ေလာကဓံရဲ႕႐ိုက္ပုတ္မႈ ့ေၾကာင့္ (၁၀)ႏွစ္ေက်ာ္ကြဲကြာေနၾကတဲ့ေမာင္ႏွမႏွစ္ဦး ..

အကိုျဖစ္သူဥဴးဇင္းက ဒီကမ႓ာမွာေဆြမ်ိဳးဆိုလို႔ဒီေမာင္ႏွမႏွစ္ဦးဘဲရွိတာေၾကာင့္ အရမ္းေတြခ်င္ေနတယ္ေလ..ေနာက္ဆံုးမေနႏိုင္လြန္းတာေၾကာင့္ ဆိုရွယ္မီဒီယာကတဆင့္ ကြဲကြာေနတဲ့ညီမေလးကိုရွာေတာ့တာေပါ့..

ဆြတ္ပ်ံ႕ၾကည္ႏူးရင္ခုန္စရာ ျဖစ္ရပ္မွန္ေလးမို႔တေပါင္းတည္းစုစည္းရွာေဖြတင္ေပးလိုက္ပါတယ္..

အခုေတာ့ ေမာင္နွမနွစ္ေယာက္ မထင္မွတ္ထားဘဲနဲ႔ ဆံုေတြ႕ခဲ့ရၿပီ အရမ္းကို ဝမ္းသာ ၾကည္ႏူးမဆံုးနိုင္ေအာင္ပါပဲ….။

FACEBOOK ေပၚက ဓမၼမိတ္ေဆြအေပါင္း သူေတာ္ေကာင္းတို႔ရဲ႕ ေက်းဇူးေတြေၾကာင့္ပါ….။

ညီမေလးကို ေမြးစားတဲ့မိဘေတြက ဒီအ႐ြယ္အထိ ကိုယ့္ေသြးရင္း သားရင္းပမာ ျပဳစု ပ်ိဳးေထာင္ေပးခဲ့ၾကလို႔ ဒီအ႐ြယ္အထိ အပူပင္ကင္းမဲ့စြာ ႀကီးျပင္းခဲ့ရတာပါ….။

ဒါေၾကာင့္လည္း ဦးဇင္းဘဝအတြက္ ဘယ္လိုမွ တန္ဖိုးမျဖတ္နိုင္ပါဘူး ေက်းဇူးတရားေတြ အရမ္းကိုမ်ားလြန္ပါတယ္….။

ညီမေလးအတြက္ေတာ့ စိတ္ေအးခ်မ္းရပါၿပီ တကယ့္သူေတာ္ေကာင္းမိသားစုေတြရဲ႕ ေမြးစားျခင္းကိုခံခဲ့ရလို႔ပါ….။အားလံုး ကူညီရက်ိဳးေတြလည္း နပ္သြားခဲ့ပါၿပီ…။

ပံုေလးေတြကို ျမင္လိုက္ရတဲ့အခ်ိန္မွာ ဝမ္းသာၾကည္ႏူးၿပီး

တစ္သက္တာဘဝအေမာေတြ ေျပေပ်ာက္နိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္….🙏🙏🙏🙏🙏

(ညီမေလးကို ရွာေဖြစဥ္က တင္ခဲ႔ေသာ Post မ်ား)

အပိုင္း(၁) 6.5.2019

ဦးဇင္းရဲ႕ ဒီပိုစ့္ေလးကို စာနာ နားလည္ သနားေသာအားျဖင့္ ၿပီးဆံုးေအာင္ ဖတ္ေပးၾကၿပီး တစ္ကမ႓ာလံုးကသိေအာင္ ဝိုင္းရွယ္ေပးၾကပါ 🙏🙏🙏

ဦးဇင္းဘြဲ႕အမည္ရဲ႕ေနာက္မွာဂြင္းစဂြင္းပိတ္နဲ႔ လူနာမည္ ငယ္နာမည္ေလး ( တင္ဝင္းနိုင္ – လို႔ ) ထည့္ထားပါတယ္…။

ထည့္ရတဲ့အေၾကာင္းအရင္းကို သိခ်င္ရင္ စိတ္ရွည္သည္းခံၿပီး ဖတ္ေပးၾကပါ…

ဦးဇင္းရဲ႕ ညီမေလးနဲ႔ ကြဲကြာေနတာအခုဆိုရင္ ၁၀ နွစ္ေက်ာ္သြားပါၿပီ…။

အခုလို နည္းပညာေခတ္ႀကီးထဲမွာ လူတိုင္းကိုယ္စီ facebook ကို သံုးစြဲလာၾကပါၿပီ…။ လိုင္းေပၚမွာ ညီမေလး အမည္နဲ႔ အခါခါအထပ္ထပ္ရိုက္ၿပီး ရွာခဲ့ေသာ္လည္း အခုခ်ိန္ထိ ရွာလို႔မေတြ႕ေသးဘူး ျဖစ္ေနပါတယ္…။

အခုလို ဘြဲ႕အမည္ရဲ႕ေနာက္မွာ လူနာမည္ထည့္ရျခင္းက နွစ္ေပါင္းမ်ားစြာ ကြဲကြာေနခဲ့ရတဲ့ ဦးဇင္းတို႔ ေမာင္နွမနွစ္ေယာက္ ျပန္လည္ဆံုဆည္းနိုင္ဖို႔ အေထာက္အကူ ျဖစ္ေစမယ္ဆိုတဲ့ ယံုၾကည္မႈ႕နဲ႔

ဦးဇင္းလိုဘဲ ညီမေလးလည္း ရွာေနမယ္ ေတြ႕ခ်င္ေနမယ္ဆိုတာ သိပါတယ္။

ဒီနာမည္ေလးအတိုင္း ညီမေလး ရိုက္ရွာခဲ့လို႔ ဦးဇင္းတို႔ ေမာင္နွမနွစ္ေယာက္ျပန္လည္ ဆံုဆည္းရရင္ အတိုင္းမသိဝမ္းသာမိမွာပါ

