ျပည္သူ႔အခ်စ္ေတာ္ နာမည္ႀကီး မင္းသမီး ခိုင္သင္းၾကည္ ကိုေတာ့ ျမန္မာ့႐ုပ္႐ွင္ခ်စ္ပရိသတ္ႀကီး ေတာ္ေတာ္မ်ားမ်ား သိၾကမွာပါ။ ခိုင္သင္းၾကည္ကေတာ့ သူနာမည္ႀကီးသလို လက္႐ွိမွာလည္း သူ႔သမီးေလး စံထိပ္ထားဦး ကေတာ့ နာမည္ႀကီးစျပဳေနပါၿပီ။ စံထိပ္ထားဦးေလးကေတာ့ အြန္လိုင္းေပၚေတြမွာ Tik Tok ေပၚေတြမွာ ခ်စ္စရာေကာင္းတဲ့ ဗီဒီယုိေလးေတြေၾကာင့္လည္း အားေပးတဲ့သူေတြ႐ွိလာတာ ျဖစ္ပါတယ္။ စံထိပ္ထားဦးကေတာ့ သူ႔အေပၚေဝဖန္မႈေတြ ႐ွိေသ္ာလည္း သူ႔အေနနဲ႔ ဘယ္လိုေနၿပီး ဘယ္လိုလွေအာင္ ျပင္ဆင္ေနတတ္လာလည္းဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။

မင္းသမီး ခိုင္သင္းၾကည္ရဲ႕ သမီးေလး စံထိပ္ထားဦးကေတာ့ MC နဲ႔ အင္တာဗ်ဴးမွာ “ေမေမ အက်ီေတြ ယူဝတ္ျဖစ္တာမ်ားပါတယ္။ ထိပ္မွာက ဒီလို Dress ေတြက သိပ္မ႐ွိဘူးေလ။ ေမေမကေတာ့ အျပင္ေတြသြားရင္ ၾကည့္ေပးပါတယ္။ ထိပ္ကေတာ့ လူငယ္ဆန္ဆန္ လြတ္လြတ္လပ္လပ္ေလးေတြကို ပိုႀကိဳက္တယ္။ က်ဴ႐ွင္တက္ ေက်ာင္းတက္ဆိုေတာ့ အဲ့လိုဖက္႐ွင္ေတြပဲ ကိ္ုယ္ႀကိဳက္တယ္”

“ထိပ္ထိပ္ေက်ာင္းကေတာ့ လက္႐ွိျမန္မာႏိုင္ငံမွာပါပဲ။ ၁၀ တန္း႐ွိေနပါၿပီ။ ျပည္ပက်ေတာ့ အေမတို႔ လြတ္ခ်င္ေသးမယ္လို႔ မထင္ဘူး။ ထိပ္ကေတာ့ ႏိုင္ငံျခားမွာ သင္ခ်င္တာေပါ့။ ဒါက လူတိုင္းလည္း သင္ခ်င္မယ္လို႔ ထင္ပါတယ္။ ၂၀ ေက်ာ္ရင္ေတာ့ အေမတို႔လည္း လြတ္ရင္ လြတ္မွာေပါ့။ အခုကေတာ့လည္း ထိပ္လည္းသြားေတာ့ မသြားခ်င္ေသးဘူးေလ။ ကိုယ့္ကုိကုိယ္ ရင့္က်က္တယ္လို႔ ထင္မွသြားေတာ့မယ္ေပါ့”

အခုေနာက္ပိုင္း ပရိသတ္ေတြက ပိုၿပီးေခ်ာလာတယ္လို႔ ေျပာတဲ့ အေပၚမွာေတာ့ စံထိပ္ထားဦးက “႐ုပ္ကေတာ့ ပိုေခ်ာလာတယ္လို႔ေတာ့ မ႐ွိပါဘူး။ ပိုၿပီးေတာ့ ျပင္တတ္ဆင္တတ္လာတာေပါ့။ အဲ့လုိ Beauty Blogger ေတြ လိမ္းတာကို ၾကည့္တယ္။ အဲ့လို ၾကည့္ရင္းၾကည့္ရင္းနဲ႔ လိမ္းတတ္သြားတာေပါ့။ အလွအပကို ဦးစားေပးတတ္သူထက္စာရင္ လြတ္လြတ္လပ္လပ္ေနရတာကို ပုိႀကိဳက္ပါတယ္။ ပြဲေတြသြားျဖစ္မွ ျပင္လာတာပါ”

