အေမ
သား ပစၥည္းေလးပါးမျပည့္စံုဘူးအေမ
သာသနာ့ဝန္ထမ္းရတာ ပင္ပမ္းလို ့
လူထြက္ပါရေစေနာ္ အေမ

- - - - - - -

သား - - -- - - -

ဆြမ္းကြမ္းမျပည့္စံုလို ဟုတ္လား သား
သားကို ဆရာေတာ္ၾကီး
သံုးပါးအေျကာင္းေျပာျပမယ္သား

အခု သားတို ့ ငယ္လတ္ၾကီး စာေပေေတြသင္ေနတာ မဟာဂႏၶာရံဳဆရာေတာ္ဘုရားၾကီး ေရးသားျပဳစုခဲ့တဲ့ စာေတြမဟုတ္လား

အဲဒီဆရာေတာ္ဘုရားၾကီးဟာ ဒုတိယကမၻာစစ္အတြင္းက စစ္ျဖစ္ ကပ္ဆိုက္ေနတဲ့အခ်ိန္မွာ
တနိ ုင္ငံလံုးကိုယ္ေတာ္ေတြ အကုန္လူထြက္ၾကတယ္ ဒါေပမဲ့ သူဟာ အသက္သာေသရင္ေသပါေစ ယုတ္ည့ံတဲ့အဝတ္နဲ ့မလဲဘူးဆိုတဲ့ သံဓိ႒ာန္ခ်ုပီး
လူမထြက္ခဲ့ဘူးသား

သကၤန္းလွဴမဲ့လူမရွိလို ့ ႏွစ္ထပ္သကၤန္းၾကီးကို
တျခမ္းခြဲျပီး ဆြမ္းနဲ ့လဲစားခဲ့ရတယ္

ဖိနပ္လွဴမဲ့သူမရွိလို ့ ေပါက္ေနတဲ့ဖိနပ္ကိုဖာျပီးစီးရတယ္

အခ်ိဳပြဲဆိုတာ ဘာမွန္းမသိခဲ့ဘူး လက္ဘက္ေျခာက္ျပဳတ္ဖတ္ေတြကို သုတ္စားခဲ့ရသတဲ့

လယ္သမားတေယာက္လွဴတဲ့
ဘဲဥဆြမ္းဟာ အေကာင္းဆြမ္းဆိုျပီး မွတ္တမ္း တင္ထားခဲ့တယ္သားရဲ့

သား ဆြမ္းကြမ္းပစၥည္းေလးပါး မျပည့္စံုဘူးဆိုတာ အဲဒီဆရာေတာ္ၾကီးေလာက္
ဆိုးေနလို ့လား

ဗံုးၾကဲေလယာဥ္ေတြလာလို ့ စာမူေတြေပြ ့ပိုက္ျပီး လွိဳဏ္ေခါင္းေတြထဲ ဝင္ေျပးရတာ အၾကိမ္ေပါင္းမနည္းဘူးသားရဲ့

အဲဒီလိုအသက္ေဘးၾကားထဲကေန သားတို ့ ့အခုလို ပညာေတြသင္နိ ုင္ေအာင္ က်မ္းေပါင္းေျမာက္မ်ားစြာကို ေရးသားေပးခဲ့တာပါသားရယ္ ဆရာေတာ္ၾကီး
အသက္နဲ ့ရင္းျပီး ေရးခဲ့ရတဲ့က်မ္းေတြကို သားတို ့က လြယ္လင့္တကူ သင္ယူၾကရတာပါ အဲဒါကို
သားတို ့က ပစၥည္းေလးပါးမျပည္စံုယံုနဲ ့ လူထြက္မယ္ဆိုေတာ့ မရွက္ဘူးလားသားရယ္

မိုးကုတ္ဆရာေတာ္ဘုရားၾကီးဟာလည္း
စစ္ေဘးစစ္ဒဏ္ေတြၾကားထဲကပဲ စာေတြခ် က်မ္းေတြျပဳစုျပီး အရဟတၲဖိုလ္ကို အရယူသြားခဲ့တာပါ

လယ္တီဆရာေတာ္ဘုရားၾကီးတို ့ဆိုရင္
စာဖတ္စရာလွ်ပ္စစ္မီး မရွိခဲ့ပါဘူး
ေလးေထာင့္သံဗံုးၾကီးကို မီးစာတပ္ျပီး
စာဖတ္ခဲ့တာပါ သားရယ္

အဲဒီေလာက္
မျပည့္စံုတဲ့ၾကားထဲကေန စာေတြခ် က်မ္းေတြျပဳစု
ျပီး အရိယာစခန္းကို တက္လွမ္းခဲ့တာပါသား

သား အခု မျပည့္စံုဘူးဆိုတာ
အဲဒီဆရာေတာ္ၾကီးေတြေလာက္ ဆိုးေနလို ့လား

သာသနာျပဳေနလွ်က္တဲ ့လူေတြကဲ့ရဲ့ ေဝဖန္ခံေနရတာကို ခံစားေနရလို ့ ဝမ္းနည္းေနတာလား

သားရယ္
ဘုရားရွင္ဟာ အဆဲခံရဘူးတယ္ တံေတြးနဲ ့အေထြးခံရဘူးတယ္ တဝါတြင္းလံုးဆြမ္းမရလို ့
မုေယာဆြမ္းဆိုတဲ့ ဂ်ံဳဆြမ္းနဲ ့ပဲ ဘုန္းေပးခဲ့ရဘူးတယ္ အေလာင္ကအဝတ္ကိုခြါျပီး သကၤန္းရံုခဲ့ရဘူးတယ္
အသက္ကို ရန္ရွာခံရဘူးတယ္