အခုခ်ိန္မွာေတာ့ ညီမေလးနဲ႔ျပန္လည္ ဆံုဆည္းရဖို႔အေရး ေမ်ွာ္ေတြးရင္းနဲ႔ စိတ္ေတြလည္း အရမ္းပင္ပန္းလွပါၿပီ

ဆယ္လီျဖစ္ခ်င္လို႔ နာမည္ႀကီးခ်င္လို႔ ဒီအေၾကာင္းအရာေတြကို ေရးတင္ျခင္းမဟုတ္ပါ

တကယ့္အျဖစ္အပ်က္ေတြပါ ဦးဇင္းမွာ မိဘနွစ္ပါးစလံုးမရိွေတာ့ပါဘူး ကမ႓ာေပၚမွာ ေသြးသားအရင္းဆိုလို႔ ဒီေမာင္နွမေလး နွစ္ေယာက္ပဲ ရိွေတာ့တာပါ

ဝိုင္းဝန္ကူညီၾကၿပီး အမ်ားသိေအာင္လို႔လည္း ဒီပိုစ့္ေလးကို ရွယ္ေပးၾကပါလို႔ အႏူးအၫြတ္ေတာင္းပန္ ေမတၲာရပ္ခံပါတယ္

ဦးဇင္းရဲ႕ သူငယ္ခ်င္းထဲမွာ အႏုပညာရွင္ေတြအမ်ားႀကီးပါပါတယ္ ဦးဇင္းရဲ႕ ဘဝကို စာနာ နားလည္ သနားေသာအားျဖင့္ ရွယ္ေပးၾကပါလို႔ ေမတၲာရပ္ခံပါတယ္…..။

သူငယ္ခ်င္း ၃၀၀၀ ေက်ာ္တို႔နွင့္အႏုပညာရွင္မ်ား တစ္ကမ႓ာလံုးသိေအာင္ ကူညီၾကပါ ဦးဇင္း အားကိုးပါတယ္

ဦးဇင္းမွာ သက္ေသျပစရာ ဒီတစ္ခုဘဲရိွပါတယ္ 👇👇👇

အေဖနာမည္ – ဦးေမာင္နိုင္

အေမနာမည္ – ေဒၚလွလွဝင္း

ညီမေလးနာမည္က – နွင္းအိျဖဴ (ခ) စိုးျမတ္သူ ပါ

ဦးဇင္း လူနာမည္က – တင္ဝင္းနိုင္ ( ခ ) စိုးေအာင္ ပါ

ေမြးဖြားရာဇာတိ – ရန္ကုန္တိုင္း

သာေကတၿမိဳ႕နယ္ ၊ မီေခ်ာင္းကန္ အနီးနား

ေနာက္ဆံုး ခြဲခြာရေသာ ေနရာေဒသ -တနသၤာရီတိုင္း ၊ေကာ့ေသာင္းၿမိဳ႕နယ္၊ပုေလာဘာလိုင္းေက်း႐ြာ ပါ…။

ညီမေလးကို ေမြးစားတဲ့ မိသားစုထဲမွာ ဒကာႀကီးနာမည္ဘဲ သိပါတယ္ ဦးမန္းဝင္းေအာင္ လို႔ေခၚပါတယ္….။

အရင္ကေတာ့ ညီမေလးကို ေမြးစားၿပီး ေကာ့ေသာင္းၿမိဳ႕နယ္ ေခ်ာင္းဖ်ားႀကီးေက်း႐ြာ (ဆီအုန္း – ကုမၸဏီ)မွာေနၾကပါတယ္

ဦးဇင္းနဲ႔ေနာက္ဆံုး အဆက္သြယ္ရျခင္းပါ ဦးဇင္းလည္း ၿမိဳ႕စာသင္တိုက္ေတြေရာက္သြားတဲ့အခါမွာ ျပန္လည္စံုစမ္းၾကည့္ေတာ့ သူတို႔မရိွၾကေတာ့ဘူး ေျပာင္းသြားၾကတယ္လို႔ေျပာပါတယ္ အခုဆိုရင္ ၁၀နွစ္ေက်ာ္ၿပီေပါ့…။

ဦးဇင္း သိထားတဲ့အေၾကာင္းအရာ အျပည့္အစံုပါပဲ….။

ကူညီေပးၾကတဲ့ ပုဂၢိဳလ္တစ္ဦး တစ္ေယာက္ခ်င္းစီကိုလည္း ေက်းဇူးေတြ အမ်ားႀကီးတင္ပါ….🙏🙏🙏🙏🙏

အျမန္ဆံုးဆက္သြယ္ေပးပါ ညီမေလးရယ္ ကိုကိုဦးဇင္း အရမ္းေတြ႕ခ်င္လွၿပီ..။

ဦးဇင္းအၿမဲကိုင္တဲ့ဖုန္းနံပါတ္ေလး

09694900654 ပါ

6 – 5 -2019

အပိုင္း(၂) 7.5.2019

ဝိုင္းဝန္ကူညီေပးၾကေသာ သာသနာညီေတာ္ ေနာင္ေတာ္ လူပုဂၢိဳလ္မ်ားအားလံုး ဦးဇင္းနဲ႔အတူတူ ထပ္တူဝမ္းသာစရာပါ (ဘုရား)

ဒီေန႔ေလးဟာ ဦးဇင္းရဲ႕ဘဝမွာ အေပ်ာ္ဆံုးေသာေန႔ေလးတစ္ခုအျဖစ္နဲ႔အၿမဲထာဝစဥ္ အမွတ္ရေနေတာ့မွာပါေျပာမျပတတ္ေလာက္ေအာင္ ေပ်ာ္ေနပါတယ္ ဝမ္းသာေနပါတယ္….