ဆိုးတဲ့ Comment ေတြကိုဆို ဘယ္လို တုန္႔ျပန္ျဖစ္လဲ ဆိုတဲ့ အေပၚမွာ “Comment ေတြကေတာ့ အျပန္အလွန္ေပါ့။ ဒါေပမယ့္ ထိပ္ထိပ္ကိုေျပာတာ ပိုမ်ားၾကတာေပါ့ေနာ္။ ဆိုုးတဲ့ comment ေတြကို လုိက္ၾကည့္ေနရင္လည္း သူတို႔ငါ့ကို ဒီလိုေျပာပါလား လို႔လိုက္ေတြးေနရင္ သူတို႔ပိုးေတြ သမီးဆီ ကူးတယ္။ အဲ့ေတာ့ လ်စ္လ်ဴရႈ လိုက္တယ္။ အဲ့ေတာ့ သူတို႔ပိုးေတြ သမီးဆီ မကူးေတာ့ဘူးေပါ့။ အဲ့လိုဆို ၿငိမ္းခ်မ္းပါတယ္။ အဲ့လို Comment ေတြ လုိက္မဖတ္ေတာ့ဘူးေပါ့။ ထိပ္ကေတာ့ Social media ကို အလယ္အလတ္ေလာက္ပဲ သံုးပါတယ္။ အရမ္းႀကီး သံုးရင္လည္း ကိုယ့္အတြက္ ေကာင္းက်ိဳး႐ွိသလို ဆိုးက်ိဳးေတြလည္း အမ်ားႀကီးပဲေလ” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြည်သူ့အချစ်တော် နာမည်ကြီး မင်းသမီး ခိုင်သင်းကြည် ကိုတော့ မြန်မာ့ရုပ်ရှင်ချစ်ပရိသတ်ကြီး တော်တော်များများ သိကြမှာပါ။ ခိုင်သင်းကြည်ကတော့ သူနာမည်ကြီးသလို လက်ရှိမှာလည်း သူ့သမီးလေး စံထိပ်ထားဦး ကတော့ နာမည်ကြီးစပြုနေပါပြီ။ စံထိပ်ထားဦးလေးကတော့ အွန်လိုင်းပေါ်တွေမှာ Tik Tok ပေါ်တွေမှာ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကြောင့်လည်း အားပေးတဲ့သူတွေရှိလာတာ ဖြစ်ပါတယ်။ စံထိပ်ထားဦးကတော့ သူ့အပေါ်ဝေဖန်မှုတွေ ရှိသေ်ာလည်း သူ့အနေနဲ့ ဘယ်လိုနေပြီး ဘယ်လိုလှအောင် ပြင်ဆင်နေတတ်လာလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

မင်းသမီး ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ MC နဲ့ အင်တာဗျူးမှာ “မေမေ အကျီတွေ ယူဝတ်ဖြစ်တာများပါတယ်။ ထိပ်မှာက ဒီလို Dress တွေက သိပ်မရှိဘူးလေ။ မေမေကတော့ အပြင်တွေသွားရင် ကြည့်ပေးပါတယ်။ ထိပ်ကတော့ လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ်လေးတွေကို ပိုကြိုက်တယ်။ ကျူရှင်တက် ကျောင်းတက်ဆိုတော့ အဲ့လိုဖက်ရှင်တွေပဲ ကိုယ်ကြိုက်တယ်”

“ထိပ်ထိပ်ကျောင်းကတော့ လက်ရှိမြန်မာနိုင်ငံမှာပါပဲ။ ၁၀ တန်းရှိနေပါပြီ။ ပြည်ပကျတော့ အမေတို့ လွတ်ချင်သေးမယ်လို့ မထင်ဘူး။ ထိပ်ကတော့ နိုင်ငံခြားမှာ သင်ချင်တာပေါ့။ ဒါက လူတိုင်းလည်း သင်ချင်မယ်လို့ ထင်ပါတယ်။ ၂၀ ကျော်ရင်တော့ အမေတို့လည်း လွတ်ရင် လွတ်မှာပေါ့။ အခုကတော့လည်း ထိပ်လည်းသွားတော့ မသွားချင်သေးဘူးလေ။ ကိုယ့်ကိုကိုယ် ရင့်ကျက်တယ်လို့ ထင်မှသွားတော့မယ်ပေါ့”

အခုနောက်ပိုင်း ပရိသတ်တွေက ပိုပြီးချောလာတယ်လို့ ပြောတဲ့ အပေါ်မှာတော့ စံထိပ်ထားဦးက “ရုပ်ကတော့ ပိုချောလာတယ်လို့တော့ မရှိပါဘူး။ ပိုပြီးတော့ ပြင်တတ်ဆင်တတ်လာတာပေါ့။ အဲ့လို Beauty Blogger တွေ လိမ်းတာကို ကြည့်တယ်။ အဲ့လို ကြည့်ရင်းကြည့်ရင်းနဲ့ လိမ်းတတ်သွားတာပေါ့။ အလှအပကို ဦးစားပေးတတ်သူထက်စာရင် လွတ်လွတ်လပ်လပ်နေရတာကို ပိုကြိုက်ပါတယ်။ ပွဲတွေသွားဖြစ်မှ ပြင်လာတာပါ”

ဆိုးတဲ့ Comment တွေကိုဆို ဘယ်လို တုန့်ပြန်ဖြစ်လဲ ဆိုတဲ့ အပေါ်မှာ “Comment တွေကတော့ အပြန်အလှန်ပေါ့။ ဒါပေမယ့် ထိပ်ထိပ်ကိုပြောတာ ပိုများကြတာပေါ့နော်။ ဆိုးတဲ့ comment တွေကို လိုက်ကြည့်နေရင်လည်း သူတို့ငါ့ကို ဒီလိုပြောပါလား လို့လိုက်တွေးနေရင် သူတို့ပိုးတွေ သမီးဆီ ကူးတယ်။ အဲ့တော့ လျစ်လျူရှု လိုက်တယ်။ အဲ့တော့ သူတို့ပိုးတွေ သမီးဆီ မကူးတော့ဘူးပေါ့။ အဲ့လိုဆို ငြိမ်းချမ်းပါတယ်။ အဲ့လို Comment တွေ လိုက်မဖတ်တော့ဘူးပေါ့။ ထိပ်ကတော့ Social media ကို အလယ်အလတ်လောက်ပဲ သုံးပါတယ်။ အရမ်းကြီး သုံးရင်လည်း ကိုယ့်အတွက် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း အများကြီးပဲလေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top