ျမတ္စြာဘုရားသည္ အနႏၱစျကာဝဠာႏွင့္ပက္သက္ျပီး သံုးမ်ိဳးခြဲျခား၍ ဇူဠနိကာ သုတ္တြင္ရွင္းျပထားေတာ္မူ၏။

ထို၃မ်ိဳးမွာ

၁။စျကာဝဠာအေသးစား(သဟသီ)

၂။စျကာဝဠာအလတ္စား(ဒြိသဟသီ)

၃။စျကာဝဠာအျကီးစား(မဟာသဟသီ)

စျကာဝဠာတစ္ခု၏ပမာဏမွာ ကြ်န္းျကီးေလးကြ်န္း ၊သမုဒၵရာ ၊တာရာ ၊ေန၊ လ
အပါယ္ဘံု ၊လူ႕ဘံု ၊နတ္ဘံု ၊ျဗဟၼာဘံု မ်ားပါဝင္ေသာ အုပ္စုတစ္စုျဖစ္သည္။
ထိုကဲ႕သို႕ေသာအုပ္စုမ်ိဳး မ်ားစြာရွိသည္။

ထိုအုပ္စုမ်ိဳးသံုးခုျကားစံုရာတြင္ေလာကႏၱရိက္ ငရဲျပည္ရွိသည္။ ကမ႓ာေလာကျကီးရွိငရဲျကီးရွစ္ထပ္
သည္ ကမ႓ာနွင့္အတူပ်က္စီးသြားေသာ္လည္း ထိုငရဲမွာ ပ်က္စီးျခင္းမရွိေပ။
မွားယြင္းေသာအယူဝါဒ မိစၧာဒိ႒ိရွိသူမွာငရဲျကီးရွစ္ထပ္ပ်က္ဆီးသြားေသာ္လည္းထို စျကာဝဠာသံုးခုျကားစံုရာ၌ျပန္လည္ေျပာင္းေရြ႕ငရဲျကခံရသည္။

အလက္ခ္ဟိုးေခၚေကာင္းကင္ေထာင္္ေခ်ာက္ျကီးဟုယူဆဖြယ္ရွိသည္။

၁။ထိုစျကာဝဠာအစုသံုးခုေပါင္းတစ္စု

ပါဝင္ေသာ ေလာကဓာတ္တစ္ေထာင္

ကို အေသးစား စျကာဝဠာ ဟုေခၚသည္။

၂။ထိုကဲ႕သို႔ေသာစျကာဝဠာအစု တစ္သန္း

ပါဝင္ေသာ အုပ္စုကို အလတ္စားစျကာဝဠာဟု ေခၚသည္။

ဤအလတ္စားစျကာဝဠာကို ရဟႏၱာအရွင္သူျမတ္မ်ား မ်က္စီိတစ္မိတ္အတြင္းသြားလာက်က္
စားနိုင္ပါသည္။ရေသ့ တို႔ ၊ ဘာသာျခားေျမလ်ိဳးမိုးပ်ံနိုင္သူ မ်ား မသြားလာနိုင္။

၃။စျကာဝဠာေပါင္းကုေဋတစ္သိန္းပါဝင္ေသာအုပ္စုကို အျကီးစားေလာကဓာတ္ဟုေခၚသည္။
ျမတ္စြာဘုရားရွင္သည္ အဘိဓမၼာ တရားေတာ္ ပရိတ္ေဒသနာေတာ္ နွင့္ခႏၶာေတာ္မွ ျဖာထြက္လာေသာ ေရာင္ျခည္ေတာ္တို႕သည္ဤအျကီးစားေလာက ဓာတ္စျကာဝဠာ
တစ္ခုလံုးအထိ ပ်ံ႕ႏွံ႕လြမ္းျခံဳသြားသည္။

(အာကာသတြင္အသံမရွိဟုဆိုသူမ်ားအတြက္ ျမတ္ဗုဒၶသည္သာမာန္ကာလ်ံကာ

လူသားမဟုတ္။အနႏၱစျကာဝဠာ၌အျမင့္ျမတ္ဆံုး ပုဂၢိဳလ္ျဖစ္တယ္ဆိုတာကြ်န္ေတာ္ တို႕မေမ႕သင့္ပါဘူး။)ဤမဟာစျကာဝဠာတစ္ခုလုံးသည္ ဆိုးတူေကာင္းဖက္ ျဖစ္တူ
ပ်က္ဖက္ျဖစ္သည္။

ထိုအျကီးစားစျကာဝဠာမ်ိဳးသည္အေျပာက်ယ္ေသာအာကာသစျကာဝဠာတြင္ မေရမတြက္နိုင္ေအာင္ရွိသည္။အနႏၱစျကာစဠာပင္တည္း။ယင္းအနႏၱစျကာဝဠာအားလံုးစံုကို

ျမတ္ဗုဒၶသြားလာက်က္စားနိုင္၏။အေမွာင္လည္းခ်ပစ္နိုင္၏။အလင္းလည္း ဖံုးလြမ္းနိုင္၏။တရား လည္းလွမ္း၍ေဟာနိုင္၏။မဟာပရိတ္နိဗၺာန္သုတ္၌ ျမတ္စြာဘုရားရွင္အတိအလင္းေဟာျကားေတာ္ မူ၏။ဤကား ျမတ္ဗုဒၶေဟာျကားေသာစျကာဝဠာ အေျကာင္း၏အျမြက္မ်ွသာျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