၁၀နွစ္ေက်ာ္ေလာက္ ျပန္ဆံုဖို႔ ေစာင့္ေမ်ွာ္လာခဲ့တာ အခု ၂ရက္အတြင္းနဲ႔ အေကာင္အထည္ေဖာ္နိုင္ခဲ့ပါၿပီ….နည္းပညာကို ေကာင္းေကာင္းႀကီးအသံုးခ်နိုင္ခဲ့ၿပီေပါ့… 😀

ညီမေလးကို ေမြးစားတဲ့မိဘေတြနဲ႔ အဆက္အသြယ္ရလို႔ ညီမေလးရဲ႕ သတင္းအျပည့္အစံုကိုလည္း ၾကားရပါၿပီ….

ဒီနွစ္ ၁၀ တန္းေျဖမွာလို႔ သိရပါတယ္ ေမြးစားမိဘေတြကလည္း ဦးဇင္းနဲ႔ အဆက္သြယ္ရဖို႔ ႀကိဳးစားေနခဲ့တာ ၾကားပါၿပီညီမေလးကိုလည္း နိုင္ငံျခား ပညာသင္ ပို႔ဖို႔လည္း အစီစဥ္ရိွတယ္လို႔ ၾကားသိရပါတယ္….

ညီမေလးကို အေဆာင္မွာထားတာပါ အေဆာင္က စည္းကမ္းႀကီးတယ္ ဖုန္းမကိုင္ရဘူးတဲ့ အဲ့ဒါေၾကာင့္ ညီမေလးနဲ႔ အခုခ်ိန္ထိ ဖုန္းအဆက္သြယ္မရ စကားမေျပာရေသးပါဘူး…

ညီမေလးေနတဲ့အေဆာင္နဲ႔ ေမြးစားမိဘေတြေနတဲ့ေနရာနဲ႔ မိုင္ ၂၀ ေလာက္ေဝးပါတယ္ ဒီ လ ထဲမွာ ဒကာႀကီးကိုယ္တိုင္ ညီမေလးဆီသြားေတြ႕ၿပီး ဦးဇင္းနဲ႔အဆက္သြယ္လုပ္ေပးမွာပါ….

ဒီ လ ထဲမွာ ညီမေလးနဲ႔အဆက္သြယ္ရဖို႔ ေသခ်ာေနပါၿပီ ညီမေလးဓာတ္ပံုရရင္လည္း တင္ေပးပါဦးမယ္…

ဦးဇင္းကို ကူညီေပးၾကေသာ သာသနာ႔ညီေတာ္ ေနာင္ေတာ္ေတြ လူပုဂၢိဳလ္အားလံုး အႀကံေကာင္း ဥာဏ္ေကာင္းေတြ ေပးၾကတဲ့ သာသနာညီေတာ္ ေနာင္ေတာ္ လူပုဂၢိဳလ္မ်ား

“ဓမၼတရား Groups အဖြဲ႕သူ အဖြဲ႕သားမ်ားနွင့္ဆရာေတာ္ သံဃာေတာ္မ်ား”

“ေသာတုဇနတို႔ဆံုဆည္းရာ Groups အဖြဲ႕သူ အဖြဲ႕သားမ်ားနွင့္ ဆရာေတာ္ သံဃာေတာ္မ်ား”

“ခြန္အားရိွေသာ စာေပမ်ား Groups အဖြဲ႕သူ အဖြဲ႕သားမ်ားနွင့္ ဆရာေတာ္ သံဃာေတာ္မ်ား”

“Mahar media news သတင္းဌာနမွ တာဝန္ရိွပုဂၢိဳလ္မ်ား”အားလံုး အားလံုးတို႔ကို အထူးပင္ ေက်းဇူးတင္ပါတယ္…။

တခ်ိဳ႕ေျပာၾကတယ္ ေပ်ာက္သြားတာလား တဲ့မဟုတ္ပါဘူး အဆက္သြယ္ျပတ္ေနတာပါ ဘယ္မွာေနလို႔ ဘယ္ေတြေရာက္ေနမွန္းမသိလို႔ အဆက္သြယ္ျပန္ရဖို႔ရည္႐ြယ္ၿပီး တင္ျဖစ္သြားတာပါ…။

ဦးဇင္းလို ေမာင္နွမ မိသားစုေတြနဲ႔ ေသကြဲ ကြဲရျခင္း ရွင္ကြဲ ကြဲရျခင္းတို႔မွ ကင္းေဝးၾကၿပီး တကယ္လို႔ နွစ္ရွည္လမ်ားကြဲကြာေနတဲ့သူေတြရိွၾကရင္လည္း ဦးဇင္းလိုဘဲ နည္းပညာကို အသံုးခ်တတ္ၾကပါေစ….။

7 – 5 – 2019

အပိုင္း (၃) 8.5.2019

ညီမေလးနဲ႔ ဘယ္လိုျပန္ေတြ႕တာလည္းမုဒိတာပြားရေအာင္ ေရးတင္ေပးပါဆိုေတာ့ေျပာျပရရင္ အရွည္ႀကီးဘဲ ဘယ္က ဘယ္လို စေျပာရမလဲေတာင္ မသိေတာ့ဘူး…။

