မိန္းကေလးေတြအေနနဲ႔ ေခါင္းမေျခာက္ဘဲ အိပ္လိုက္တဲ့အခါမွာ အေအးမိတာေတြ ၊ ဖ်ားတာေတြ အျပင္ တျခားေသာ က်န္းမာေရးဆိုင္ရာ ဆိုးက်ိဳးေတြ ရွိလာႏိုင္ပါတယ္ . . . ေခါင္းမေျခာက္ဘဲ အိပ္လိုက္ျခငး္ျဖင့္ ျဖစ္လာႏိုင္တဲ့ မႏွစ္ျမိဳ႕ဖြယ္ရာ ဆိုးက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္ . . .

(၁) ဆံပင္က်ိဳးေၾကျခင္း

ဆံပင္ဟာ စိုေနတဲ့အခ်ိန္မွာ ပိုျပီး က်ိဳးေၾကလြယ္ပါတယ္ . . . စိုေနတဲ့ ဆံပင္နဲ႔ အိပ္လုိက္တဲ့အခါ ဆံသားတစ္ခုနဲ႔တစ္ခု ပြတ္တိုက္ျခငး္ ၊ ေခါင္းအံုးနဲ႔ ပြတ္တိုက္ျခငး္ေတြကေန တစ္ဆင့္ ဆံပင္ေတြ က်ိဳးေၾကပ်က္စီးမႈေတြ ပိုမ်ားလာမွာ ျဖစ္ပါတယ္ . . .

(၂) ေဗာက္

စိုေနတဲ့ ဆံပင္နဲ႔ အိပ္လိုက္တဲ့အခါ ဦးေရျပားမွာ မႈိေရာဂါ ၊ အေရျပားေရာဂါေတြ ျဖစ္လာႏိုင္ျပီး ေဗာက္ေတြ ၊ ေခါင္း ယားယံျခငး္ေတြအျပင္ တျခား အေရျပားဆိုင္ရာ ျပႆနာေတြလည္း ျဖစ္လာမွာပါ . . .

(၃) ေပြး

ေခါင္းမေျခာက္ေသးဘဲ အိပ္လိုက္ျခငး္ျဖင့္ မိႈေရာဂါ ျဖစ္လာရံုသာမက မိႈေရာဂါေၾကာင့္ ေပါက္လာတဲ့ ဦးေရျပားေပၚက ေပြးေတြဟာ အရမး္ကုိ ယားယံတဲ့အျပင္ ဆံပင္ေတြကိုလည္း အစုလိုက္ေတြ ကၽြတ္ေစႏိုင္ပါတယ္ . . . သင့္ရဲ႕ ဦးေရျပားေပၚမွာ အနီကြက္ၾကီးေတြနဲ႔ ပူေႏြးျပီး အဖတ္ေတြ လန္ေနတာမ်ိဳးရွိေနရင္ေတာ့ ေပြးေတြ ျဖစ္ေနႏိုင္တာေၾကာင့္ ဆရာဝန္ထံ သြားျပသင့္ပါတယ္ . . .

(၄) ေခါင္းကိုက္ျခင္း

ေခါင္းမေျခာက္ေသးဘဲ ပန္ကာ ၊ အဲယားကြန္းေတြေအာက္မွာ အိပ္မိတဲ့အခါ အေအးမိတာ ၊ နွာေစး ေခ်ာငး္ဆိုးတာအျပင္ ေခါင္းကိုက္တာေတြကိုပါ ခံစားရႏိုင္ပါတယ္ . . .

(၅) တစ္ကိုယ္လံုး နာက်င္ကိုက္ခဲတာ

ေခါငး္မေျခာက္ဘဲ အိပ္လုိက္တဲ့အခါ ေျပာင္းလဲသြားတဲ့ ခႏၶာကိုယ္ အပူခ်ိန္ကို ညွိဖို႔ ခႏၶာကိုယ္က ၾကိဳးစားေနရတာေၾကာင့္ ႏိုးလာတဲ့အခါ တစ္ကိုယ္လံုး နာက်င္ကိုက္ခဲတာေတြ ျဖစ္လာႏိုင္ပါတယ္ . . .

(၆) ဆံပင္ေတြကို ရႈပ္ေထြးျပီး ပ်က္စီးေစတယ္

ေခါင္းမေျခာက္ဘဲ အိပ္လုိက္တဲ့အခါ ဆံပင္ေတြက ရႈပ္ျပီး တစ္ခုနဲ႔တစ္ခု ခ်ည္မိကာ ရႈပ္ေထြးသြားေစပါတယ္ . . . ရႈပ္ေနတဲ့ ဆံပင္ကုိ ရွင္းရင္းကေန အခ်ိန္လည္းကုန္ ၊ ဆံပင္လညး္ က်ိဳးေၾက ပ်က္စီးတဲ့အျပင္ကို ဆံပင္ အေရာင္ေတြကိုပါ မိႈင္းသြားေစပါတယ္ . . .

