ပုိပုိက ျမန္မာႏိုင္ငံရဲ႕ ေယာက်္ားထုႀကီးကုိ အသည္းမကြဲေစခ်င္လုိ႔ Single ျဖစ္ေနတာပါလုိ႔ သေဘာက်ရင္းေျပာျပခဲ့ပါတယ္။ သူမ လုိခ်င္တဲ့ ခ်စ္သူမ်ဳိးကေတာ့ ေပ်ာ္ေအာင္ထားႏုိင္မယ့္ ခ်စ္သူကုိ လုိခ်င္တာပါတဲ့။

ပုိပုိ ကုိယ္တုိင္ ေရြးခ်ယ္မယ့္ ခ်စ္သူကေတာ့ ေပ်ာ္ေအာင္ထားေပးမယ့္ ခ်စ္သူမ်ဳိးကုိ လုိခ်င္တာပါတဲ့။ အခ်စ္ေရးအေပၚ ပုိပုိ႔ရဲ႕ ခံယူခ်က္ကုိလည္း Duwun Media ကေန ပြင့္ပြင့္လင္းလင္းေျပာျပလာပါတယ္။

‘’ ကုိယ့္အေပၚမွာ ေမတၱာစစ္၊ ေမတၱာအမွန္နဲ႔ မခ်စ္ရင္ေတာ့ ဘာအပူမွလည္း မလုိခ်င္ဘူး။ ေပ်ာ္ေအာင္မထားႏုိင္ရင္ လစ္။ ကုိယ့္ကုိ ေပ်ာ္ေအာင္မထားမွေတာ့ ဘာလုပ္ေတာ့မွာလဲ။ အခ်စ္ဆုိတာ ႏွစ္ဦး ႏွစ္ဖက္ ေပ်ာ္ရႊင္မွ အခ်စ္ျဖစ္တာေလ။ ကုိယ္ကေတာ့ ကုိယ့္ကုိ ေပ်ာ္ေအာင္ထားမယ့္သူ မရွိဘူးဆုိရင္ အပ်ဳိႀကီးပဲ လုပ္မွာ။ ကုိယ့္ Fan ေတြကုိ ခ်စ္မယ္။ ကုိယ့္ေၾကာင့္ ျမန္မာႏုိင္ငံက ေယာက်္ားထုႀကီး အသည္းမကြဲေစခ်င္ဘူး’’ ဆုိၿပီးေတာ့လည္း သေဘာက်ရင္း ေျပာျပခဲ့ပါတယ္။



ပရိသတ္အခ်စ္ေတာ္မေလး ပုိပုိ က အခုခ်ိန္မွာ အခ်စ္ေရးနဲ႔ ပတ္သက္လုိ႔ Single တစ္ေယာက္ပါတဲ့။ သူမဟာ တစ္ေယာက္တည္း ေနရတဲ့ ဘဝကုိ ႏွစ္သက္သူျဖစ္လုိ႔ အပ်ဳိႀကီးလုပ္မွာလားဆုိတဲ့ အေပၚ မွာလည္း သူ႔ရဲ႕ ခံယူခ်က္ကုိ အခုလုိ ေျပာျပလာပါတယ္။

‘’ အပ်ဳိႀကီးဆုိတဲ့ စကားလုံးက ဟုိးအရင္တုန္းကေတာ့ မိသားစုနဲ႔ ေနခ်င္ပါတယ္။ အခုလည္း ေနခ်င္တဲ့စိတ္ရွိပါတယ္။ အပ်ဳိႀကီးျဖစ္ေတာ့ ကုိယ့္ကုိ ခ်စ္ေနတဲ့သူေတြ အကုန္လုံးက ကုိယ့္ကုိ ဝုိင္းခ်စ္ေနတာ အားလုံးရဲ႕ အခ်စ္ေတြကုိ ရေနတာ တစ္ခါတေလက်ရင္ေတာ့ အထီးက်န္တာေပါ့။ ဒါေပမယ့္ အရမ္းလြတ္လပ္တယ္။ ကုိယ္လုပ္စရာရွိတာလုပ္မယ္၊ ကုိယ့္ဘာသာေပါင္းခ်င္တဲ့သူနဲ႔ေပါင္းမယ္၊ ေတြ႔ခ်င္တဲ့သူေတြ႔မယ္၊ ေျပာရမယ္ဆုိရင္ ရည္းစားမရွိဘူးဆုိရင္ ရည္းစားေဟာင္းနဲ႔လည္း သူငယ္ခ်င္းျပန္ျဖစ္ႏုိင္တာပဲေလ။ ရည္းစားမရွိတာက ေပ်ာ္စရာေကာင္းတယ္၊ အပူေတြလည္း သိပ္မရွိေတာ့ဘူး’’ လုိ႔ သူကဆုိပါတယ္။