ညီမေလးကိုရွာေနတဲ့ နွစ္ရက္အတြင္းမွာသဲလြန္စ သတင္းအခ်က္အလက္ေတြရဖို႔အတြက္ ၂၄ နာရီလံုးလံုး လိုင္းဖြင့္ထားရတယ္.. စားမဝင္ အိပ္မေပ်ာ္ျဖစ္ခဲ့တယ္ အတူေနတဲ့ သူငယ္ခ်င္းေတြေတာင္ ဦးဇင္းကို စိုးရိမ္ေပးၾကတယ္ က်န္းမာေရး ဂရုစိုက္ဦး တဲ့ ေဘးကထိုင္ၾကည့္ေနတဲ့သူေတြေတာင္ ဦးဇင္းကိုၾကည့္ၿပီး အရမ္းပင္ပန္းေနတာ ဦးဇင္းဆိုရင္ ပင္ပန္းမႈ႕ကေတာ့ ေျပာလို႔ကိုး…မျပတတ္ဘူး…

ဦးဇင္းပင္ပန္းရက်ိဳးနပ္ခဲ့သလို ဒကာ/ဒကာမအေပါင္းတို႔ကလည္း ရွယ္ေပးရက်ိဳးနပ္ခဲ့ပါၿပီ…

၁၀နွစ္တာကာလကို ပူေဆြးေသာကေတြနဲ႔ရင္ဆိုင္လာခဲ့ၿပီးမွ ဒီနွစ္ရက္ေလာက္ပင္ပန္းတာေလးကို စကားႀကီး စကားက်ယ္ ဦးဇင္း ခ်ဲ့ၿပီး မေျပာခ်င္ေတာ့ပါဘူး…

အားလံုးက ညီမေလးကို ကိုယ္တိုင္သြားေတြ႕သင့္တယ္လို႔ ေျပာၾကတယ္….ညီမေလးကို ေတြ႕ဖို႔ လမ္းစ ရေတာ့မယ္ဆိုတဲ့ အသိစိတ္က ထင္လာတာနဲ႔တၿပိဳင္ထဲဦးဇင္းရဲ႕စိတ္ေတြက သန္းေပါင္း ကုေဋေပါင္း ေျမာက္မ်ားစြာ ညီမေလးရိွတဲ့ အရပ္ဆီသို႔ မွန္းဆၿပီး ဦးတည္ေနပါတယ္…။

ညီမေလးရိွတဲ့အရပ္က ေကာ့ေသာင္းခရိုင္ထဲမွာ ဦးဇင္းသီတင္းသံုးတာက မႏၲေလးတိုင္း အရမ္းေဝးေနတာကို ေျပာျပခ်င္တာမဟုတ္ပါဘူး ကမ႓ာျခားေနရင္ေတာင္ ညီမေလးရိွရာအရပ္သို႔ မျဖစ္ ျဖစ္ေအာင္သြားေတြ႕ဖို႔ အသင့္ပါ….

ေျပာခ်င္တာက ညီမေလးနဲ႔ သက္ဆိုင္သူ အားလံုးနဲ႔ အဆက္သြယ္ေတြရပါၿပီ….ညီမေလးကိုယ္တိုင္ေတာ့ မသိေသးပါဘူးညီမေလးက ပညာေရးမွာ အရမ္းထူးခ်ြန္ထက္ျမတ္တဲ့သူတစ္ေယာက္ပါ…ေမြးစားမိဘေတြကိုယ္တိုင္က ခ်ီးက်ဴးေနၾကတာပါ..ဦးဇင္းလည္း ညီမေလးမွာ ထူးခ်ြန္ထက္ျမတ္တဲ့အေရးအခ်င္းေတြကို အကိုဦးဇင္းတစ္ပါးအေနနဲ႔ ဟိုး….ငယ္စဥ္ဘဝကတည္းက အသိအမွတ္ျပဳၿပီးသားပါ….။

ညီမေလး အရမ္းခ်စ္ပါတယ္ ..ဒါေပမဲ့ အကိုဦးဇင္းတစ္ပါးရဲ႕ အခ်စ္ေၾကာင့္ ညီမေလးရဲ႕ပညာေရး ေနွာက္ေနွးသြားမွာကို စိုးရိမ္ေနမိတယ္ အကိုနဲ႔အဆက္သြယ္ရၿပီးအကိုဦးဇင္းကို ေတြ႕ခ်င္တယ္ အကိုဦးဇင္းနဲ႔ အတူတူေလ်ွာက္လည္ခ်င္တယ္….

ညီမေလးရဲ႕ စိတ္ေတြဟာ စာဘက္ကိုမေရာက္ဘဲနဲ႔ ဦးဇင္းဘက္ကို ယိုင္လာမွာစိုးလို႔ပါ….။

လိုင္းေပၚမွာက လူေကာင္းေတြလည္း အမ်ားႀကီးရိွၾကသလို လူလိမ္ လူညာေတြလည္း အရမ္းေပၚလွပါတယ္ ဦးဇင္းရဲ႕မိသားစုျပႆ နာ အတြင္းေရးကိစၥေတြကို အရမ္းမတင္ရဲဘူး…ညီမေလးရိွတဲ့ ေနရပ္လိပ္စာ အျပည့္စံုက က အစေပါ့….

ငယ္ငယ္ကတည္းက မိသားစုေတြ တကြဲတျပားျဖစ္ခဲ့ၾကတာ ေဆြမ်ိဳးဆိုတာလည္း ရိွခဲ့မွာပါ ဒါေပမဲ့ ဘယ္မွာရိွလို႔ ရိွမွန္းမသိပါဘူး…

ေဆြမ်ိဳးဆိုတာကို ဖတ္ဖူးတဲ့ ေဖ့ဘုတ္စာမ်က္နွာေပၚမွာ ” ရိွတစ္မ်ိဳး မရိွတစ္မ်ိဳး လိုတစ္မ်ိဳး မလိုတစ္မ်ိဳး ေရွ႕တစ္မ်ိဳး ေနာက္တစ္မ်ိဳး “အဲ့ဒါေဆြမ်ိဳးဘဲ တဲ့

ဒီေတာ့ အဓိကမက်ပါဘူး မေတြ႕ခ်င္ဘူးလား ေမးရင္ေတာ့ ေတြ႕ခ်င္တာေပါ့ ဒါေပမဲ့ညီမေလးနဲ႔ ေတြ႕ရဖို႔ ဆံုရဖို႔က ဦးဇင္းဘဝမွာ အဓိကအက်ဆံုးအရာ ျဖစ္ေနလို႔ပါ….

