ပုရစ္စားမိလို႔ အခန႔္မသင့္ရင္ ေသတတ္ပါတယ္

ပုရစ္ဟာ စားသင့္တဲ့ အင္းဆက္တစ္မ်ိဳးပါ။

သုေတသနေတြအရ ပုရစ္မွာ ပရိုတင္းနဲ႔ အမိုင္နို အက္ဆစ္ေတြ ႂကြယ္ဝစြာပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ေတာင္ အမ်ားႀကီး အေထာက္အကူျပဳပါေသးတယ္။

ဒါေပမယ့္ အခုေနာက္ပိုင္းမွာ စီးပြားေရးသမားေတြက ပုရစ္ဖမ္းတဲ့အခါ သမားရိုးက်အတိုင္း မီးထြန္းၿပီး တစ္ေကာင္ခ်င္း လိုက္ဖမ္းတာမ်ိဳးမဟုတ္ဘဲ အႏၲရာယ္သိပ္မ်ားတဲ့ နည္းေတြ သုံးလာၾကတာပါ။

ပုရစ္ဆိုတဲ့ အေကာင္ေတြဟာ ကုကၠိဳေစ့ႀကိဳက္ၾကပါတယ္။

ပုရစ္ေတြအႀကိဳက္ဆုံး ကုကၠိဳေစ့ကို ေထာင္းၿပီး ပိုးသတ္ေဆးနဲ႔ နယ္ ၿပီးရင္ ပရစ္ေတြ က်တတ္တဲ့ေနရာမွာ ညဘက္ထားလိုက္ရင္ မနက္က် တံျမက္စည္းနဲ႔ေတာင္ ၾကဳံးယူရေလာက္ေအာင္ ေတာင္ပုံ ယာပုံ ရပါတယ္။

ေနာက္တစ္နည္းကေတာ့ ဆိုက္ပါမီသရင္းလို႔ေခၚတဲ့ စိုက္ပ်ိဳးေရးသုံး အျပင္းစား ပိုးသတ္ေဆးတစ္မ်ိဳးကို ေရနဲ႔ေဖ်ာ္၊ အဝတ္ပတ္ထားတဲ့ တုတ္စမွာ အဲ့ဒီ ေဆးရည္ကို ဆြတ္ၿပီး ပုရစ္တြင္းဝမွာ ေတ့ထားတာပါ။

ပုရစ္က ေဆးနံ့ မခံနိုင္ေတာ့ဘဲ အျပင္ထြက္လာေတာ့မွ ေကာက္ဖမ္း လိုက္႐ုံပါပဲ။

ႏွစ္မ်ိဳးစလုံးက တကယ္ကို အႏၲရာယ္မ်ားလြန္းပါတယ္။ စာေရးသူရဲ့ သူငယ္ခ်င္းတစ္ေယာက္ဆိုရင္ ပဲခူးဘက္မွာ ပုရစ္ေတြ ဝယ္စားမိခဲ့ရာကေန ပိုးသတ္ေဆးအဆိပ္သင့္ၿပီး ေဆး႐ုံတစ္ပါတ္ေလာက္ တက္လိုက္ရတာ မ်က္ျမင္ကိုယ္ေတြ႕ကို ၾကဳံခဲ့ဖူးပါတယ္။ ေတာ္ေတာ္ကို ျပင္းျပင္းထန္ထန္ ကုသလိုက္ရတာပါ။

ဒါေၾကာင့္မို႔ အစားမေတာ္ တစ္လုတ္ဆိုတာမ်ိဳးမျဖစ္ရေလေအာင္ ဆင္ျခင္သတိေလးရွိၾကေစဖို႔ We Media ရဲ့ ပရိတ္သတ္ေတြအတြက္ အသိေပး ေရးသားလိုက္ရပါတယ္။ပုရစ္ဟာ ဒီနိုင္ငံမွာ လူအေတာ္မ်ားမ်ားကလည္း ႀကိဳက္တတ္ၾကတာျဖစ္တဲ့အတြက္ ပုရစ္ႀကိဳက္တဲ့သူေတြသာမက သက္ဆိုင္ရာ က်န္းမာေရးဌာနေတြကပါ သတိျပဳမိရေလေအာင္ ေဝမၽွေပးၾကဖို႔ ေတာင္းဆိုရင္း နိဂုံးခ်ဳပ္လိုက္ပါတယ္။