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahututaa
# Unicode Version # ျဖင့္ ဖတ္ပါ #

ခေါင်းမခြောက်ဘဲ အိပ်လိုက်မိတဲ့အခါ ဖြစ်လာမယ့် မနှစ်မြို့ဖွယ်ရာ ဆိုးကျိုး (၆) မျိုး.. (ကျန်းမာရေး ဗဟုသုတ)

မိန်းကလေးတွေအနေနဲ့ ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့အခါမှာ အအေးမိတာတွေ ၊ ဖျားတာတွေ အပြင် တခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ် . . . ခေါင်းမခြောက်ဘဲ အိပ်လိုက်ခြင်းဖြင့် ဖြစ်လာနိုင်တဲ့ မနှစ်မြို့ဖွယ်ရာ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ် . . .

(၁) ဆံပင်ကျိုးကြေခြင်း

ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ပိုပြီး ကျိုးကြေလွယ်ပါတယ် . . . စိုနေတဲ့ ဆံပင်နဲ့ အိပ်လိုက်တဲ့အခါ ဆံသားတစ်ခုနဲ့တစ်ခု ပွတ်တိုက်ခြင်း ၊ ခေါင်းအုံးနဲ့ ပွတ်တိုက်ခြင်းတွေကနေ တစ်ဆင့် ဆံပင်တွေ ကျိုးကြေပျက်စီးမှုတွေ ပိုများလာမှာ ဖြစ်ပါတယ် . . .

(၂) ဗောက်

စိုနေတဲ့ ဆံပင်နဲ့ အိပ်လိုက်တဲ့အခါ ဦးရေပြားမှာ မှိုရောဂါ ၊ အရေပြားရောဂါတွေ ဖြစ်လာနိုင်ပြီး ဗောက်တွေ ၊ ခေါင်း ယားယံခြင်းတွေအပြင် တခြား အရေပြားဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာမှာပါ . . .

(၃) ပွေး

ခေါင်းမခြောက်သေးဘဲ အိပ်လိုက်ခြင်းဖြင့် မှိုရောဂါ ဖြစ်လာရုံသာမက မှိုရောဂါကြောင့် ပေါက်လာတဲ့ ဦးရေပြားပေါ်က ပွေးတွေဟာ အရမ်းကို ယားယံတဲ့အပြင် ဆံပင်တွေကိုလည်း အစုလိုက်တွေ ကျွတ်စေနိုင်ပါတယ် . . . သင့်ရဲ့ ဦးရေပြားပေါ်မှာ အနီကွက်ကြီးတွေနဲ့ ပူနွေးပြီး အဖတ်တွေ လန်နေတာမျိုးရှိနေရင်တော့ ပွေးတွေ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်ထံ သွားပြသင့်ပါတယ် . . .

(၄) ခေါင်းကိုက်ခြင်း

ခေါင်းမခြောက်သေးဘဲ ပန်ကာ ၊ အဲယားကွန်းတွေအောက်မှာ အိပ်မိတဲ့အခါ အအေးမိတာ ၊ နှာစေး ချောင်းဆိုးတာအပြင် ခေါင်းကိုက်တာတွေကိုပါ ခံစားရနိုင်ပါတယ် . . .

(၅) တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာ

ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့အခါ ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ် အပူချိန်ကို ညှိဖို့ ခန္ဓာကိုယ်က ကြိုးစားနေရတာကြောင့် နိုးလာတဲ့အခါ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ် . . .

(၆) ဆံပင်တွေကို ရှုပ်ထွေးပြီး ပျက်စီးစေတယ်

ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့အခါ ဆံပင်တွေက ရှုပ်ပြီး တစ်ခုနဲ့တစ်ခု ချည်မိကာ ရှုပ်ထွေးသွားစေပါတယ် . . . ရှုပ်နေတဲ့ ဆံပင်ကို ရှင်းရင်းကနေ အချိန်လည်းကုန် ၊ ဆံပင်လည်း ကျိုးကြေ ပျက်စီးတဲ့အပြင်ကို ဆံပင် အရောင်တွေကိုပါ မှိုင်းသွားစေပါတယ် . . .

ဖိုးသူတော် (www.phothutaw.com)
Credit:bahututaa
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top