ညီမေလး ဦးဇင္းရဲ႕မ်က္စိေအာက္မွာရိွေနရင္ ဦးဇင္းရဲ႕ဘဝႀကီးက ျပည့္ျပည့္စံုပါၿပီ….

ဦးဇင္းေရးသမ်ွ စာေတြအားလံုးဟာဦးေနွာက္နဲ႔ေတြး နွလံုးသားနဲ႔ ဆံုးျဖတ္ၿပီးမွ လူမႈ႕ကြန္ယက္အေပၚ ေရးတင္တာပါ….။

POST မတင္ေတာ့ဘူးလုပ္ထားတာပါ ဒါေပမဲ့ ေတာင္းဆိုတဲ့ လူေတြက မ်ားေနေတာ့ ေျပာျပသင့္ ေျပာျပထိုက္တာေလးေတြကို လာၿပီးေျပာျပတာပါ….။

8 – 5 – 2019

(အားလံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္)

ဖိုးသူေတာ္(www.phothutaw.com)
Credit:အရွင္ေတေဇာသာရ
#Unicode Version#
လောကဓံရဲ့ရိုက်ပုတ်မှု့ကြောင့် (၁၀)နှစ်ကျော်ကွဲကွာနေကြတဲ့မောင်နှမနှစ်ဦး ..

အကိုဖြစ်သူဥူးဇင်းက ဒီကမ္ဘာမှာဆွေမျိုးဆိုလို့ဒီမောင်နှမနှစ်ဦးဘဲရှိတာကြောင့် အရမ်းတွေချင်နေတယ်လေ..နောက်ဆုံးမနေနိုင်လွန်းတာကြောင့် ဆိုရှယ်မီဒီယာကတဆင့် ကွဲကွာနေတဲ့ညီမလေးကိုရှာတော့တာပေါ့..

ဆွတ်ပျံ့ကြည်နူးရင်ခုန်စရာ ဖြစ်ရပ်မှန်လေးမို့တပေါင်းတည်းစုစည်းရှာဖွေတင်ပေးလိုက်ပါတယ်..

အခုတော့ မောင်နှမနှစ်ယောက် မထင်မှတ်ထားဘဲနဲ့ ဆုံတွေ့ခဲ့ရပြီ အရမ်းကို ဝမ်းသာ ကြည်နူးမဆုံးနိုင်အောင်ပါပဲ….။

FACEBOOK ပေါ်က ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းတို့ရဲ့ ကျေးဇူးတွေကြောင့်ပါ….။

ညီမလေးကို မွေးစားတဲ့မိဘတွေက ဒီအရွယ်အထိ ကိုယ့်သွေးရင်း သားရင်းပမာ ပြုစု ပျိုးထောင်ပေးခဲ့ကြလို့ ဒီအရွယ်အထိ အပူပင်ကင်းမဲ့စွာ ကြီးပြင်းခဲ့ရတာပါ….။

ဒါကြောင့်လည်း ဦးဇင်းဘဝအတွက် ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်ပါဘူး ကျေးဇူးတရားတွေ အရမ်းကိုများလွန်ပါတယ်….။

ညီမလေးအတွက်တော့ စိတ်အေးချမ်းရပါပြီ တကယ့်သူတော်ကောင်းမိသားစုတွေရဲ့ မွေးစားခြင်းကိုခံခဲ့ရလို့ပါ….။အားလုံး ကူညီရကျိုးတွေလည်း နပ်သွားခဲ့ပါပြီ…။

ပုံလေးတွေကို မြင်လိုက်ရတဲ့အချိန်မှာ ဝမ်းသာကြည်နူးပြီး

တစ်သက်တာဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….🙏🙏🙏🙏🙏

(ညီမလေးကို ရှာဖွေစဉ်က တင်ခဲ့သော Post များ)

အပိုင်း(၁) 6.5.2019

ဦးဇင်းရဲ့ ဒီပိုစ့်လေးကို စာနာ နားလည် သနားသောအားဖြင့် ပြီးဆုံးအောင် ဖတ်ပေးကြပြီး တစ်ကမ္ဘာလုံးကသိအောင် ဝိုင်းရှယ်ပေးကြပါ 🙏🙏🙏

ဦးဇင်းဘွဲ့အမည်ရဲ့နောက်မှာဂွင်းစဂွင်းပိတ်နဲ့ လူနာမည် ငယ်နာမည်လေး ( တင်ဝင်းနိုင် – လို့ ) ထည့်ထားပါတယ်…။

ထည့်ရတဲ့အကြောင်းအရင်းကို သိချင်ရင် စိတ်ရှည်သည်းခံပြီး ဖတ်ပေးကြပါ…

ဦးဇင်းရဲ့ ညီမလေးနဲ့ ကွဲကွာနေတာအခုဆိုရင် ၁၀ နှစ်ကျော်သွားပါပြီ…။

အခုလို နည်းပညာခေတ်ကြီးထဲမှာ လူတိုင်းကိုယ်စီ facebook ကို သုံးစွဲလာကြပါပြီ…။ လိုင်းပေါ်မှာ ညီမလေး အမည်နဲ့ အခါခါအထပ်ထပ်ရိုက်ပြီး ရှာခဲ့သော်လည်း အခုချိန်ထိ ရှာလို့မတွေ့သေးဘူး ဖြစ်နေပါတယ်…။