ပိုပိုဟာ ကိုယ္တုိင္သီခ်င္းေရးၿပီး ကိုယ္တိုင္ဆိုတတ္တဲ့အဆိုရွင္တစ္ဦးျဖစ္ၿပီး သူမေရးတဲ့ အေဆြးသီခ်င္း ေတာ္ေတာ္မ်ားမ်ားဟာ ပရိသတ္ေတြၾကားေရပန္းစားခဲ့သလို "မင္းကိုမခ်စ္လို ႕မဟုတ္ဘူး" ဆိုတဲ့သီခ်င္းဟာပရိသတ္ေတြ အခုခ်ိန္ထိ ႀကိဳက္ႏွစ္သက္ အားေပးခဲ့တဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။ အဲ့ဒီသီခ်င္းဟာလည္းသူမရဲ႕ စိတ္ခံစားခ်က္အျပည့္နဲ႕ဆိုထားတဲ့ သီခ်င္းေလးျဖစ္ပါတယ္။



အဆုိေတာ္ ပုိပုိကေတာ့ပထမဆုံးတစ္ကုိယ္ေတာ္ ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယုိ အယ္လ္ဘမ္ တုိ႔ကုိ ထြက္ရွိခဲ့ၿပီးေတာ့ MasterPiece တစ္ကုိယ္ေတာ္အေခြကို ေနာက္ဆံုးထြက္ရွိထားပါတယ္။ သူမဟာ မၾကာေသးခင္ကတည္း တတိယႏွစ္ ဥပေဒ စာေမးပြဲကုိ ေအာင္ျမင္ထားသူ တစ္ေယာက္ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ပိုပိုက မြန်မာနိုင်ငံရဲ့ ယောကျ်ားထုကြီးကို အသည်းမကွဲစေချင်လို့ Single ဖြစ်နေတာပါလို့ သဘောကျရင်းပြောပြခဲ့ပါတယ်။ သူမ လိုချင်တဲ့ ချစ်သူမျိုးကတော့ ပျော်အောင်ထားနိုင်မယ့် ချစ်သူကို လိုချင်တာပါတဲ့။

ပိုပို ကိုယ်တိုင် ရွေးချယ်မယ့် ချစ်သူကတော့ ပျော်အောင်ထားပေးမယ့် ချစ်သူမျိုးကို လိုချင်တာပါတဲ့။ အချစ်ရေးအပေါ် ပိုပို့ရဲ့ ခံယူချက်ကိုလည်း Duwun Media ကနေ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ ကိုယ့်အပေါ်မှာ မေတ္တာစစ်၊ မေတ္တာအမှန်နဲ့ မချစ်ရင်တော့ ဘာအပူမှလည်း မလိုချင်ဘူး။ ပျော်အောင်မထားနိုင်ရင် လစ်။ ကိုယ့်ကို ပျော်အောင်မထားမှတော့ ဘာလုပ်တော့မှာလဲ။ အချစ်ဆိုတာ နှစ်ဦး နှစ်ဖက် ပျော်ရွှင်မှ အချစ်ဖြစ်တာလေ။ ကိုယ်ကတော့ ကိုယ့်ကို ပျော်အောင်ထားမယ့်သူ မရှိဘူးဆိုရင် အပျိုကြီးပဲ လုပ်မှာ။ ကိုယ့် Fan တွေကို ချစ်မယ်။ ကိုယ့်ကြောင့် မြန်မာနိုင်ငံက ယောကျ်ားထုကြီး အသည်းမကွဲစေချင်ဘူး’’ ဆိုပြီးတော့လည်း သဘောကျရင်း ပြောပြခဲ့ပါတယ်။

ပရိသတ်အချစ်တော်မလေး ပိုပို က အခုချိန်မှာ အချစ်ရေးနဲ့ ပတ်သက်လို့ Single တစ်ယောက်ပါတဲ့။ သူမဟာ တစ်ယောက်တည်း နေရတဲ့ ဘဝကို နှစ်သက်သူဖြစ်လို့ အပျိုကြီးလုပ်မှာလားဆိုတဲ့ အပေါ် မှာလည်း သူ့ရဲ့ ခံယူချက်ကို အခုလို ပြောပြလာပါတယ်။

‘’ အပျိုကြီးဆိုတဲ့ စကားလုံးက ဟိုးအရင်တုန်းကတော့ မိသားစုနဲ့ နေချင်ပါတယ်။ အခုလည်း နေချင်တဲ့စိတ်ရှိပါတယ်။ အပျိုကြီးဖြစ်တော့ ကိုယ့်ကို ချစ်နေတဲ့သူတွေ အကုန်လုံးက ကိုယ့်ကို ဝိုင်းချစ်နေတာ အားလုံးရဲ့ အချစ်တွေကို ရနေတာ တစ်ခါတလေကျရင်တော့ အထီးကျန်တာပေါ့။ ဒါပေမယ့် အရမ်းလွတ်လပ်တယ်။ ကိုယ်လုပ်စရာရှိတာလုပ်မယ်၊ ကိုယ့်ဘာသာပေါင်းချင်တဲ့သူနဲ့ပေါင်းမယ်၊ တွေ့ချင်တဲ့သူတွေ့မယ်၊ ပြောရမယ်ဆိုရင် ရည်းစားမရှိဘူးဆိုရင် ရည်းစားဟောင်းနဲ့လည်း သူငယ်ချင်းပြန်ဖြစ်နိုင်တာပဲလေ။ ရည်းစားမရှိတာက ပျော်စရာကောင်းတယ်၊ အပူတွေလည်း သိပ်မရှိတော့ဘူး’’ လို့ သူကဆိုပါတယ်။

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

အဆိုတော် ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံးထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top