အိႏၵိယႏိုင္ငံ ဒီးဗက္ျပည္နယ္ ရွာဂ်ာဟန္ပါ ျပည္နယ္တြင္ အစားတစ္လုတ္ေၾကာင့္ ႏွစ္အေတာ္ၾကာလက္တြဲ လာတဲ့ဇနီးမယားကို ပစ္သတ္မႈျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။

ေသနတ္နဲ႔ပစ္ခဲ့တဲ့ အမ်ိဳးသားကေတာ့ အသက္ ၃၃ ႏွစ္အ႐ြယ္ နာဗန႔္ရွာကူးျဖစ္ၿပီး ဇနီးျဖစ္သူကို ၾကက္ဥဟင္းခ်က္ခိုင္းခဲ့ရာမွာ ဇနီးျဖစ္သူက ျငင္းပယ္ခဲ့တာေၾကာင့္ ပစ္သတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အမ်ိဳးသား သူ႔အေဖကိုင္တဲ့ ေသနတ္ကို ယူျပီး ပစ္ခတ္ခဲ့တာေၾကာင့္ ဇနီးျဖစ္သူဟာ ေနရာမွာတင္ ေသဆုံးသြားခဲ့ရတာပဲ ျဖစ္ပါတယ္။ေသနတ္သံေၾကာင့္ အိမ္နီးခ်င္းေတြ ေရာက္လာခ်ိန္မွာေတာ့ ဇနီးသည္ဟာ ေသဆုံးေနၿပီျဖစ္တယ္လို႔ အိမ္နီးနားခ်င္းမ်ားကေျပာပါတယ္။

အခင္းျဖစ္ပြားခ်ိန္မွာ ရွာကူးဟာ အရက္ေသာက္ထားတယ္လို႔ ေဒသတြင္း သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အဆိုပါ အမ်ိဳးသား ကေတာ့ အရက္ေသာက္ျခင္းရဲ႕ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ ေဒါသစိတ္ မထိန္းႏိုင္ပဲ ဒီလိုျပစ္မႈမ်ိဳးကို က်ဴးလြန္တာလို႔လည္း ရဲအရာရွိတဦးက ေျပာပါတယ္။

ပစ္မႈက်ဴးလြန္သူ အမ်ိဳးသားဟာ နဲ႔ ဇနီးျဖစ္သူနဲ႔ ၁၂ ႏွစ္တိုင္တိုင္ ေပါင္းသင္းလာတာျဖစ္ၿပီး သူတို႔ဇနီးေမာင္ႏွံမွာ သားသမီးသုံးဦး ထြန္းကားထားတယ္လို႔သိရပါတယ္။ဇူလိုင္ ၁၃ ရက္ေန႔မွာေတာ့ ရွာကူးကို ရဲတပ္ဖြဲ႕ကလာေရာက္ဖမ္းဆီးခဲ့ၿပီး ရွာဂ်ာပါဟန္ ျပည္နယ္ အက်ဥ္းေထာင္ကို ပို႔ေဆာင္ခဲ့ပါတယ္။

အခင္းျဖစ္ပြားခ်ိန္မွာ သူတို႔ရဲ႕မိဘေတြနဲ႔ သားသမီးေတြ အိမ္မွာရွိမေနၾကဘူးလို႔သိရၿပီး ဟင္းတခြက္ မခ်က္ေပးတာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာလက္တြဲလာခဲ့တဲ့ ဇနီးမယားကို သတ္ပစ္ခဲ့တဲ့ ဝမ္းနည္းဖြယ္ ျဖစ္ရပ္တစ္ခုပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

အိန္ဒိယနိုင်ငံ ဒီးဗက်ပြည်နယ် ရှာဂျာဟန်ပါ ပြည်နယ်တွင် အစားတစ်လုတ်ကြောင့် နှစ်အတော်ကြာလက်တွဲ လာတဲ့ဇနီးမယားကို ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သေနတ်နဲ့ပစ်ခဲ့တဲ့ အမျိုးသားကတော့ အသက် ၃၃ နှစ်အရွယ် နာဗန့်ရှာကူးဖြစ်ပြီး ဇနီးဖြစ်သူကို ကြက်ဥဟင်းချက်ခိုင်းခဲ့ရာမှာ ဇနီးဖြစ်သူက ငြင်းပယ်ခဲ့တာကြောင့် ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသား သူ့အဖေကိုင်တဲ့ သေနတ်ကို ယူပြီး ပစ်ခတ်ခဲ့တာကြောင့် ဇနီးဖြစ်သူဟာ နေရာမှာတင် သေဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။သေနတ်သံကြောင့် အိမ်နီးချင်းတွေ ရောက်လာချိန်မှာတော့ ဇနီးသည်ဟာ သေဆုံးနေပြီဖြစ်တယ်လို့ အိမ်နီးနားချင်းများကပြောပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ရှာကူးဟာ အရက်သောက်ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။အဆိုပါ အမျိုးသား ကတော့ အရက်သောက်ခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် ဒေါသစိတ် မထိန်းနိုင်ပဲ ဒီလိုပြစ်မှုမျိုးကို ကျူးလွန်တာလို့လည်း ရဲအရာရှိတဦးက ပြောပါတယ်။

ပစ်မှုကျူးလွန်သူ အမျိုးသားဟာ နဲ့ ဇနီးဖြစ်သူနဲ့ ၁၂ နှစ်တိုင်တိုင် ပေါင်းသင်းလာတာဖြစ်ပြီး သူတို့ဇနီးမောင်နှံမှာ သားသမီးသုံးဦး ထွန်းကားထားတယ်လို့သိရပါတယ်။ဇူလိုင် ၁၃ ရက်နေ့မှာတော့ ရှာကူးကို ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ပြီး ရှာဂျာပါဟန် ပြည်နယ် အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာ သူတို့ရဲ့မိဘတွေနဲ့ သားသမီးတွေ အိမ်မှာရှိမနေကြဘူးလို့သိရပြီး ဟင်းတခွက် မချက်ပေးတာကြောင့် နှစ်ပေါင်းများစွာလက်တွဲလာခဲ့တဲ့ ဇနီးမယားကို သတ်ပစ်ခဲ့တဲ့ ဝမ်းနည်းဖွယ် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top