အခုလို ဘွဲ့အမည်ရဲ့နောက်မှာ လူနာမည်ထည့်ရခြင်းက နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရတဲ့ ဦးဇင်းတို့ မောင်နှမနှစ်ယောက် ပြန်လည်ဆုံဆည်းနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်ဆိုတဲ့ ယုံကြည်မှု့နဲ့

ဦးဇင်းလိုဘဲ ညီမလေးလည်း ရှာနေမယ် တွေ့ချင်နေမယ်ဆိုတာ သိပါတယ်။

ဒီနာမည်လေးအတိုင်း ညီမလေး ရိုက်ရှာခဲ့လို့ ဦးဇင်းတို့ မောင်နှမနှစ်ယောက်ပြန်လည် ဆုံဆည်းရရင် အတိုင်းမသိဝမ်းသာမိမှာပါ

အခုချိန်မှာတော့ ညီမလေးနဲ့ပြန်လည် ဆုံဆည်းရဖို့အရေး မျှော်တွေးရင်းနဲ့ စိတ်တွေလည်း အရမ်းပင်ပန်းလှပါပြီ

ဆယ်လီဖြစ်ချင်လို့ နာမည်ကြီးချင်လို့ ဒီအကြောင်းအရာတွေကို ရေးတင်ခြင်းမဟုတ်ပါ

တကယ့်အဖြစ်အပျက်တွေပါ ဦးဇင်းမှာ မိဘနှစ်ပါးစလုံးမရှိတော့ပါဘူး ကမ္ဘာပေါ်မှာ သွေးသားအရင်းဆိုလို့ ဒီမောင်နှမလေး နှစ်ယောက်ပဲ ရှိတော့တာပါ

ဝိုင်းဝန်ကူညီကြပြီး အများသိအောင်လို့လည်း ဒီပိုစ့်လေးကို ရှယ်ပေးကြပါလို့ အနူးအညွတ်တောင်းပန် မေတ္တာရပ်ခံပါတယ်

ဦးဇင်းရဲ့ သူငယ်ချင်းထဲမှာ အနုပညာရှင်တွေအများကြီးပါပါတယ် ဦးဇင်းရဲ့ ဘဝကို စာနာ နားလည် သနားသောအားဖြင့် ရှယ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်…..။

သူငယ်ချင်း ၃၀၀၀ ကျော်တို့နှင့်အနုပညာရှင်များ တစ်ကမ္ဘာလုံးသိအောင် ကူညီကြပါ ဦးဇင်း အားကိုးပါတယ်

ဦးဇင်းမှာ သက်သေပြစရာ ဒီတစ်ခုဘဲရှိပါတယ် 👇👇👇

အဖေနာမည် – ဦးမောင်နိုင်

အမေနာမည် – ဒေါ်လှလှဝင်း

ညီမလေးနာမည်က – နှင်းအိဖြူ (ခ) စိုးမြတ်သူ ပါ

ဦးဇင်း လူနာမည်က – တင်ဝင်းနိုင် ( ခ ) စိုးအောင် ပါ

မွေးဖွားရာဇာတိ – ရန်ကုန်တိုင်း

သာကေတမြို့နယ် ၊ မီချောင်းကန် အနီးနား

နောက်ဆုံး ခွဲခွာရသော နေရာဒေသ -တနင်္သာရီတိုင်း ၊ကော့သောင်းမြို့နယ်၊ပုလောဘာလိုင်းကျေးရွာ ပါ…။

ညီမလေးကို မွေးစားတဲ့ မိသားစုထဲမှာ ဒကာကြီးနာမည်ဘဲ သိပါတယ် ဦးမန်းဝင်းအောင် လို့ခေါ်ပါတယ်….။

အရင်ကတော့ ညီမလေးကို မွေးစားပြီး ကော့သောင်းမြို့နယ် ချောင်းဖျားကြီးကျေးရွာ (ဆီအုန်း – ကုမ္ပဏီ)မှာနေကြပါတယ်

ဦးဇင်းနဲ့နောက်ဆုံး အဆက်သွယ်ရခြင်းပါ ဦးဇင်းလည်း မြို့စာသင်တိုက်တွေရောက်သွားတဲ့အခါမှာ ပြန်လည်စုံစမ်းကြည့်တော့ သူတို့မရှိကြတော့ဘူး ပြောင်းသွားကြတယ်လို့ပြောပါတယ် အခုဆိုရင် ၁၀နှစ်ကျော်ပြီပေါ့…။

ဦးဇင်း သိထားတဲ့အကြောင်းအရာ အပြည့်အစုံပါပဲ….။

ကူညီပေးကြတဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတွေ အများကြီးတင်ပါ….🙏🙏🙏🙏🙏

အမြန်ဆုံးဆက်သွယ်ပေးပါ ညီမလေးရယ် ကိုကိုဦးဇင်း အရမ်းတွေ့ချင်လှပြီ..။

ဦးဇင်းအမြဲကိုင်တဲ့ဖုန်းနံပါတ်လေး

09694900654 ပါ

6 – 5 -2019

အပိုင်း(၂) 7.5.2019

ဝိုင်းဝန်ကူညီပေးကြသော သာသနာညီတော် နောင်တော် လူပုဂ္ဂိုလ်များအားလုံး ဦးဇင်းနဲ့အတူတူ ထပ်တူဝမ်းသာစရာပါ (ဘုရား)

ဒီနေ့လေးဟာ ဦးဇင်းရဲ့ဘဝမှာ အပျော်ဆုံးသောနေ့လေးတစ်ခုအဖြစ်နဲ့အမြဲထာဝစဉ် အမှတ်ရနေတော့မှာပါပြောမပြတတ်လောက်အောင် ပျော်နေပါတယ် ဝမ်းသာနေပါတယ်….