“ ျမန္မာျပည္သူ ျပည္သားအေပါင္း အဆိပ္ရွိ အစားအေသာက္မ်ား အႏၲရာယ္မွ ကင္းေဝးနိုင္ၾကပါေစ”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: June Nine Aung

#Unicode Version# ျဖင့္ဖတ္ပါ ။

ပုရစ်စားမိလို့ အခန့်မသင့်ရင် သေတတ်ပါတယ်

ပုရစ်ဟာ စားသင့်တဲ့ အင်းဆက်တစ်မျိုးပါ။

သုတေသနတွေအရ ပုရစ်မှာ ပရိုတင်းနဲ့ အမိုင်နို အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကျန်းမာရေးအတွက်တောင် အများကြီး အထောက်အကူပြုပါသေးတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ စီးပွားရေးသမားတွေက ပုရစ်ဖမ်းတဲ့အခါ သမားရိုးကျအတိုင်း မီးထွန်းပြီး တစ်ကောင်ချင်း လိုက်ဖမ်းတာမျိုးမဟုတ်ဘဲ အန္တရာယ်သိပ်များတဲ့ နည်းတွေ သုံးလာကြတာပါ။

ပုရစ်ဆိုတဲ့ အကောင်တွေဟာ ကုက္ကိုစေ့ကြိုက်ကြပါတယ်။

ပုရစ်တွေအကြိုက်ဆုံး ကုက္ကိုစေ့ကို ထောင်းပြီး ပိုးသတ်ဆေးနဲ့ နယ် ပြီးရင် ပရစ်တွေ ကျတတ်တဲ့နေရာမှာ ညဘက်ထားလိုက်ရင် မနက်ကျ တံမြက်စည်းနဲ့တောင် ကြုံးယူရလောက်အောင် တောင်ပုံ ယာပုံ ရပါတယ်။

နောက်တစ်နည်းကတော့ ဆိုက်ပါမီသရင်းလို့ခေါ်တဲ့ စိုက်ပျိုးရေးသုံး အပြင်းစား ပိုးသတ်ဆေးတစ်မျိုးကို ရေနဲ့ဖျော်၊ အဝတ်ပတ်ထားတဲ့ တုတ်စမှာ အဲ့ဒီ ဆေးရည်ကို ဆွတ်ပြီး ပုရစ်တွင်းဝမှာ တေ့ထားတာပါ။

ပုရစ်က ဆေးနံ့ မခံနိုင်တော့ဘဲ အပြင်ထွက်လာတော့မှ ကောက်ဖမ်း လိုက်ရုံပါပဲ။

နှစ်မျိုးစလုံးက တကယ်ကို အန္တရာယ်များလွန်းပါတယ်။ စာရေးသူရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် ပဲခူးဘက်မှာ ပုရစ်တွေ ဝယ်စားမိခဲ့ရာကနေ ပိုးသတ်ဆေးအဆိပ်သင့်ပြီး ဆေးရုံတစ်ပါတ်လောက် တက်လိုက်ရတာ မျက်မြင်ကိုယ်တွေ့ကို ကြုံခဲ့ဖူးပါတယ်။ တော်တော်ကို ပြင်းပြင်းထန်ထန် ကုသလိုက်ရတာပါ။

ဒါကြောင့်မို့ အစားမတော် တစ်လုတ်ဆိုတာမျိုးမဖြစ်ရလေအောင် ဆင်ခြင်သတိလေးရှိကြစေဖို့ We Media ရဲ့ ပရိတ်သတ်တွေအတွက် အသိပေး ရေးသားလိုက်ရပါတယ်။ပုရစ်ဟာ ဒီနိုင်ငံမှာ လူအတော်များများကလည်း ကြိုက်တတ်ကြတာဖြစ်တဲ့အတွက် ပုရစ်ကြိုက်တဲ့သူတွေသာမက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေကပါ သတိပြုမိရလေအောင် ဝေမျှပေးကြဖို့ တောင်းဆိုရင်း နိဂုံးချုပ်လိုက်ပါတယ်။

“ မြန်မာပြည်သူ ပြည်သားအပေါင်း အဆိပ်ရှိ အစားအသောက်များ အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ”

ဖိုးသူတော် (www.phothutaw.com)
Credit: June Nine Aung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top