ကဲ ဘုရားရွင္ေတာင္မလြတ္တဲ့ အဆိုးေလာကဓံကို သားက ေၾကာက္ေနလို ့လား

သား ရဟန္းဝတ္နဲ ့ေနသမွ်ကာလပတ္လံုး
အေမ ဂုဏ္ရွိေနပါတယ္သားရယ္
သားကို အေမရွိခိုးေနရတာကိုပဲ အေမ ေက်နပ္ေနတာပါ ဘုရားရွင္ေတာင္ ပါရမီျဖည့္ရာကာလေတြမွာ ရဟန္းဘဝကို ကိုးၾကိမ္ပဲရခဲ့တာပါ သားအခု ရဟန္းဘဝကို ရ ေနတာဟာ ဘယ္ေလာက္ထိကံေကာင္းလည္း
ေတြးၾကည့္ေပါ့

သားရယ္

ငါ့သားရဟန္းရွိတယ္ဆိုတဲ့ ဂုဏ္ေက်းဇူးနဲ
အေမရပ္တည္ေနတာပါ အေမဘယ္ေလာက္ပဲ
ပင္ပမ္းပါေစ ၾကမ္းတမ္းပါေစ သားကိုရဟန္းဝတ္နဲ ့ေတြ ့ေနသမွ် အေမ ေက်နပ္ေနမွာပါ
သားလူထြက္သြားရင္ အေမ ဘယ္လိုမ်က္ႏွာနဲ ့
လူေတြကို ျပရမလဲသားရယ္

အေမ့မွာ ရွိသမွ် သားကို လွဴတန္းေနမွာပါ

အေမမစားရခ်င္ေနပါေစ သားကို လွဴမွာပါ

အေမ ရွာသမွ် သားအတြက္ပါ

တခုပဲ ေတာင္းဆိုခ်င္တာပါ

ဆရာေတာ္ဘုရားၾကီးေတြရဲ့ ဇြဲ သတၲိမ်ိဳးနဲ ့
သာသနာျပဳပါသားရယ္

အေမ့ကို ရွိခိုးတာ မၾကည္ပါရေစနဲ ့
အေမကပဲ ရွိခိုးပါရေစေနာ္

လူ မထြက္ပါနဲ ့... သားရယ္

သာသနာေတာ္ၾကီးဟာ
အသက္ငင္ေနလို ့

ဘုရားရွင္သာသနာေတာ္ကို အသက္နဲ ့လဲျပီး
ေစာင့္ထိမ္းေနတဲ့
သားရဟန္းရဲ့ မယ္ေတာ္ျဖစ္ပါရေစ...သားရယ္....။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဦးျမင့္ခိုင္
# Unicode Version # ျဖင့္ ဖတ္ပါ #


 အမေ
သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ
သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့
လူထွက်ပါရစေနော် အမေ

- - - - - - -

သား - - -- - - -

ဆွမ်းကွမ်းမပြည့်စုံလို ဟုတ်လား သား
သားကို ဆရာတော်ကြီး
သုံးပါးအကြောင်းပြောပြမယ်သား

အခု သားတို့ ငယ်လတ်ကြီး စာပေေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား

အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ
တနိ ုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး
လူမထွက်ခဲ့ဘူးသား

သင်္ကန်းလှူမဲ့လူမရှိလို့ နှစ်ထပ်သင်္ကန်းကြီးကို
တခြမ်းခွဲပြီး ဆွမ်းနဲ့လဲစားခဲ့ရတယ်

ဖိနပ်လှူမဲ့သူမရှိလို့ ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ်

အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့

လယ်သမားတယောက်လှူတဲ့
ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း တင်ထားခဲ့တယ်သားရဲ့

သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်
ဆိုးနေလို့လား

ဗုံးကြဲလေယာဉ်တွေလာလို့ စာမူတွေပွေ့ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့

အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့အခုလို ပညာတွေသင်နိ ုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး
အသက်နဲ့ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို
သားတို့က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့ လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ်

မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း
စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ

လယ်တီဆရာတော်ဘုရားကြီးတို့ဆိုရင်
စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး
လေးထောင့်သံဗုံးကြီးကို မီးစာတပ်ပြီး
စာဖတ်ခဲ့တာပါ သားရယ်

အဲဒီလောက်
မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု
ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသား

သား အခု မပြည့်စုံဘူးဆိုတာ
အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့လား

သာသနာပြုနေလျှက်တဲ့လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့ ဝမ်းနည်းနေတာလား

သားရယ်
ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့
မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ်
အသက်ကို ရန်ရှာခံရဘူးတယ်

ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့လား

သား ရဟန်းဝတ်နဲ့နေသမျှကာလပတ်လုံး
အမေ ဂုဏ်ရှိနေပါတယ်သားရယ်
သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း
တွေးကြည့်ပေါ့

သားရယ်

ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ
အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ
ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့တွေ့နေသမျှ အမေ ကျေနပ်နေမှာပါ
သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့
လူတွေကို ပြရမလဲသားရယ်

အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ

အမေမစားရချင်နေပါစေ သားကို လှူမှာပါ

အမေ ရှာသမျှ သားအတွက်ပါ

တခုပဲ တောင်းဆိုချင်တာပါ

ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့
သာသနာပြုပါသားရယ်

အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့
အမေကပဲ ရှိခိုးပါရစေနော်

လူ မထွက်ပါနဲ့... သားရယ်

သာသနာတော်ကြီးဟာ
အသက်ငင်နေလို့

ဘုရားရှင်သာသနာတော်ကို အသက်နဲ့လဲပြီး
စောင့်ထိမ်းနေတဲ့
သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ...သားရယ်....။

ဖိုးသူတော် (www.phothutaw.com)
Credit:ဦးမြင့်ခိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top