၁၀နှစ်ကျော်လောက် ပြန်ဆုံဖို့ စောင့်မျှော်လာခဲ့တာ အခု ၂ရက်အတွင်းနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ….နည်းပညာကို ကောင်းကောင်းကြီးအသုံးချနိုင်ခဲ့ပြီပေါ့… 😀

ညီမလေးကို မွေးစားတဲ့မိဘတွေနဲ့ အဆက်အသွယ်ရလို့ ညီမလေးရဲ့ သတင်းအပြည့်အစုံကိုလည်း ကြားရပါပြီ….

ဒီနှစ် ၁၀ တန်းဖြေမှာလို့ သိရပါတယ် မွေးစားမိဘတွေကလည်း ဦးဇင်းနဲ့ အဆက်သွယ်ရဖို့ ကြိုးစားနေခဲ့တာ ကြားပါပြီညီမလေးကိုလည်း နိုင်ငံခြား ပညာသင် ပို့ဖို့လည်း အစီစဉ်ရှိတယ်လို့ ကြားသိရပါတယ်….

ညီမလေးကို အဆောင်မှာထားတာပါ အဆောင်က စည်းကမ်းကြီးတယ် ဖုန်းမကိုင်ရဘူးတဲ့ အဲ့ဒါကြောင့် ညီမလေးနဲ့ အခုချိန်ထိ ဖုန်းအဆက်သွယ်မရ စကားမပြောရသေးပါဘူး…

ညီမလေးနေတဲ့အဆောင်နဲ့ မွေးစားမိဘတွေနေတဲ့နေရာနဲ့ မိုင် ၂၀ လောက်ဝေးပါတယ် ဒီ လ ထဲမှာ ဒကာကြီးကိုယ်တိုင် ညီမလေးဆီသွားတွေ့ပြီး ဦးဇင်းနဲ့အဆက်သွယ်လုပ်ပေးမှာပါ….

ဒီ လ ထဲမှာ ညီမလေးနဲ့အဆက်သွယ်ရဖို့ သေချာနေပါပြီ ညီမလေးဓာတ်ပုံရရင်လည်း တင်ပေးပါဦးမယ်…

ဦးဇင်းကို ကူညီပေးကြသော သာသနာ့ညီတော် နောင်တော်တွေ လူပုဂ္ဂိုလ်အားလုံး အကြံကောင်း ဉာဏ်ကောင်းတွေ ပေးကြတဲ့ သာသနာညီတော် နောင်တော် လူပုဂ္ဂိုလ်များ

“ဓမ္မတရား Groups အဖွဲ့သူ အဖွဲ့သားများနှင့်ဆရာတော် သံဃာတော်များ”

“သောတုဇနတို့ဆုံဆည်းရာ Groups အဖွဲ့သူ အဖွဲ့သားများနှင့် ဆရာတော် သံဃာတော်များ”

“ခွန်အားရှိသော စာပေများ Groups အဖွဲ့သူ အဖွဲ့သားများနှင့် ဆရာတော် သံဃာတော်များ”

“Mahar media news သတင်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ”အားလုံး အားလုံးတို့ကို အထူးပင် ကျေးဇူးတင်ပါတယ်…။

တချို့ပြောကြတယ် ပျောက်သွားတာလား တဲ့မဟုတ်ပါဘူး အဆက်သွယ်ပြတ်နေတာပါ ဘယ်မှာနေလို့ ဘယ်တွေရောက်နေမှန်းမသိလို့ အဆက်သွယ်ပြန်ရဖို့ရည်ရွယ်ပြီး တင်ဖြစ်သွားတာပါ…။

ဦးဇင်းလို မောင်နှမ မိသားစုတွေနဲ့ သေကွဲ ကွဲရခြင်း ရှင်ကွဲ ကွဲရခြင်းတို့မှ ကင်းဝေးကြပြီး တကယ်လို့ နှစ်ရှည်လများကွဲကွာနေတဲ့သူတွေရှိကြရင်လည်း ဦးဇင်းလိုဘဲ နည်းပညာကို အသုံးချတတ်ကြပါစေ….။

7 – 5 – 2019

အပိုင်း (၃) 8.5.2019

ညီမလေးနဲ့ ဘယ်လိုပြန်တွေ့တာလည်းမုဒိတာပွားရအောင် ရေးတင်ပေးပါဆိုတော့ပြောပြရရင် အရှည်ကြီးဘဲ ဘယ်က ဘယ်လို စပြောရမလဲတောင် မသိတော့ဘူး…။

ညီမလေးကိုရှာနေတဲ့ နှစ်ရက်အတွင်းမှာသဲလွန်စ သတင်းအချက်အလက်တွေရဖို့အတွက် ၂၄ နာရီလုံးလုံး လိုင်းဖွင့်ထားရတယ်.. စားမဝင် အိပ်မပျော်ဖြစ်ခဲ့တယ် အတူနေတဲ့ သူငယ်ချင်းတွေတောင် ဦးဇင်းကို စိုးရိမ်ပေးကြတယ် ကျန်းမာရေး ဂရုစိုက်ဦး တဲ့ ဘေးကထိုင်ကြည့်နေတဲ့သူတွေတောင် ဦးဇင်းကိုကြည့်ပြီး အရမ်းပင်ပန်းနေတာ ဦးဇင်းဆိုရင် ပင်ပန်းမှု့ကတော့ ပြောလို့ကိုး…မပြတတ်ဘူး…

