါေၾကာင့္ ၀န္ထမ္းေတြအေနနဲ႔ မနက္ (၁၀) နာရီမွာ အလုပ္စသင့္ပါတယ္။ ဒါ အသက္ (၅၅) ႏွစ္ မေရာက္ခင္အထိတိုင္ေအာင္ပဲ ၀န္ထမ္းလုပ္သူေတြဟာ အိပ္ခ်ိန္ေတြကို ဆံုးရံႈးေနက်ျမဲပါ။ ျပီးေတာ့ အိပ္ခ်ိန္ဆံုးရႈံးေနတဲ့ လူ႔အဖြဲ႔အစည္းမွာ ရွင္သန္ေနၾကတာပါ။ ဒါ တစ္ကမာၻလံုးဆိုင္ရာ ကိစၥတစ္ခုျဖစ္ပါတယ္။ မလိုအပ္ပါပဲ လူတိုင္းခံစားေနရတဲ့ ဒုကၡပါလို႔ ေဒါက္တာ Kelley က ျဖည့္စြက္ေျပာပါတယ္။

တစ္ရက္ကို အိပ္ခ်ိန္ (၆) နာရီထက္ ေလွ်ာ့ျပီး တစ္ပတ္ေလာက္ပဲ ေနရင္ေတာင္ မ်ိဳးရိုး ဗီဇ အလုပ္လုပ္ေဆာင္မႈေတြမွာ (၇၁၁) ခုေသာ ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစတယ္လို႔ Telegraph သတင္းမီဒီယာရဲ႕ ေဖာ္ျပခ်က္မ်ားမွာ ေတြ႔ရပါတယ္။

ဒါေတြကို အလုပ္စခ်ိန္နဲ႔ ဆံုးတဲ့အခ်ိန္အတြင္းမွာ ေျပာင္းလဲမႈရိုးရိုးေလးေတြ လုပ္မယ္ဆိုရင္ အလုပ္ရဲ႕ ရလဒ္ေတြဟာ ထိထိေရာက္ေရာက္ တိုးတက္လာႏိုင္တယ္လို႔ ပညာရွင္ေတြက လက္ခံယံုၾကည္ေနၾကပါတယ္။

ေဒါက္တာ Kelley နဲ႔ တျခားေသာ အာရုံေၾကာေဗဒ ပညာရွင္ေတြက အသက္အရြယ္နဲ႔လိုက္ျပီး ကြဲျပားတဲ့ ခႏၶာေဗဒ လုပ္ေဆာင္ပံုကို သေဘာေပါက္ျခင္းရဲ႕ အေရးပါမႈနဲ႔ အထူးသျဖင့္ အိပ္စက္ျခင္းနဲ႔ ပတ္သက္ရင္ အေရးၾကီးတာကို အေလးေပးေျပာဆိုခဲ့ပါတယ္။

လူငယ္ေတြဆို ညဘက္ ေတာ္ေတာ္ေနာက္က်မွ အိပ္ယာ၀င္ၾကတယ္။ ဒါေၾကာင့္ အိပ္ခ်ိန္ ဆံုးရႈံးမႈေတြဟာ ၾကီးေကာင္၀င္တဲ့ အခ်ိန္ကစတယ္လို႔ သူတို႔က ဆိုပါတယ္။ မနက္ဆိုလည္း (၁၀) နာရီ မထိုးခင္ထိ တကယ္ မထႏိုင္ၾကပါဘူး။ အဲ့ဒီ့မွာ တင္းၾကပ္တဲ့ ေက်ာင္းခ်ိန္၊ အတန္းခ်ိန္ေတြက မနက္ေစာေစာပိုင္းေတြမွာ စေတာ့ ေက်ာင္းသားတစ္ေယာက္က တစ္ပတ္ကို ပ်မ္းမွ် (၁၀) နာရီေလာက္ ဆံုးရႈံးေနရပါတယ္။

အဲ့ဒီလိုကေန ပိတ္ရက္ေတြေရာက္ျပန္ေတာ့လည္း ညဥ့္နက္တဲ့ထိ မအိပ္ႏိုင္တာ၊ အိပ္ခ်ိန္ကို ျပန္တည့္မတ္ဖို႔ အိပ္ယာကို ေစာေစာ၀င္ရာမွာ အခက္ၾကံဳရတာေတြရွိလာတယ္။

ေဒါက္တာ Kelley ရဲ႕ သီအိုရီကို ျဗိတိန္ႏိုင္ငံက ေက်ာင္းတစ္ေက်ာင္းက စမ္းသပ္ၾကည့္ခဲ့ပါတယ္။ စမ္းသပ္ပံုက ေက်ာင္းခ်ိန္ကုိ မနက္ (၈) နာရီခြဲ စတာကေန (၁၀) နာရီကို ေျပာင္းလဲခဲ့ပါတယ္။ အဲ့ဒီလို ေျပာင္းလဲျပီးတဲ့ေနာက္မွာေတာ့ ေက်ာင္းသားေတြရဲ႕ အဆင့္ေတြ တက္လာတာ၊ ေက်ာင္းေခၚခ်ိန္ေတြ ျပည့္လာတာ၊ အေထြေထြ တိုးတက္မႈေတြရွိလာတာကို ေတြ႔ရွိခဲ့ၾကရပါတယ္။