မြတ်စွာဘုရားသည် အနန္တစကြာဝဠာနှင့်ပက်သက်ပြီး သုံးမျိုးခွဲခြား၍ ဇူဠနိကာ သုတ်တွင်ရှင်းပြထားတော်မူ၏။

ထို၃မျိုးမှာ

၁။စကြာဝဠာအသေးစား(သဟသီ)

၂။စကြာဝဠာအလတ်စား(ဒွိသဟသီ)

၃။စကြာဝဠာအကြီးစား(မဟာသဟသီ)

စကြာဝဠာတစ်ခု၏ပမာဏမှာ ကျွန်းကြီးလေးကျွန်း ၊သမုဒ္ဒရာ ၊တာရာ ၊နေ၊ လ
အပါယ်ဘုံ ၊လူ့ဘုံ ၊နတ်ဘုံ ၊ဗြဟ္မာဘုံ များပါဝင်သော အုပ်စုတစ်စုဖြစ်သည်။
ထိုကဲ့သို့သောအုပ်စုမျိုး များစွာရှိသည်။

ထိုအုပ်စုမျိုးသုံးခုကြားစုံရာတွင်လောကန္တရိက် ငရဲပြည်ရှိသည်။ ကမ္ဘာလောကကြီးရှိငရဲကြီးရှစ်ထပ်
သည် ကမ္ဘာနှင့်အတူပျက်စီးသွားသော်လည်း ထိုငရဲမှာ ပျက်စီးခြင်းမရှိပေ။
မှားယွင်းသောအယူဝါဒ မိစ္ဆာဒိဋ္ဌိရှိသူမှာငရဲကြီးရှစ်ထပ်ပျက်ဆီးသွားသော်လည်းထို စကြာဝဠာသုံးခုကြားစုံရာ၌ပြန်လည်ပြောင်းရွေ့ငရဲကြခံရသည်။

အလက်ခ်ဟိုးခေါ်ကောင်းကင်ထောင်ချောက်ကြီးဟုယူဆဖွယ်ရှိသည်။

၁။ထိုစကြာဝဠာအစုသုံးခုပေါင်းတစ်စု

ပါဝင်သော လောကဓာတ်တစ်ထောင်

ကို အသေးစား စကြာဝဠာ ဟုခေါ်သည်။

၂။ထိုကဲ့သို့သောစကြာဝဠာအစု တစ်သန်း

ပါဝင်သော အုပ်စုကို အလတ်စားစကြာဝဠာဟု ခေါ်သည်။

ဤအလတ်စားစကြာဝဠာကို ရဟန္တာအရှင်သူမြတ်များ မျက်စီတစ်မိတ်အတွင်းသွားလာကျက်
စားနိုင်ပါသည်။ရသေ့ တို့ ၊ ဘာသာခြားမြေလျိုးမိုးပျံနိုင်သူ များ မသွားလာနိုင်။

၃။စကြာဝဠာပေါင်းကုဋေတစ်သိန်းပါဝင်သောအုပ်စုကို အကြီးစားလောကဓာတ်ဟုခေါ်သည်။
မြတ်စွာဘုရားရှင်သည် အဘိဓမ္မာ တရားတော် ပရိတ်ဒေသနာတော် နှင့်ခန္ဓာတော်မှ ဖြာထွက်လာသော ရောင်ခြည်တော်တို့သည်ဤအကြီးစားလောက ဓာတ်စကြာဝဠာ
တစ်ခုလုံးအထိ ပျံ့နှံ့လွမ်းခြုံသွားသည်။

(အာကာသတွင်အသံမရှိဟုဆိုသူများအတွက် မြတ်ဗုဒ္ဓသည်သာမာန်ကာလျံကာ

လူသားမဟုတ်။အနန္တစကြာဝဠာ၌အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကျွန်တော် တို့မမေ့သင့်ပါဘူး။)ဤမဟာစကြာဝဠာတစ်ခုလုံးသည် ဆိုးတူကောင်းဖက် ဖြစ်တူ
ပျက်ဖက်ဖြစ်သည်။

ထိုအကြီးစားစကြာဝဠာမျိုးသည်အပြောကျယ်သောအာကာသစကြာဝဠာတွင် မရေမတွက်နိုင်အောင်ရှိသည်။အနန္တစကြာစဠာပင်တည်း။ယင်းအနန္တစကြာဝဠာအားလုံးစုံကို

မြတ်ဗုဒ္ဓသွားလာကျက်စားနိုင်၏။အမှောင်လည်းချပစ်နိုင်၏။အလင်းလည်း ဖုံးလွမ်းနိုင်၏။တရား လည်းလှမ်း၍ဟောနိုင်၏။မဟာပရိတ်နိဗ္ဗာန်သုတ်၌ မြတ်စွာဘုရားရှင်အတိအလင်းဟောကြားတော် မူ၏။ဤကား မြတ်ဗုဒ္ဓဟောကြားသောစကြာဝဠာ အကြောင်း၏အမြွက်မျှသာဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top