ဦးဇင်းပင်ပန်းရကျိုးနပ်ခဲ့သလို ဒကာ/ဒကာမအပေါင်းတို့ကလည်း ရှယ်ပေးရကျိုးနပ်ခဲ့ပါပြီ…

၁၀နှစ်တာကာလကို ပူဆွေးသောကတွေနဲ့ရင်ဆိုင်လာခဲ့ပြီးမှ ဒီနှစ်ရက်လောက်ပင်ပန်းတာလေးကို စကားကြီး စကားကျယ် ဦးဇင်း ချဲ့ပြီး မပြောချင်တော့ပါဘူး…

အားလုံးက ညီမလေးကို ကိုယ်တိုင်သွားတွေ့သင့်တယ်လို့ ပြောကြတယ်….ညီမလေးကို တွေ့ဖို့ လမ်းစ ရတော့မယ်ဆိုတဲ့ အသိစိတ်က ထင်လာတာနဲ့တပြိုင်ထဲဦးဇင်းရဲ့စိတ်တွေက သန်းပေါင်း ကုဋေပေါင်း မြောက်များစွာ ညီမလေးရှိတဲ့ အရပ်ဆီသို့ မှန်းဆပြီး ဦးတည်နေပါတယ်…။

ညီမလေးရှိတဲ့အရပ်က ကော့သောင်းခရိုင်ထဲမှာ ဦးဇင်းသီတင်းသုံးတာက မန္တလေးတိုင်း အရမ်းဝေးနေတာကို ပြောပြချင်တာမဟုတ်ပါဘူး ကမ္ဘာခြားနေရင်တောင် ညီမလေးရှိရာအရပ်သို့ မဖြစ် ဖြစ်အောင်သွားတွေ့ဖို့ အသင့်ပါ….

ပြောချင်တာက ညီမလေးနဲ့ သက်ဆိုင်သူ အားလုံးနဲ့ အဆက်သွယ်တွေရပါပြီ….ညီမလေးကိုယ်တိုင်တော့ မသိသေးပါဘူးညီမလေးက ပညာရေးမှာ အရမ်းထူးချွန်ထက်မြတ်တဲ့သူတစ်ယောက်ပါ…မွေးစားမိဘတွေကိုယ်တိုင်က ချီးကျူးနေကြတာပါ..ဦးဇင်းလည်း ညီမလေးမှာ ထူးချွန်ထက်မြတ်တဲ့အရေးအချင်းတွေကို အကိုဦးဇင်းတစ်ပါးအနေနဲ့ ဟိုး….ငယ်စဉ်ဘဝကတည်းက အသိအမှတ်ပြုပြီးသားပါ….။

ညီမလေး အရမ်းချစ်ပါတယ် ..ဒါပေမဲ့ အကိုဦးဇင်းတစ်ပါးရဲ့ အချစ်ကြောင့် ညီမလေးရဲ့ပညာရေး နှောက်နှေးသွားမှာကို စိုးရိမ်နေမိတယ် အကိုနဲ့အဆက်သွယ်ရပြီးအကိုဦးဇင်းကို တွေ့ချင်တယ် အကိုဦးဇင်းနဲ့ အတူတူလျှောက်လည်ချင်တယ်….

ညီမလေးရဲ့ စိတ်တွေဟာ စာဘက်ကိုမရောက်ဘဲနဲ့ ဦးဇင်းဘက်ကို ယိုင်လာမှာစိုးလို့ပါ….။

လိုင်းပေါ်မှာက လူကောင်းတွေလည်း အများကြီးရှိကြသလို လူလိမ် လူညာတွေလည်း အရမ်းပေါ်လှပါတယ် ဦးဇင်းရဲ့မိသားစုပြဿ နာ အတွင်းရေးကိစ္စတွေကို အရမ်းမတင်ရဲဘူး…ညီမလေးရှိတဲ့ နေရပ်လိပ်စာ အပြည့်စုံက က အစပေါ့….

ငယ်ငယ်ကတည်းက မိသားစုတွေ တကွဲတပြားဖြစ်ခဲ့ကြတာ ဆွေမျိုးဆိုတာလည်း ရှိခဲ့မှာပါ ဒါပေမဲ့ ဘယ်မှာရှိလို့ ရှိမှန်းမသိပါဘူး…

ဆွေမျိုးဆိုတာကို ဖတ်ဖူးတဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ” ရှိတစ်မျိုး မရှိတစ်မျိုး လိုတစ်မျိုး မလိုတစ်မျိုး ရှေ့တစ်မျိုး နောက်တစ်မျိုး “အဲ့ဒါဆွေမျိုးဘဲ တဲ့

ဒီတော့ အဓိကမကျပါဘူး မတွေ့ချင်ဘူးလား မေးရင်တော့ တွေ့ချင်တာပေါ့ ဒါပေမဲ့ညီမလေးနဲ့ တွေ့ရဖို့ ဆုံရဖို့က ဦးဇင်းဘဝမှာ အဓိကအကျဆုံးအရာ ဖြစ်နေလို့ပါ….

ညီမလေး ဦးဇင်းရဲ့မျက်စိအောက်မှာရှိနေရင် ဦးဇင်းရဲ့ဘဝကြီးက ပြည့်ပြည့်စုံပါပြီ….

ဦးဇင်းရေးသမျှ စာတွေအားလုံးဟာဦးနှောက်နဲ့တွေး နှလုံးသားနဲ့ ဆုံးဖြတ်ပြီးမှ လူမှု့ကွန်ယက်အပေါ် ရေးတင်တာပါ….။

POST မတင်တော့ဘူးလုပ်ထားတာပါ ဒါပေမဲ့ တောင်းဆိုတဲ့ လူတွေက များနေတော့ ပြောပြသင့် ပြောပြထိုက်တာလေးတွေကို လာပြီးပြောပြတာပါ….။

8 – 5 – 2019

(အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်)

ဖိုးသူတော်(www.phothutaw.com)
Credit:အရှင်တေဇောသာရ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top