ဒါေၾကာင့္ တကယ္လို႔သာ ဒီေန႔ေခတ္ လူမႈအဖြဲ႕အစည္းရဲ႕ က႑အားလံုးတိုင္းမွာ အဲ့ဒီ့လို ေျပာင္းလဲမႈေတြကို ျပဳလုပ္မယ္ဆိုခဲ့ရင္ လူေတြဟာ ပင္ပန္းႏြမ္းလ်၊ ပူပန္ေၾကာင့္ၾကျပီး ေကာ္ဖီစြဲေနၾကမယ့္ အစား ပိုုျပီး ျဖစ္ထြန္း၊ ပို က်န္းမာ ေပ်ာ္ရႊင္၊ ခြန္အားအျပည့္နဲ႔ စိတ္ေအးခ်မ္းသာရွိလာၾကမွာ သံသယျဖစ္စရာေတာင္ မလုိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:santhitsa
# Unicode Version # ျဖင့္ ဖတ္ပါ #

အိပ်ယာ အစောကြီး ထ၊ မနက် (၁၀) နာရီ မတိုင်ခင် အလုပ်သွားရတာဟာ ခန္ဓာကိုယ်အတွက် ပြင်းထန် ကြီးမားတဲ့ နှိပ်စက်ညှင်းပန်းမှုနဲ့ အလားသဏ္ဍာန်တူကြောင်း အောက်စ်စဖို့ တက္ကသိုလ်ရဲ့ စူးစမ်းလေ့လာရေးဦးဆောင်သူ ဒေါက်တာ Paul Kelly ကဆိုပါတယ်။

ဆက်ကာဒီယံ ရက်သမ် (သို့) ခန္ဓာအတွင်းက နာရီဟာ ဇီဝအချိန်တိုင်း ကိရိယာအဖြစ် ကိုယ်စားပြုပြီး လူတွေရဲ့ ခန္ဓာကိုယ်ကို လည်ပတ်မှုတွေကို သတ်မှတ်ပေးပါတယ်။ အဲ့ဒီ့နောက် ဒီ မျိုးရိုး ဗီဇအလိုက် အလိုအလျောက်လုပ်ဆောင်ဖို့ စီမံထားတဲ့ စက်ဝန်းက အချိန်တွေကို သိမြင်ခြင်း၊ ဦးနှောက်ဖန်ရှင်၊ စွမ်းအားအဆင့်နဲ့ ဟော်မုန်းထုတ်လုပ်မှုကို ထိန်းညှိပေးနေပါတယ်။

ဒါကြောင့် အိပ်ယာက အစောကြီးထပြီး (၁၀) နာရီမတိုင်ခင် အလုပ်လုပ်တာက ခန္ဓာကိုယ်ကို ညှင်းပန်းသလိုဖြစ်နေပြီး ခန္ဓာကိုယ်တွင်း ပင်ကို တည်ငြိမ်မျှတမှုတွေကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်တဲ့။

ကျွန်တော်တို့ဟာ ကိုယ်ပိုင် (၂၄) နာရီစည်းချက်တွေကို ပြောင်းလဲပစ်လို့ မရနိုင်ပါဘူး။ အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး နိုးထဖို့ မတတ်နိုင်ကြပါဘူး။ လူရဲ့ အသည်းနဲ့ နှလုံးဟာ မတူညီတဲ့ ဆောင်ရွက်ပုံတွေရှိတာကြောင့် စောထဖို့အတွက်ဆို ၎င်းတို့ရဲ့ အလုပ်လုပ်ချိန်ကို (၂) နာရီ (၃) နာရီလောက် အချိန် ရွေ့လိုက်ရပါတယ်။

(၂၀) ရာစု အစောပိုင်းမှာ အလုပ်ချိန် တစ်နေ့ (၈) နာရီ ဆိုတာ စတင်ပေါ်ပေါက်လာပြီး (၂၄/၇) စက်ရုံ ထုတ်လုပ်မှုတွေနဲ့အတူ ဘယ်သူက မှ သဘာဝလူ့ခန္ဓာ နာရီကို ထည့်မတွက်ကျတော့ပါဘူး။

ဒီ့အတွက် ရလဒ်က ခန္ဓာကိုယ်ဖွဲ့စည်းမှု စနစ်တွေကို အကြီးအကျယ် ထိခိုက်စေပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်အတွက်က စွမ်းဆောင်မှုစနစ်တွေကိုပါ ထိခိုက်လာစေပါတယ်။

ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ မနက် (၁၀) နာရီမှာ အလုပ်စသင့်ပါတယ်။ ဒါ အသက် (၅၅) နှစ် မရောက်ခင်အထိတိုင်အောင်ပဲ ဝန်ထမ်းလုပ်သူတွေဟာ အိပ်ချိန်တွေကို ဆုံးရှုံးနေကျမြဲပါ။ ပြီးတော့ အိပ်ချိန်ဆုံးရှုံးနေတဲ့ လူ့အဖွဲ့အစည်းမှာ ရှင်သန်နေကြတာပါ။ ဒါ တစ်ကမ္ဘာလုံးဆိုင်ရာ ကိစ္စတစ်ခုဖြစ်ပါတယ်။ မလိုအပ်ပါပဲ လူတိုင်းခံစားနေရတဲ့ ဒုက္ခပါလို့ ဒေါက်တာ Kelley က ဖြည့်စွက်ပြောပါတယ်။

တစ်ရက်ကို အိပ်ချိန် (၆) နာရီထက် လျှော့ပြီး တစ်ပတ်လောက်ပဲ နေရင်တောင် မျိုးရိုး ဗီဇ အလုပ်လုပ်ဆောင်မှုတွေမှာ (၇၁၁) ခုသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေတယ်လို့ Telegraph သတင်းမီဒီယာရဲ့ ဖော်ပြချက်များမှာ တွေ့ရပါတယ်။

ဒါတွေကို အလုပ်စချိန်နဲ့ ဆုံးတဲ့အချိန်အတွင်းမှာ ပြောင်းလဲမှုရိုးရိုးလေးတွေ လုပ်မယ်ဆိုရင် အလုပ်ရဲ့ ရလဒ်တွေဟာ ထိထိရောက်ရောက် တိုးတက်လာနိုင်တယ်လို့ ပညာရှင်တွေက လက်ခံယုံကြည်နေကြပါတယ်။

ဒေါက်တာ Kelley နဲ့ တခြားသော အာရုံကြောဗေဒ ပညာရှင်တွေက အသက်အရွယ်နဲ့လိုက်ပြီး ကွဲပြားတဲ့ ခန္ဓာဗေဒ လုပ်ဆောင်ပုံကို သဘောပေါက်ခြင်းရဲ့ အရေးပါမှုနဲ့ အထူးသဖြင့် အိပ်စက်ခြင်းနဲ့ ပတ်သက်ရင် အရေးကြီးတာကို အလေးပေးပြောဆိုခဲ့ပါတယ်။

လူငယ်တွေဆို ညဘက် တော်တော်နောက်ကျမှ အိပ်ယာဝင်ကြတယ်။ ဒါကြောင့် အိပ်ချိန် ဆုံးရှုံးမှုတွေဟာ ကြီးကောင်ဝင်တဲ့ အချိန်ကစတယ်လို့ သူတို့က ဆိုပါတယ်။ မနက်ဆိုလည်း (၁၀) နာရီ မထိုးခင်ထိ တကယ် မထနိုင်ကြပါဘူး။ အဲ့ဒီ့မှာ တင်းကြပ်တဲ့ ကျောင်းချိန်၊ အတန်းချိန်တွေက မနက်စောစောပိုင်းတွေမှာ စတော့ ကျောင်းသားတစ်ယောက်က တစ်ပတ်ကို ပျမ်းမျှ (၁၀) နာရီလောက် ဆုံးရှုံးနေရပါတယ်။

အဲ့ဒီလိုကနေ ပိတ်ရက်တွေရောက်ပြန်တော့လည်း ညဉ့်နက်တဲ့ထိ မအိပ်နိုင်တာ၊ အိပ်ချိန်ကို ပြန်တည့်မတ်ဖို့ အိပ်ယာကို စောစောဝင်ရာမှာ အခက်ကြုံရတာတွေရှိလာတယ်။

ဒေါက်တာ Kelley ရဲ့ သီအိုရီကို ဗြိတိန်နိုင်ငံက ကျောင်းတစ်ကျောင်းက စမ်းသပ်ကြည့်ခဲ့ပါတယ်။ စမ်းသပ်ပုံက ကျောင်းချိန်ကို မနက် (၈) နာရီခွဲ စတာကနေ (၁၀) နာရီကို ပြောင်းလဲခဲ့ပါတယ်။ အဲ့ဒီလို ပြောင်းလဲပြီးတဲ့နောက်မှာတော့ ကျောင်းသားတွေရဲ့ အဆင့်တွေ တက်လာတာ၊ ကျောင်းခေါ်ချိန်တွေ ပြည့်လာတာ၊ အထွေထွေ တိုးတက်မှုတွေရှိလာတာကို တွေ့ရှိခဲ့ကြရပါတယ်။

ဒါကြောင့် တကယ်လို့သာ ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းရဲ့ ကဏ္ဍအားလုံးတိုင်းမှာ အဲ့ဒီ့လို ပြောင်းလဲမှုတွေကို ပြုလုပ်မယ်ဆိုခဲ့ရင် လူတွေဟာ ပင်ပန်းနွမ်းလျ၊ ပူပန်ကြောင့်ကြပြီး ကော်ဖီစွဲနေကြမယ့် အစား ပိုပြီး ဖြစ်ထွန်း၊ ပို ကျန်းမာ ပျော်ရွှင်၊ ခွန်အားအပြည့်နဲ့ စိတ်အေးချမ်းသာရှိလာကြမှာ သံသယဖြစ်စရာတောင် မလိုပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top